မွန်းစတား နှစ်ကောင်
Vol. 8 Ch. 112
#ဘာသာပြန် = စနိုးဝှိုက်
ကျရှုံးမူ အဆင့် သားရဲနှစ်ကောင် တိုက်ခိုက်ကြတဲ့ တိုက်ပွဲလိုပဲ..ကျောက်တုံးသူတော်စင်က စတင်ပြီးတော့..တိုက်ခိုက်ခဲ့ပါတယ်..။သူမရဲ့ ဓားကို ဒိုင်းကာနဲ့ နှစ်ချက် ရိုက်လိုက်ပြီး..ရှေ့ကို တွေဝေခြင်းမရှိ အကြောက်အလန့် ကင်းစွာ တက်သွားခဲ့တယ်..။
ဒါပေါ့..အရိပ်တွေမှာ ကြောက်ရွံ့တဲ့ ခံစားချက် ရှိလား မရှိဘူးလား ဆိုတာတော့ သူလည်း မသိပါဘူး..။
ကြေးခွံသားရဲ ခေါင်းဆောင်ဟာ..ရှေ့ကို အမြန်တက်လိုက်ပြီး သူ့ရဲ့ အရိုးဓားတွေနဲ့ ဒေါသတကြီး ပြန်တိုက်ခိုက်ပါတော့တယ်..။ဒီကြီးအားတဲ့ သားရဲကြီးရဲ့ အရှေ့မှာတော့ အရိပ်သူတော်စင်က..အနည်းငယ် သေးငယ်နေခဲ့ပါတယ်..။
သားရဲ နှစ်ကောင်ဟာ..လမ်းရဲ့ အလယ်မှာပဲ ပြင်းပြင်းထန်ထန်စပြီး တိုက်ခိုက်ကြတော့တယ်..။ဖုန်မှုန့် တွေ ၊ အပိုင်းအစ တွေကတော့..လေထဲမှာ ဆက်တိုက်ကို လွင့်ပျံထွက်လာခဲ့ပါပြီ..။
ဆန်နီဟာ တိုက်ပွဲကို မျက်တောင်မခတ်ပဲ ကြည့်နေခဲ့တယ်..။
ဒီ အိပ်မက်ဆိုးသားရဲ နှစိကောင်က ခွန်အား ခြင်း ညီမျှ နေတာလား ဆိုတာတောင် သူ သံသယဖြစ်မိပါတယ်..။ကြေးခွံသားရဲ ခေါင်းဆောင်က အကောင်ပိုပြီး ကြီးမားကာ..အထူးသဖြင့် သူ့ရဲ့ မာကျောတဲ့ ကြေးခွံတွေက..သူ့ကို ကြောက်စရာရန်သူ တစ်ယောက် အဖြစ် ဖြစ်ပေါ်စေပါတယ်..။ကြေးခွံသားရဲတွေ တိုင်းက အတော်လေးကို မာကျောပြီး သန်မာကြတာပါ..။
အရိပ် သူတော်စင်..ကလည်း သူမရဲ့ ကျောက်တုံးပုံစံအကာအကွယိ ကြောင့် ခံနိုင်ရည် မြင့်မားတာပါပဲ..။သူမက အကောင်အနည်းငယ် သေးငယ်တယ် ဆိုပေမယ့် သူမ ပိုင်ဆိုင်ထားတဲ့ ခွန်အားကတော့ မသေးပါဘူး..။သူမရဲ့ ပုံသဏ္ဍာန် က လူသားနဲ့ အတော်လေးတူနေတာကြောင့် ဆန်နီ ကိုယ်တိုင်တောင်မှ သူမက လူသားမဟုတ်ဘူးဆိုတာကို ကိုယ့်ကိုကို ပြန်သတိ ပေးနေခဲ့ရပါတယ်..။
သူမရဲ့ အားသာချက်ကတော့..တိုက်ပွဲကျွမ်းကျင်မူ၊ တိုက်ခိုက်တဲ့ နည်းစနစ် တွေဖြစ်ပြီး..ရလာဒ်ကတော့ မခန့်မှန်းနိုင်စွာ ဖြစ်နေခဲ့တယ် .။
သို့ပေမယ့်..သူ တွက်ချက်ဖို့ ပေးသွားခဲ့တာက သူ့ရဲ့ အရိပ် အားဖြည့်မူပါ..။ဒီအထောက်အပံ့ကြောင့်ပဲ ကျောက်တုံး သူတော်စင်က..မယုံနိုင်စရာ ခွန်အားကြီးမားနေခဲ့တယ်..။
