ရက်စက်တဲ့ မတရားမူ
Vol. 8 Ch. 117
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီဟာ ညှင်သာတဲ့ လေထုတစ်ခု သူ့အနားကို တိုက်ခတ်သွားတာ ခံစားလိုက်ရပြီး..ရေတွင်းထဲကနေ အနောက်ကို နည်းနည်း ဆုတ်လိုက်ပါတယ်..။
သန်းခေါင်ယံ အမြုတေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း..အဆိုးဆုံးကို ရင်ဆိုင်ဖို့ အထိ ပြင်ဆင်ထားခဲ့တယ်..။တစ်ဖက် မှာတော့ အရိပ်သူတော်စင် က သူမ ရဲ့ ဒိုင်းကာကို မြှောက်လိုက်ပြီး..သူမရဲ့ ဓားသွားကို ဒိုင်းကာပေါ်မှာ တင်ထားလိုက်ပါတယ်..။
...သို့ပေမယ့် သူတို့မှာ ကြောက်စိတ် ရှိမနေခဲ့ပေ..။
ခနအကြာမှာတော့ လှပတဲ့ အသွင်အပြင်တစ်ခုက..လေထဲမှာ ပေါ်လာခဲ့တယ်..။ဒီ ပုံရိပ်က ရေတွင်းပေါ်ကို တက်လာခဲ့ပြီး သူ့ရှေ့က ကျောက်တုံးပေါ်မှာ ဆင်းသက်သွားခဲ့တာပါ..။
ဆန်နီ ရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားခဲ့တယ်..။ချိုသာတဲ့ အသံပိုင်ရှင် က တကယ်ကို လူသားတစ်ယောက်ပါ..။သူက ပေါ့ပါးတဲ့ ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ လူငယ်လေး တစ်ယောက်ပါ..။သူ့မှာ နက်မှောင်တဲ့ ဆံပင်နဲ့ တောက်ပတဲ့ အစိမ်းရောင် မျက်လုံးတွေ ရှိနေခဲ့တယ်..။သူနဲ့ ကွက်တိ ဖြစ်နေတဲ့ ချပ်ဝတ်အင်္ကျီကို လည်သာ နဲ့ ပြုလုပ်ထားပြီး..အောက်ဘက်မှာတော့ အပြာရောင် ပန်းပွင့်ပုံစံတွေ အလှဆင်ထားခဲ့ပါတယ်..။
သိူ့ပေမယ့် အချိန်ခနတာလောက် ကိုင် ကို ..နတ်ဆိုး အဖြစ် ပြောင်းသွားဖို့ကို ဆုတောငိးနေမိခဲ့တယ်..။
ဘာလို့လဲဆိုတော့ ဒီ ငနဲ က ..သူ ကြားဖူးသမျှထဲမှာ အချိုသာ ဆုံး အသံကို ပိုင်ဆိုင်ထားယုံသာမက..အတော်လေးလည်း..ချောမောတာပါ..။
အရိုးသားဆုံး ပြောရရင် ဒါက လုံးဝကို မမျှတပါဘူး..။
ကိုင် က အရပ်ရှည်ရှည် ၊ ခပ်သွယ်သွယ် နဲ့ မယုံနိုင်လောက်အောင် ခန့်ညားနေခဲ့တယ်..။သူ့ မျက်နှာက သေးငယ်ပြီး..ပြီးပြည့်စုံစွာ လှပနေခဲ့ပါတယ်..။သူ့ရဲ့ မေးရိုးက မြင့်ပြီး..အသားအရည်ကလည်း အပြစ်ပြောစရာ မရှိပါဘူး..။သူ့ရဲ့ အစိမ်းရောင် မျက်လုံးတွေက..အလင်းရောင် တောက်ပနေပြီး ၊
နှုမ်းခမ်းတွေက နူးညံ့ကာ.....
