အပေါင်းအဖော်များ
Vol. 8 Ch. 109
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ ကြမ်းပြင်ပေါ်ကနေ ထလိုက်ပြီး..အသားကင်ထားတဲ့ မီးဖို ဘေးကို လျောက်သွားလိုက်တယ်..။ခံစားချက်မဲ့နေတဲ့ ကျောက်တုံး စစ်သည်တော်ကို ကြည့်လိုက်ပြီး..သူ သွေးအနည်းငယ် ထပ်အန်ကာ ညဥ်းညူ လိုက်ပါတယ်..။
အသားကင် ထားတဲ့ ရနံ့က မွှေးလာတာနဲ့အမျှ ..ဝီဗာရဲ့သွေးကလည်း သူ့ရဲ့ ခန္တာကိုယ်ထဲမှာ ပြန်လည် ပြုပြင်မူတွေ လုပ်ပေးနေခဲ့ပါတယ် .။သူ့ရဲ့ အစားအသောက် အဆင်သင့်ဖြစ်တဲ့ အခါမှာတော့..ဆန်နီ က ပြန်ကောင်းမွန်နေခဲ့ပါပြီ..။
အသားကို..သူ့ရဲ့ အဖိုးတန်တဲ့ ပိုင်ဆိုင်မူဖြစ်တဲ့ ငွေရောင် ပန်းကန်ပြားပေါ် တင်လိုက်ပြီး ဆန်နီ စားသောက်ဖို့ ပြင်ဆင်လိုက်တယ်..။
မေ့ပျောက်ကုန်းမြေကြီးမှာ..ဒီလို ရိုးရှင်းတဲ့ နေ့စဥ်သုံး ပစ္စည်းက..ဓားတွေ ၊ ချပ်ဝတ်အင်္ကျီ တွေထက်ပိုပြီး ရှားပါးပါတယ်..။ကျိန်စာသင့် မြို့တစ်ခုလုံးမှာ
ဂန်လောင် နဲ့သူ့ရဲ့ နောက်လိုက်ငါးယောက် လောက်ပဲ ဆန်နီ စားသလို စားသောက်နိုင်ကြပါလိမ့်မယ်..။
ဒါတောင်မှ ဒီသောက်ကျိုးနဲ နယ်မြေမှာ တူတစ်စုံကို မရှာနိုင်သေးပါဘူး..။ပိုပြီး နည်းပညာ ရိုးရှင်းတဲ့ ဇွန်း လိုအရာမျိုးတောင် မရှိပေ..။ဒါပေါ့..ဆန်နီ သူ့ဟာသူ တစ်ချောင်းလောက် ပြုလုပ်နိုင်တယ် ဆိုပေမယ့် ဒါက မတူညီပါဘူး..။
အရိပ်သူတော်စင်က သူ့ကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်..။သူမရဲ့ ဆန်းကျယ်တဲ့ အကြည့် တွေက ဖိအားကို ဖြစ်စေတာကြောင့် သူ ပန်းကန်ကို ကြည့်လိုက်ပြီး..
"ဘာလဲ...မင်းက စားချင်လို့လား.."
