← Chapters

မျှော်လင့်ချက် သုသာန်

Vol. 8 Ch. 121

မျှော်လင့်ချက် သုသာန်

Vol. 8 Ch. 121

#ဘာသာပြန် = စနိုးဝှိုက်

နောက်ထပ် ဆယ်မိနစ်လောက် အရောက်မှာတော့ ဆန်နီ ရဲ့ အမြင်တွေက ပိုပိုပြီး ကျယ်လာခဲ့ပါပြီ..။ကိုင် ကတော့ မေးခွန်းတွေ အများကြီးကို ဆက်တိုက်မေးနေခဲ့တယ်..။အကုန်လုံးကတော့ အရေးကြီးတဲ့ မေးခွန်းတွေ မဟုတ်ကြပါဘူး..။

ခန့်ညားတဲ့ အိပ်စက်သူ ..ကြိုက်နှစ်သက်တဲ့ အရာတွေက အတော်လေးကို ထူးခြားပါတယ်..။ဒါက ဖက်ရှင်လှတဲ့ ရူးဖိနပ်တွေ ၊ ဆုပေးပွဲမှာ ဆယ်လီ တွေ ဘယ်ဟာတွေကို ဝတ်ဆင်ကြလဲ ဆ်ိုတာတွေ ၊ ဘယ်ဆယ်လီတွေက နာမည်ဆိုးရှိကြလဲ ၊ သူတို့ရဲ့ နာမည်ဆိုးတွေက ဘာလဲ ၊ လက်ရှိ ခေတ်စားနေတဲ့ အက က ဘာလဲ စတာတွေပါ .။

သူက ဒီလို တုံးအတဲ့ အရာတွေကို အဆက်မပြတ်မေးပြီး သိချင်နေခဲ့တယ်..။

ပိုပြီးဆိုးတာက..ဆန်နီက သူပြောတာတွေကို တစ်ခုမှ အဖြေ ပြန်မပေးနိုင်တာကြောင့် အရူးတစ်ယောက်လို ဖြစ်နေခဲ့တာပါ..။သူ ဖက်ရှင် နဲ့..တစ်ခြားယဥ်ကျေးမူတွေ အကြောင်း ဘာသိတာရှိလဲ..။သူ ဘာမှ မသိပါဘူး..။

အတော်ကြာပြီးတဲ့ နောက်မှာတော့ ကိုင် ရဲ့ စိတ်အားထက်သန်မူတွေက ပျောက်ဆုံးသွားခဲ့တယ်..။သူ သက်ပြင်းချလိုက်ပြီး နောက်ဆုံးမေးခွန်းကို မေးလိုက်ပါတယ်..။

"ဆန်နီ ..ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ..။မင်းက အစစ်အမှန်ကမ္ဘာမှာ ဟီကီကိုမီုရီ တစ်ယောက်လား.."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

'ဒီအရူးက ဘာကို ပြောချင်နေတာလဲ..'

" ဟီကီ ..ဘာဖြစ်တယ်..."

ကိုင် လည်ချောင်းကို ရှင်းလိုက်ပြီး ပြုံးကာ ဆက်ပြောလိုက်တယ်..။

"အာ..သိတယ်မလား..ရသေ့ လိုမျိုးလေ..။ကျောက်တုံးတွေ အောက်ထဲမှာ နေတဲ့လူလိုမျိုး.."

ဆန်နီ ဟာ ချောမောတဲ့ လူငယ်လေးကို အဓိပ္ပါယ်မရှိစွာပဲ စိုက်ကြည့်လိုက်တယ်..။

"မင်း ဘာတွေပြောနေတာလဲ..။ငါက ဘာလို့ ကျောက်တုံးအောက်မှာ နေရမှာလဲ..။ငါက သေလောက်အောင် အေးတဲ့ ကွန်တိန်နာ တစ်ခုထဲမှာ နေဖူးပေမယ့် အဲတာက အနည်းဆုံးတော့ လေးဘက်လေးလံ အကာအကွယ်နဲ့ အမိုးရှိနေသေးတယ်လေ.."

ကိုင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ကာ အကြည့်လွဲလိုက်ပါတယ်..။

"သိပါပြီ..အနှောက်ယှက်ပေးမိသွားပြီ..။ငါက ဒီနေရာမှာ နေလာတာ ၂ နှစ်ခွဲ လောက်ရှိပြီ။..ဒီမှာနေရတဲ့ ဘဝက အတော်လေး အထီးကျန်ဖို့ ကောင်းတယ်.."

ကိုင် ရဲ့ချောမောတဲ့ ရုပ်ရည်ဟာ ဝမ်းနည်းစရာတွေကို ပြောတဲ့ အချိန်မှာ စိတ်မကောင်းမူ တွေ ပေါ်လာခဲ့ပါတယ်..။

'၂ နှစ်ခွဲ...ဒီ ကောင်လေးက..ဒီနေရာမှာ ၂ နှစ်ခွဲလောက် ရှင်သန်နိုင်ခဲ့တာလား..'

