← Chapters

နတ်ဆိုးနဲ့ အပေးအယူ

Vol. 8 Ch. 116

နတ်ဆိုးနဲ့ အပေးအယူ

Vol. 8 Ch. 116

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီဟာ ကိုင်ရဲ့ စကားလုံးတွေကို သုံးသပ်နေခဲ့တယ်..။နိုးထသူ တစ်ယောက်ကို ပျံသန်းနိုင်တဲ့ စွမ်းရည်မျိုး ဆိုတာက သူ တစ်ခါမှ မကြားဖူးတာ မဟုတ်ပေမယ့် အတော်လေး ရှားပါးပါတယ်..။ပြီးတော့ ဒီလိုအမှောင်ထု ပြည့်နှက်နေတဲ့..မေ့ပျောက်ကုန်းမြေလို နေရာမျိုးမှာ ဒီလို စွမ်းရည်မျိုးက..အဖိုးမဖြတ်နိုင်လောက်အောင်ပါပဲ..။

ကိုင် လို လူမျိုးသာ သူ့ဘေးနားမှာ ရှိနေမယ် ဆိုရင် ဝင်္ကပါ တွေကို ဖြတ်ရတာ ဘယ်လောက်တောင် လွယ်ကူမလဲ ဆိုတာကို တွေးကြည့်နိုင်ပါတယ်..။

ဒီလို လူက..ဘာလို့ ..ဝိဥာဥ် အမြုတေ ကံကောင်းမူကြီးတွေ ရခဲ့တာလဲ ဆိုတာက အဓိပ္ပါယ် ရှိလာခဲ့တယ်..။ဒီအရာက..လူမိုက်တွေ သူ့ရဲ့ မှတ်သားမူတွေကို ယူဖို့ ဘာလို့ ဒီလောက်တောင် ညှင်သာနေရတာလဲ ဆိုတာကိုပါ ရှင်းပြပြီးသား ဖြစ်သွားစေခဲ့ပါတယ်..။သူက ..အသက်ရှင်နေရင် ပိုပြီး တန်ဖိုးရှိနေလို့ပါ..။

ဆန်နီ အချိန်အချို့ကြာအောင် ခံစားချက်မဲ့စွာ စဥ်းစားနေခဲ့တယ်..။အတော်ကြာတဲ့ အခါကြမှ ကိုင် ရဲ့ ချိုသာ လွန်းတဲ့ အသံက ထွက်ပေါ်လာခဲ့ပါတယ်..။

"ကောင်းပြီ..မင်းငါ့ကို ကူညီမှာလား.."

ဆန်နီ သက်ပြင်းချလိုက်ပြီး ရေတွင်းနားကို လျောက်လာလိုက်ပါတယ်..။

"ကောင်းပြီ..ငါ သံဘောင်ကို ဖယ်လိုက်မယ်..။မင်း ပျံပြီး ထွက်လာလိုက်ပေါ့..။ဒါပေမဲ့ ငါ မင်းရဲ့ အမြုတေတွေကို မလိုအပ်ဘူး..။မင်း အသက်ရှင်လျက် ထွက်လာချင်တယ် ဆိုရင် ငါ့အစား တစ်ခုခု လုပ်ပေးရလိမ့်မယ်.."

ရေတွင်းထဲက အကျဥ်းသားဟာ တွေဝေနေပြီးကာမှ သိချင်စွာ မေးလိုက်တယ်..။

"အဲတာက ဘာလဲ "

ဆန်နီ ပြုံးလိုက်ပြီး..

"မင်း သိဖို့ လိုအပ်လာတဲ့ အချိန်ကျရင် ငါပြောပြမယ်..။စိတ်မပူနဲ့ ဒါက အရမ်းကြီး မလေးနက်ပါဘူး..။မင်း ငါ့အတွက် ရဲတိုက်ထဲက လုပ်စရာ တစ်ချို့ကို ပဲ ကူညီပေးရမှာ..။ဒီတော့..ငါ့ တို့ အပေးအယူက ဖြစ်လား မဖြစ်ဘူးလား..။မဖြစ်ဘူးဆိုရင်တော့ ငါသွားတော့မယ်..။မင်းတို့ ကိစ္စနဲ့ ငါ့ အချိန်တွေ အတော်ကုန်ထားပြီးပြီ..."

ကိုင် အနေနဲ့ အချိန်အကြာကြီး စဥ်းစားလိုက်ရဟန် မတူခဲ့ပေ..။မကြာခင်မှာပဲ..သူ့ရဲ့ အသံက အမှောင်ထု ထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်..။

"ငါ တို့ အပေးအယူဖြစ်တယ်.."