' အာ...ငါ ဘာတွေ လျောက်တွေးနေတာလဲ '
ပိုဆိုးတာက..သူ့မှာ လူတစ်ချို့ကို ဆွဲဆောင်နိုင်လောက်တဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားတာပါ..။ကိုင် သွားတဲ့ နေရာတိုင်းမှာ မိန်းကလေးတွေ လိုက်ငေးကြည့်ကြမယ် ဆိုရင်တောင် ဆန်နီ အံ့ဩမိမှာ မဟုတ်ပါဘူး..။ဖြစ်နိုင်တာက ယောက်ျားလေး တစ်ချို့တောင် သူ့ကို ငေးကြည့်မိကြမှာပါ..။
အရိုးဆုံးက..ဒီငနဲက..လူကောင်းတစ်ယောက် ပုံစံ ပေါက်နေတာပါပဲ..။သူ့ရဲ့ ရုပ်ရည် ခန့်ညားမူအပေါ်မှာ မာန်တက်နေတဲ့ပုံ လုံးဝ ရှိမနေခဲ့ပေ..။အကယ်၍ ကိုင်သာ ပြုံးလိုက်မယ် ဆိုရင် သူ့ရဲ့ ပါးမှာ ပါးချိုင့်လေးတွေ ပေါ်လာမယ် ဆိုတာ သူ ကျိန်းသေ ပြောန်ိုင်ပါတယ်..။
တစ်စုံတစ်ယောက်က သူ့ကို မုန်းလို့တောင် မရပေ..။
တစ်ခြားနိုးထသူ တွေနဲ့ နှိုင်းယှဥ်ရင်တောင်မှ ကိုင်က သူမြင်ဖူးသမျှ ထဲမှာ အခန့်ညားဆုံး နိုးထသူ တစ်ယောက်ပါပဲ..။သူက လူတွေ အရမ်းနှစ်သက်သဘောကျ ရတဲ့ အိုင်ဒေါ တွေနဲ့ တောင် တူနေပါသေးတယ်..။
ဆန်နီ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်ပြီး..မကျေနပ်စွာ အံကို ကြိတ်ထားမိလိုက်တယ်..။
'ကောင်းပြီ..ဒါက လုံးဝကို...ရက်စက်တဲ့ မတရား မူကြီးတစ်ခုပဲ '
အဲ့အချိန်မှာပဲ ကိုင် ဟာ..အမှောင်ထုထဲမှာ တစ်ခုတည်းသော အလင်းရောင်ဖြစ်နေတဲ့..ကျောက်တုံး သူတော်စင်ရဲ့ မျက်လုံးတွေကို သတိထားမိလိုက်တယ်..။သူ နောက်ကို ဆုတ်လိုက်ပြီး ဖြူဖျော့ သွားခဲ့ပါတယ်..။
"အ်ိုး...နိုး...ဒါက နတ်ဆိုးတစ်ကောင်ပဲ..."
ဆန်နီ ရဲ့ ဝမ်းနည်းမူတွေက ဖျက်ဆီးခံလိုက်ရပါပြီ..။သူ မထူးခြားတဲ့ အသံနဲ့ ပြောလိုက်တယ်..။
"ငါက မင်းနောက်မှာ သောက်ရူး "
ကိုင် အေးခဲသွားခဲ့ပြီး..သူ့မျက်နှာကို ..သူ့ဘက်ကို ဖြည်းညှင်းစွာ လှည့်လိုက်တယ်..။ဒီလူငယ်လေးက လက်တစ်ဖက်ကို ဆုတ်ထားပြီး..သူ အသုံးပြုတဲ့ ဘယ်လို လက်နက်ကို မဆို ထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို ဆန်နီ သတိထားမိလိုက်ပါတယ်..။
ဒါပေါ့..အမှောင်ထဲမှာတော့ ကိုင်က သူ့ကို မြင်ရမှာမဟုတ်ပါဘူး..။
'ကောင်းပြီ...ငါက သူ့လောက် မချောမော ဘူးဆိုတာ ဒီ ငနဲ ခနလောက် မသိလေ ကောင်းလေပဲ '
အေးအေးဆေးဆေး ဖြစ်နေတဲ့ ပုံစံ ဟန်ဆောင်ပြီး ဆန်နီ တည်ငြိမ်စွာ မေးလိုက်တယ်..။
"ငါ့မှာ ထပ်တူညီမူ ရှိတယ်လို့ မပြောထားဘူးဘား..။ဟိုဘက်မှာ ရှိနေတာ သူမပဲ..။ကောင်းပြီ ထားလိုက်တော့..။အဲတာ ငါ့မျက်လုံးတွေ မဟုတ်ဘူး.."
ခန့်ညားတဲ့ အိပ်စက်သူဟာ စက္ကန့် အနည်းငယ်လောက် တွန့်ဆုတ်နေပြီးမှ ပြောလိုက်တယ်..။
"ဆန်းလပ်စ် လား..။မင်းက တကယ် လူသားလား"
အစောတုန်းက ဆိုရင် သူတို့က အသံချင်းပဲ ကြားခဲ့ရတာပါ..။သို့ပေမယ့်..အခုတော့ ကိုင် က ရှေးဟောင်း သားရဲ တစ်ကောင် မဟုတ်တာကို ဆန်နီ သေချာသွားခဲ့ပါပြီ..။အနည်းဆုံးတော့ သားရဲတစ်ကောင်နဲ့ မတူပါဘူး..။
"နောက်ဆုံးအကြိမ် စစ်ဆေးခဲ့တဲ့ အထိတော့ ငါက လူသားတစ်ယောက်ပဲ..။မင်းမှာ အလင်းထုတ်နိုင်တဲ့ မှတ်သားမူ တစ်ခုခု ရှိရင် ကိုယ့်ဟာကို ကြည့်လို့ရတယ်"
ကိုင် တွေဝေသွားခဲ့တယ်..။
"အလင်းက အိပ်မက်ဆိုးသားရဲတွေကို မဆွဲဆောင်နိုင်ဘူးလား.."
