ဝိဥာဥ် အမြုတေ လက်နဲ့အပြည့်
Vol. 8 Ch. 119
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ အတွက် ဘုရားကျောင်းကို ပြန်ရောက်ဖို့ အချိန်အနည်းငယ် ကြာခဲ့တယ်..။အာရုံတက်ချိန် ရောက်လာတာနဲ့..ညဘက် အမဲလိုက်တဲ့ သားရဲတွေက လှုပ်ရှားသွားလာ လာကြပါတယ်..။ဒါကြောင့် သူ လှုပ်ရှားသွားလာတဲ့ အချိန်တွေမှာလည်း..သေချာ ဂရုစိုက်နေခဲ့ရတာပါ..။
ဒီနေရာရဲ့ ကောင်းကင်ထက်မှာ လရော ၊ ကြယ်တွေရော မရှိပေမဲ့ အိပ်မက်ဆိုးသားရဲတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်း တွေနဲ့ အမှောင်ထဲမှာ မြင်နေရကြရတာပါ..။ဒါက ဆန်နီရဲ့ [ အရိပ်၏ သားတော် ] စွမ်းရည် လိုပါပဲ...။
သို့ပေမယ့် သူက ဂရုစိူက်ဖို့ လိုအပ်ပါသေးတယ်..။ဒီ လို ကျိန်စာသင့်နေရာမှာတော့..အန္တရာယ်တွေ ၊ သေခြင်းတရားတွေ ၊ ထိပ်လန့်မူတွေက ဘယ်ချိန် ရောက်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပေ..။
အချိန်တစ်ချို့ကြာပြီးနောက်မှာတော့ သူက ဘုရားကျောင်းရဲ့ ရင်းနှီးတဲ့ တိုင်တွေပေါ်ကို တက်သွားပြီး ခေါင်မိုးပေါ်ကို ရောက်လာခဲ့တယ်..။အနည်းငယ် လျောက်သွားပြီးတဲ့ နောက်မှာတော့..သိပ်မဝေးတဲ့ နေရာမှာ ကြောက်ရွံ့စွာ ရပ်နေတဲ့ ကိုင် ကို တွေ့လိုက်ရပါတယ်..။
ချောမောတဲ့ လူငယ်လေးရဲ့ လက်ထဲမှာတော့ ရှည်လျားတဲ့ လေးတစ်စင်းကို ကိုင်ထားခဲ့ပါတယ်..။သူက အမှောင်ထဲကို ဖြူဖျော့တဲ့ မျက်နှာအမူအရာ နဲ့ အတော်ကြာအောင် ကြည့်နေခဲ့ပါတယ်..။
'အချိန် သိပ်ပြီး မရတော့ပေ...'
လေးနဲ့ ပစ်ခတ်တာကို ရှောင်ရှားချင်တာကြောင့် ဆန်နီဟာ သူ ရောက်ရှိလာတာကို ညှင်တာတဲ့ အသံနဲ့ အသိပေးလိုက်ပါတယ်..။
"ဟေး..ကိုင်...ငါ ဒီမှာ..."
လေးသည်တော်ဟာ..တစ်ဖက်ကို လှည့်လာခဲ့ပြီး လက်ကို မြှောက်ကာ သူ့ရဲ့ မီးအိမ်ကို ထုတ်လိုက်တယ်..။ပြီးတာနဲ့ ကိုင်ဟာ တံတွေးကို မြိုချပြီး တီးတိုးပြောလိုက်ပါတယ်..။
"မင်း အသံကို နိမ့်ပြောလေ..။ကျရှုံးမူ အဆင့် သားရဲ ကြားသွားရင် ဘယ်လိုလုပ်မလဲ.."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
'အိုး..ဟုတ်သားပဲ..။သူက အရမ်း ဂရုစိုက်တတ်တဲ့ လူတစ်ယောက်ပဲ..'
ဒီနေရာမှာက သံသယ များလေ ပိုကောင်းလေ ပါပဲ..။ဆန်နီ မထူးခြားစွာ ပြုံးပြီး ပြောလိုက်တယ်..။
"စိတ်အေးအေးထားပါ..သူ မကြားပါဘူး.."
ကိုင် သူ့ကို သံသယနဲ့ကြည့်ပြီး မေးလိုက်တယ်..။
"မင်း သေချာရဲ့လား.."
ဆန်နီ ခေါင်းညိမ့်ပြလိုက်ပါတယ်..။
"အင်း..."
