သေးငယ်တဲ့ သားရဲ
Vol. 8 Ch. 111
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီဟာ..စိတ်လေးလံ တဲ့ ခံစားချက်တွေနဲ့ အတူပဲ နိုးထလာခဲ့တယ်..။နေဝင်ချိန်နီးလာတာ နဲ့ အမျှ ..ကြသွေးရောင်..ထိပ်ဖျား ရဲ့ အရိပ်ကလည်း..ကျိန်စာသင့် မြို့ထဲကို ကျရောက်လာခဲ့ပါပြီ..။
ဒီ ထိပ်ဖျားကို မေ့ပျောက်ကုန်းမြေရဲ့ နေရာအနှံ့ကနေ လှမ်းကြည့်ရင် တောင် မြင်နေခဲ့ရတယ်..။သူက အတော်ကို မြင့်မားပြီး..ထိပ်ဆုံးနေရာက တိမ်တွေထက်တောင် ပိုမြင့်နေသလိုပါပဲ..။
ဒီလတွေအတွင်းမှာ ဆန်နီဟာ သူ့ရဲ့ တည်ရှိမူနဲ့ ကျင့်သားရနေပြီ ဖြစ်တာကြောင့်..ဒီအရာကို သိပ်ပြီး အာရုံမစိုက်တော့ပေ..။ဒီ ထိပ်ဖျားက..ရူးသွပ်မူတွေ စုစည်းရာ နေရာတစ်ခုပါပဲ..။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အထဲမှာရှိနေကြတဲ့ လူတွေက အိမ်ပြန်ဖို့ အတွက် မျှော်လင့်ချက်တွေ အပြည့်နဲ့ပါ..။
ပြီးတော့..မျှော်လင့်ချက် ဆိုတာက အကျဥ်းထောင်ပါပဲ..။
ဆန်နီ သန်းဝေစွာ မတ်တတ်ထရပ်လိုက်ပြီး လက်တွေကို ဆန့်တန်းလိုက်တယ်..။အကြောင်းပြချက် တစ်ချို့ ကြောင့် ပျောက်ဆုံးသွားခဲ့တဲ့ သူ့ရဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက်လေးဟာလည်း ပြန်ရောက်လာခဲ့ပါပြီ..။
သူ မနေ့ညက အကြောင်းအရာတွေကို ပြန်တွေးကြည့်လိုက်မိတဲ့ အချိန်မှာတော့..လတ်တလော သူ့ရဲ့ ကံတရားက ကောင်းမွန်နေတာကို သတိထားမိသွားခဲ့တယ်..။ကျောက်တုံး သူတော်စင်ကို အရိပ်အဖြစ် ပြောင်းနိုင်လိုက်တာက..သာမန်ကိစ္စမဟုတ်ပါဘူး..။
သူ့ရဲ့ ဘဝက ပိုပိုပြီး ကောင်းမွန်လာတော့မှာပါ..။
သို့ပေမယ့် ဆန်နီ ဒီကိစ္စတွေကို သေချာတွေးတော့ဖို့ လိုအပ်နေပါသေးတယ်..။သူက သူ့ရဲ့ မွန်းစတားကိုဘဘယ်လို ကျင့်ကြံ စေမှာလဲ ဆိုတာကို စဥ်းစားရမှာပါ..။
ကျောက်တုံးသူတော်စင်က မှတ်သားမူတွေကို အရိပ်အပိူင်းအစ အဖြစ်ပြောင်းလဲနိုင်တုန်းက ရရှိခဲ့တဲ့ အစောပိုင်း စိတ်လှုပိရှားမူတွေက ပျောက်ကွယ်သွားခဲ့ပါပြီ..။ဒီနေရာမှာတော့..အဆင်မပြေတဲ့ မေးခွန်းတွေလည်း အများကြီး ရှိနေပါသေးတယ်..။
