← Chapters

အမှောင်ထုထဲက အသံ

Vol. 8 Ch. 114

အမှောင်ထုထဲက အသံ

Vol. 8 Ch. 114

#ဘာသာပြန် = စနိုးဝှိုက်

ရေတွင်းထဲကနေ ထွက်ပေါ်လာတဲ့ တီးတိုးပြောသံက သူ့နားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်..။သူက နူးညံ့ပြီး လွှမ်းမိုးနိုင်စွမ်းရှိပါတယ်..။ကြည့်ရတာတော့ လူငယ်တစ်ယောကိရဲ့ အသံမျိုးပါပဲ..။လူသားတွေသာ ဒီလို အသံမျိုးကို ပိုင်ဆိုင်နိုင်စွမ်း ရှိမယ် ဆိုရင်ပါ..။

...သို့မဟုတ်..အသံအစစ်အမှန် မဟုတ်တဲ့ပုံပါ..။

ဆန်နီကတော့ ဒီအသံ ဘယ်လောက် နားထောင်ဖို့ ကောင်းလဲ ဆိုတာ ချီးမွှမ်းနေဖို့ စိတ်ခံစားချက် မရှိပေ..။

သူ့နောက်​ကျောမှာ ချွေးတွေ ပျံနေခဲ့ပါပြီ..။

ပဲ့တင်ထပ်သံက တီးတိုးပြောလာခဲ့တယ်..။

"....အချိန်...အချိန် ...အချိန် ..."

သူ မေ့ပျောက်ကုန်းမြေမှာ နေခဲ့တဲ့..တစ်လျောက်လုံးမှာ..လူသားလို ပြောနိုင်တဲ့ သားရဲကို ဆန်နီ တစ်ခါပဲ တွေ့ဖူးပါတယ်..။ဒီ မှတ်ဥာဏ်က သူ့ကို အခုထိ ထိပ်လန့် နေစေတုန်းပါပဲ..။

အဲဲဒီအရာကြီးက အနက်ရောင် ပင်လယ်ထဲကနေ တက်လာကာ ကတ်စီ ရဲ့ အသံကို ခိုးယူခဲ့တာဖြစ်ပြီး သူတွေ့ဖူးသမျှထဲမှာ ကြောက်ဖို့ အကောင်းဆုံး သားရဲ ပါပဲ .။သူ ထိပ်လန့်စရာ ပဲ့တင်ထပ်သံတွေ ကြားနေခဲ့ရတဲ့ အချိန်ကို ပြန်တောင် မတွေးချင်တော့ပေ..။အဲ့ညတုန်းက မျက်မမြင် မိန်းကလေးရဲ့ အဆက်မပြတ်သတိပေးနေ ခဲ့တာကြောင့်သာ သူက အသိစိတ်ကို ထိန်းထားနိုင်ခဲ့တာပါ..။

အခုလည်း နောက်ထပ် တစ်ကောင် ပေါ်လာပါပြီ..။

' မုဆိုးတွေက ဘာလို့ ဒီ ရှေးဟောင်း ထိပ်လန့်စရာကို ရှာဖွေးနေ့ကြတာလဲ.."

သူ မျက်မှောင်ကျုတ်လိုက်တယ်..။တကယ်လို့ ကပ်ဆိုးက ရဲတိုက်ထဲကနေ စတင်လာတာ ဆိုရင်တော့ သူ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို သတိပေးမှ ရမှာပါ..။သို့ပေမယ့် အခြေအနေ တစ်ခုလုံးကို နားမလည် သေးသ၍ သူ ဒီလိုလုပ်မှာမဟုတ်ပါဘူး..။

ဒါကြောင့် ဆန်နီ ထွက်ပြေးချင်စိတ်ကို တားဆီးပြီး ဆက်နေဖို့ ကြိုးစားနေခဲ့တယ်..။မသိစိတ်က အမြဲတမ်း အကြံကောင်း မဟုတ်ပါဘူး..။လူသားတွေ ဥာဏ်ရည် ပိုင်ဆိုင်ထားတာကလည်း အကြောင်းပြချက် ရှိပါတယ်..။

