ရဲတိုက်ဆီသို့ ချဥ်းကပ်ခြင်း
Vol. 8 Ch. 120
#ဘာသာပြန် = စနိုးဝှိုက်
အာရုဏ်တက် နံနက်ခင်း အချိန်မှာတော့ ဆန်နီနဲ့ ကိုင် တို့ဟာ..ကျိန်စာသင့် မြို့တော်ထဲက အပျက်အစီးတွေကြားထဲမှာ..လမ်းလျောက်နေခဲ့ကြတယ်..။ညအချိန်ကတော့ တဖြည်းဖြည်း လွင့်ပြယ်နေခဲ့ပါပြီ..။ဒါက သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို စိတ်လုံခြုံမူ ခံစားစေပြီး..အမှောင်ထုနဲ့ အသားကျနေတဲ့ တစ်ယောက်ကိုတော့ မသက်မသာ ဖြစ်စေပါတယ်..။
' နေထွက်လာရင်..ဒီနေရာတစ်ခုလုံးက ဘယ်လိုပုံစံမျိုးရှိလဲ ဆိုတာကိုတောင် ငါမေ့နေပြီ '
သိပ်မဝေးတဲ့ နေရာမှာတော့..လှိုင်းလုံးတွေဟာ..ရှေးဟောင်းမြို့ကြီးရဲ့ မြို့ရိုးကို မရိုက်ခတ်တော့ပဲ နောက်ကို ဖြည်းညှင်းစွာ ဆုတ်သွားခဲ့တယ်..။ဒီ မြို့ရိုးတွေက..မြို့အတွင်းကို ရေတစ်စက်မှ မဝင်အောင် နှစ်တစ်ထောင်လောက် ကာကွယ်ပေးထားခဲ့တာပါ..။သူက နောက်ထပ် နှစ် တစ်ထောင်လောက်ကာကွယ်ဖို့ အတွက်တောငိ ပြသနာ မရှိဘူးလို့ ဆန်နီ သံသယဖြစ်မိပါသေးတယ်..။
ရုတ်တရက် မသက်မသာဖြစ်လာမူကြောင့် လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ အနောက်ဘက်မှာ ကြက်သွေးရောင် ထိပ်ဖျား ရဲ့ အရိပ်တစ်ခု ဟာပေါ်လာခဲ့ပါတယ်..။သူ့ရဲ့ ကြောက်မက်ဖွယ်ရာ ပုံရိပ်က ..မေ့ပျောက်ကုန်းမြေပေါ်မှာ..နတ်ဆိုးအိုမန် လိုပဲ ဝိုးတဝါး ပေါ်လာခဲ့တာပါ..။သူ့ပုံစံက သူနဲ့ အနီးကို ကပ်လာတဲ့ လူတိုင်းကို ကပ်ဆိုးတွေ ဖြစ်ပေါ်စေတော့မယ့် အတိုင်းပါပဲ..။
'...မဖြစ်နိုင်လောက်ပါဘူး '
ဆန်နီဟာ..ကွေ့ကောက်တဲ့ လမ်းကြောင်းတွေ အတိုင်း ရဲတိုကိဆီကို ဦးတည်သွားနေခဲ့တယ်..။ကျိန်စာသင့် မြို့ကို သိပ်ပြီး မရင်းနှီးတဲ့ ကိုင် ကတော့ သူ့နောက်ကနေသာ လိုက်လာနေခဲ့ပါတယ်..။ချောမောတဲ့ လူငယ်လေးကတော့ သတိရှိရှိ နဲ့ လေးတစ်လက် ကို ကိုင်ထားပြီး..ဘယ်အချိန်မှာမဆို မြားပစ် လွှတ်နိုင်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ..။
သူတို့က ..ကြောက်စရာ သားရဲတွေ ကျတ်စားတတ်တဲ့ နေရာအချို့ကို ကွေ့ပတ်ပြီးသွားနေကြရတယ်..။ဒါက ..အများကြီး ပိုပြီးတော့ လုံခြုံပါတယ်..။
တစ်နေရာ အရောက်မှာတော့..ဆန်နီဟာ သူ့ရဲ့ အဖော်ကို လက်ဟန် ပြပြီး ရပ်ခိုင်းလိုက်တယ်..။သူ အဝေးတစ်နေရာကို စိုက်ကြည့်နေပြီး မျက်မှောင်ကျုတ်ထားခဲ့ပါတယ်..။
ကိုင် က သူ့ကိုကြည့်ပြီး တီးတိုးပြောလိုက်တယ်..။
"ဘာဖြစ်လို့လဲ "
ဆန်နီ သူ့ရဲ့ နှုတ်ခမ်းပေါ်ကို လက်ညိုးတင်လိုက်ပြီးမှ ပြန်ဖြေလိုက်တယ်..။
"ရူး...နားထောင်..."