ဆန်နီ မေ့ပျောက်ကုန်းမြေ မှာ ခြောက်လဝန်းကျင်လောက် အချိန်ကုန်ဆုံးခဲ့ပေမယ့် အရိပ်ကို ကျွေးဖို့သင့်တော်တဲ့ မှတ်သားမူ သုံးခုပဲ ရရှိခဲ့တာပါ..။ဒါကလည်း သူမကို အပိုင်းအစ ၆ ခုလောက်သာ ရစေခဲ့ပါတယ်..။
လက်ရှိအမြန်နှုန်း အတိုင်းသာ ဆိုရင် သူ့ရဲ့..သားရဲက အရိပ်အပိုင်းအစ အခု ၂၀၀ ပြည့်ပြီး ဘာတွေ လုပ်နိုင်လဲ ဆိုတာကို သိရဖို့ ၁၆ နှစ်လောက်တောင် အချိန်ယူရပါလိမ့်မယ်..။
ဂန်လောင် စစ်တပ်ရဲ့ ထူးချွန်တဲ့ စစ်သည်တွေတောင်..မေ့ပျောက်ကုန်းမြေမှာ ၁၀ နှစ်ထက်ပိုပြီး အသက်မရှင်ကြပေ..။ရဲတိုက်ရဲ့ ဘုရင်ဖြစ်သူတောင် ၈ နှစ်လောက်ပဲ ရှင်သန်နိုင်ခဲ့ပြီး..ဒါတောင် အချိန်အများစုက ကံကောင်းနေခဲ့လို့ပါ..။
ဆန်နီ ရဲ့ တိုက်ပွဲစွမ်းရည်က ..ကျောက်တုံး စစ်သည်တော် နဲ့ တိုကိခိုက်ပြီးကတည်းက..တိုးတက်လာခဲ့တယ် ဆိုပေမယ့်လည်း..သူ တစ်ခုခုကိုတော့ စဥ်းစားရပါဦးမယ်..။
သူ ဒီလို စဥ်းစားနေတုန်းမှာပဲ..သူ့ မျက်လုံးတွေက..ဝိဥာဥ် အမြုတေတွေ များစွာ သိုလှောင်ထားတဲ့ သေတ္တာကြီးဆီကို ရောက်သွားခဲ့တယ်..။သူ ခနလောက် အေးခဲသွားပြီး သေတ္တာဆီကို သွားလိုက်ပါတယ်..။
ဒီ မေ့ပျောက်ကုန်းမြေကြီးထဲမှာတော့ သူက မယုံနိုင်လောက်အောင် ချမ်းသာတဲ့ သူဌေးပါပဲ..။သူ့ရဲ့ ကံကောင်းမူက ရဲတိုက်ထဲမှာ..အရာများစွာကို ဝယ်ယူနိုင်စေပါတယ်..။
သူ စိတ်ဝင်စားမူ အရှိဆုံး အရာကတော့..မှတ်သားမူတွေ ပမာဏ အများကြီး ဝယ်ယူဖို့ပါပဲ..။အင်အားကြီးပြီး အသုံးဝင်တဲ့ မှတ်သားမူ တွေက စျေးမပေါပေ..။အမှန်တော့ သူတို့က အတော်လေးကို စျေးကြီးကြပါတယ်..။သို့ပေမယ့် အရည်အသွေးကို သူ တကယ် ဂရုမစိုက်ပေ..။
ကျောကိတုံးသူတော်စင် စုပ်ယူနိုင်တဲ့ အရိပ်အပိုင်းအစ ပမာဏကို ရနေသ၍ ဒါက ဘာအရည်အသွေးရှိလဲ ဆိုတာက ပြသနာ မဟုတ်ပါဘူး..။
အကယ်၍ သူ့ရဲ့ အမြုတေ တွေသာ အကုန်အသုံးပြုမယ် ဆိုရင်..သူမရဲ့ ခွန်အားက အခြေအနေ တစ်ခု အထိ ထိုးတက်လာခဲ့မှာပါ..။ဒီလိုဆိုရင် အနာဂတ်မှာ ကျင့်ကြံရတာလည်း ပိုမိုလွယ်ကူ လာပါလိမ့်မယ်..။မှတ်သားမူတွေက ထဲက တစ်ဝက်လောက်က သားရဲတွေကို သတ်ဖြတ်ကာ ရရှိမှာဖြစ်ပြီး ကျန်တဲ့တစ်ဝက်ကို ..ဝိဥာဥ် အမြုတေ တွေနဲ့ ဝယ်လို့ရနိုင်ပါတယ်..။