ကြေးခွံသားရဲမှာ အခွင့်အရေး မရှိဘူးဆိုတာကို သူ သေချာပြောနိုင်ပါတယ်..။
အဲ့အချိန်မှာပဲ မွန်းစတား နှစ်ကောင်ဟာ ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုကို ပုံဖော်ခဲ့ကြတယ်..။ကျောက်တုံးသူတော်စင်ဟာ..အရိုးဓားကြီးတွေ ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မူတွေကို သူမရဲ့ ဒိုင်းကာ နဲ့ ကာထာခဲ့တယ်..။ဒါတောင် သူမရဲ့ အရှိန်က လျော့ကျမသွားခဲ့ပဲ..ဒိုင်းကာကို အောက်ကို လျောကာ..ကြီးမားတဲ့ သားရဲကြီးကို ယိမ်းယိုင်သွားစေခဲ့ပါတယ်..။
ဆန်နီ ဒီမြင်ကွင်းကို ကြည့်နေရင်း ကျောက်တုံး သူတော်စင်ရဲ့ ခွန်အားကို သူ့ရဲ့ခန္တာကိူယ်ပေါ်မှာ မစမ်းသပ်လိုက်မိတာကို ဂုဏ်ယူနေခဲ့ပါတယ်..။
သူမ ..ဖန်တီးထားတဲ့ နေရာလွတိကို အသုံးချပြီး..ကျောင်းတုံးသူတော်စင်ဟာ ခန္တာကိုယ်ကို လှုပ်ရှားလိုက်ကာ..ဒိုင်းကာကို အစောက နေရာဆီပဲ ထပ်မံတိုက်ခိုက်လိုက်ပါတယ်..။ထိခိုက်နေပြီးပြီ ဖြစ်တဲ့...ကြေးခွံက အက်ကွဲသွားခဲ့ပြီး..အသားစ တွေပေါ်လာခဲ့တယ်..။
ခနအကြာတော့ သူမက..ကြမ်းတမ်းတဲ့ ကြေးခွံသားရဲကြီးရဲ့ အနားကို ရောက်သွားခဲ့ပါပြီ..။တင့်တယ်တဲ့ စစ်သူရဲဟာ..သူမရဲ့ လှုပ်ရှားမူကို ဂရုစိုက်ရင်း..ရန်သူရဲ့ တိုက်ခိုက်လာမူတိုင်းကို..သေချာတွက်ချက်ကာ ရှောင်တိမ်းနေခဲ့ပါတယ်..။
ဆန်နီက ကိုယ်ခံပညာမှာ သင်ယူဆဲ အဆင့်သာ ရှိသေးပေမယ့်..ကျောက်တုံး သူတော်စင်က ဘယ်လိုနည်းစနစ်တွေနဲ့ တိုကိခိုက်နေလဲ ဆိုတာကိုတော့ နားလည်သဘောပေါက် နိုင်စွမ်းရှိပါတယ်..။
သူမရဲ့ နည်းစနစ်တစ်ခုလုံးက..ရိုးရှင်းပြီး ..တွက်ချက်ရတဲ့ လှုပ်ရှားမူတွေကို အခြေခံထားတာပါ..။သူမရဲ့ ကြမ်းတမ်းတဲ့ အကာအကွယ် ၊ ရှောင်တိမ်းနိုင်စွမ်း ၊ လှပတဲ့ ခြေရွေ့ကွက်တွေ..၊ အချိန်ကိုက် လှုပ်ရှားနိင်စွမ်းတွေပါပေါင်းစည်းလိုက်တဲ့ အချိန်မှာတော့..အရိပ်က..ခုခံတာရော တိုက်ခိုက်တာရောမှာ သေသပ်စွာ လုပ်ဆောင်နိုင်နေခဲ့တယ်..။
