အမှတ်တရ
Vol. 8 Ch. 110
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီဟာ အရိပ်သူတော်စင်ကို အံ့ဩစွာကြည့်နေခဲ့တယ်..။
တာဝါ အကာအကွယ် ပျက်ဆီးသွားတာကြောင့် သူ့ နှလုံးသားထဲက နာကျင်နေခဲ့ပေမယ့်..အခုတော့ တူညီတဲ့ ခွန်အားကို ပြန်လည် ရရှိခဲ့ပါတယ်..။ဒီဖြစ်စဥ်ကြီးတစ်ခုလုံးက ဘယ်လို အလုပ်လုပ်နေတာလဲ ဆိုတာ သူသေချာ မသိသေးပေမယ့်..အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်မိတယ်..။
"ဟင်..."
သူ ဒီအကာအကွယ်ကို ပေးခဲ့တာက သူမ အသုံးပြုနိုင်လား ဆိုတာကို သိချင်လို့ပါ..။သို့ပေမယ့် အဲဒီအစား..သူမက မှတ်သားမူ ကို ဖျက်ဆီးပြီး ဝါးမြိုပစ်လိုက်ပါတယ်..။
ဆန်နီ သူ တကယ် ဆုံးရှုံးမူ ရှိတာလား ဆ်ိုတာကို တွေဝေနေခဲ့ပါသေးတယ်..။သို့ပေမယ့် ဒီလိုမဟုတ်ပါဘူး..။အခိုက်အတန့်ရဲ့ အသံက အခုထိကို ပင်လယ်ပြင် အထက်မှာ ပဲ့တင်ထပ်နေတုန်းပါပဲ..။
ကျောက်တုံးသူတော်စင်က ပိုပြီး သန်မာလာခဲ့ပါပြီ။
ဆန်နီ သက်ပြင်းချလိုက်ပြီး..အရိပ်ရဲ့ အချက်အလက်ကို ကြည့်လိုက်တယ်..။အောက်ဘက်နားမှာတော့..အချက်အလက်က အနည်းငယ် ပြောင်းလဲနေခဲ့တာကို တွေ့လိုက်ရပါတယ်..။
အရိပ် အမြုတေ : [ 2 / 200 ]
သူ့မျက်လုံးတွေက ပြုံးယောင်သန်းလာခဲ့တယ်..။ဒီ တာဝါ အကာအကွယ်ကို..သူက အနည်းငယ်လောက်သာ ခက်ခဲတဲ့ နိုးထမူအဆင့် သားရဲတစ်ကောင်ကို သတ်ပြီး ရရှိထားခဲ့တာပါ..။ဒီအကောင်ကို သတ်တုန်းကလည်း ဆန်နီက အရိပ်အပိုင်းအစ လေးခု ရရှိထားပါသေးတယ်..။
သူ့ရဲ့ အရိပ်အမြုတေက ပြောင်းလဲမူ အဆင့်မှာပဲ ရှိနေသေးတာကြောင့် သူ့ထက် အဆင့်မြင့်တဲ့ သားရဲတွေကို သတ်ဖြတ်နိုင်တိုင်း..အရိပ်အပိုင်းအစကို နှစ်ဆ ရရှိပါတယ်..။နိုးထမူအဆင့် သားရဲတွေမှာက အမြုတေ နှစ်ခုစီ ပိုင်ဆိုင်ထားကြတာပါ..။
ကျောက်တုံးသူတော်စင် ကလည်း ဒီလို သားရဲတစ်ကောင်ပဲ ဆိုတော့ သူမ ဒီလိုဆက်ဆံခံရတာက မျှတပါတယ်..။တာဝါ အကာအကွယ်က အမြုတေ နှစ်ခု ရှိတဲ့ နိုးထမူအဆင့် သားရဲ ဆီကလာတာဖြစ်တာကြောင့် သူမကလည်း အရိပ်အပိုင်းအစ နှစ်ခု ရရှိခဲ့ပါတယ်..။
ဒါဆိုရင်.....