သူက ဘာလို့ ဒီလောက် ယုံကြည်မူ ရှိနေတာလဲ ဆိုတာကို ရှင်းပြဖို့ စဥ်းစားထားပေမယ့် အံ့ဩစွာပဲ ကိုင်က သူ့ကို ယုံကြည်ပြီး တည်ငြိမ်သွားခဲ့ပါတယ်..။
'ဟုတ်သားပဲ..သူက လူတွေ သူ့ကို လိမ်ညာနေရင် သိနေတာပဲ..။ဒါဆိုရင် သူတို့ အမှန်ပြောနေရင်လည်း သိတာပေါ့..။ငါကလည်း အမှန်အတိုင်းပဲ ပြောလိူ့ ရတာဆိုတော့ သူက မေးခွန်းတွေ ထပ်မမေးပဲ ယုံကြည်လို့ ရတာပဲ.."
ဟဟ...ဒီလိုတွေးကြည့်ပြန်တော့ သူ့ရဲ့ အားနည်းချက်က အဆင်ပြေနေခဲ့ပြန်ပါတယ်..။
အဲ့အချိန်မှာပဲ ကိုင်က သိချင်စွာ ကြည့်ပြီး မေးလိုက်တယ်..။
"ဒီတော့ ငါတို့ ဒီမှာ ဘာလုပ်ကြမှာလဲ.."
ဆန်နီ သိပ်မဝေးတဲ့ နေရာက အက်ကွဲနေတဲ့ အုတ်ကျွတ်ပြားတွေကို ထိုးပြပြီး တည်ငြိမ်တဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်..။
"ငါ အဲ့နေရာကနေ ဆင်းပြီး ဘုရားကျောင်းထဲကနေ တစ်ခုခု ယူလိုက်ဦးမယ်..။မင်းက ငါပြန်လာတဲ့ အထိ စောင့်နေ.."
ကိုင်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်..။
"မင်း ရူးနေပြီလား..။နတ်ဆိုးကို ဘယ်လိုလုပ်မှာလဲ "
အဲ့ ခွေးသားကိုလား..။ဆန်နီ အကူညီမဲ့စွာပဲ အဲ့သားရဲကို သတ်ချင်သွားခဲ့ပါတယ်..။
' နေ့ရက်က ရောက်လာတော့မှာပါ '
လက်ရှိ အခြေအနေကို အာရုံစိုက်ထားလိုက်ပြီး သူ ပြောလိုက်တယ်..။
"သူ့ကိုလား..။ငါ မင်းကို ပြောထားတယ်လေ..။ငါက ပုန်းကွယ်တဲ့ နေရာမှာ ကျွမ်းပါတယ်ဆို..။ငါ့ရဲ့ ရန်သူကို သိနေသ၍...ငါသာ ဆန္ဒမရှိရင် သူတို့ ငါ့ကို မြင်နိုင်မှာ မဟုတ်ဘူး.."
တကယ်တော့ အဲ့ခွေးသားကပဲ..အရိပ်တွေနဲ့ ပုန်းကွယ်တဲ့ အခါမှာတောင် အကန့်အသတ် ရှိတယ်လို့ သင်ပေးခဲ့တာပါ..။ဒီလို နဲ့ပဲ ဆန်နီက သူ့အတွက် အရေးပါတဲ့ အချက်အလက်တွေကို ရခဲ့ပါတယ်..။
တစ်ချို့ သင်ခန်းစာတွေက..မှတ်မိဖို့အတွက် ဘဝမှာ တစ်ခါပဲ ကြုံတွေ့ဖို့ လိုအပ်တာပါ..။
ကိုင် ကတော့ သူ့ကို ထူးဆန်းတဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်..။ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..
"ဘာလဲ..."
ချောမောတဲ့လူငယ်လေးဟာ ခေါင်းခါယမ်းလိုက်တယ်..။
"မ..မဟုတ်ပါဘူး..။ဒါက အံ့ဩစရာ စွမ်းရည်တစ်ခုပဲ..။အရိူးသားဆုံးပြောရရင် ငါလည်း ဒီလိူ စွမ်းရည်မျိုးလိုချင်မိတယ်.."
ဆန်နီ သူ့ကို စိုက်ကြည့်ပြီး အံကိုကြိတ်ကာ ပြောလိုက်တယ်..။
"ပြောပါဦး ပျံနိုင်တဲ့ကောင်လေး...။မင်းက ဘာလ််ို့ ပြီးပြည့်စုံပြီး ချောမောတဲ့ ရုပ်ရည်ကို အမှောင်ထဲမှာ ဖုံးကွယ်ချင်ရတာလဲ..။ကောင်မလေး တွေက ဝိုင်းပြီး ငေးကြည့်တာ ခံရတာကို ပင်ပန်းနေလို့လား.."
ကိုင် သက်ပြင်းချလိုက်တယ်..။
"အဲလို မျိုးပဲလေ..။မင်း ဘယ်လိုသိတာလဲ.."
ဆန်နီ တစ်ခုခုကိူ ပြောဖို့ လုပ်လိုက်ပြီးမှ ပြန်ရပ်လိုက်တယ်..။
"...ဘာပဲဖြစ်ဖြစ် ငါ့ကို ဒီမှာ စောင့်နေ..။သိပ်ကြာမှာ မဟုတ်ဘူး.."