လူငယ်လေးဟာ..ကံတရားကို လက်ခံလိုက်တဲ့ ပုံပေါ်ပြီး စကားပြောတာတွေက ပိုသွက်လာခဲ့ပါတယ်..။

ဆန်နီ မျက်မှောက်ကျုတ်ပြီး​ ပြောလိုက်တယ်..။

"ကောင်းပြီ..ထပ်ပြောထားရဦးမယ်..။မင်း စည်းမျဥ်းကို ချိုးဖျက်ပြီး..လေပေါ်ကို ပျံ ပြေးမယ်ဆိုရင်တော့ ..ငါ မင်းကို လိုက်ရှာပြီး သတ်ရလိမ့်မယ်..။ဒါက ခြိမ်းခြောက်တာမဟုတ်ဘူး နော်..။လက်တွေ့ကျကျ ပြောပြနေတာ..။မင်း နားလည်ရဲ့လား.."

ကိုင် က ပြန်မဖြေခင်မှာ ခနလောက် စဥ်းစားလိုက်ပြီး..

"ကောင်းပြီ..ပြသနာ မရှိဘူး..."

ဆန်နီဟာ..ရေတွင်းကို ဖုံးအုပ်ထားတဲ့ အနက်ရောင် အကာ ကြီးကို ကြည့်ပြီး တွေဝေ နေခဲ့တယ်..။ကိုင်က လူသားဆိုတာ သေချာလလောက်ဖြစ်နေပေမယ့်..တစ်ခုခု ဖြစ်လာရင် တုန့်ပြန်နိုင်ဖို့ သူ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်..။

သူ့ ရဲ့ အမိန့်အောက်မှာပဲ..ကျောကိတုံးသူတော်စင်ဟာ အရိပ်ထဲကနေ ထွက်လာကာ..ရေကန် အနားကို သွားပြီး သံတိုင်ကို ကိုင်လိုက်တယ်..။ယင်းနောက် သူမက ကြီးမားတဲ့ သံဘောင်ကို ဘေးဘက်ဆီ ဖြည်းညှင်းစွာ မ လိုက်ပါတယ်..။

ဆန်နီ ဟာ သံသံ ချင်းထိမိတဲ့ အသုံတွေကိုကြားပြီး နားစည်ကျိန်းမတတ်ကို ခံစားနေခဲ့ရတယ်..။သန်းခေါင်ယံ အမြုတေက သူ့လက်ထဲမှာ ပေါ်လာခဲ့ပြီး..အဆင်သင့်ပြင်ထားလိုက်ပါတယ်..။

ရေထဲက နေ ဘာကောင်ပဲ ထွက်လာ ထွက်လာ သူ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ..။

စက္ကန့်အနည်းငယ် ကုန်ဆုံးသွားခဲ့တယ်..။စက္ကန့်တစ်ခုချင်းစီ တိုင်းက အဆုံးမရှိိလိုပါပဲ..။ဆန်နီကတော့ သူ့ရှေ့က အနက်ရောင် ရေတွင်းကို ကြည့်နေပြီး..သူ ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တာက မှန်၊ မမှန် စောင့်ဆိုင်းနေခဲ့ပါတယ်..။

ယင်းနောက် ..စက္ကန့်အချို့ ထပ်ပြီး ကုန်သွားတယ်..။

...ပြီးတော့ ထပ်ပြီး ကုန်သွားခဲ့ပါတယ်..။

ဘာမှဖြစ်မလာခဲ့ပေ..။

' အာ '

ဆန်နီ မျက်မှောင်ကျုတိလိုက်ပြီး..မရေရာစွာ မေးလိုက်ပါတယ်..။

"မင်း အပေါ်တက်မလာဘူးလား.."

အနည်းငယ် ကြာပြီးကာမှ..သာယာတဲ့ အသံတစ်ခုက အမှောင်ထုထဲကနေ ထွက်ပေါ်လာပြန်ခဲ့တယ်..။

"...မင်းသိလား..ငါ တစ်ခုခုကို တွေးနေတာ..."

ဆန်နီ သက်ပြင်းချလိုက်ပြီး သူ့ဓားကို အောက်ကို အနည်းငယ် ချလိုက်တယ်..။

"အဲတာက ဘာလဲ "

ကိုင် က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ စိုးရိမ်မူ အချို့နဲ့ ပြန်ဖြေလိုက်ပါတယ်..။

"အာ...ဒီ သံဘောင်ကြီးက အရမ်းလေးလွန်းလို့ ငါ မ တုန်းကဆိုရင် လှုပ်တောင် မလှုပ်ဘူးလေ..။တကယ်တော့ ဒီဟာကို ဖုံးထားဖို့ ဆိုတာကလည်း လူမိုက် ခြောက်ယောက်လောက် ဝိုင်းပြီး ကြိုးစားခဲ့ကြရတာ..။ပြီးတော့ သူတို့က အရမ်းသန်မာတဲ့လူတွေ ချည်းပဲ ...။ဒီတော့.."

