← Chapters

ထပ်တူညီတဲ့ ပုံရိပ်

Vol. 8 Ch. 118

ထပ်တူညီတဲ့ ပုံရိပ်

Vol. 8 Ch. 118

#ဘာသာပြန် = စနိုးဝှိုက်

ကိုင် ကို စနောက်နေတာက အနည်းငယ် ကြောင်တောင်တောင် နိုင်ပေမယ့်..တစ်ဖက် အိပ်စက်သူ ရဲ့ ချောမောတဲ့ ရုပ်ရည်က ဆန်နီကို စိတ်ရှုပ်စေပါတယ်..။ပြီးတော့ သူက တစ်ခြားလူသားတစ်ယောက် နဲ့ စကားမပြောရတာ အတော်ကြာပြီးဖြစ်တာကြောင့် သူ့ရဲ့ စကားပြောစွမ်းရည်က သိပ်မကောင်းတော့ပါဘူး..။

သူတို့က..ရဲတိုက်ကို မကြာခင်သွားတော့မှာ ဆိုတော့..ဆန်နီဟာ..တစိမ်းတွေနဲ့ စကားပြောဖို့ကို အားတင်းပြီး ကြိုးစားနေခဲ့တယ်..။သူ့ရဲ့ အားနည်းချက် နဲ့ ..အသားကျအောင် လုပ်ထားရမှာပါ..။မတော်တဆ တွေ ထပ်ဖြစ်တာမျိုးကို သူ လက်မခံချင်ပေ..။

မသက်မသာ ဖြစ်စေတဲ့ မှတ်ဥာဏ်တွေက ဆန်နီရဲ့ ခံစားချက်ထဲကို ပြန်ဝင်လာခဲ့တယ်..။

အဲ့အချိန်မှာတော့ ကိုင်က သူ့ကို ထူးဆန်းတဲ့ မျက်နှာ အမူအရာ နဲ့ ကြည့်နေခဲ့ပါတယ်..။ဆန်နီ လည်ချောင်းကို ရှင်းလိုက်ပြီး..

"အာ...စကားမစပ် ဒါက လည်း ဟာသရဲ့ အစိတ်အပိုင်း တစ်ခုပဲ '

ချောမောတဲ့ လူငယ်လေးကတော့ ဆန်နီကို သံသယ အပြည့်နဲ့ ကြည့်နေတုန်းပါပဲ..။

'ဒီငနဲကို စနောက်တာ များသွားတာလား..။သူက ကြောက်ရွံ့တာ ထိပ်လန့်တာတောင် ဖြစ်နေလောက်တယ်..။သူက အရူးတစ်ယောက်ကို အရင်က မတွေ့ဖူးတာလား..။ကောင်းပြီ..ဒါက ငါထင်သလောက်လဲ ပျော်ဖို့မကောင်းဘူး..'

ကိုင် က ခေါင်းခါယမ်းလိုက်တယ်..။

"အဲလို မဟုတ်ဘူး..။ငါ မင်းကို တစ်ခုခု သတိပေးသင့်တယ်လို့ ခံစားရလို့..."

ဆန်နီ မျက်ခုံး ပင့်တင်လိုက်တယ်..။

"အင်း..ဘာအကြောင်းလဲ "

ကိုင် က တွေဝေနေပြီးကာမှ အရမ်းကို တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။

"အဲတာက ငါ့ရဲ့ အားနည်းချက်ပဲ..။လူတွေ ငါ့ကို လိမ်ညာနေပြီ ဆိုရင် ငါတကယ်ပဲ ပြောနိုင်တယ်..။ဒီတော့...အင်း...မင်းက ကျောက်တုံးနဲ့ စကားပြောတယ် လို့ ပြောတဲ့အချိန်မှာ ဒါက အမှန်တရား ဆိုတာကို ငါ သိနေရတယ်.."

ဆန်နီ ချောမောတဲ့ လူငယ်လေးကို ..မယုံနိုင်တဲ့ အမူအရာ နဲ့ စိုက်ကြည့်နေခဲ့တယ်..။သူ့စိတ်ထဲမှာတော့ ရယ်ရမှာလား ငိုရမှာလား တောင် မသိတော့ပါဘူး..။

'အားနည်းချက်လား..။ဒါက ဘယ်လိုလုပ် အားနည်းချက် ဖြစ်တော့မှာလဲ..။အဲတာက စူပါပါဝါ တစ်ခုလို ဖြစ်နေပြီလေ..ခွေးသားလေး ရဲ့ '