ဆန်နီရဲ့ စိတ်ထဲမှာ စိတ်လှုပ်ရှားမူတွေ ပေါ်လာခဲ့ပြီး.အလျင်အမြန်ပဲ နောက်ထပ် မှတ်သားမူ တစ်ခုကို ထုတ်လိုက်တယ်..။အောက်ကို နိမ့်ကျလာတဲ့ ဂြိုလ်လေးထဲကနေ..အနည်းငယ်ရှည်တဲ့ သူငယ်အိမ်နဲ့ ရွံစရာ မျက်လုံးတစ်လုံး ပေါ်ထွက်လာခဲ့ပါတယ်..။
ဒီမျက်လုံက..ဆန်နီ လွန်ခဲ့တဲ့ ရက်သတ္တပတ် အချို့က သတ်ထားခဲ့တဲ့..အိမ်မြှောင်ပုံစံ သားရဲတစ်ကောင်ဆီကနေ လာတာပါ..။ဒီသားရဲက အဆိပ်ငွေ့တွေ ထုတ်လွတ်ပြီး တိုက်ခိုက်တာကြောင့် တိုက်ပွဲတစ်ခုလုံးမှာ သူက မျက်လုံးကို မှိတ်ထားခဲ့ရတယ်..။သူ့အနေနဲ့ အရိပ်ရဲ့ ခံစားနိုင်စွမ်းကိုသာ အသုံးပြုပြီး တိုက်ခိုက်လာမူ တွေကို ရှောင်တိမ်း တုန့်ပြန်ခဲ့ရပါတယ်..။
အဆုံးမှာတော့ ဒီသားရဲ ရဲ့လက်သည်းတွေ သူ့ကို တစ်စစီ မဆုတ်ဖြဲနိုင်ခင်လေးမှာတင် သူ့ရဲ့ ခေါင်းကို ဖြတ်နိုင်ခဲ့တယ်..။ဒီအရာက..သူ့ရဲ့ ကိုယ်ခံပညာအတွက် ကောင်းမွန်တဲ့..စမ်းသပ်မူဖြစ်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး..။
ဝမ်းနည်းစွာပဲ..ရရှိလာတဲ့ မှတ်သားမူက သူသတ်လိုက်တဲ့ သားရဲရဲ့ စွမ်းရည်မျိုး တစ်ခုမှ ပါမလာခဲ့ပေ..။သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းက ဘယ်သူ့ကိုမှ မထိခိုက်စေတဲ့ အနီရောင် အလင်းတန်း တစ်ခုပဲ..ထုတ်လွှတ်နိုင်စွမ်းရှိတာပါ..။
မျက်လုံးကို ဆုပ်ကိုင်လိုက်ရင်း နဲ့ သူက ကျောက်တုံး သူတောင်စင်ကို ပေးလိုက်တယ်..။
အရိပ်ဟာ ဒီ ရွံစရာ အရာကြီးကို ယူလိုက်ပြီး..သူမရဲ့ ကြီးမားတဲ့ လက်သီးနဲ့ ညှစ်ကာ ဖျက်ဆီးပစ်လိုက်တယ်..။နောက်ထပ် တစ်ကြိမ်အနေနဲ့ မှတ်သားမူက အလင်းစက်တွေ အဖြစ်အသွင်ပြောင်းသွားပြီး..သားရဲကြီးရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်..။
[ ကျောက်တုံးသူတော်စင်က ပိုသန်မာလာခဲ့ပါပြီ ]
ဆန်နီ သဘောကျစွာ ရယ်မောလိုက်တယ်..ဟ
ဒီတော့ ဒီလိုလုပ်ရတာပေါ့..။အရိပ်တွေက ..မှတ်သားမူကို ကျွေးဖို့ လိုအပ်တာလား..။သူ အိပ်မက်ဆိုးသားရဲတွေကို သတ်ပြီး..အရိပ်အပိုင်းအစ ရသလိုမျိုး သူတို့က ဒီလိုနည်းလမ်းနဲ့ ရကြတာပါ..။
အရာရာ သေချာသွားအောင်လို့ ဆန်နီ အချက်အလက်ဇယားကို ကြည့်လိုက်တယ်..။
အရိပ် အပိုင်းအစ : [ 3 / 200 ]
အဆင့်တစ် နိုးထမူအဆင့် မှတ်သားမူ အတွက် အပိုင်းအစ တစ်ခု..။
မျှော်လင့်ချက်တွေ အပြည့်နဲ့ ဆန်နီ နောက်ထပ် မှတိသားမူ တစ်ခုကို ထုတ်ယူလိုက်တယ်..။ဒီအကာအကွယ် ဝတ်စုံက သူ သားရဲအသိုက် တစ်ခုကို မီးရှိုးပြီး ရရှိထားခဲ့တာပါ..။
မေ့ပျောက် ကုန်းမြေကြီးပေါ်မှာ ညဘက်ကြီး မီးဖို တာက အရမ်းကို အန္တရာယ်များပါတယ်..။သို့ပေမယ့် ဒီသားရဲ အသေးလေးတွေ အများကြီးကို ါဆုံးသတ်ပေးလိုက်တာကြောင့် အရိပ်အပိုင်းအစ ရာနဲ့ချီ ပြီး ရလိမ့်မယ်လို့တောင် မျှော်လင့်ထားခဲ့မိတာပါ..။
