ည တေးသီငှက်
Vol. 8 Ch. 115
#ဘာသာပြန် = စနိုးဝှိုက်
လူငယ်လေး အနေနဲ့ ကြည့်ရင်လည်း ဘယ်လောက်အထိ ကြောက်လန့်နေမလဲ ဆိုတာကို ဆန်နီ ခံစားကြည့်လို့ရပါတယ်..။
ဒါက ..ကြောက်စရာ သားရဲတစ်ကောင် ရှိနေနိုင်တဲ့ ရေတွင်းနားကို သွားပြီး ငုံကြည့်တာထက် တောင်ပိုပြီး ကြောက်ဖို့ ကောင်းပါသေးတယ်..။သူက သူ့ကို ကြောက်စရာ သားရဲတစ်ကောင် အပေါ်ကနေ ငုံ့ကြည့်နေတယ် လို့ ထင်နေခဲ့တာပါ..။
အနည်းဆုံးတော့ ဆန်နီက အခြေအနေ တွေ ဆိုးဝါးလာရင် ပြေးဖို့ အခွင့်အရေး ရှိပါသေးတယ်..။သို့ပေမယ့် ရေတွင်းထဲက သနားစရာ ကောင်လေးကတော့ ပြေးစရာ မြေမရှိပါဘူး..။
ဒါပေါ့..ဒီအရာတွေကလည်း..ကြောက်စရာ မွန်းစတားတစ်ကောင်ရဲ့ မယုံနိုင်စရာ လှည့်ဖျားမူတွေလည်း ဖြစ်နေနိုင်သေးတာပါ..။ဆန်နီ အဲတာကို စိတ်ထဲမှာ မှတ်ထားလိုက်ရင်း တစ်ခြားသီအိုရီ တွေကို ဖော်ထုတ်နေခဲ့တယ်..။
'ဒီတော့...တကယ်လို့ သူကသာ လူသားဆိုရင်..ငါကလည်းလူသားဆိုတာ သူ့ကို ဘယ်လိုယုံကြည်အောင်ပြောရမလဲ...'
ဒါက ဆန်နီ အတွက်တော့ သိပ်ပြီးမရိုးရှင်းပါဘူး..။သူက လူတွေနဲ့ ..ဆက်ဆံတာ သိပ်ပြီး မကောင်းမွန်လှပါဘူး..။ပြီးတော့ အပျက်အဆီးတွေထဲမှ သုံးလလောက် နေခဲ့တာ ဆိုတော့ ပိုပြီးတောင် ဆိုးဝါးပါသေးတယ်..။
အခုအချိန်မှာ..စကားပြောရတာက သူ့ကို ပိုပြီးတောင် မသက်မသာ ဖြစ်စေပါသေးတယ်..။
'အာ..ကတ်စီ ဆိုရင် ဘယ်လိုပြောမလဲ '
သူ လည်ချောင်းကို ရှင်းလိုက်ပြီး..
"မင်းက လူသားလား..။ငါရောပဲ....ငါလည်းလူသားပဲ..။ငါတို့ နှစ်ယောက်လုံး လူသားတွေပေါ့ "
'တော်တယ် ..အရူး '
ဒီလိုကြိုးစားပြီးနောကိမှာတော့..ဆန်နီ ကိုယ့်ကိုကိုတောင် လူသားလို့ မထင်တော့ပေ..။ဘယ်သူက စကားကို ဒီလို ပြောလို့လဲ...။
ရေတွင်းထဲက လူငယ်လေးဟာ တိတ်ဆိတ်နေခဲ့တယ်..။ပြီးမှ သူ တီးတိုးပြောလာခဲ့ပါတယ်..။
"ဟုတ်တယ်...သူက တကယ် ငါ့အပေါ်မှာ ရောက်နေပြီ..။ကောင်းပြီ..ငါ တကယ် ပြေးမှ ရတော့မယ် "
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ထိပ်လန့်နေတာ ရပ်လိုက်တော့ အရူး..ငါက တကယ် လူသားပဲ "
ရေတွင်းထဲက အသံပိုင်ရှင်ဟာ ရယ်မောလိုက်တယ်..။
"မယုံကြည်မိရင်လည်း ခွင့်လွှတ်ပေးပါခင်ဗျာ "
သူက ဆန်နီကို လူကြီးတစ်ယောက်လို လေးလေးစားစား ပြောနေခဲ့တာပါ..။ဒီအသံပိုင်ရှင်က သားရဲ တစ်ကောင်ဆိုတာကို သူ ကျိန်းသေ သိပါတယ်..။သားရဲတစ်ကောင်ကတော့ သူ့ ထက် အသက်ကြီးမှာ ကျိန်းသေပါပဲ..။
ဆန်နီ မတူညီစွာပြောလိုက်တယ်..။
"မင်းက စကားကို ဘာလို့ ဒီီလိုပြောနေတာလဲ .။ငါ မင်းထက် ငယ်တယ်ဆိုတာ သေချာတယ်နော် "
အကျဥ်းချခံထားရတဲ့ လူငယ်လေးဟာ အတော်ကြာအောင် တွေဝေနေခဲ့ပြီးမှ...