သူ အသားအပိုင်းအစ တစ်ခုကို မြှောက်လိုက်ပြီး အရိပ် သူတော်စင်ကို ကမ်းလှမ်းလိုက်တယ်..။သို့ပေမယ့် အရိပ်သူတော်စင်က ဘာတုန့်ပြန်မူမှ မရှိပါဘူး..။
"ကောင်းပြီ..အဆင်ပြေသလိုနေ "
သူ သားရဲတစိကောင်ရဲ့ အရိုးကို အသုံးပြုပြီး အသားကို ထိုးကာ..အရူးအမူး စတင် စားသောက်လိုက်ပါတယ်..။ဒီနားမှာ လူသားတစ်ယောက်မှ ရှိမနေတာကြောင့်..သူ..စားသောက်တဲ့ အပြုအမူတွေကို ထိန်းသိမ်းစရာ မလိုပါဘူး..။
' အာ..ဒါကမှ ဘဝပဲ '
သူ့ရဲ့..ဆာလောင်နေတဲ့ မြို့ပြင်ကလူတွေသာ ဒီလို အစားအသောက်ကို မြင်ရင် အတော်သဘောကျကြမှာပါ..။ဒါက တကယ်ကို အသားအစစ်ပါပဲ..။သူက..ကိုယ်ကိုတိုင် အတွက်ကြိုးစားပြင်ဆင် ခဲ့တာပါ..။ထပ်ပြီးပြောရရင်..သူ ဒီလို ဇိမ်ရှိတဲ့ အစားအသောက်တွေကို နေ့တိုင်းစားသောက် နေရပါသေးတယ်..။
ဒါပေါ့..အသားအစစ်တွေက..ထိပ်လန့်စရာ သားရဲတွေ ဆီက လာတယ် ဆိုပေမယ့်လည်း..ဒါက ပြသနာ မဟုတ်ပေ..။
နောက်ဆုံး အသားကို ကျေနပ်စွာ စားသောက်နေရင်းနဲ့ ဆန်နီဟာ ကျောက်တုံးသူတော်စင်ကို အတွေးနက်စွာ ကြည့်နေခဲ့တယ်..။အခုက ရှေ့ဆက်ဖို့ အချိန်ရောက်ပါပြီ..။
အစောက သူက ..အရိပ်သူတော်စင် ရဲ့ ခွန်အားကို စမ်းသပ်ခဲ့တာပါ..။အရိပ်ထိန်းချုပ်မူရဲ့ အားဖြည့်ပေးမူက..သူ့ရဲ့ ခန္တာကိုယ် ၊ သူ့ရဲ့ မှတ်သားမူ တွေမှာ အသုံးပြုနိုင်ပါတယ်..။
သို့ပေမယ့် ဒီစွမ်းရည်က ဆန်နီမဟုတ်တဲ့ တစ်ခြားလူတွေရဲ့ လက်နက်တွေ ဆီမှာ သွားအသုံးပြုလို့ မရပါဘူး..။သူက နစ်ဖီ ၊ ကတ်စီ တို့နဲ့ လာခဲ့တုန်းက တိတ်တဆိတ် စမ်းသပ်ကြည့်ခဲ့ပြီးပါပြီ..။
ပိုပြီး အရေးကြီးတာက ဒါက ထပ်တူညီမူ တွေကို မသက်ရောက်နိုင်ပေ..။
ဒါပေမဲ့ အရိပ်တွေကို ဆိုရင်ရော..။
ဆန်နီ ချက်ချင်းပဲ သူ့အရိပ်ကို ကျောကိတုံးသူတော်စင်ကို အားဖြည့်ပေးဖို့ အမိန့်ပေးလိုက်ပါတယ်..။
အရိပ်ဟာ..ရေလိုပြောင်းလဲ သွားခဲ့ပြီး တိတ်ဆိတ်စွာပဲ..ကျောကိတုံးသူတော်စင်ကို ရစ်ပတ်သွားခဲ့ပါတယ်..။ယင်းနောက်..ကျောက်တုံးအသွေးအသားတွေ ထဲမှာ ပျောက်ကွယ်သွားခဲ့တယ်..။
ခနအကြာမှာတော့ ကျောက်တုံး သူတော်စင်ရဲ့ မျက်လုံးတွေက သွေးနီရောင် တောက်ပလာခဲ့တယ်..။သူရဲ့..အရည်ပြားတွေက..နောက်တစ်ကြိမ် အနက်ရောင် တောက်ပလာခဲ့ပါတယ်..။ဒါက အနက်ရောင် မီးတောက်တွေ ကခုန်နေသလိုပါပဲ..။
ရုတ်တရက် သူမရဲ့ ပြောင်းလဲမူကြောင့် အခန်းထဲက အပူချိန်တောင် အနည်းငယ် လျော့ကျသွားခဲ့တယ်..။အစကတည်းက..အန္တရာယ်များပုံရတဲ့ ကျောကိတုံး သူတော်စင်က အခုဆိုရင် အတော်လေးကို ကြောက်လန့်ဖို့ ကောင်းနေခဲ့ပါပြီ..။
ဆန်နီ သူ့ကို နောက်ထပ်တစ်ကြိမ် ထပ်ပြီး မတိုက်ခိုက်ခိုင်းပဲ နဲ့တောင် ဘယ်လောက် သန်မာလာလဲ ဆိုတာကို ခန့်မှန်းကြည့်လိူ့ ရပါတယ်..။ဒါက သူ့ရဲ့ အရိပ်နှစ်ခု ပေါင်းစပ်ပြီး ဖြစ်တည်လာခဲ့တာပါ..။
ဆန်နီ အောက်ကို ငုံ့ကြည့်ကာ သက်ပြင်းချလိုက်တယ်..။
' သူမ ရဲ့ ပုံစံက ..ငါ အရိပ်ထိန်းချုပ်မူကို အသုံးပြုတာထက် ဘာလို့ ပိုပြီး..ခန့်ညားနေရတာလဲ..။ငါက စစ်မှန်တဲ့ နတ်ဘုရား အရိပ်တစ်ယောက်ပဲလေ..။ငါ့မှာကျတော့ ဘာလို့ ဆန်းကျယ်တဲ့ အော်ရာမျိုးတွေ ရှိမနေရတာလဲ..'