သို့ပေမယ့် ဒီအစီအစဥ် မှာ ပြသနာ ကြီးတစ်ခု ရှိနေပါသေးတယ်..။
တကယ်လို့ ဆန်နီသာ..ဒီလောက် ဝိဥာဥ် အမြုတေ ပမာဏ အများကြီးကို ထုတိလိုက်မယ်ဆိုရင် လူတိုင်းရဲ့ အာရုံစိုက်စရာ ဖြစ်သွားမှာပါ..။သာမန် သူခိုးလေးတွေ သူ့ကို လုယက်ချင်တာက ပြသနာ မရှိပေမယ့်..ဂန်လောက် ကိုယ်တိုင် သူ့ရဲ့ ချမ်းသာမူကို စိတ်ဝင်စားသွားခဲ့ရင်တော့ ကပ်ဆိုးတစ်ခု ဖြစ်သွားခဲ့ပါပြီ..။
ပြီးတော့..အကြောင်းပြချက်တစ်ချို့ကြောင့် အစီစဥ်တစ်ခု ရေးဆွဲနေတဲ့ နစ်ဖီ လည်း ရှိပါသေးတယ်..။ဒီအရာက သူမ နဲ့ ဆန်နီပဲ သိထားကြတာပါ..။
လူတိုင်းက မသိ နားမလည် ဖြစ်နေကြတာက ပြသနာ ရဲ့ အရင်းအမြစ်တစ်ခုပါပဲ..။
ဆန်နီ မျက်မှောက်ကျုတ်ပြီး သေတ္တာကနေ အကြည့်ကို လွှဲလိုက်တယ်..။
"ငါ ဒီအကြံဥာဏ်ကို နောက်မှ သုံးရမယ်..။ဒါပေမဲ့ ပထမဆုံးတော့..အရိပ်သန်မာလာဖို့ မှတ်သားမူက တစ်ခုတည်းသော နည်းလမ်းလား ဆိုတာ စမ်းသပ်ဖို့ လိုအပ်တယ်..။
ကျောက်တုံး သူတော်စင်က သူ့လိုမျိုး..အိပ်မက်ဆိုးသားရဲတွေကို သတ်ဖြတ်ပြီး အရိပ်အပိုင်းအစ ရနိုင်သလား ဆိုတာကို သူ သိချင်နေပါသေးတယ်..။
***
အချိန်တစ်ချို့ကြာပြီးနောက်မှာတော့ ဆန်နီဟာ ကျိန်စာသင့် မြို့ကြီးထဲက..ကျောက်တုံးတွေကြားထဲမှာ ရွေ့လျားနေခဲ့တယ်..။သူ့ရဲ့ အရိပ်တွေနဲ့ ပေါင်းစပ်နိုင်မူကြောင့် ဒီမြို့ထဲမှာ ညဘက်ထွက်ရဲတဲ့ လူတွေထက် သူက ခေါင်းတစ်လုံးသာပါပဲ..။သို့ပေမယ့် ဒီလိုဆိုရင်တောင် သူ သေခါနီး ဖြစ်ခဲတာကလည်း မကြာခန ပါပဲ..။
အကယ်၍ ကျရှုံးမူ အဆင့် သားရဲတွေကို သာ သူ့အနေနဲ့ ရင်ဆိုင်ခဲ့ရမယ် ဆိုရင် ဒါက သူ့ရဲ့ အဆုံးသတ်ဖြစ်လာမှာပါ..။ဆန်နီ ဒီအတွက်ကို သံသယ မရှိပေ..။
ဒီနေရာမှာ လူသားတွေ ရှင်သန်နိုင်တဲ့ အချက်က..ကျရှုံးမူ သားရဲတွေကို ရှောင်ပြီး အားနည်းတဲ့ သားရဲတွေကို အမဲလိုက်နိုင်နေလို့ပါပဲ..။ကျိန်စာသင့် မြို့ထဲမှာ ခြေရာခံနိုင်တဲ့လူက အရမ်းကို နည်းပါးတာကြောင့် အမဲလိုက်တာကလည်း အန္တရာယ်များပါတယ်..။
နောက်ဆုံးမှာတော့ သူက အရင်တုန်းက လေ့လာဖူးတဲ့ သားရဲတစ်ကောင်ရဲ့ နေရာကို ရောက်လာခဲ့တယ်..။အံ့ဩစွာပဲ ဆန်နီ ဒီသားရဲ အကြောင်းကို ကောင်းကောင်း သိနေခဲ့ပါတယ်..။