မကြာခင်မှာပဲ..နှလုံးတုန်လှုပ်ဖွယ်ရာ ခြောက်ခြားဖို့ ကောင်းတဲ့ အသံတစ်ခုကို သူတို့ ကြားလိုက်ရတယ်..။ဒါက သူတို့ရှေ့မှာ အမျိုးသမီး တစ်ယောက် ငိုနေ တဲ့ပုံပေါ်ပြီး..ဖြည်းဖြည်းချင်း နီးကပ်လာနေပါတယ်..။သူမရဲ့ ငိုကြွေးနေတဲ့ ပုံက..အိပ်စက်သူ နှစ်ယောက်စလုံးကို ကြက်သီးမွေးညှင်း ထစေခဲ့တယ်..။
ကိုင် သူ့ကိူ ကြည့်လိုက်ပြီး ယုံကြည်မူ မရှိစွာပဲ မေးလိုက်ပါတယ်..။
"လူသား မိန်းကလေး တစ်ယောက် ဖြစ်နိုင်ချေ ရှိလား.."
ဆန်နီ သူ့ကို ကြည့်ကာ ပြုံးလိုက်ပြီး..
"နည်းတယ်.."
သူတို့ ဆွေးနွေးနေဖို့တောင် မလိုအပ်ပဲ ကြီးမားတဲ့ အုတ်ကျိုး အုတ်ပဲ့..အပုံကြီး တစ်ခု နောက်မှာ ဝင်ပုန်းကာ စောင့်နေလိုက်ကြပါတယ်..။အေးစက်တဲ့ ကျောက်တုံးတွေကို ဖိထားရင်း..ဆန်နီဟာ..သူ့ရဲ့ အရိပ်ကို အပေါ်ကို တက်ခိုင်းလိုက်ပြီး လမ်းကြားထဲက အခြေအနေတွေကို စစ်ဆေးဖို့ လုပ်လိုက်တယ်..။ကိုင် ဟာ..အရိပ်ကို အံ့ဩတဲ့ မျက်နှာနဲ့ကြည့်နေပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပေမယ့်..ဘာမှ မပြောခဲ့ပေ..။
တစ်မိနစ်..နှစ်မိနစ် ကြာပြီးတဲ့ နောက်မှာတော့ ဆန်နီ သူ့ကို ကြည့်ပြီး မေးလိုက်တယ်..။
"မင်းရဲ့ မြှား တွေက ဘယ်မှာလဲ "
ချောမောတဲ့ လူငယ်လေးဟာ တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
"အမှန်တော့..ငါ့မှာ မြှားအိမ် နဲ့ မြှားတစ်ဒါဇင်လောက် ရှိတယ်..။အဲတာတွေကို ရဲတိုက်ထဲက အတော်ဆုံး ပန်းပဲ ဆရာက လုပ်ပေးထားခဲ့တာ..။ဒါပေမဲ့ ငါ့ကို ရေတွင်းထဲပို့ပေးခဲ့တဲ့..လူကြီးလူကောင်း တွေက ယူသွားဖို့ ခွင့်ပြုရလောက်အောင် မကြင်နာခဲ့ကြဘူးလေ..."
ဆန်နီ သူ့ကို သဘောကျစွာကြည့်လိုက်တယ်..။
"ဒီတော့ မင်းကိုင်ထားတဲ့ လေးက အသုံးမဝင်ဘူးပေါ့..."
ကိုင် ခနလောက် တွေဝေပြီးမှ ပြန်ဖြေလိုက်ပါတယ်..။
"....ငါ့မှာ မြှားပုံစံ..မှတ်သားမူ တွေ ရှိတယ်..."
"ဘယ်လောက်များလဲ.."
ချောမောတဲ့ လေးသည်တော်ဟာ..ရှက်ရွံ့စွာ အကြည့်လွှဲလိုက်ပြီး...
"နှစိ..နှစ်ချောင်....အဲတာက လုံလောက်လား.."
