← Chapters

အနက်ရောင် ရေတွင်း

Vol. 8 Ch. 113

အနက်ရောင် ရေတွင်း

Vol. 8 Ch. 113

#ဘာသာပြန် = စနိုးဝှိုက်

အရိပ်သူတော်စင်က..ကြေးခွံသားရဲ ခေါင်းဆောင်ကိုအဆုံးသတ်ပေးပြီးနောက်မှာတော့ ဆန်နီဟာ..သူမကို ဒီလိုနည်းနဲ့ ကျင့်ကြံခိုင်းလို့ မရဘူးဆိုတာ သိလိုက်ရပါပြီ..။

ည အချိန်က အတော်လေး ကျန်နေသေးပေမယ့် သူလုပ်ချင်တဲ့ အရာကတော့ ပြီးဆုံးသွားခဲ့ပါပြီ..။အခု အချိန်မှာ သူ ဆန္ဒရှိတဲ့ အရာကို လုပ်လို့ ရပါသေးတယ်..။သို့ပေမယ့် ကျိန်စာသင့် မြို့ထဲမှာက ရွေးချယ်စရာတွေ အများကြီးပါပဲ..။

သူ့ရဲ့ အသစ်ရရှိတဲ့ ခွန်အားကို အသုံးပြုပြီး..အမဲလိုက်ချင်လည်း ရပါသေးတယ်..။ကျောက်တုန်းသူတော်စင် နဲ့ သူသာ ပူးပေါင်းတိုက်ခိုက်မယ် ဆိုရင် အမဲလိုက်ရတာက ဘာမှ မခက်ခဲတော့ပါဘူး..။သို့ပေမယ့် ဒီအရာကိုတော့ သူ သိပ်ပြီးမလုပ်ချင်ပေ..။

ဒီလို ကြမ်းတမ်းတဲ့ နေရာမျိုးမှာ အမဲလိုက်တယ် ဆိုတာက..စိတ်ရှည်မူ နဲ့ ကြိုတင်ပြင်ဆင်မူ အများကြီးလိုအပ်ပါတယ်..။သူ ဒီနေရာမှာ အချိန်အကြာကြီး အသက်ရှည် နေတာက..သူ့ရဲ့ ဂရုတစိုက် ထောက်လှမ်းမူကြောင့်ပါပဲ..။သူက အရိပ်ကနေ တဆင့် ရန်သူရဲ့ အားနည်းချက် အားသာချက်တွေကို အမြဲတမ်း သေချာ လေ့လာခဲ့တာပါ..။

ကျောက်တုံး သူတော်စင် ရှိနေတာပဲ ဖြစ်ဖြစ် မရှိတာပဲဖြစ်ဖြစ်...သတိလက်လွတ် ဖြစ်သွားတာနဲ့ သူ အသတ်ခံရမှာပါ..။ပြီးတော့..သူ့ ရဲ့ စိတ်အခြေအနေကလည်း သိပ်ပြီးတော့ မခိုင်မာ သေးပါဘူး..။

တိတ်ဆိတ်ပြီး ပျက်ဆီးနေတဲ့ ပတ်ဝန်းကျင်ကို ကြည့်ကာ ဆန်နီ အနည်းငယ် ပြုံးလိုက်တယ်..။

သူက အိပ်မက်ဆိုးသားရဲတွေ ကို အမဲလိုက်ရတာ..ကျွမ်းကျင်တယ် ဆိုပေမယ့် ဒါက သူ့ရဲ့ အလုပ်တစ်ခုပါ..။သူ့မှာလည်း တစ်ခြား..လူငယ်တွေလိုမျိုး ဝါသနာ ရှိပါတယ်..။

သူက အားလပ်ချိန်ဆိုရင် အပျက်အဆီးတွေကို လေ့လာရတာကို သဘောကျတာပါ..။

သူခိုးငှက်ရဲ့ အသိုက်ကို ..ရှာတွေ့တုန်းက..သူရရှိခဲ့တဲ့ စိတ်လှုပ်ရှားဖွယ် ခံစားချက်ကို အခုထိ မမေ့နိုင်သေးပေ..။ဆန်နီ ဒီဝါသနာကို ဆရာ ဂျူးလီးယက် ဆီက ရခဲ့တာ..ဒါမှမဟုတ်..သူ့စိတ်ထဲမှာ နဂိုကတည်းက ကိန်းအောင်းနေခဲ့တာဖြစ်နိုင်ပါတယ်..။