ဒါက..အရမ်းကို သိမ်မွေ့ပြီး..ခန့်မှန်းလို့မရတဲ့ နစ်ဖီရဲ့ တိုက်ခိုက်ရေး စတိုင်နဲ့ အတော်လေးကို ကွာခြားပါတယ်..။ဆန်နီဟာ အခုမှပဲ သူလေ့ကျင့်နေတဲ့ အခြေခံ ကိုယ်ခံပညာက..ပြိုင်ဘက်ကင်းပြီး ထူးခြားတယ် ဆိုတာကို နားလည်သဘောပေါက်လိုက်တယ်..။
ဒီ တိုကိခိုက်ရေး နည်းစနစ်တွေက ဘယ်ကလာတာလဲ..။
ဒီနေရာမှာတော့ သုံးသပ်စရာတွေ အများကြီးပါပဲ..။အဲတာက သူ့ရဲ့ နည်းစနစ်တွေကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ..ဘယ်လို လက်နက်တွေ ထပ်ပေါင်းထည့် ရမလဲ ဆိုတာပါ..။သို့ပေမယ့် ဒါတွေက အနာဂတ်မှာ အဖြေထုတ်ရမယ့် အရာတွေပါပဲ..။
အခုချိန်မှာတော့ တိုက်ပွဲရလာဒ်က ဘယ်လိုအဆုံးသတ်မလဲ ဆိုတာကိုပဲ သူ စိတ်ဝင်စားမိပါတယ်..။
ကျောက်တုံးသူတော်စင်ကတော့ သူမရဲ့ ရန်သူကို ဖိနှိပ်နေပြီးပါပြီ..။ကြေးခွံသားရဲ ခေါင်းဆောင်ရဲ့ ခြေထောက်တွေက ကျိုးပဲ နေပြီး အဇူရာသွေးတွေက ဆိုးဝါးတဲ့ ဒဏ်ရာတွေကနေ စီးကျနေခဲ့တယ်..။သို့ပေမယ့် သူက ဒေါသတကြီး တိုက်ခိုက်နေတုန်းပါပဲ..။
သို့ပေမယ့် သူ ဘယ်လောက်ပဲ..ဒေါသထွက်ထွက်..တိတ်တဆိတ် တိုက်ခိုက်နေတဲ့..အရိပ်စစ်သည်တော်က ပိုပြီး ကြောက်စရာ ကောင်းနေဆဲပါ..။
အဲ့အချိန်မှာပဲ အရိပ်သူတော်စင်ဟာ ဘေးဘက်ကို ရွေ့လျားလိုက်ပြီး..ကြေးခွံသားရဲ ခေါင်းဆောင်ရဲ့ အရိုးဓားကြီးကို အောက်ကို ဆွဲချလိုက်ကာ..သူမရဲ့ ခြေထောက်အောက်ဘက်ကို ထည့်သွင်းထားခဲ့တယ်..။သူမက ရန်သူရဲ့ လက်နက်ကို သုံးလို့ မရအောင် အလေးချိန်နဲ့ ဖိထားခဲ့ပြီး..သူမရဲ့ ဒိုင်းကာနဲ့ ပြင်းထန်စွာ ရိုက်ချကာ..အရိုးဓားကို အစိတ်စိတ် အမွှာမွှာဖြစ်အောင်လုပ်ပစ်လိုက်ပါတယ်..။
ကြေးခွံ မွန်းစတားဟာ သူ့ရဲ့ အရိုးဓား ဆုံးရှုံးသွားတာနဲ့ ကျန်ရှိနေသေးတဲ့ တစ်ဖက်နဲ့ ချက်ချင်း ခုတ်ချဖို့ ကြိုးစားလိုက်ပါတယ်..။သ်ို့ပေမယ့် သူက အနည်းငယ် နောက်ကျသွားခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ် တစ်ဖက်ခြမ်းက..အကာအကွယ်မဲ့နေပြီ ဆိုတော့ ကျောက်တုံး သူတော်စင် အတွက် တိုက်ခိုက်ဖို့ နေရာလွတ်တွေ များနေခဲ့ပါပြီ..။