သူ တွေဝေနေခဲ့တယ်..။

"ငါ တို့ နှစ်ယောက်စလုံး လူသားတွေလို့ ပြောပြီးပြီ ဆိုပေမယ့်.. ။ သံသယ ဝင်တာတော့ မဟုတ်ပါဘူး ဒါပေမဲ့ ဒီ သံဘောင်ကို မင်းတစ်ယောက်တည်း ဘယ်လို ဖယ်လိုက်တာ လဲ ဆ်ိုတာကို ရှင်းပြပေးနိုင်မလား..."

ဆန်နီ စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ်..။ဒီငနဲက သူ့ထက်တောင်မှ သတိကြီးနေပါသေးတယ်..။

သူက သူ့ရဲ့ ဝှက်ဖဲကို မထုတ်ပြချင်ပေမယ့် ကိုင် ရဲ့ မေးခွန်းက သူ့ကို ရွေးချယ်စရာ မရှိအောင် လုပ်နေထဲ့တာပါ..။အရိပ်သူတော်စင်ကို တစ်ချက်ကြည့်ပြီး ဆန်နီ ပြောလိုကိတယ်..။

"ဒီ အရာက ငါ့အတွက်လည်း အရမ်းလေးတာပဲလေ..။ဒါပေမဲ့ ငါ့က ကံကောင်းပြီး အရမ်း သန်မာတဲ့ ထပ်တူညီမူ ရထားတယ်.."

ကိုင် ဟာ ရုတ်တရက် အရမ်းသိချင်သွားခဲ့ပါတယ်..။

"အိုး ဒါက အတော် ကံကောင်းတာပဲ..။ရဲတိုက်ထဲက လူ အချို့လောက်မှာပဲ ထပ်တူညီမူ က ရှိတာ..။ငါထင်တာတော့ သူတို့ တစ်ယောက်ချင်းစီ တိုင်းရဲ့နာမည်ကို ငါ သိတယ်..။

ခနလောက် ရပ်တန့်နေပြီးမှ သူ ထပ်ပြောလိုက်တယ်..။

"....စကားမစပ် ..မင်းနာမည်က ဘယ်လိုခေါ်လဲ "

ဆန်နီ မျက်မှောင်ကျုတ်ပြီး အံကို ကြိတ်ကာ ပြောလိုက်ပါတယ်..။

"ငါ့ နာမည်က ဆန်းလပ်စ် "

အဲ့အချိန်မှာပဲ ကိုင်ဟာ ရုတ်တရက် ရယ်မောလိုက်တယ်..။

"ဆန်းလပ်စ် လား..။ဒီနာမည်ကတော့..ဝိဥာဥ် စားသုံးတဲ့ သားရဲတွေရဲ့ နာမည်နဲ့တော့ မတူဘူး..။လုံးဝကို သုည ရာခိုင်နှုန်းပဲ ဟုတ်တယ်မလား.."

ဒါကို ပြောပြီးတဲ့ နောက်မှာ သူ ထပ်ရယ်မောလိုက်ပါတယ်..။ဒီတစ်ကြိမ်မှာတော့ သူ့ အသံထဲမှာ စွန့်စားလိုမူ တွေ ရှိနေခဲ့တယ်..။

သိူ့ပေမယ့် ကိုင်ရဲ့ ရယ်မောသံကတောင် နားထောင်လို့ ကောင်းနေခဲ့ပါသေးတယ်..။သို့ပေမယ့် ဆန်နီ ဒါကို ဂုဏ်ပြုပေးဖို့ စိတ်အနေအထား မရှိပါဘူး..။

' ချီးလိုပဲ '

ဆန်နီ ခေါင်းကို ပွတ်လိုက်တယ်..။ဘာလို့ ဘယ်သူမှ သူ့ကို မယုံကြည့်တာလဲ..။သူက ရိုးသားတဲ့ လူငယ်တစ်ယောက်ပါ..။ကမ္ဘာပေါ်မှာ အရိုးသားဆုံး လူတစ်ယောက် ဆိုရင်လညိး မမှားပါဘူး..။

စိတ်ရှုပ်စွာပဲ သူ ပြောလိုက်တယ်..။

"ဟာသပဲ...။ငါ စိတ်မပြောင်းခင် အခု အပြင်ကို ထွက်လာလိုက်တော့..."