ဘာပဲဖြစိဖြစ် ..သူက ရှေးဟောင်း..မြို့ပျက်ကြီးကို ရှာဖွေးရတာကို သဘောကျပါတယ်..။ဒီမှာက..စိတ်ဝင်စားစရာ အကြီးတွေ ရော အသေးလေးတွေ ရော အစုံအလင်ပါပဲ..။နှစိထောင်ပေါင်းများစွာကြာပြီးတဲ့ နောက်မှာတော့..အရာအများစူက အချိန်ရဲ့ တိုက်စားမူကြောင့် ပျက်စီးနေပြီးပါပြီ..။

သူက ဒီမှာနေ့စဥ်နေထိုင်းရင်းနဲ့..မြို့ပျက်ကြီးမှာ နေထိုင်သူတွေ ရဲ့ မူလ ရင်းမြစ်ကို လေ့လာရတာ သဘောကျသလို..ဒါကလည်း သူ အသက်ရှင်သန် နိုင်မူ နဲ့ ဆက်စပ်နေပါသေးတယ်..။

အထူးသဖြင့်..သူက..သူနေထိုင်တဲ့ လျိုဝှက်အခန်း က အမျိုးသမီး ဘုန်းတော်ကြီး ရဲ့ အကြောင်းကို အတော်လေးကို စိတ်ဝင်စားမိတာပါ..။သူမ ကျန်နေခဲ့တဲ့ အရာတွေက ဒီမြို့က လူတွေ ဘယ်လို ဝတ်စားကြလဲ ၊ဘယ်လို တွေးခေါ်ကြလဲ ဆိုတာကို ပြောပြနေခဲ့ပါတယ်..။ဒီလို ဆိုရင် သူ့စိတ် ထဲမှာ မြင်ကွင်းတွေကို ပုံဖော်ကြည့်လို့ရပါတယ်..။သို့ပေမယ့် ဒါက လုံလောကိမူတော့ မရှိသေးပါဘူး..။

သူ့ရဲ့ နောက်ဆုံးရှာဖွေဖော်ထုတ်မူ..ပရောဂျက်က..ခမ်းနားတဲ့ စာကြည့်တိုက်ကြီးတစ်ခုပါ..။ဒါပေါ့ နှစ်ထောင်ပေါင်းများစွာ အကြာမှာတော့ စာလိပ်တွေ စာအုပ်တွေ တစ်ခုမှ မရှိကြတော့ပါဘူး..။ကံကောင်းစွာပဲ ဒီမြို့မှာ အရင်က နေခဲ့တဲ့လူတွေက ကျောက်တုံး ပန်းပု ထုရတာကို အတော်ပဲ နှစ်သက်ကြပါတယ်..။သူ အချိန်အများစုကိုလည်း ဒီကျောက်တုံးတွေကို လေ့လာကြည့်လေ့ရှိပါတယ်..။

မျက်နှာကျတ်တွေကလည်း အရမ်းကို ခမ်းနားထည်ဝါကာ ခန်းမတစ်ခုလုံးရဲ့ ကြမ်းပြင်ကို ဖုံးအုပ်နေခဲ့ပါတယ်..။ကံဆိုးစွာပဲ..မျက်နှာကျတ်က အောက်က ကြမ်းပြင်တစ်ခုလုံးကို ဖုံးအုပ်ထားခဲ့တာပါ..။ဆန်နီ တစ်ချို့ နေရာတွေကို ရှင်းလင်းနိုင်ခဲ့ပေမယ့်..အများစုကိုတော့ သူ မ , မ နိုင်ခဲ့ပါဘူး..။အရိပ်သူတော်စင် ဆိုရင်တော့ ဖယ်ရှာနိုင်ကောင်း ဖယ်ရှားနိုင်မှာပါ..။

ဒါက သင့်တော်တဲ့ အစီစဥ်ဆိုပေမယ့် အခုလို ညမှာတော့ သူ အဲ့နေရာကို မသွားချင်ခဲ့ပေ..။

' အာ..ငါ ဘာလုပ်နိုင်သေးလဲ '

သူ ကျောက်တုံးပေါ်ကနေ အောက်ဘက်ကို ခုန်ဆင်းလိုက်ပြီး..ကြေးခွံသားရဲ ခေါငိးဆောင် ရဲ့ အသားတွေနဲ့ ဝိဥာဥ် အမြုတေကို ထုတ်ယူဖို့လုပ်လိုက်ပါတယ်..။