အရိုးဓားကို သူမရဲ့ ဒိုင်းကာ နဲ့ အသာအယာ ကာကွယ်လိုက်ပြီး သူမရဲ့ ဓားနဲ့ ရန်သူရဲ့ အဆစ်ကြားထဲကို ထိုးသွင်းလိုက်တယ်..။သူမရဲ့ ဓားက တိုက်ပွဲအစပိုင်းတုန်းက ဖန်တီးထားတဲ့ ကြေးခွံသားရဲရဲ့ ပျက်ဆီးနေတဲ့ အကာအကွယ်နေရာကို တည့်တည့်ဝင်သွားကာ အဇူရာသွေးတွေ ..တလဟော စီးကျလာခဲ့ပါတယ်..။
ကျောကိတုံး ဓားကြီးက မွန်းစတားရဲ့ အသားတွေကနေတဆင့် ကျောရိုးအထိပါထိူးဖောက်သွားခဲ့တယ်..။တိုက်ခိုက်လိုက်တဲ့ အင်အားက အရမ်းကို ပြင်းထန်တာကြောင့် ဓားသွားရဲ့ ထိပ်ဖျားက..ကြေးခွံသားရဲရဲ့ နောက်ကနေတောင် ထွက်လာခဲ့ပါတယ်..။
အရိပ်သူတော်စင်ဟာ သူမရဲ့ ဓားကို သေခါနီးဖြစ်နေတဲ့..ကြေးခွံသားရဲရဲ့ ခန္တာကိုယ်ကနေ ဆွဲထုတ်လိုက်ပြီး သွေးတွေကို ခါလိုက်တယ်..။ယင်းနောက် ခံစားချက်မဲ့စွာ နောက်ကို ပြန်လှည့်သွားခဲ့ပြီး အမှောင်ထဲကို ဝင်သွားခဲ့ပါတယ်..။သူမရဲ့ မျက်လုံးထဲမှာတော့ ကြက်သွေးရောင် မီးတောက်တွေက လောင်ကျွမ်းနေတုန်းပါပဲ..။
ဆနိနီ အသက်ကို ရူလိုက်ပြီး..အခိုက်အတန့် ကြေညာတာကို စောင့်နေခဲ့တယ်..။မကြာခင်မှာတော့ ရင်းနှီးနေကြဖြစ်တဲ့ အသံတစ်ခုကို ကြားလိုက်ရပါပြီ..။
[ သင်ဟာ နိုးထမူ အဆင့် မွန်းစတား , ကြေးခွံသားရဲ ခေါင်းဆောင်ကို သတ်နိုင်ခဲ့ပါပြီ ]
[ သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]
အနည်းငယ်စိတ်ပျက်သွားတဲ့ ဆန်နီဟာ..အချက်အလက် ဇယားကို ထုတ်ပြီး သူ့ရဲ့ အရိပ်အပိုင်းအစကို စစ်ဆေးကြည့်လ်ိုက်ပါတယ်..။
အရိပ် အပိုင်းအစ : [ 307 / 1000 ]
' လေးရာပြည့်ဖို့ ကိုးဆယ့်သုံးခု လိုသေးတယ် ..' သူအလိုလျောက်ပဲ တွေးမိလိုက်တယ်..။
ယင်းနောက်..သေချာဖို့အတွက် ဆန်နီက ကျောက်တုံး သူတော်စင်ရဲ့ ဖော်ပြချက်ကို ထပ်ကြည့်လိုက်ပါတယ်..။
အရိပ် အပိုင်းအစ : [ 6 /200 ]
ဒီတော့..ထပ်တူညီမူလိုပဲ..အရိပ်ကလည်း သူကိုယ်တိုင်ထက် သခင်ကိုပဲ ပိုပြီး အကျိုးသက်ရောက်မူ ပေးတာပေါ့..။ကြည့်ရတာတော့ မှတ်သားမူတွေကို စားသုံးတာက ကျောက်တုံးသူတောင်စင် အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်နေတဲ့ပုံပါပဲ..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
"ကောင်းပြီ ..။ဒီဟာက အတော််ရှုပ်ထွေးတာပဲ "