"ခနလေး မင်းက တကယ် လူသားတစ်ယောက်လား.."
ဆန်နီဟာ အခြေအနေ တိုးတက်လာတာကြောင့် စိတ်လှုပ်ရှားစွာ ပြုံးလိုက်တယ်..။
"ဟုတ်တယ်..ငါက တကယ်လူသားပဲ.."
စက္ကန့်အနည်းငယ် ကြာပြီးကာမှ အသံက ပြန်ထွက်လာခဲ့တယ်..။
"မင်းက ညလယ် အချိန်ကြီး ဒီကို ဘယ်လိုလုပ် တစ်ယောက်တည်း ရောက်လာတာလဲ..။မင်းကြည့်ရတာလည်း အလင်းရောင် နဲ့ပတ်သက်တာလည်း ဘာမှပါမလာဘူး..။ကျေးဇူးပြုပြီး မနောက်ပါနဲ့ ဆရာ သားရဲကြီးရယ်...ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့ အရာမဟုတ်ဘူးလေ..။နောက်တစ်ခါ အပြစ်ကင်းတဲ့ ဝိဥာဥ်တွေကို လိမ်ညာတော့မယ် ဆိုရင် ဇာတ်လမ်းကိုတော့ ကောင်းကောင်းလေး ဖန်တီး ပေးပါ..။ဒါ...ဒါက..ဒီတိုင်း အကြံဥာဏ်ပေးတာနော် "
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ဟာသပဲ..။ငါ ဒီမြို့ထဲ ညဘက်ကြီး လျောက်သွားနိုင်တာက..ငါ့ရဲ့ စွမ်းရည်က အမှောင်ထဲမှာ ပုန်းကွယ်နိုင်လို့ပဲ..။ပြီးတော့ ငါက မြင်လည်း မြင်နေရသေးတယ်..။ဘာပဲဖြစ်ဖြစ် မင်းက ဒီထဲ ဘယ်လိုရောက်နေတာလဲ.."
လူငယ်လေးဟာ ခနလောက် တွေဝေနေပြီးမှ ပြန်ဖြေလိုက်တယ်..။
"ငါ ဒီကို ရောက်နေတာလား..။လူဆိုး တစ်သိုက်က ငါ့ရဲ့ မှတ်သားမူ တွေကို လိုချင်နေကြတာလေ..။ငါက ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်တော့ ဒီကို ရောက်နေတော့တာပဲ..။သူတို့က ငါ့ကို ဒီမှာ ရက်သတ္တပတ် အတော်ကြာအောင် ထားပြီး. မှတ်သားမူကို လွှဲပေးဖို့ နည်းမျိုးစုံ အသုံးပြုကြတယ်..။ဒါပေမဲ့ သူတို့ရဲ့ ကြိုးစားမူက တကယ်ကို ကိုးရိုးကားယား နိုင်တယ်..။လူတွေကို ထိပ်လန့်အောင် လုပ်တဲ့နေရာမှာတော့ သူတို့က ဆာဆမ် ငပျင်း ရဲ့ ခြေဖျားတောင် မမှီဘူး..."