ရေတွင်းရဲ့ အနက်ရောင် ပုံရိပ်က သူ့ရှေ့မှာ အနက်ရောင် ရေအိုင်တစ်ခုလို ဖြစ်နေခဲ့ပါတယ်..။ရုတ်တရက်ပဲ သူက ရေတွင်းကို ဖုံးအုပ်ထားတဲ့ သံဘောင် ကြီးကို ကျေးဇူးတင်မိသွားခဲ့တယ်..။

ဆန်နီ နှုတ်ခမ်းကို သပ်လိုက်ပြီး အသိစိတ်ပြန်ဝင်ဖို့ ကြိုးစားလိုက်ပါတယ်..။ကျောက်တုံး သူတော်စင်နဲ့ သန်းခေါင်ယံ အမြုတေကို အချိန်မရွေး ထုတ်နိုင်ဖို့ ပြင်ဆင်ထားလိုက်ပြီး သူက ရှေ့တစ်လှမ်းတိုးကာ ရေတွင်းထဲကို ထပ်ကြည့်လိုက်ပါတယ်..။

ယင်းနောက် ..သူ ဖြည်းဖြည်းချင်း ပြောလိုက်တယ်..။

"ဒါက...တွေ့ရတာ ဝမ်းသာပါတယ်.."

သူ ထွက်ပြေးရမယ့် အစား ဒီကြောက်စရာ အကျဥ်းသားနဲ့ စကားပြောနေမိတာကို ယုံတောင် မယုံနိုင်တော့ပါဘူး..။ဘဝက တကယ်ကိုပဲ မထင်မှတ်ထားတာတွေ နဲ့ ပြည့်နေခဲ့တာပါ..။

ဒါပေါ့..ဒါက နောက်ဆုံး အခိုက်အတန့် မတိုင်ခင်အထိပါပဲ..။

ညှင်သာတဲ့ ရယ်သံ တစ်ခုက ရေတွင်းထဲနေ ထွက်လာခဲ့တယ်..။ချိုသာတဲ့ ရယ်သံ ပျောက်သွားတာနဲ့ အနက်ရောင် ရေတွင်းထဲက အသံထွကိပေါ်လာခဲ့ပါတယ်..။

"မဟုတ်တာ ..ငါကသာ ဝမ်းသာရမှာပါ.."

ပဲ့တင်ထပ်သံတွေ ထွက်လာခဲ့တယ်..။

ဆန်နီ နောက်ထပ် စကားလုံးတွေကို ဂရုတစိုက် ရွေးချယ်နေခဲ့ပါတယ်..။

'

'ငါ့ အသက်က..နောက်ထပ် ပြောမယ့် စကားလုံးတွေပေါ်မှာ မူတည်နေသလိုပဲ '

သူ အကူညီမဲ့စွာပဲ...ကြောက်စရာသားရဲက ကလေးတွေနဲ့ ပဟေဋ္ဌိ ဆော့ကစားတဲ့ နတ်သမီး ပုံပြင်ကို ပြန် အမှတ်ရလိုက်တယ်..။အဖြေတစ်ခုမှားတာနဲ့ ကလေးက ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ပြန်မတွေ့ရတော့ပါဘူး..။သူကရော ဒီီလို အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာလား..။

နောက်ပြန်လှည့်ဖို့ အတွက်လည်း သိပ်ပြီး နောက်မကျသေးပေ..။

သို့ပေမယ့် သူ ဘာတစ်ခုမှ မမေးရသေးသလို ၊ နောက်ဆုတ်ဖို့ မစဥ်းစားရသေးခင်မှာပဲ..ရေတွင်းထဲက နောက်ထပ်စကားပြောလာခဲ့ပြန်ပါတယ်..။