ဘာလို့ ကိုင်က ဒီလောက် ကံကောင်းရတာလဲ..။သူ့မှာက ဆွဲဆောင် နိုင်တဲ့ အသံ ၊ အရပ် ရှည်ရှည် ၊ ပြီးပြည့်စုံတဲ့ မျက်နှာတွေ ရှိပါတယ်..။ပြီးတော့ သူ့ရဲ့ အားနည်းချက် တောင်မှ ..ကောင်းချီးပေးထားတဲ့ အရာတစ်ခုပါပဲ..။

တိုက်ဆိုင်စွာပဲ..ဒါက ဆန်နီရဲ့ လှည့်စားမူကို..တန်ပြန်ဖို့ အကောင်းဆုံး အရာဖြစ်နေခဲ့တာပါ..။အကယ်၍ ကိုင် သာ ..သူ့ရဲ့ ထူးဆန်းတဲ့ အားနည်းချက်ကို သတိမပေးထားရင် မကြာခင်မှာပဲ ဆန်နီ ဒုက္ခ အကြီးအကျယ် ရောက်သွားနိုင်ပါတယ်..။

ကံကောင်းစွာပဲ ဒီ ချောမောတဲ့ လူငယ်လေးက အတော်လေးကို ရိုးသားတာပါ..။

"ဘယ်လို လူကောင်းလေးလဲ "

ဆန်နီ ရဲ့ ပုံစံကို ကြည့်နေရင်းကနေ ကိုင်က ညှင်သာစွာ ပြောလိုက်တယ်..။

"ဒီတော့ ဆန်နီ ...ကျောက်တုံးက..မင်းကို ဘယ်လို စကားပြောတာလဲ..။မင်းငါ့ကို ပြောပြချင်လား.."

ဆန်နီ သက်ပြင်းချလိုက်တယ်..။

'ဒီငနဲ အနားမှာ စကားပြောမယ် ဆိုရင် ငါ ကျိန်းသေ သတိထားဖို့ လိုအပ်တယ် '

"ကောငိးပြီ မင်းက တကယ် ပျော်ဖို့မကောင်းဘူး..။စကားပြောတဲ့ ကျောက်တုံးက စကား​တွေကို ပြန်ပြောနိုင်တဲ့ မှတ်သားမူပဲ..။ငါက သူ့ကို နှိုးစက် အဖြစ်အသုံးပြုတော့..သူ ပြောတဲ့ အတိုင်း လိုက်လုပ်ရတယ်လေ..။အရိပ် အကြောင်းကလည်း အမှန်ပဲ..။ငါ့ရဲ့ စွမ်းရည်ကြောင့်..သူ့ မှာ ကိုယ်ပိုင် ခံစားချက် ရှိနေတဲ့ ပုံပဲ "

ကိုင်က ဒါကို တွေးကြည့်ပြီး ပြုံးလိုက်တယ်..။

"အိုး..ငါ သိပြီ..။ဒီတော့ ဒါက တကယ်ဟာသပေါ့..။ငါ့ရဲ့ အားနည်းချက် ကြောင့် ပျက်ဆီးသွားတာ စိတ်မကောင်းပါဘူး.."

ဆန်နီ ပြောလိုက်တယ်..။

"ခနလေး..မင်းက တစ်ယောက်ယောက်လိမ်နေပြီ ဆိုရင် သိတယ်ဆို..။ငါက မင်းကို ရေတွင်းထဲက ထွက်လာအောင် ဘာလို့ နာရီဝက်လောက် စကားပြောနေရတာလဲ.."

ကိုင်က မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်ပြီး ရိုးသားစွာ ပြန်ဖြေလိုက်ပါတယ်..။

"ငါ့ အားနည်းချက်က အိပ်မက်ဆိုးသားရဲတွေ အပေါ် သက်ရောက်မူ ရှိမရှိ ငါ ဘယ်လိူလုပ်သိမှာလဲ..။ငါ သားရဲတွေနဲ့ တစ်ခါမှ စကားမပြောဖူးဘူး..။ရှေးဟောင်းသားရဲ နဲ့ အပေးအယူ လုပ်နေရင် ဂရုမစိုက်တဲ့လူကို မင်း မြင်ဖူးလိူ့လား..."

ဆန်နီ သူ့ နှာဖူးကို လက်နဲ့ ရိုက်လိုက်တယ်..။

"ငါ သိပြီ.."

ကိုင် သူ့ကို စိတ်ပူစွာကြည့်လိုက်ပြီး..

"အာ ..ဆန်နီ ..။အဆင်ပြေရဲ့လား..."