ဆာဆမ် ဘယ်သူလဲ ဆိုတာကို ဆန်နီ မသိပေမယ့်..ဒီတိုင်း အိပ်မက်ဆိုး သားရဲ တစ်ကောင်လို့သာ မှတ်ယူလိုက်ပါတယ်..။ကျန်နေတဲ့ အပိုင်းကတော့ ယုံကြည်ဖို့အတွက် လွယ်ကူနေပါပြီ..။ဒါပေါ့ ဒီအပျက်အဆီးတွေကြားထဲမှာ အကျဥ်းချထားတာက တော့ တကယ့်ကို အရူးတွေပါပဲ..။သို့ပေမယ့် ..လူမိုက်တွေရဲ့
ဥာဏ်ရည်က ပုံမှန်ဆိုရင်လည်း သိပ် မကောင်းကြပေ..။
ပြီးတော့ သူတို့ရဲ့ အကြံအစည်က...ကံဆ်ိုးပြီး ဆန်နီနဲ့ မတွေ့ခင်အထိ အဆင်ပြေ နေခဲ့သေးတာပါ..။
ကောင်းပြီ..အခုတော့ အခြေအနေ တစ်ခုလုံးကို သူ သိလိုက်ရပါပြီ..။ဒါက ဒီတိုင်း လူသားတွေရဲ့
ပျင်းစရာ အရေးကိစ္စတွေပါပဲ..။
' ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ '
နစ်ဖီ နဲ့ ကတ်စီ တို့လည်း..ဘာ အန္တရာယ်မှ မရှိကြပေ..။အနည်းဆုံးတော့ သူတို့က ဒီအရှုပ်ထုတ်ထဲမှာ မပါကြပါဘူး..။ဒီ ဆန်းကျယ်မူကြီးက ဖြေရှင်းပြီးသွားပါပြီ..။သူက အရေးမပါတဲ့ အရာအတွက် တစ်ညလုံး အချိန်ကုန် ခဲ့ရတာပါ..။
"ဟုတ်လား...ကောင်းပြီလေ...နှုတ်ဆက်ပါတယ် "
သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆန်နီဟာ လှည့်ထွက်သွားဖို့ လုပ်လိုက်တယ်..။သို့ပေမယ့် အသံပိုင်ရှင် ရဲ့ ချိုသာတဲ့ အသံကြောင့် ပြန်ရပ်လိုက်ပါတယ်..။
"ခနလေး ခနလေး...မင်း..မင်းက တကယ် လူသားလား "
ဆန်နီ မထူးခြားစွာပြောလိုက်တယ်..။
"ဟုတ်တယ်...ငါ မင်းကို ပြောပြီးပြီလေ "
အကျဥ်းချခံထားရတဲ့ လူငယ်လေးဟာ အလျင်အမြန်ပဲ မေးလိုက်တယ်.။
"မင်း ငါ့ကို ဒီကနေ ထုတ်ပေးနိုင်မလား..။အဲ့အကောင်တွေ ဒီည မလာလောက်တော့ဘူးလိူ့ ငါထင်တယ်..။မင်းသာ ငါ့ကို လွတ်မြောက်အောင် ကူညီပေးမယ် ဆိုရင် မင်းအတွက် ထိုက်တန်စေရမယ်.."
ဆန်နီ ခေါင်းကို ကုတ်ပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်..။
"ဘယ်လို နည်းလမ်းနဲ့လည်း "
ခနလောက် စဥ်းစားပြီးကာမှ..ချိုသာတဲ့ အသံက ပြန်ထွက်ပေါ်လာခဲ့ပါတယ်..။
"ကောင်းပြီ..မင်းကတော့ သိမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါက ချမ်းသာတဲ့ လူတစ်ယောက်ပဲ..။ရဲတိုက်ထဲမှာ ငါ့ရဲ့ ဝိဥာဥ် အမြုတေ တွေ အများကြီးရှိတယ်..။တစ်ချို့တွေဆိုရင် ငါ့မှာ ကံကောင်းမူတွေ ရှိတယ်လို့တောင် ပြောကြတယ်လေ..။ငါ့ကို ဒီကနေ ထုတ်ပေးရင် အဲ့အထဲက တစ်ဝက်က မင်းအတွက်ပဲ..။အနည်းဆုံးတော့ ဒါက အမြုတေ ဆယ်ခုလောက်ရှိမယ်..."
ဆန်နီ ရုတ်တရက် အကြံတစ်ခု ရသွားခဲ့တယ်..။ဒါပေါ့ သူ ဒီလူငယ်လေးရဲ့ အမြုတေ ဆယ်ခုကို စိတ်မဝင်စားပါဘူး..။သူ့မှာ အသုံးဝင်တဲ့ အမြုတေတွေ အများကြီး ရှိပါတယ်..။
တကယ်လို့ သူသာ လူတွေရဲ့ အာရုံစိုက်မူကို မလိုချင်ဘူးဆိုရင် ..သင့်တော်တဲ့ မျက်နှာဖုံးတစ်ခုတော့ လိုအပ်မှာပါ..။ဝိဥာဥ် အမြုတေတွေ အများကြီး ပိုင်ဆိုင်ထားတဲ့..အိပ်စက်သူ ဆိုတာကတော့ ဆန်နီ အတွက် တကယ်ကို ပြီးပြည့်စုံတဲ့ သင့်တော်သူ တစ်ယောက် ပါပဲ..။
သူ ပြုံးလိုက်ပြီး..