' ဥာဏ်ကောင်းတယ်..မဆိုးဘူး..'
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
"ပုံမှန်အားဖြင့်တော့ ဆွဲဆောင်နိုင်တယ်..။ဒါပေမဲ့ ဒီခြံဝန်းက စွန့်ပယ်ခံထားရတာ..။ပြီးတော့ ဒီပတ်လည်မှာ သားရဲတွေလည်း အများကြီးမရှိဘူး..။ငါ့အထင်တော့ အဲတာကြောင့် လူမိုက်တွေက ဒီနေရာမှာ မင်းကို အကျဥ်းချထားခဲ့တာပဲ "
ကိုင်ဟာ စိတ်သက်သာရာရသွားပြီး..အဝါရောင် မီးအိမ် လေးကို ထုတ်ယူလိုက်တယ်..။
'အာ ..ချီးပဲ '
အရိပ် အာရုံခံမူကို အသုံးပြုပြီး ကိုင်ရဲ့ လှုပ်ရှားမူတွေကို ကြည့်နေတဲ့ ဆန်နီဟာ..လက်တစ်ဖက်မြှောက်ပြီး သူ့မျက်လုံးကို ကာထားလိုက်ရပါတယ်..။သူက အမှောင်ထဲမှာ ရုတ်တရက်ထွက်ပေါ်လာတဲ့ အလင်းရောင် အတွက် အဆင်သင့်မဖြစ်သေးပါဘူး။
သို့ပေမယ့်..ကိုင် ကို လုံခြုံတဲ့ ခံစားချက်ပေးချင်တာကြောင့်..ဘာမှ မပြောပဲ သာ ဒီတိုင်းနေလိုက်ပါတယ်..။
" အိုး ..ဆောရီး "
လှပတဲ့ လူငယ်လေးဟာ မီးအိမ်ကို အနည်းငယ် နိမ့်လိုက်ပြီး..သူ့ရဲ့ ဆန်းကျယ်တဲ့ ကယ်တင်ရှင်ကို သေချာကြည့်လိုက်ပါတယ်..။
ယင်းနောက် ဆန်နီ အနည်းငယ် အံ့ဩသွားခဲ့ပြီး ခေါင်းကို ငုံ့ထားလိုက်ပါတယ်..။
'ကောင်းတယ်..ဒါက မရှက်ခွဲသလို မဖြစ်တော့ဘူး '
ကိုင်ဟာ ဆန်နီကို စက္ကန့်အနည်းငယ် လောက်ကြည့်ပြီးတဲ့ နောက်မှာတော့..အမှန်တကယ် လူသား တစ်ယောက် ဆိုတာကို နားလည်လိုက်ပါတယ်..။ပြီးတာနဲ့ သူက ပြုံးပြလိုက်တယ်..။
သူ့အပြုံးက တစ်ခြားလူတွေနဲ့ ယှဥ်ရင် အတော်လေးကို လှပနေခဲ့တာပါ..။ဆန်နီ ထင်ထားခဲ့တဲ့ ပါးချိုင်လေးတွေတောငိ သူ့ရဲ့ ပါးပေါ်မှာ ပေါ်လာခဲ့ပါသေးတယ်..။
"ကောင်းပြီ..အံ့ဩစရာပဲ..ငါက မင်းကို သားရဲ တစ်ကောင် အဖြစ်ပြောင်းမယ်လို့ ထင်ထားခဲ့တာ..။ဒါပေမဲ့ မဟုတ်ခဲ့ဘူး..။မင်းက တကယ်ကို လူသားတစ်ယောက်ဖြစ်တဲ့ အပြင် ချစ်လည်း ချစ်စရာ လေးပဲ "
ဆန်နီ ချောင်းဆိုးလိုက်တယ်..။
' ဘာ .မင်းက ငါ့ကို ချစ်စရာလေး လို့ ပြောလိုက်တာလား..။မင်းက ဘယ်လိုများ..အဟမ်း..ငါ ပြောချင်တာက ကျေးဇူးတင်ပါတယ် ..။အခုက ဘာဖြစ်နေတာလဲ '
အဲ့အချိန်မှာပဲ ကိုင်က မျက်မှောင်ကျုတ်လိုက်တယ်..။
"ဒါပေမဲ့ , ဆန်းလပ်စ် "
"ဘာလဲ "
လှပတဲ့ အိပ်စက်သူ က မျက်တောင် အနည်းငယ် ခတ်လိုက်ပြီး..