' ဒီ ကျိန်စာသင့်..ကံစီမံရာက ငါ့ကို ထပ်ပြီး ရှုပ်နေပြန်ပြီ..။ဘာလို့ ငါ့အားနည်းချက်နဲ့ ဆန့်ကျင်ဘက်လူကိုမှ လာတွေ့ရတာလဲ..။ပြီးတော့ သူ့ရဲ့ သောက်ကျိူးနဲ ရုပ်ရည်က ငါ့ရဲ့..အသွင်အပြင်ကို ပိုပြီး ပေါ်လွင်စေနေတယ်...'

"ပြေပါတယ်..။ဘာပဲဖြစ်ဖြစ် အပေးအယူကို ပြန်သွားရအောင်.."

ကိုင် သက်ပြင်းချလိုက်ပြီး..

"ဒါပေါ့..ကတိကတော့ ကတိပဲလေ..။ရဲတိုက်မှာ မင်းလုပ်စရာ ရှိတာကို ငါ လုပ်ပေးပါ့မယ်..။ငါတို့ အတူတူသွားမှာလား.."

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။

"အခု မဟုတ်သေးဘူး..။ငါ တစ်နေရာကို ခနဝင်ရဦးမယ်..။မင်း တောင်ဘက်ခြမ်းက ဘုရားကျောင်းပျက်ကြီးကို သိတယ်မလား.."

တစ်ဖက် အိပ်စက်သူက ခနလောက် တွေးပြီး ခေါင်းညိမ့်လိုက်တယ်..။

"ငါ သိတယ်လို့ ထင်တာပဲ..။ငါ အဲ့ဘက်ခြမ်းကို ဖြတ်သွားတိုင်း အမြဲတမ်းတွေ့နေရတယ်..။မင်းငါ့ကို အဲ့ကို ခေါ်သွားမှာလား.."

'မေးခွန်းကောင်းပဲ..'

တစ်ဖက်မှာတော့ ဆန်နီဟာ သူဘယ်မှာနေလဲ ဆိုတာကို ဘယ်သူ့ကိုမှ မပြောပြချင်ပါဘူး..။ပြီးတော့..ကိုင်ကို ရဲတိုက်ပြန်ပြီး စောင့်ခိုင်းထားရအောင်လည်း အဲလောက်ထိ မယုံကြည်သေးပေ..။

သိူ့ပေမယ့်..မီးအိမ်တစ်လုံးနဲ့ မြို့ထဲ လျောက်သွားတာကလည်း သူ လုပ်ချင်တဲ့ အရာမဟုတ်ပေ..။

"ငါ မင်းကို မီးအိမ်တစ်လုံးနဲ့ လျောက်ပြီး ခေါ်သွားလို့ မရဘူး..။ငါက အရိပ်ထဲမှာပဲ ရှင်သန်နိုင်တာလေ..။ဒီတော့ မင်းဟာမင်း ဘုရားကျောင်းဆီကို ပျံသွားလ်ိုက်..။အဲဒီက ခေါင်မိုးပေါ်မှာ ငါ့ကို စောင့်နေ.."

ကိုင်ဟာ ဘုရားကျောင်းပျက် ရှိနေတဲ့ တောင်ဘက် အရပ်ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ.."

ဆန်နီ လက်က်ို မြှောက်လိုက်ပြီး ..ပျံသန်းဖို့ လုပ်နေတဲ့ လူငယ်လေးကို တားလိုက်ပါတယ်..။

"ခနလေး..ဘာတွေပဲဖြစ်ဖြစ်..ဘုရားကျောင်းထဲကို မဝင်နဲ့ ဟုတ်ပြီလား..။ငါ နောက်နေတာ မဟုတ်ဘူး..။အထဲမှာ ကျရှုံးမူ အဆင့် နတ်ဆိုး တစ်ကောင်ရှိတယ်..။ဒီတော့ မင်းဝင်သွားရင်..မင်းကို ဖမ်းထားတဲ့ လူမိုက်တွေလို အဆုံးသတ်သွားလိမ့်မယ်.."

ကိုင် သူ့ကို အံ့ဩစွာကြည့်လိုက်ပြီး..

"ဘာ..သူတို့သေကုန်ကြပြီလား.."

ဆန်နီ ပုခုံးတွန့်လိုက်တယ်..။

"ငါ မင်းကို ဘာလို့ ရေတွင်းထဲတွေ့တယ်လိူ့ ထင်လဲ..။သူတို့ထဲက တစ်ယောက်ရဲ့ ခန္တာကိုယ်ပေါ်မှာ မြေပုံတစ်ခုရှိတယ်..။ငါက ရတနာတွေ ဖွက်ထားတဲ့ ​အမှတ်အသားလ်ို့ ထင်ခဲ့တာ..ဒါပေမဲ့..."

