နမူနာ စမ်းသပ်မူ
Vol. 8 Ch. 108
#ဘာသာပြန် = စနိုးဝှိုက်
မဆုံးဖြတ်နိုင်စွာပဲ..ဆန်နီဟာ ကျောက်တုံး သူတောင်စင်ကို ပြန်ရုတ်သိမ်းလိုက်တယ်..။ဒီအရာက
ထပ်တူညီမူ လိုပဲ..ဂြိုလ်အသေးစားလေး ဖြစ်သွားမလား ဆိုတာကို သူသိချင်ခဲ့တာပါ..။
သို့ပေမယ့် သူမက ဒီလိုဖြစ်မသွားခဲ့ပေ..။
သူ အမိန့်ပေးလိုက်တာနဲ့ ဒီအရာက အနက်ရောင် မီးတောက်လေး အသွင်ပြောင်းသွားပြီး..လေနဲ့ အတူပဲ လွင့်ပျောက်သွားခဲ့တယ်...။ကြည့်ရတာတော့ အရိပ်က သူမကို ဖန်တီးထားခဲ့တဲ့..အရိပ်အမြုတေ ထဲကို ဝင်ရောက်ပြီး အိပ်ပျော်သွားခဲ့တဲ့ ပုံပါပဲ..။
ဆန်နီ ခေါင်းကို ကုတ်လိုက်တယ်..။ဒီတော့..အရိပ်တွေက သူ့ရဲ့ ဝိဥာဥ် အနက်ရှိုင်းဆုံး အပိုင်းမှာ ရှိနေခဲ့တာပေါ့..။သူ ဘယ်လို ခံစားနေရလဲ ဆိုတာကို သိပ်မသိပေမယ့်..ထူးဆန်းစွာပဲ အသားကျနေသလိုပါပဲ..။
သူကိုယ်တိုင်ကလည်း အရိပ်ရဲ့ သားတော်တစ်ပါးပါ..။
ဆန်နီ သက်ပြင်းတစ်ချက် ချလိုင်ပြီး..ဝိဥာဥ် ပင်လယ်ထဲကနေ ထွက်ကာ သူ့ရဲ့ လျိုဝှက် အခန်းလေးကို ကြည့်လိုက်တယ်..။
ပျက်ဆီးနေတဲ့..ဘုရားကျောင်းအပြင်ဘက်မှာတော့ နေရောင်က အတော်လေးကို တောက်ပနေခဲ့ပါပြီ..။သို့ပေမယ့် အလင်းရောင် တစ်ခုမှ သူ့ရဲ့ အခန်းထဲကို ဝင်ရောက်နိုင်ခြင်း မရှိပေ..။ဒီနေရာက အရင်တုန်းက မြင့်မြတ်တဲ့ မိန်းကလေး ဘုန်းတော်ကြီးတွေ သီးသန့် ဝတ်ပြုတဲ့ နေရာလား လို့တောင် သူ သံသယဖြစ်မိပါတယ်..။
သူက ကျောက်တုံးနံရံရဲ့ နောက်ဘက်မှာ သူမရဲ့ အသုံးအဆောင် ပစ္စည်းတွေ အများကြီး ကို တွေ့ရပါသေးတယ်..။သူတို့ရဲ့..ကျား ၊ မ မတူညီမူကြောင့်သာ မဟုတ်ရင် ဆန်နီ အတွက် ဝတ်စရာ အဝတ်အစားတွေ အများကြီး ရပြီးနေပြီးပါပြီ..။အဲဒီအစား သူက အမြဲတမ်းလိုလို ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကိုပဲ ဝတ်ဆင်ထားခဲ့ရပါတယ်..။