"ဒီတော့ မင်းတို့ ငါ့ကို အစာကျွေးမှာလား မကျွေးဘူးလား..။အပြစ်ပြုတာတော့ မဟုတ်ပေမယ့် မင်းတို့ကောင်တွေက ခုတစ်လော အတော်နှေးတဲ့ ကောင်တွေပဲ..။ငါ ဒီမှာ နေနေရတာ..သုံးရက်လောက် ရှိနေပြီ..။ဒါမှမဟုတ် မင်းတို့ တစ်ခြားတစ်ခုခုကို စမ်းသပ်ဖို့ ဆုံးဖြတ်ချက် ချထားတာလား.."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

'ဘာလဲဟ '

ရေ..ရေတွင်းထဲကနေ ဒီလိုစကားတွေ ထွက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။ဒီအသံက..အရမ်းကို လူသားဆန်လွန်းနေခဲ့ပါတယ်..။ဒါက အစစ်အမှန်ဆိုတာတောင် သူ ယုံကြည်ရခက်ခဲနေခဲ့တယ်..။

'မင်းကို လှည့်စားချင်နေတာ အရူး '

ဆန်နီ ကိုယ့်ကိုကို သတိပေးနေခဲ့တယ်..။ဘာပဲဖြစ်ဖြစ် ရှေးဟောင်းနတ်ဆိုးတွေက စကားပြောနိုင်ကြပါတယ်..။တကယ်လို့ သူက လူသားတွေ ဦးနှောက်ထဲက ဘာသာစကားကို ခိုးယူနိုင်ရင် တစ်ခြားအရာတွေကိုလည်း ခိုးယူနိုင်မှာပါပဲ..။

ဘာတွေဖြစ်နေတာလဲ ဆိုတာ ဆန်နီ နားလည်နိုင်ဖို့ကြိုးစားနေတုန်းမှာပဲ..အချိန်နလောက် စောင့်နေတဲ့ ရေတွင်းထဲက နေ အသံထပ်ထွကထလာခဲ့ပါတယ်..။

"အိုး ငါသိပြီ ..။ဒီတော့ မင်းတို့က အငတ်ထားချင်တာပေါ့..။ကောင်းပြီ ငါ တစ်ခုတော့ ပြောလိုက်မယ် ဒါက အကြံကောင်းမဟုတ်ဘူးနော်..။ကံဆိုးစွာပဲ ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး..။ငါတို့ လေ့ကျင့်သူတွေက ပထမဆုံး ဘယ်လို အရာမျိုးကို စားခဲ့ရတယ်ဆိုတာ မင်းသိရဲ့လား..။ငါတော့ မထင်ပါဘူး..။ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ..။ငါလည်း..ငါ့ရဲ့ တောင့်ခံနိုင်မူကို လေ့ကျင့်ဖို့ အချိန်ရသွားတာပေါ့..."

ပဲ့တင်ထပ်သံက ထွက်ပေါ်လာခဲ့တယ်..။

'ခနလေး ဘာတွေဖြစ်နေတာလဲ '

ဆန်နီ ရေတွင်းထဲကို စိုက်ကြည့်လိုက်ပြီး မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ျယ်..။

'ဒီ သောက်ကျိုးနဲ ရေတွင်းအောက်မှာ တကယ်ပဲ ငနဲ တစ်ချို့ ထိုင်နေကြတယ်လို့တော့ မပြောနဲ့နော်.."