ဆန်နီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ပြန်ဖြေလိုက်တယ်..။
"ဟင့်အင် ဒါက လုံလောက်မယ်လို့တော့ ငါ မထင်ဘူး"
မြူတွေထဲမှာတော့ သူ့ရဲ့ အရိပ်က..ခြောက်ခြားဖွယ်ရာ အသံတွေ ပြုလုပ်နေတဲ့ သတ္တဝါကို မြင်နေရပါပြီ..။
ဒါက လူသားမိန်းကလေး တစ်ယောက်မဟုတ်ပါဘူး..။
ကြီးမားတဲ့ ခြေလေးချောင်း သားရဲကြီး တစ်ကောင်က..မနက်ခင်း မြူတွေကြားထဲမှာ လျောက်သွားနေခဲ့တယ်..။သူ့ရဲ့ အသွေးအသား တွေက ပုပ်ပြီး ပိန်လှီ နေခဲ့ပါပြီ..။ဆန်နီက ပုပ်နေတဲ့ အသားတွေ ကြားထဲကနေ သူ့ရဲ့ အရိုးတွေကိုတောင် မြင်နေခဲ့ရတယ်..။သူ့မှာ သန်မာတဲ့ မေးရိုးတွေ ရှိပြီး ဦးခေါင်းက ခွေးတစ်ကောင်လို ပုံစံဖြစ်ကာ..ကြောက်စရာ သွားတွေ ရှိနေခဲ့တယ်..။
ဒီ သားရဲက..ပျက်စီးနေတဲ့ မြို့ အတွင်းက ကျရှုံးမူ အဆင့် သားရဲတစ်ကောင်ဆိုတာ သိဖို့ တစ်စုံတစ်ယောက်က အရမ်းဥာဏ်ကောင်းနေစရာ တောင် မလိုအပ်ပါဘူး..။
သူ ကြည့်နေတုန်းမှာပဲ..သားရဲကြီးဟာ သူ့ရဲ့ ပါးစပ်ကို ဖွင့်ပြီး..ရှည်လျားတဲ့ လူသားတစ်ယောက် ငိုကြွေးသံလို ပြုမူနေခဲ့တယ်..။ပြီးတာနဲ့ သူက ရပ်တန့်ပြီး တစ်ခုခုကို နားစွင့်နေခဲ့ပါတယ်..။သူ့ကို ကြည့်ရတာက တစ်ခုခု တုန့်ပြန်လာမှာကို စောင့်နေတဲ့ပုံပါပဲ..။ဘာသံမှ မကြားရတဲ့ အချိန်မှ သူက ခေါင်းကု ငုံ့ကာ လမ်းကို ဆက်သွားခဲ့ပါတယ်..။
ကံကောင်းစွာပဲ..သူတို့ ပုန်းနေတဲ့နေရာက သားရဲ နဲ့ နီးကပ်တယ် ဆိုပေမယ့် သူ သွားနေတဲ့ လမ်းကြောင်းမှာတော့ မဟုတ်ပါဘူး..။ဘာမှ မပြောင်းလဲဘူးဆိုရင် ဒီသားရဲက သူတို့ကို မမြင်ပဲ ကျော်သွားတော့မှာပါ..။သူတို့ လုပ်ဖို့လိုတာက စောင့်နေဖို့ပါပဲ..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ငါတို့ ဒီမှာ အနည်းဆုံး ဆယ်မိနစ်လောက် နေရလိမ့်မယ်..။အဆင်ပြေသလို နေ..."
နောက်တစ်ကြိမ်ပဲ..ကိုင် က ဘာမှ မပြောခဲ့ပဲ..ဆန်နီရဲ့ စကားအတိုင်းသာ နားထောင်လိုက်ပါတယ်..။ချောမောတဲ့..အိပ်စက်သူ ရဲ့ လိမ်ညာမူကို သိနေတဲ့ စွမ်းရည်က မေးခွန်းတွေကို မေးတာကိုပါ လျော့ချပေးထားပုံပါပဲ..။
ဘာမှ လုပ်စရာ မလိုပဲ စောင့်နေရတာကြောင့် သူတို့ အနားယူဖို့ အချိန်ပိုထွက်နေခဲ့တယ်..။ဆန်နီ အဆုံးမရှိတဲ့ စမ်းချောင်း ကို ထုတ်ယူလိုက်ပြီး အေးစက် ချိုမြ တဲ့ ရေကို မော့သောကိလိုက်ပါတယ်..။ကိုင် သူ့ကို စိုက်ကြည့်နေတာကို သတိထားမိလိုက်တာကြောင့် သူ လှပတဲ့ ဖန်ပုလင်းကို ကမ်းပေးလိုက်တယ်..။
ချောမောတဲ့ လူငယ်လေးဟာ..ရေငတ်ပြီး သေတော့မယ့်လူတစ်ယောက်လို အငမ်းမရ ယူပြီး သောက်လိူက်တယ်..။
သေချာတွေးကြည့်တဲ့ အချိန်မှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး ဆန်နီမေးလိုက်တယ်..။
"သူတို့ မင်းကို ရေတိုက်တာ ဘယ်တုန်းက နောက်ဆုံးလဲ "
ကိုင် ရေသောကိနေတာ ရပ်လိုက်ပြီး နှုတ်ခမ်းကို သပ်ကာ..ပြုံးပြီး ပြောလိုက်ပါတယ်..။
"အာ..လွန်ခဲ့တဲ့ နှစ်ရက် သုံးရက် လောက်ကလို့ ငါ ထင်တယ်.."