ဝမ်းနည်းစွာပဲ..အသိုက်ထဲမှာရှိနေတဲ့ ဒီအရာတွေ အကုန်လုံးက..နတ်ဆိုး သားရဲတစ်ခု အဖြစ်သာ ရှိနေခဲ့ပြီး..သူလည်း အရိပ်အပိုင်းအစ ၆ ခုသာ ရ လိုက်ပါတယ်..။သူက ကျရှုံးမူ အဆင့် သားရဲတွေ ရောက်လာမှာစိုးတာကြောင့် ဝိဥာဥ် အမြုတေတွေကို မယူပဲနဲ့တောငိ ပြန်ထွက်ပြေးလာခဲ့ရပါသေးတယ်..။သူနဲ့ လိုက်ဖတ်ညီတဲ့..ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ရှိနေတာကြောင့် ဒီဝတ်စုံက သူ့အတွက် အသုံးမဝင်ခဲ့ပါဘူး..။
သို့ပေမယ့် အခု နောကိဆုံးမှာတော့ အသုံးဝင်လာခဲ့ပါပြီ..။
ကျောက်တုံးသူတော်စင်ကတော့ တစ်ခြားမှတ်သားမူ တွေလိုပဲ ဒီတစ်ခုကိုလည်း တွေဝေခြင်းမရှိပဲ ဝါးမြိုလိုက်တယ်..။အခိုက်အတန့်ကတော့..အရိပ်က ထပ်မံသန်မာလာပြီဖြစ်ကြောင်း ..ကြေညာလာခဲ့တယ်..။
အရိပ်အပိုင်းအစ : [ 6/200 ]
နံပါတ်တွေ ပြောင်းလာတိုင်း ဆန်နီ ကျေနပ်နေခဲ့တယ်..။သူ နောက်ထပ် မှတ်သားမူ တစ်ခုကို ထုတ်ယူလိုက်ပေမယ့် ဒါက ငွေရောင် ခေါင်းလောင်းဖြစ်နေတာကြောင့် သူ တိတ်ဆိတ်စွာပဲ စိုက်ကြည့်နေခဲ့ပါတယ်..။
ဒီတစ်ခု...ဒီတစ်ခုက..အရမ်းကို အေးခဲပြီး ၊ ကြောက်ဖို့ကောင်းတဲ့ သူ့ရဲ့ ပထမဆုံး အိပ်မက်ဆိုးမှာ ရရှိခဲ့တာပါ..။ဒီတစ်ခုက အားအနည်းဆုံး မှတ်သားမူ ဖြစ်ပေမယ့် သူ့အတွက်တော့ ..အဓိပ္ပါယ်အရှိဆုံးပါပဲ..။ဆန်နီ ဒီအရာကို ရဖို့အတွက် လူတစ်ယောက်ကို ပထမဆုံး အကြိမ်သတ်ခဲ့ရပါတယ်..။
ငွေရောင် ခေါင်းလောင်းက သူ့အတွက်တော့အမှတ်တရ ပစ္စည်းပါပဲ..။
သူ..ဒီပစ္စည်းလေးရဲ့ ဖော်ပြချက်ကို ..ဖွင့်ကာ ဖတ်ကြည့်လိုက်တယ်..။
[...အချိန်အကြာကြီး အိမ်ကို လွမ်းနေတဲ့ အမှတ်တရ ပစ္စည်းလေး တစ်ခု ၊ သူ့ရဲ့ ပိုင်ရှင်ကို နှစ်သိမ့်မူနဲ့ ပျော်စရာလေးတွေ ယူဆောင်လာပေးနိုင်တယ် ]
ရုတ်တရက် အစောကဖြစ်ပေါ်နေတဲ့ သူ့ရဲ့ စိတ်လှုပ်ရှားမူတွေက ပျောက်ကွယ်သွားခဲ့တယ်..။ဆန်နီ လေးပင်စွာ သက်ပြင်းချလိုက်ပြီး..မှတ်သားမူကို ရုတ်သိမ်းလိုက်ပါတယ်..။သူ့ မျက်နှာမှာတော့ မသာမယာမူတွေ ဖြစ်ပေါ်နေခဲ့ပါပြီ..။
သူ အရိပ်သူတော်စင်ကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး...
"ဒီနေ့အတွက်တော့ တော်လောက်ပြီ ...ဟင်း..နေ့တာက အတော်ရှည်တာပဲ..။ငါ အိပ်ဖို့ အချိန်ရောက်ပြီ "
ဝိဥာဥ် ပင်လယ်ထဲက ထွက်ပြီးတာနဲ့ သူ မိနစ် အနည်းငယ်ကြာအောင် မတ်တတ်ရပ်နေခဲ့ပြီးမှ အိပ်ယာ ဆီကို လျောက်သွားလိုက်ပါတယ်..။ယင်းနောက် ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ဖယ်ရှားလိူက်ပြီး စောင်ကို ခြုံကာ အိပ်ဖို့ ကြိုးစားလိုက်ပါတော့တယ်..။