ကမ္ဘာကြီးက ရုတ်တရက် အဓိပ္ပါယ် မရှိတော့ဘူးဆိုတာကို တွေးမိလိုက်တာကြောင့် သူ ထူးဆန်းတဲ့ အသံနဲ့ မေးလိုက်တယ်..။

"မင်း ဘယ်သူလဲ "

ရေတွင်းက တိတ်ဆိတ်သွားခဲ့တယ်..။

ဆန်နီဟာ အစောက ရေတွင်း သူ့ကို ပြောခဲ့တာတွေကို ပြန် မှတ်မိဖို့ ကြိုးစားလိုက်ပါတယ်..။အစာ မကျွေးခံရတာ အတော်ကြာပြီ..။သေချာတွေးကြည့်မယ်ဆိုရင် ..အမဲလိုက် အဖွဲ့ကို သူ သတ်လိုက်တာကြောင့် ..ဒီငနဲ အစာမစား ရဘူးဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်..။

ဒါပေမဲ့ ဒီလို ပျက်ဆီးနေတဲ့ နေရာမှာ သူတို့က ဘာလို့ တစ်စုံတစ်ယောက်ကို အကျဥ်းချထားရတာလဲ..။

အဲ့အချိန်မှာပဲ အသံထပ်ပြီး ထွက်လာခဲ့တယ်..။ဒီတစ်ကြိမ်တော့ အသံက အတော်လေးကို စိတ်ခံစားမူ ဖြစ်နေခဲ့တာပါ..။

"ခနလေး..မင်းက သူတို့ထဲက မဟုတ်...မင်းက..အိုး..အိုး ဘုရားရေ..."

ဆန်နီ သူ့ ခေါင်းကို လက်နဲ့ကိုင်ထားပြီး နောက်ထပ်ဘာတွေဖြစ်နေတာလဲ နားလည်ဖို့ကြိုးစားလိုက်ပါတယ်..။

"အိုး..ဘုရားရေ..သူက လူသားမဟုတ်ဘူး..။ငါ သေရတော့မယ်..။အဲ့ခွေးသားတွေ နောက်ဆုံးတော့ ငါ့ကို အသတ်ခံရအောင် ဖန်တီးလိုက်တာပဲ.."

ရေတွင်းထဲမှာ ပိတ်မိနေတဲ့ အိပ်စက်သူရဲ့ အမြင်မှာတော့ ဒီအပျက်အစီးတွေရဲ့ အလယ်မှာ သူ့ကိုရှာတွေ့နိုင်တာ နှစ်မျိုးပဲရှိပါတယ်..။ဒါက သူ့ကို ဖမ်းထားတဲ့ လူတွေနဲ့..အိပ်မက်ဆိုး သားရဲတွေပါ..။

သူ့ရဲ့ နောက်ဆုံးမေးခွန်းကို ကြည့်ရသလောက်တော့ ဆန်နီက..ဖမ်းဆီးထားသူ တွေထဲက မဟုတ်ဘူးဆိုတာကို သိလိုက်သလိုပ်ပဲ..။ပြီးတော့ သူက ညဘက်ကြီး ဒီနေရာကို တစ်ယောက်တည်းလာကာ..အလင်းရောင် အဖြစ် ဘာမှလည်း အသုံးမပြုခဲ့ပေ..။

မြေပုံမှာ နေရာပြထားတဲ့ အရာက..လူသားတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ သူတကယ် မထင်ထားခဲ့ပါဘူး..။သူ အခု ဘာလုပ်ရမလဲ...။

'အရင်ဆုံး ဒီငနဲက ဘယ်သူလဲ ဆိုတာရယ်..သူ ဘယ်လိုလုပ် ဒီထဲကို ရောက်နေတာလဲ ဆိုတာရယ်ကို သိအောင် လုပ်ရမယ်..။ဒါဆိုရင် ငါ သူနဲ့ ဘာဆက်လုပ်ရမလဲ ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်မှာပဲ..။

ဒါပေမဲ့ ဒီမှာ ပြသနာ တစ်ခု ရှိနေပါသေးတယ်..။သူက တကယ်ပဲ လူသားတစ်ယောက်ဆိုတာကို ရေတွင်းထဲက ကနဲ နားလည်အောင် ပြောပြရဦးမှာပါ..။

ဆန်နီ သူ့ရဲ့ အရိပ်ကို ကြည့်လိုက်ပြီး အကူညီမဲ့သလို ခံစားလိုက်ရပါတယ်..။

All Chapters