ချောမောတဲ့ အိပ်စက်သူကို ကြည့်ပြီး သူ ခေါင်းခါယမ်းက ခေါင်မိုး အပေါက်ကနေ ဆင်းသွားခဲ့ပါတယ်..။
မကြာခင်မှာပဲ သူက လျိုဝှက်အခန်းကို ပြန်ရောက်လာခဲ့ပါပြီ..။ဆန်နီ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး သူ့ရဲ့ တိရစ္ဆာန် အရေပြားနဲ့ လုပ်တဲ့..ကျောပိုးအိတ်ကို ချလိုက်တယ်..။ယင်းနောက် သူက ကြေးခွံသားရဲ ခေါင်းဆောင်ရဲ့ အသားတွေကို ယူပြီး ပန်ကန်ပြားထဲထည့်လိုက်ပါတယ်..။ပြီးတာနဲ့ ..သံသေတ္တာကြီးဆီကို လျောက်သွားလိုက်တယ်..။
.
အရိုးသားဆုံး ပြောရရင် သူက ရဲတိုက်နဲ့ နီးတဲ့ နေရာမျိုးကို ထပ်ပြီး မသွားချင်တော့ပါဘူး..။သူက အမှောင်ထဲ၊ တိတ်ဆိတ်ပြီး ရင်းနှီးတဲ့ အခန်းလေးထဲမှာပဲ အမြဲတမ်းနေသွားချင်တာပါ..။သို့ပေမယ့် သူ ဒီလိုနေလို့ မရပေ..။သူ အရိပ်သူတော်စင်ကို ပိုသန်မာလာစေချင်တယ်ဆိုင်..လူသားတွေ ရှိတဲ့ နေရာကို သွားပြီး အကြောက်တရားကို ရင်ဆိုင်ရပါလိမ့်မယ်..။
'ဘာပဲဖြစ်ဖြစ် ငါက ဝင်သွားပြီး ပြန်ထွက်လာယုံပဲ..။လှုပ်ရှားတာကိုတော့ ကိုင်ကပဲ လုပ်လိမ့်မယ်.."
သက်ပြင်းတစ်ချက်ချလိုက်ပြီး သူက ဝိဥာဥ် အမြုတေတွေနဲ့ ပြည့်နေတဲ့ သေတ္တာကို ဖွင့်လိုက်ပါတယ်..။အထဲမှာတော့ လှပတဲ့ အမြုတေတွေကို တွေ့နေခဲ့ရတယ်..။
ဆန်နီ သူတို့ထဲက တစ်ဝက်ကို ယူလိုက်ပေမယ့်..ဒီလောက်ကတင် လူတွေအများကြီးက သူ့ကို သတ်ဖို့တွက်လုံလောက်ပါတယ်..။
ဒီလူတွေကိူလည်း အပြစ်တင်လို့ မရပေ..။မေ့ပျောက်ကုန်းမြေမှာတော့ အမြုတေတွေကပိုက်ံဖြစ်ပြီး ပိုက်ဆံက အသက်ကို ကိုယ်စားပြုတာပါ..။ပိုက်ဆံ မရှိလျင် ရဲတိုက်ထဲမှာ လုံခြုံတဲ့ နေရာမှာ နေလို့ မရသလို အစားအသောက်လည်း..စွန့်စားပြီး အမဲလိုက်မှသာ ရနိုင်ပါတယ်..။
ရှင်သန်ဖို့ အတွက်ဆိုရင် ဘယ်သူကိုမဆို သတ်ဖြတ်ဖို့အဆင်သင့်ပါပဲ..။
'အဲတာကို ကိုယ့်ကိုကို ပြန်ပြောပြထား..'
ယင်းနောက် ဆန်နီ သေတ္တာကို ပိတ်လိုက်ပြီး ဘာအလင်းရောင်မှ အပြင်ကို ထွက်မနေအောင်လုပ်လိုကိတယ်..။
သူ့ရဲ့ ငြိမ်းချမ်းတဲ့ လျိုဝှက်ခန်းလေးကို တစ်ချက်ကြည့်လိုက်ပြီး..မျက်လုံးကို ခန မှိတ်ထားခဲ့ပါတယ်..။ကြီးကာမှ သူက ပြန်လှည့်မကြည့်ပဲ ထွက်သွားခဲ့တယ်..။
အခုက ရဲတိုက်ထဲကို ပြန်ဖို့ အချိန်ပါပဲ...။
...ပြီးတော့ ..သူ ရဲတိုက်က ထွက်ပြေးမလာခင်က ဆိုးဝါးတဲ့ မှတ်ဥာဏ်တွေရောပါ..။