ချောမောတဲ့ အိပ်စက်သူက ပြုံးလိုက်တယ်..။

"ဒါပေမဲ့ ပိုကောင်းတဲ့ အရာကို ရခဲ့တယ်ပေါ့..။အာ..ချီးကျူးမူ အတွက် ကျေးဇူးတင်ပါတယ်..။ငါ ဘုရားကျောင်းထဲ မဝင်ဖို့ ဂရုစိုက်ပါ့မယ် စိတ်ချပါ.."

ဆန်နီဟာ ကိုင်ကို အချိန်တစ်ချို့ ကြာအောင် ပြုံးပြီး ကြည့်နေရင်း..မနာလို စိတ်တွေကို ထိန်းထားခဲ့ရပါတယ်..။

"ကောင်းပြီ..မင်းသွားတော့..။ပြီးတော့ မှတ်ထားပါ..မင်းသာ သဘောတူညီမူကို ချိုးဖောက်မယ် ဆိုရင် ငါ မင်းကို...."

"...လာ ရှာပြီး သတ်မယ်မလား..။စိတ်မပူနဲ့ ဆန်နီ..ငါ ကတိကို ဘယ်တော့မှ မချိုးဖောက်ဘူး.."

ဒီစကားတွေကို ပြောလ်ိုက်ပြီး ကိုင်က ခေါင်းကို မော့ကာ အထက်ကို ကြည့်လိုက်တယ်..။ညှင်သာတဲ့ လေတိုက်ခတ်မူက ဆန်နီ ရဲ့ အရည်ပြားကို ထိမှန်ပြီး ခနအကြာမှာတော့ ချောမောတဲ့ အိပ်စက်သူဟာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပါတယ်..။ခနအကြာမှာတော့ သူက..ကိုင် ကိုင်ထားတဲ့ သေးငယ်တဲ့ မီးအိမ်လေးကိုသာ မြင်ရပါတော့တယ်..။ဒီအရာက အနက်ရောင် ကောင်းကင်မှာ ..အထီးကျန်တဲ့ ကြယ် လေး တစ်လုံးလိုပါပဲ..။

ဆန်နီ ရုတ်တရက် တုန်လှုပ်သွားခဲ့တယ်..။

အေးစက်တဲ့ ခံစားချက်က သူ့ နှလုံးသားကို ဖျစ်ညှစ်ထားသလိုပါပဲ..။

အလင်းရောင်ကို ကြည့်နေရင်းနဲ့ သူ တီးတိုးပြောလိုက်တယ်..။

"...အနက်ရောင် ကောင်းကင်မှာ အထီးကျန်နေတဲ့ ကြယ်လေးပ တောက်ပနေပြီး အောက်မှာတော့..ရဲတိုက်ကြီး တစ်ခုလုံးကို မီးလောက်နေခဲ့တယ်..။သွေးစီးချောင်းတွေကလည်း မြစ်ကြီးသဖွယ် တောင်ကုန်း အောက်ကို စီးကျနေတယ်.."

သူ အမှောင်ထုထဲမှာ ခံစားချက်မဲ့စွာ အတော်ကြာအောင် ရပ်နေခဲ့ပါတယ်..။

တကယ်လို့ ဆန်နီသာ သေချာ မသိထားရင် ကတ်စီ ရဲ့ ကြိုတင်ဟောကိန်းက ကိုင် အကြောင်းကို ပြောထားတယ်လို့ ထင်မိမှာပါ..။

သိူ့ပေမယ့် သူက ကောင်းကောင်းသိထားပြီးသားပါ..။

ဒီ ဟောကိန်းရဲ့ အမှန်တရား ကို သူ သိထားပါတယ်..။

သူ ခေါင်းကို ငုံ့ထားရင်း သူ့ရဲ့ စကားမပြောနိုင်တဲ့ အရိပ်ကို မေးလိုက်တယ်..။

"အဲတာက..အဲတာက စတောင် စနေပြီ လား.."

ခါတိုင်းလိုပဲ အရိပ်က ပြန်မဖြေခဲ့ပေ...

'ဘယ်လို တုန်းအ တဲ့ မေးခွန်းလဲ...'

ဒါပေါ့..ဒီဟာက အစောကတည်းက စပြီး နေခဲ့ပါပြီ..။

အဲတာက သူတို့ သုံးယောက် ဒီ ပျက်ဆီးနေတဲ့ မြို့ကို စတင် ဝင်ရောက်လာတဲ့ အချိန်ကတည်းကပါပဲ..။

All Chapters