အဆင့် ငါး အကာအကွယ်ဆိုရင်တောင်မှ ကိုင်တွယ် အသုံးပြုမူမှာ ခံနိုင်ရည်အား အကန့်အသတ်ဆိုတာရှိပါတယ်..။သို့ပေမယ့် သူက ကံကောင်းပါသေးတယ်..။အနည်းဆုံးတော့ သူက..နူးညံ့တဲ့ ရက်ထည်သားနဲ့ လုပ်ထားခဲ့တာပါ..။အကယ်၍ သူသာ ထူထဲတဲ့ ချပ်ဝတ် အကာအကွယ်အင်္ကျီကြီးကို ဝတ်ထားရမယ် ဆိုရင် ပိုပြီး ဆိုးဝါးပါလိမ့်မယ်..။
အမျိုးသမီး ဘုန်းတော်ကြီးရဲ့ သီးသန့် ခန်းထဲကို ဝင်ပေါက်က သိပ်တော့ မတူညီပါဘူး..။သူမရဲ့ အခန်းအပြင်ဘက်နားကို သွားတဲ့ တံခါးပေါက်တစ်ခု ရှိနေပြီး..ကျဥ်းမြောင်းတဲ့ လမ်းကြောင်းကနေ သွားရတာပါ..။သို့ပေမယ့်..လူသွားလမ်းက အတော်လေးကို အိုဟောင်းနေပြီး..မတ်စောက်တဲ့..တိုင်အချို့သာ ကျန်ရှိပါတော့တယ်..။အကယ်၍ တစ်စုံတစ်ယောက် သူ့ရဲ့ နေရာကို သိသွားမယ်ဆိုရင် ဒါက ဆန်နီအတွက် ထွက်ပေါက်တစ်ခုပါ..။
ဆန်နီဟာ သစ်သားထိုင်ခုံပေါ်မှာ မတ်တတ်ရပ်ကာ..ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်လိုက်တယ်..။ပြီးကာမှ ..လက်လုပ် မီးဖို တစ်ခုကို မီးမွေးကာ စားသောက်စရာ ပြင်ဆင်ဖို့ လုပ်လိုက်ပါတယ်..။လိမ္မော်ရောင် မီးတောက်လေးက..လျို့ဝှက်ခန်းလေးထဲမှာ ..တောက်လောင်လာခဲ့တယ်..။ဒါက အခန်းထဲက အရိပ်တွေကို..နံရံမှာ ကခုန်နေစေခဲ့ပါတယ်..။
"အိုး ဟုတ်သားပဲ...။ငါက လတ်ဆတ်တဲ့အသားတွေကို ဘယ်တော့မှ မမေ့ဘူး.."
မနေ့က ညအချိန်တုန်းက အရမ်းကို ကောင်းမွန်ခဲ့တာကြောငိ့ သူ အမဲလိုက်ထွက်တာရဲ့..အဓိက ရည်ရွယ်ချက်ကိုတောင် မေ့ပျောက်ခဲ့ပါတယ်..။
သူ့ရဲ့ နောကိဆုံး အသားကင်တွေကို..ဆားနဲ့ ရောစပ်ပြီး နောကိမှာတော့ နောက်တစ်ကြိမ် သက်ပြင်းချလိုက်တယ်..။သူ့စိတ်ထဲမှာတော့..အပြင်ကို ထွက်ပြီး အနီးနားက အိပ်မက်ဆိုးသားရဲကို တိုက်ခိုက်ချင်စိတ်က ပိုပိုပြီး လွှမ်းမိုးလာခဲ့ပါတယ်..။
'မဟုတ်ဘူး မဟုတ်ဘူး..ဒီလိုနဲ့ မင်း သေသွားလိမ့်မယ်'
သူ့ရဲ့ အတွေးတွေကို အလိုမလိုက်စွာပဲ ဆန်နီဟာ ကျောက်တုံး သူတော်စင်ကို အပြင်ကမ္ဘာဆီ ထုတ်လိုက်ပြီး သူ့ရဲ့ လျို့ဝှက်ခန်းကို ကင်းစောင့် ခိုင်းထားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်..။