သေချာ တွေးကြည့်မှပဲ..သေချာတွေးကြည့်မှပဲ..မုဆိုးခေါင်းဆောင်ဆီက သူရရှိခဲ့တဲ့ မြေပုံထဲက အမှတ်အသားက ဒီနေရာနဲ့ သိပ်မဝေးတာကို သတိရလိုက်မ်ိတယ်..။

သူ သွားပြီး စစ်ဆေးကြည့် လိူ့ ရနိုင်ပါတယ်..။

ယင်းနောက် ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။

' မဟုတ်ဘူး..မြေပုံက အတုကြီးလေ ဟုတ်တယ်မလား '

သူ့စိတ်ထဲက သိချင်စိတ်ကို ထိန်းချုပ်ထားလိုက်ရင်း..ဆန်နီဟာ သူ့လက်ထဲက လုပ်ရမယ့် အရာကိုသာ အာရုံစိုက်ထားလိုက်တယ်..။အသားနဲ့ အမြုတေကို ရပြီးတဲ့ နောက်မှာတော့..မြေပုံထဲက နေရာကို သိချင်စိတ်က ပြန်ရောက်လာခဲ့ပါတယ်..။

'ပြီးတော့ ဒါက အတုမဟုတ်ဘူးဆိုရင် ပိုတောင်ဆိုးဝါးသေးတယ်..။ဘယ်လို ထိပ်လန့်စရာ မျိုးကို ဒီအရူးတွေ ရှာနေတာလဲ ဘယ်သူသိမှာလဲ '

သေချာတာကတော့ ရတနာတွေ ၊ လျို့ဝှက်ချက် တွေ အဲမှာ ရှိလောက်မှာမဟုတ်ပါဘူး..။အခြေအနေ တစ်ခုလုံးက ဘာအကျိုးအမြတ်မှ မသေချာပေမယ့် အန္တရာယ် တွေ့ဖို့တော့များပါတယ်..။

ဆန်နီ သက်ပြင်းချလိုက်တယ်..။

'ဒါပေမဲ့ အရိုးသားဆုံး ပြောရရင် ခနလောက် သွားကြည့်လို့ လဲ ..ဘာများဖြစ်မှာ မို့လို့လဲ..။ခနလောက်ပဲ ကြည့်တာကို ဘာလို့ ဆိုးဝါတာတွေ ဖြစ်လာနိုင်မှာလဲ '

***

ကျောက်တုံးတွေပေါ်မှာ တိတ်ဆိတ်စွာ ရွေ့လျားနေရင်း ဆန်နီဟာ..မြေပုံထဲက အမှတ်အသား နေရာကို သွားနေခဲ့တယ်..။အကြောင်းပြချက် တစ်ချို့ကြောင့် အိပ်မက်ဆိုးသားရဲ အနည်းငယ်လောက်သာ ဒီနေရာမှာ..အစာရှာဖို့ ရှိနေခဲ့ကြပါတယ်..။သူတို့က ဒီနေရာကို ရှောင်ရှားနေကြသလိုပါပဲ..။

သေချာတွေးကြည့်ရင် ဒီအချက်ကတင် ဆန်နီကို ကြောက်ရွံ့စေဖို့ လုံလောက်နေခဲ့ပါပြီ..။ဒါက သာမန် အခြေအနေ မှာပါ..။သို့ပေမယ့် သူ့ရဲ့ အရိပ်ထဲမှာ ကျောက်တုံးသူတော်စင် ပါ ရှိနေတာကြောင့် သူ အနည်းငယ် ပိုပြီး ရဲတင်းနေပါတယ်..။

အနည်းဆုံးတော့ တစ်ခုခုဖြစ်လာရင် သူ ထွက်ပြေးနိုင်မှာ အသေအချာပါပဲ..။

ကြီးမားတဲ့ အဆောက်အဦးကြီးတစ်ခုကို တွေ့တဲ့ အချိန်မှာတော့ ဆန်နီဟာ နံရံကို ကျော်တက်လိုက်ပါတယ်..။ပြီးတာနဲ့ သူက ..ခြံဝန်းတစ်ခုထဲကို ရောက်နေတာ တွေ့လိုက်ရတယ်..။