သူ ရေဗူးကို ပြန်ပေးကာ ဆန်နီကို သိချင်စွာကြည့်လိုက်တယ်..။
"ဟေး ဆန်နီ ငါမင်းကို တစ်ခုလောကိ မေးလို့ရမလား.."
ဆန်နီ ထိပ်လန့်သွားပြီး ချောမောတဲ့ လေးသည်တောကို နက်မှောင်စွာကြည့်လိုက်တယ်..။
"မေးလေ..."
သို့ပေမယ့် သူ့မျက်လုံးတွေကတော့ မမေးဖို့ အရိပ်အယောင်တွေ ပြနေခဲ့ပါတယ်..။
သို့ပေမယ့် ကိုင်က ဒီအရာကို ဂရုမစိူက် မိတာလား ..အလေးမထားတာလား ဆ်ိုတာ မပြောတတ်ပေ..။
"မင်း က မေ့ပျောက်ကုန်းမြေကို ဒီနှစ် ဆောင်းယဥ်စွန်းတန်းမှာ လာခဲ့တာမလား..."
"အင်း.."
ဆန်နီ အသက်ရူ ရပ်ထားပြီး ချောမောတဲ့ အိပ်စက်သူ ဘာမေးမလဲ ဆိုတာကို စောင့်နေခဲ့တယ်..။သူတို့ ဝင်္ကပါ ထဲမှာ ဘယ်လိုရှင်သန်ခဲ့ကြတာလဲ..။ငါလို့ ရဲတိုက်မှာ မနေတာလဲ..။ပျက်စီးနေတဲ့ မြို့ထဲမှာ ဘယ်လို ရှင်သန်နေတာလဲ..။မေးခွန်းတစ်ခု ချင်းစီတိုင်းက ကပ်ဆိုးတစ်ခုကို ဦးတည်သွားနိုင်တာပါ..။
ကိုင် အရှေ့ကို တိုးကာ စိတ်လှုပ်ရှားနေတဲ့ မျက်လုံးတွေနဲ့ မေးလိုက်တယ်..။
"..အဲ..အဲဒီက ထိပ်တန်း ဇယားမှာ အခု နံပါတ်တစ်ဖြစ်နေတဲ့ ..သီချင်းနာမည်က ဘာလဲ..."
ဆန်နီ မျက်တောင်ခတ်တတ်တယိ..။
"ဟင်..ဘာကြီးလဲ.."
ဒါက လုံးဝ ဆန်နီ ထင်မှတ်ထားတဲ့ မေးခွန်းမဟုတ်ပါဘူး..။ချောမောတဲ့ လူငယ်လေးက သူ့ကိူ မျှော်လင့်ချက် အပြည့်နဲ့ ကြည့်နေတာကို သတိထားမိလိုက်ပြီးအကြည့်ကိူလွှဲကာ မသေချာစွာ ဖြေလိုက်တယ်..။
"အဲတာတော့...ငါလည်း မပြောတတ်ဘူး.."
ကိုင် သက်ပြင်းချလိုက်တယ်..။သိသာစွာပဲ သူ စိတ်ပျက်သွားခဲ့တာပါ..။သိူ့ပေမယ့် သူက ချက်ချင်းဆိူသလိုပဲ ပြန်ပြီး ပြုံးလိုက်တယ်..။
ဒီအပြုံးက..အတော်လေးကို မိန်းမောစရာ ကောင်းတာပါ..။
"...ငါ မင်းကို နောက်တစ်ခုလောက် ထပ်မေးလို့ရနိုင်မလား...."