ဆန်နီဟာ သူ့ရဲ့ ခန့်ညားတဲ့ အော်ရာတွေ ကင်းမဲ့မူကြောင့် ခေါင်းခါယမ်းလိုက်ပါတယ်..။အခြေခံ ကျကျ ပြောရရင်တော့ သူ့ရဲ့ အရိပ်က အင်အားကြီးနေသ၍ပုံသဏ္ဍာန် က ဘယ်လိုဖြစ်ဖြစ် အဆင်ပြေပါတယ်..။
သားရဲတွေကို သတ်နိုင်တာက ကောင်းမွန်ပေမယ့်..ခန့်ညားတဲ့ အရှိန်အဝါ နဲ့ သတ်နိုင်တာက ပိုပြီး မကောင်းဘူးလား..။
' ခနလေး..သူမက ငါ့ရဲ့ အရိပ်ကို အသုံးပြုနိုင်တယ် ဆိုရင် တစ်ခြား ဘယ်ဟာတွေကို သုံးနိုင်လောက်သေးလဲ '
ရုတ်တရက် ဆန်နီ စိတ်လှုပ်ရှားသွားခဲ့ပြီး တံတွေးကို မြိုချလိုက်ပါတယ်..။ယင်းနောက် သူ ကျောက်တုံး သူတော်စင်ကို ပြန်သိမ်းလိုက်ကာ..သူ့ရဲ့ ဝိဥာဥ်ပင်လယ်ထဲကို ဝင်ပြီးကာမှ သူမကို ပြန်ထုတ်လိုက်ပါတယ်..။
အရိပ်ဟာ တိတ်ဆိတ်နေတဲ့ ပင်လယ်ပြင်ပေါ်မှာ နောက်တစ်ကြိမ်ပေါ်လာခဲ့တယ်..။
ဆန်နီ အချိန်ဖြုန်းမနေတော့ပဲ..အရိပ်အမြုတေ အနားမှာ ရှိနေတဲ့ ဂြိုလ်လုံးလေးတွေကို ကြည့်လိုက်ပါတယ်..။
' ငါ သာ သူမကို မှတ်သားမူ တွေ တပ်ဆင်ပေးနိုင်ရင် '
ပုံမှန်ဆိုရင် သူမရဲ့ အဝိုင်းပုံစံ..ဒိုင်းကာ နဲ့ သန်မာနေတာ ဆိုတော့..သူမက တာဝါ အကာအကွယ်နဲ့ ပို သင့်တော်မှာမဟုတ်ဘူးလား..။တိုက်ဆိုင်စွာပဲ သူ့မှာ ဒီလို မှတ်သားမူ ရှိနေခဲ့ပါတယ်..။
ဆန်နီ သားရဲတွေနဲ့ တိုက်ခိုက်ပြီးရထားတဲ့ မှတ်သားမူကို ထုတ်လိုက်တယ်..။ဒါက သူ့ရဲ့ အရိပ်လောက်ကြီးမားတဲ့ တာဝါ အကာအကွယ် တစ်ခုပါ..။ဒီတစ်ခုက တိုက်ခိုက်ရေးတွေမှာ အသုံးပြုနိုင်ပြီး ဆန်နီ အတွက်တော့ မသင့်တော်ပါဘူး..။
သူ ကိုးရိုးကားရား နိုင်တဲ့ အကာအကွယ်ကြီးကို မကာအရိပ်သူတော်စင် ဆီကို လျောက်သွားပြီး ပြုံးကာ ပေးလိုက်တယ်..။
"ရော့..ဒါကို ယူထားလိုက် ကျေးဇူးပြုပြီး ရ"
အရိပ်ဟာ သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှာ ဝာာဝါ အကာအကွယ်ကို ငုံ့ကြည့်လိုက်ပါတယ်..။