သူ မတ်တတ်ရပ်နေရင်း နဲ့..အရိပ်ကို ထွက်လာဖို့ အမိန့်ပေးလိုက်တယ်..။
လျို့ဝှက်ခန်းထဲမှာ အရိပ်တွေ ဟာ ထွက်ပေါ်လာခဲ့တယ်..။သူ့ရဲ့ ကိုယ်ပိုင်အရိပ်က ဒီထဲက တစိခုဖြစ်ပြီး လက်ပိုက်ကာ နံရံကို မှီထားခဲ့ပါတယ်..။ဆန်နီ ရဲ့ အမြင်မှာတော့..ဒါက နက်ရှိုင်းတဲ့ အရိပ်တစ်ခု အဖြစ် ထွက်ပေါ်လာခဲ့တယ်..။
ပုံမှန်ဆိုရင် ထပ်တူညီမူ တွေပေါ်လာတာနဲ့..ဖော်ထုတ်သူရဲ့ အနားမှာပဲ ပေါ်လာခဲ့တာပါ..။သို့ပေမယ့် ကျောက်တုံးသူတော်စင်ကတော့ အတော်လေးကို ကွဲပြားပါတယ်..။သူမ ထွက်ပေါ်လာတဲ့ ပုံစံက အနက်ရောင် စစ်သူရဲ တစ်ယောက်လိုပါပဲ..။အမှောင်ထဲမှာတော့..သူမရဲ့ ထည်ဝါတဲ့ ပုံစံက အတော်လေး အန္တရာယ် များသလို ခံစားမိပါတယ်..။
ပထမဆုံးအနေနဲ့ အရိပ် ထဲမှာ တောက်ပနေတဲ့ သူမရဲ့ မျက်လုံးနှစ်လုံးပါပဲ..။သူမရဲ့ တည်ရှိမူကြောင့် အမှောင်ထုက အသက်ဝင်လာနေသလိုပါပဲ..။သူမရဲ့ ခြေထောက်တွေကတော့ ကြမ်းပြင်ကို ထိတွေ့ထားခဲ့ပြီး သူမရဲ့ လက်တွေကတော့..ဓား ရဲ့ လက်ကိုင်ကို ကိုင်ထားခဲ့တယ်..။
ဆန်နီ သူမကို ကြည့်နေရင်းနဲ့ အနည်းငယ် ခေါင်းကိုက်လာသလိုတောင် ခံစားလိုက်ရပါတယ်..။
'ဒီတော့..အရိပ်က အရိပ်ထဲမှာ ပုန်းကွယ်နေတာပေါ့.။အရိပ်က အရိပ်တွေနဲ့ အတူ အလုပ်လုပ်ဖို့ အရိပ်အမြုတေ ထဲကနေ ခွဲထွက်လာတာလား.။ဒါက စပြီး ထိန်းချုပ်ရခက်လာပြီ..။ငါ ပိုကောင်းတဲ့ ..ဝေါဟာရတွေကို လိုအပ်လာပြီ ..."
ဒါက အဓိက ပြသနာတစ်ရပ်လို့ သူခံစားရပေမယ့် လည်း သူ့စိတ်ထဲကနေ ကောင်းမွန်တဲ့ စကားလုံးတွေ ထွက်မလာခဲ့ပါဘူး..။တိတ်ဆိတ်နေတဲ့ အရိပ်နှစ်ယောက်ကို ကြည့်ပြီး ဆန်နီ တွေဝေစွာ မေးလိုက်တယ်..။
'မင်းတို့ရော စဥ်းစားမိတာ ရှိလား.."
စိတ်မကောင်းစွာပဲ..သူ့ရဲ့ အရိပ်တွေက..သူတို့ရဲ့ အမြင်တွေကို ပြောဆိုနိုင်စွမ်း မရှိကြပေ..။ဘယ်သူမှတိုင်ပင်ရမယ့် သူ မရှိတာကြောငိ့ ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ကောငိးပြီ..ငါ နောက်မှ တစ်ခုခုကို တွေးတော့မယ်..။အခုတော့ ဘာတွေ လုပ်နိုင်မလဲ ကြည့်ကြတာပေါ့.."