ဘာပဲဖြစ်ဖြသ် သူတို့ထဲက တစ်ကောင်ကြောင့် အရင်က သူ့ဘဝ အဆုံးသတ်မလိုဖြစ်ခဲ့ရတာပါ..။
လမ်းတွေထဲက တစ်နေရာမှာတော့..ကြေးခွံသားရဲ ခေါင်းဆောင်ဟာ..သူ့ရဲ့ နေရာတစ်ခု ရှိနေခဲ့တယ်..။
ကြီးမားတဲ့ ကျောက်တုံးတစ်ခုပေါ် တက်လိုက်ပြီး ဒီသားရဲ အပြင်ကို ထွက်လာတဲ့ အထိ စိတ်ရှည်ရှည် စောင့်နေလိုက်ပါတယ်..။မုဆိုးကောင်းဆိုတာက စိတ်ရှည်တတ်ဖို့ အဓိကပါပဲ..။သူ့ ရဲ့ အနက်ရောင် မျက်လုံးတွေကလည်း..အပျက်အစီတွေ ကြားထဲကို လိုက်လံ စစ်ဆေးနေခဲ့ပါသေးတယ်..။
တစ်နာရီ ကျော်လောက်အထိ ဆန်နီ စောင့်နေခဲ့တယ်..။
မကြာခင်မှာပဲ..သူ့ရဲ့ စိတ်ရှည်မူတွေက အရာထင်လာခဲ့ပါပြီ..။
အမှောင်ထုထဲက အဆောက်အဦးထဲမှာတော့..ကြေးခွံသားရဲ ရင်းနှီးတဲ့ သားရဲတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါတယ်..။ကြေးခွံသားရဲ ခေါင်းဆောင်ဟာ..လမ်းခမ်းကျောက်တုံးတွေ ပေါ်ကို တက်လာခဲ့တာပါ..။သူ့ရဲ့ နောက်ကျောမှာတော့ ကြက်သွေးရောင်..ပုံသဏ္ဍာန်တွေ အလှဆင်ထားပြီး ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ အရိူးဓားကြီး နှစ်ချောင်းကတော့ လက်ထဲမှာ ရှိနေခဲ့ပါတယ်..။
ဆန်နီ ပြုံးလိုက်တယ်..။
ကြေးခွံသားရဲခေါင်းဆောင်က..အပြင်ကို ခြေတစ်လှမ်းသာ ထွက်လာရသေးပေမယ့်..ကြောက်မက်ဖွယ်ရာ အသွင်အပြင်နဲ့..အရိပ်သူတော်စင်ဟာ အမှောင်ထု ထဲကနေထွက်လာခဲ့ပါတယ်..။သူမက ဒိုင်းကာ တစ်ခုနဲ့ ဓားတစ်ချောင်းကိုလည်း မြှောက်ပြီး ကိုင်ဆောင်ထားခဲ့ပါသေးတယ်..။သူမရဲ့ ချပ်ဝတ်အကာအကွယ် အောက်ကနေလည်း..အညိုရောင် မြူခိုးငွေ့လေးတွေ ထွက်နေတာကို တွေ့နေရပါတယ်..။သူမရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့..အမှောင်ထု..ထူးဆန်းစွာပဲ သူမကို ထွေးပွေ့ထားသလို ဖြစ်နေခဲ့တယ်..။
သားရဲ နှစ်ကောင် - တစ်ကောင်က ကြီးမားပြီးကြမ်းတမ်းတယ်..။နောက်တစ်ကောင်ကတော့ သေးငယ်ပြီး ခိုင်မာပါတယ်..။နှစ်ဖက်လုံးကတော့ သန်မာတဲ့ သားရဲတွေချည်းပါပဲ..။
...မကြာခင်မှာတဲ့...ငရဲတမျှ ကြမ်းတမ်းတဲ့ တိုက်ပွဲကစတင်တော့မှာပါ..။