ခြံဝန်းရဲ့ အလယ်မှာတော့ ရေတွင်းတစ်တွင်းရှိနေခဲ့တယ်..။ဒီရေတွင်းကြီးကို ထူးဆန်းတဲ့ သံဘောင် ကြီးတွေနဲ့ ပိတ်ထားခဲ့တာပါ..။အလေးချိန် အရဆိုရင် သူက တန်ချိန် အချို့တော့ လေးမှာ အသေအချာပါပဲ..။တစ်စုံတစ်ယောက်က ရေတွင်းကို ဖွင့်ပြီး မထားချင် တဲ့ ပုံပါ..။

ဆန်နီ တံတွေးကို မြိုချလိုက်ပြီး အနားကို ကပ်သွားကာ သံဘောင်တွေကြားထဲက ရေတွင်းထဲကို စိုက်ကြည့်လိုက်တယ်..။တိတ်ဆိတ်နေတဲ့ ရေတွင်းက အရမ်းကို နက်ရှိုင်းတာကြောင့် သူ အောက်ချေကို မမြင်ရပါဘူး..။

...ဖြစ်နိုင်တာက အထဲမှာဘာမှ မရှိတာလား..

ဆန်နီ ကျောက်ခဲတစ်လုံးကို ကောက်ကိုင်လိုက်ပြီး အထဲကို လွှတ်ချလိုက်တယ်..။ကျောက်ခဲက ရေတွင်းထဲက ကျပြီး ပျောက်ကွယ်သွားခဲ့ပါတယ်..။

စက္ကန့်များစွာကြာသွားတာတောင် ကျောက်တုံးနဲ့ တစ်ခြား တစ်ခုခု တိုက်မိတဲ့ အသံကို သူ မကြားရပါဘူး..။

ဆန်နီ နောက်ထပ် ကျောက်ခဲတစ်လုံး ပစ်ထည့်ဖို့ လုပ်နေပေမယ့်...

ရေတွင်းက စကားပြောလာခဲ့တယ်...

ထူးဆန်းပြီး ပဲ့တင်ထပ်တဲ့ အသံက ဆန်နီရဲ့ နားထဲကို ချိုသာမူနဲ့အတူ ဝင်ရောက်လာခဲ့တာပါ..။

"အာ...ဧည့်သည်တစ်ယောက်ပဲ "

သူ နောက်ကို ဆုတ်ကာ ကျောက်လန့်မူကြောင့် မျက်လုံး ပြူးကျယ်သွားခဲ့တယ်..။

'မဟုတ်ဘူး ဒီီလိုမလုပ်နဲ့ '

သူ ထွက်ပြေးလိုက်ချင်ပေမယ့် တစ်စုံတစ်ခုက သူ့ရဲ့ ခြေလှမ်းတွေကို တားဆီးထားခဲ့ပါတယ်..။သူက ဒီအရာဘာလဲ ဆိုတာ သေချာ မစူးစမ်းပဲ ထွက်ပြေးရင် မှားယွင်းတော့မယ်လို့ ခံစားနေရတာပါ..။

ပြီးတော့..အသံက....အသံက အရမ်းကို လူသားဆန်ပါတယ်..။

ဒီအသံက..ဒီအသံက..မိတ်ဆွေ တစ်ယောက်ဖြစ်စေချင်နေတဲ့ အသံပါပဲ..။

သူ ခေါင်းခါယမ်းလိုက်ပြီး အတွေးအာရုံ ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားလိုက်တယ်..။

' အဲ့ အရူးတွေ ဘာလုပ်နေကြတာလဲ..။သူတို့က ရဲတိုက်ထဲမှာ ဘာတွေလုပ်နေကြတာလဲ..။ငါ နစ်ဖီကို သတိပေးမှရမယ်...။မဟုတ်ဘူး..ခနလေး..ငါ အရင်ဆုံး ဘာလဲဆိုတာ သိအောင် လုပ်မှဖြစ်မယ်..။ငါ ဒီမှာ ဘာဖြစ်နေတာလဲ နားလည်အောင် လုပ်ပြီး အန္တရာယ်ရှိတာရင် ထွက် ပြေးရမယ်..'

ဆန်နီ အံကိုကြိတ်ပြီး ကိုယ့်ကိုကို ဆက်နေဖို့ အားတင်းထားလိုက်ပါတယ်..။

ခနအကြာမှာတော့ ရေတွင်းက တီးတိုး ထပ်ပြောလာခဲ့ပါပြီ..။

"ဘယ်လောက် အံ့ဩဖို့ကောင်းလဲ..။ငါ..ငါ အစာ မစားရတာ ကြာနေပြီ "

All Chapters