"လူတွေက မင်း ချမ်းသာတာကို သိကြလား.."
လူငယ်လေးဟာ အနည်းငယ် အံ့ဩသွားပြီး ပြန်ဖြေလိုက်တယ်..။
"လူတွေလား..။မင်း သိမယ်လို့ ထင်တာပဲ..။ငါက အမြုတေ တွေ အများကြီး သုံးဖြုန်းလို့ လူသိများတယ်လေ..။ဖျောဖြေရေး တွေ...တစ်ခြား နေရာတွေမှာပေါ့..။လူတွေက ငါ့ကို သူတို့ရဲ့ ဖောက်သည်လို့ပဲ ထင်နေကြတာ..."
'ပြီးပြည့်စုံတယ်...တကယ်လို့ သူက ရုတ်တရက် မှတ်သားမူ တွေဝယ်ဖို့ အမြုတေ အများကြီး အသုံးပြုရင်လည်း ဘယ်သူမှ အံ့ဩကြမှာမဟုတ်ဘူး.'
သို့ပေမယ့် ဒီနေရာမှာ ပြသနာ အချို့ ရှိနေပါသေးတယ်..။ဆန်နီက ဒီသံဘောင်ကို ဖယ်ရှားနိုင်ပေမယ့် ဒီလူငယ်လေး..အောက်ခြေကနေ တက်လာနိုင်အောင် တော့ မကူညီပေးနိုင်ပါဘူး..။သူက သုံးမြှောင့် ချွန်းကို အသုံးပြုရင်တောင် ..မမြင်ရတဲ့ကြိုးက အောက်အထိ ရောက်နိုင်ပါ့မလား ဆိုတာ သူ သံသယ ရှိပါတယ်..။သူ့ရဲ့ အရှည် အကန့်အသတ်က သိပ်ပြီး မများပေ..။
ပြီးတော့ သူ့ကိုယ်တိုင်လည်း အောက်ကို ဆင်းသွားပြီး ကယ်တင်ဖို့ အစီစဥ် မရှိပါဘူး..။
ထပ်ပြောရရင် ဒီလူငယ်လေးရဲ့ အခြေအနေကို အပြည့်အဝ ယုံကြည်လို့ မရသေးပေ..။သူက လူသားဆိုတာ သေချာလု နီးပါး ဖြစ်ပေမယ့်..ကျန်နေသေးတဲ့ သံသယ သေးသေးလေးကလည်း အမှန်တကယ် ဖြစ်လာနိုင်ပါတယ်..။
ခနလောက် တွေဝေပြီးကာမှ ဆန်နီ ပြောလိုက်တယ်.။
"မင်းနာမည် ဘယ်သူလဲ "
အသံပိုင်ရှင်ဟာ ပြန်ဖြေလိုက်တယ်..။
" ကိုင် ...ပါ.."
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ကောင်းပြီ , ကိုင် , ငါ မင်းကို ဘယ်လို ပြောရမလဲတော့ မသိဘူး..။ဒါပေမဲ့ မင်းသာ လေပေါ် မပျံနိုင်ဘူးဆိုရင် ငါလည်း မင်းကို လွတ်အောင် ကူညီနိုင်မယ် မထင်ဘူး..."
လူငယ်လေးဟာ တိတ်ဆိတ်သွားခဲ့တယ်..။အချိန်အတော်ကြာအောင်အထိ တိတ်ဆိတ်နေပြီးမှ သူက ထူးဆန်းတဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်..။
" ငါ ပျံနိုင်တယ်..."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
"ဘာ.."
သူ နားကြားမှားနေတာလား..။မဟုတ်ဘူး..ဒီလိုလည်း မဟုတ်ဘူး...။
..ကိုင် , က သူ လွတ်မြောက်ချင်တာနဲ့ တစ်ခုခုကို ပြောလိုက်မိ တာ ဖြစ်နိုင်ပါတယ်..။
အကျဥ်းချခံထားရတဲ့ လူငယ်လေးဟာ ရယ်မောလိုက်တယ်..။
"ငါ ပျံနိုင်တယ်..။အဲတာက ငါ့ရဲ့ စွမ်းရည်ပဲ "