"ငါ တစ်ခုခု မေးလို့ ရမလား..။တကယ်လို့ မင်းက ရဲတိုက် ထဲမှာရော..အပြင်မှာရော မနေဘူးဆိုတော့..မင်းက ဘယ်မှာနေတာလဲ "
ဆန်နီ ပုခုံးတွန့်လိုက်တယ်..။
"ရွေးချယ်စရာ တွေ အများကြီး ရှိတယ် မဟုတ်ဘူးလား..။ငါက မြို့ထဲမှာ နေတာပေါ့.."
ကိုင် ခနလောက် တွေဝေနေပြီးမှ..သူ့ရဲ့ အစိမ်းရောင် မျက်လုံးတွေက တစ်ခုခုကို မှတ်မိသွားပုံ ရသွားခဲ့တယ်..။
"အိုး..ငါထင်တာတော့ ငါမင်းကို ကြားဖူးတယ်ထင်တယ်..။မင်းက အပျက်အစီးထဲမှာ နေနေတဲ့ ကြောင်တောင်တောင် ကောင်လေး မဟုတ်ဘူးလား.."
ဆန်နီ သူ့ကို ဒေါသတကြီး ပြန်စိုက်ကြည့်လိုက်တယ်..။
'ဘာလို့ ငါ့ကို လူတိုင်းက ကလေး ၊ ကြောင်တောင်တောင် ကောင်လေး လို့ ခေါ်နေကြတာလဲ..."
သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ စိတ်လျော့ကာ ပြန်ဖြေလိုက်တယ်..။
"အမှန်ပဲ..အဲတာငါပဲ..။မင်းငါ့ကို ဆန်နီ လို့ ခေါ်လို့ ရတယ်..။မင်းငါ့နဲ့ သိတာကြာလာရင်တော့ ငါ မရူးဘူးဆိုတာ သိရမှာပါ.."
ကိုင်ဟာ သူ့ကို သံသယဖြစ်စွာကြည့်လိုက်တယ်..။
ဒါကို သတိထားမိလိုက်တဲ့ ဆန်နီဟာ ပြုံးလိုက်ပါတယ်..။သူ ဒီလူငယ်လေးကို အနည်းငယ် စနောက်ဖို့ ဆုံးဖြတ်လိုက်တယ်..။
ဒါပေါ့..အားနည်းချက်လည်း ရှိနေသေးတော့ ပါးပါးနပ်နပ် တော့ ပြောဖို့လိုပါတယ်..။
ကိုယ့်ကိုကို အနည်းငယ် အားထည့်ကာ ဆန်နီ ပြောလိုက်တယ်..။
"ပြီးတော့..ငါက ဒီမှာ တစ်ယောက်တည်းနေတာ မဟုတ်ဘူး..။ငါ့ရဲ့ အဖော်အဖြစ် သားရဲ တွေ အများကြီးရှိတယ်..။သူတို့က ငါ့ရဲ့ မိတ်ဆွေတွေ ဆိုရင်လည်း မမှားဘူး..။ငါ့မှာ တစ်ခါတစ်လေ စကားပြောတဲ့ ကျောက်တုံးလည်း ရှိတယ်..။ပြီးတော့..အရိပ်ကလည်း..ငါ့ရဲ့ သူငယ်ချင်းပဲ.."
ဆန်နီ ကိုင် ရဲ့ အခြေအနေကိုကြည့်ပြီး ရိုးသားစွာ ပြုံးလိုက်တယ်..။လူငယ်လေးရဲ့ ချောမောတဲ့ ရုပ်ရည်ကဖြူဖျော့လာတဲ့ အချိန်ကြမှ သူက ရယ်မောလိုက်ပါတယ်..။
"ဟားဟား..စိတ်အေးအေးထားပါ..။ငါက မင်းကို နောက် နေတာ "
ယင်းနောက် သူ အရိပ်ကို တစ်ချက်ကြည့်ပြီး ထပ်ပြောလိုက်ပါတယ်..။
"သူတို့က ငါ့ သူငယ်ချင်းတွေတော့ မဟုတ်ကြဘူး..။အဲ့ကျောက်တုံးကို ဆိုရင် သည်းမခံနိုင်လို့ ဒီရက်တွေမှာ စကားမပြောပဲ နေရတယ်.."