ချက်ချင်း ဆိုသလိုပဲ ကိုင်က ရယ်မောတာကို ရပ်ပြီး ပြောလိုက်တယ်..။

"ရဲတိုက်ထဲမှာ ဒီနာမည်နဲ့ ဘယ်သူမှ မရှိဘူး..။အနည်းဆုံးတော့ ထပ်တူညီမူ ပိုင်ဆိုင်ထားတဲ့လူထဲမှာ မရှိဘူး..။မင်းက ရဲတိုက် အပြင်နားမှာ နေတာလား.."

' အိုး..ချီးလိုပဲ..."

အားနည်းချက်က..ဖြစ်ပေါ်လာတဲ့ ဖိအားကို တောင့်ခံထားရင်း ဆန်နီ မျက်လုံးကို မှိတ်ကာ ပြန်ဖြေလိုက်တယ်..။

"မဟုတ်ဘူး"

ကိုင် လည်ချောင်းကို ရှင်းလိုက်တယ်..။

"ဒီတော့ မင်းက လူခြောက်ယောက်လောက် ခွန်အားကို ပိုင်ဆိုင်ထားပြီး..ညဘက်ကြီး ရဲ့တိုက် အပြင်ဘက်က အပျက်အစီးတွေကြားထဲ လျောက်သွားနေတဲ့ လူတစ်ယောက်ပေါ့..။သူ့နာမည်ကိုလည်း ဆန်းလပ်စ် လို့ ခေါ်သေးတယ်..။ငါများတစ်ခုခု မှားနေတာလား.."

ဆန်နီ ပြန်ဖြေလိုက်တယ်..။

"ဘာမှ မမှားဘူး.."

အချိန်ခနကြာတဲ့ အထိ တိတ်ဆိတ်သွားခဲ့တယ်..။ပြီးတော့မှ ရေတွင်းထဲက အသံပိုင်ရှင်ဟာ သူ့ဟာသူ တက်တက်ကြွကြွဖြစ်ပြီး မေးလာခဲ့ပါတယ်..။

"မင်းဆိုရင်ရော..သားရဲတစ်ကောင်နဲ့တွေ့ဖို့ ဒီရေတွင်းထဲကနေ ထွက်လာမှာလား.."

ဆန်နီ အမှောင်ထုထဲမှာနေရင်း ပြောလိုကိတယိ..။

"မင်းနေရာမှာသာ ဆိုရင် ကျိန်းသေထွက်လာမှာပဲ."ပြီးတော့ မင်းလည်း ထွက်လာသင့်တယ်လို့ ငါထင်တယ်..။ဘာလို့လဲ သိလား.."

ခနလောက်ကြာပြီးကာမှ ကိုင် ဟာ သိချင်စိတ်အပြည့်နဲ့ မေးလာခဲ့တယ်..။

"ဘာလို့ .."

ဆန်နီ ပြုံးနေတာကို ရပ်လိုက်ပြီး အေးစက်တဲ့ အသံတစ်ခုကို ဖန်တီးလိုက်ပါတယ်..။

"ဘာလို့လဲ ဆိုတော့ ငါက သံတံခါးကို အချိနမရွေးပြန်ပိတ်နိုင်လို့ပဲ.."

ကိုင် ရဲ့ တုန့်ပြန်မူကို တောင်မစောင့်ပဲ သူက အရိပ်သူတော်စင်ကို နည်းနည်း ပြန်ပိတ်ဖို့ အမိန့်ပေးလိုက်ပါတယ်..။ကျယ်လောင်တဲ့ သံ သံချင်း ထိတဲ့အသံက ထွက်ပေါ်လာပြန်ခဲ့တယ်..။

ချက်ချင်းဆိူသလိုပဲ အကျဥိးသားက လေသံပြောင်းသွား ခဲ့တယ်..။

"အာ...ကောင်းပြီ..။ရပ်လိုက်ပါတော့.."

အရိပ်သူတော်စင်ဟာ သံဘောင်ကို ဖွင့်လိုက်ပြီး ခြံဝန်းတစ်ခုလုံးကို တိတ်ဆိတ်သွားအောင် ပြန်လုပ်လိုက်ပါတယ်..။

ကိုင်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပြောလိုက်လာခဲ့တယ်..။

"..မင်းက သားရဲ မဖြစ်ပါစေနဲ့လို့ ငါ မျှော်လင့်ပါတယ်..။ငါ အခု ထွက်လာပြီ..."

All Chapters