ယင်းနောက် သူ့ရဲ့ အရိပ်ကို ခန္တာကိုယ်မှာ ရစ်ပတ်ခိုင်းပြီး..ကျောက်တုန်းသူတော်စင် ဘက်ကို လှည့်ကာ..သူမရဲ့ ခွန်အားကို စမ်းသပ်ဖို့ လုပ်လိုက်ပါတယ်..။သူ အသက်ကို ရူသွင်းလိုက်ပြီး..ထိပ်လန့်စရာ မွန်းစတားကို..အမိန့်ပေးလိုက်တယ်..။
" ငါ့ကို ထိုးကြည့် "
အရိပ်က ခနလောက် တွေဝေနေမယ်လိူ့ ဆန်နီ ထင်ထားခဲ့ပေမယ့်လည်း..အဲဲဒီအစား ကျောကိတုံး သူတော်စင်က ရှေ့ကို တက်လာခဲ့ကာ..သူ့ရဲ့ ရင်ဘတ်ကို တွေဝေခြင်းမရှိ ထိုးချလိုက်ပါတယ်..။
သူ့ရဲ့ ခန္တာကိုယ်ကို အရိပ်က အားဖြည့်ပေးထားတာကြောင့်..နိုးထမူ အဆင့် သားရဲရဲ့ တိုက်ခိုက်မူကို တစ်ချက်တော့ တောင့်ခံနိုင်မယ်ဆိုတာကို ဆန်နီ ယုံကြည်ထားခဲ့ပါတယ်..။သို့ပေမယ့် သူမှားယွင်းသွားခဲ့တယ်..။
အရမ်း..အရမ်းမှားသွားပြီ..။
သူတောင် မတုန့်ပြန်နိုင်ခဲ့မှာပဲ..ကျောကိတုံး လက်သီးကြီးပ သူ့ရဲ့ နံရိုးတွေဆီကို ကျရောက်လာခဲ့တာကြောင့် ဆန်နီဟာ ရထား တစ်စီ ဝင်တိုက်လိုက်သလို ခံစားလိုက်ရတယ်..။နောက်ထပ် စက္ကန့် အနည်းငယ်မှာတော့..သူ့ကိုယ်သူ..သစ်သား အပိုင်းအစတွေကြားထဲ ရောက်နေတာကို သိလိုက်ရပါတယ်..
'အာ...မဟုတ်ဘူး..ငါ့ရဲ့ ထိုင်ခုံ '
သူနောက်ပြန်လဲကျတဲ့ အချိန်မှာ ထိုင်ခုံကိုပါ ထိမှန်ပြီး ကျိုးကြေသွားခဲ့တာပါ..။
ဆန်နီရဲ့ နောက်ကျောကလည်း သိပ်ပြီး ကောင်းမွန်နေတာ မဟုတ်ပါဘူး..။
သူ့ရဲ့ အစာအိမ်ကို ကိုင်ကာ..ညဥ်းညူလိုက်ပြီး..ကျောက်တုံး ကြမ်းပြင်ပေါ်ကိုသွေးတစ်ပွက် အန်လိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ လက်တစ်ဖက်ကို မြှောက်ပြီး ကျောက်တုံးသူတော်စင် ကို လက်မလှမ်းထောင်ပြလိုက်ပါတယ် ။
"အာ...ကောင်းတယ် တကယ်ကောင်းတယ်..။၁၀ မှတ်မှာ ၁၀ မှတ် အပြည့်ပဲ..။ဒါက အတော် နာကျင်တာပဲ..ငါ ထင်ထားသလိုပဲ..။
ဆန်နီဟာ ထည်ဝါမူ အပြည့်နှင့်ရှိနေသည့် ကျောက်တုံး စစ်သည်တော်ကို တစ်ချက်ခိုး ကြည့်လိုက်ပြီး အားတင်းပြုံးကာ မတ်တတ်ရပ်ဖို့ ကြိုးစားခဲ့တယ်..။
' အနာဂတ်မှာ..တစ်ခုခုကို စမ်းသပ်တော့မယ် ဆိုရင် ငါ သတိထားမှ ဖြစ်တော့မယ်..'
ပြီးတဲ့နောက်မှာတော့ ဆန်နီဟာ ကျောက်တုံးသူတော်စင်ကို အရိပ်နဲ့ ရစ်ပတ်ခိုင်းပြီး သူ့ကို ထပ်ထိုးခိုင်းဖို့ စီစဥ်လိုက်တယ်..။
သို့ပေမယ့်..ဒုတိယ တွေးမိတာကတော့ ၊ သူမရဲ့ ခွန်အားကို တိုင်းတာဖို့အတွက် ပိုကောင်းတဲ့ နည်းလမ်းတွေ အများကြီးရှိသေးတယ် ဆိုတာပါပဲ..။