'လုပ်စမ်းပါ..ယူထားလိုက် '
အရိပ်သူတော်စင်ရဲ့ လက်တွေက သူပေးတဲ့ အရာကို ကိုင်တွယ်လိုက်တဲ့ အချိန်မှာတော့ ဆန်နီ နှလုံးခုန် မြန်သွားခဲ့တယ်..။
" ဟုတ်တယ်..အဲလိုမှပေါ့..။အခု အသုံးပြုကြည့်ပါဦး"
ကျောက်တုံးသူတော်စင်ဟာ နာခံစွာပဲ အကာအကွယ်ကို သူမရဲ့ ရင်ဘတ်နားကို ယူလိုက်ပါတယ်..။
ပြီးတာနဲ့ ဒါကို အစိတ်စိတ်အမွာမွာ ဖြစ်အောင် ဖျက်ဆီး ပစ်လိုက်တယ်..။
ဆန်နီ ကြောင်အပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပါပြီ..။
[ သင့်ရဲ့ မှတ်သားမူက ဖျက်ဆီးခံလိုက်ရပါပြီ ]
' ဘာလဲဟ '
သူ့ရဲ့ မှတ်သားမူ အပိုင်းအစလေးတွေဟာ..တောက်ပတဲ့ အလင်းတန်းလေးတွေ အဖြစ်ပြောင်းလဲ လာခဲ့တယ်..။ဒါက ထပ်တူညီမူ ကြေးခွံသားရဲ နဲ့ အဇူရာ ဓား တွေ ထာဝရ ပျောက်ကွယ်မသွားခင် ဖြစ်ပျက်တဲ့ အရာမျိုးလိုပါပဲ..။
' ငါ့ရဲ့ တာဝါ အကာအကွယ်လေး '
ဆန်နီ ဝမ်းနည်းသလို ခံစားလိုက်ရပါတယ်..။ဒီဟာက သူ့အတွက် အသုံးမဝင်ပေမယ့် အပြင်ကမ္ဘာမှာဆိုရင် ပိုက်ဆံ အများကြီးနဲ့ ပြန်ရောင်းနိုင်မှာပါ..။ဘာလို့..ဘာလို့ ဒီနတ်ဆိုးက ဖျက်ဆီးပစ်တာလဲ..။ငါ့ရဲ့ ထိုင်ခုံကတင် မလုံလောက်သေးဘူးလား..။
သူ သေးငယ်တဲ့အလင်း စက် ကလေးတွေကို ကြည့်ရင်း ငိုချင်လာခဲ့တယ်..။သ်ို့ပေမယ့် ခနအကြာမှာတော့ သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါတယ်..။
ဘာလို့လဲ ဆိုတော့ ဒီအလင်းအစက်ကလေးတွေက ပျောက်ကွယ်မသွားလို့ပါပဲ..။အဲဒီအစား သူက စမ်းချောင်းလေး နှစ်ခုအဖြစ်စီးဆင်းကာ..မွန်းစတားရဲ့ ခန္တာကိုယ်ထဲမှာ ရှိနေတဲ့..အသက်ရှင်နေတဲ့ အရိပ်က..စုပ်ယူသွားခဲ့ပါတယ်..။
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
[ ကျောက်တုံး သူတော်စင်က ပိုသန်မာလာခဲ့ပါပြီ ]