ဆန်နီ ဒါကိုကြားပြီး အံ့ဩသွားခဲ့တယ်..။ကိုင် ကို

ကြည့်ရတာ လူကောင်းလေး တစ်ယောက်ပုံစံ ပေါ်ပေမယ့် ပြမ်းတမ်းတဲ့ မေ့ပျောက်ကုန်းမြေနဲ့တော့ သင့်တော်တဲ့ ပုံစံ မရှိပါဘူး..။ဖြစ်နိုင်တာက သူက ချောမောတဲ့ အိပ်စက်သူကို လျော့တွက်မိတာ မဟုတ်ရင်..နောက်ထပ် အကြောင်းပြချက်တစိချို့ ရှိနေလောက်သေးတာပါ..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

ဒီနေရာမှာ အရှညိကြာဆုံးနေထိုင်တဲ့ အဖွဲ့တွေလည်း ရှိနေပါသေးတယ်..။ရုတ်တရက် သံသယဖြစ်စွာပဲ သူ အေးစက်စွာ မေးလိုက်တယ်..။

"မင်းက ဂန်လောင်တို့ အဖွဲ့ကလား.."

ကိုင် သူ့ကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။

ပြီးမှ..သူ ပြန်ငြင်းလိုက်ပါတယ်..။

"ဘုရားရေ..မဟုတ်တာ..။ငါ လုံးဝ ရွံရှာ တဲ့ လူမျိုးတွေကို ပြပါ ဆိုရင် သူတို့လို ..အနိုင်ကျင့်တတ်တဲ့ လူတွေပဲ..။ဂန်လောင်ရဲ့ လက်အောက်ငယ်သားဖြစ်မယ့် အစား ငါ သေပဲ သေလိုက်မယ်..။ထပ်ပြောရရင် ဒီငနဲက စတိုင်လည်း ရှိတာ မဟုတ်ဘူး..။သူဝတ်ထားတဲ့ ချပ်ဝတ်က..ငါ မြင်ဖူးသမျှ ထဲမှာ ပုံစံ အတုံးဆုံးပဲ.."

သို့ပေမယ့်..ဒါကိုပြောပြီးနောက်မှာ သူ တိတ်ဆိတ်သွားခဲ့ပြီး..စက္ကန့်အနည်းငယ် ကြာမှ ထပ်ပြောလိုက်ပါတယ်..။

"ဒါပေမဲ့ ငါ သူ့တို့အဖွဲ့က လူတစ်ယောက်ရဲ့ အလုပ်အပ်တာကို မကြာခနလက်ခံရတယ်..။အဲတာကြောင့်လည်း သူတို့က ငါ့ရဲ့ တည်ရှိမူကို ထားထားပေးကြတာ..။ဒီတော့ ..ငါ့မှာ တကယ်ရွေးချယ်စရာ မရှိဘူး.."

ဆန်နီ ခနလောက် တွေဝေနေခဲ့ပြီးမှ..တစ်ဖက် အိပ်စက်သူကို ယုံကြည်ဖို့ဆုံးဖြတ်လိုက်တယ်..။သူက တကယ်ပဲ ဂန်လောင် ရဲ့ လူမိုက်တွေနဲ့ မတူပါဘူး..။ပြီးတော့ သူကသာ တစ်ဖွဲ့တည်းဆိုရင်..လူမိုက်တွေက သူ့ကို ဖမ်းဆီးပြီး အကျဥ်းချထားမှာ မဟုတ်ပေ..။ဂန်လောင် ရဲ့လူတွေက လွယ်လွယ်နဲ့ ထိလို့ ရတဲ့ လူတွေ မဟုတ်ကြပါဘူး...။

ဒီတော့ ကိုင် က..ဆန်နီ ထင်ထားတာထက်ကို ပိုပြီး စွမ်းဆောင်နိုင်တဲ့ လူတစ်ယောက် ဖြစ်ပုံရပါတယ်..။

'စိတ်ဝင်စားစရာပဲ '

ငိုကြွေးနေတဲ့ ကျရှုံးမူ အဆင့် သားရဲ ရဲ့ အသံပျောက်သွားတာကြောင့် ဆန်နီဟာ အရိပ်ကနေ တဆင့် အခြေအနေကို ကြည့်လိုက်တယ်..။

သားရဲကြီး အဝေးကို ရောက်သွားတာ သေချာမှ သူက ရေပုလင်းကို သိမ်းပြီး မတ်တတ်ထရပ်ကာ ပြောလိုက်ပါတယ်..။

"ငါတို့ အခု လုံခြုံသွားပြီ..သွားကြရအောင်.."

သူတို့ စပြီး ထွက်တာနဲ့ အရိပ်ကို ရှေ့ကို လွှတ်ကာ အခြေအနေတွေကို အရင်လေ့လာခိုင်းလိုက်ပါတယ်..။သို့ပေမယ့်..ဆန်နီ ရုတ်တရက် ရပ်လိုက်ပြီး..ချောမောတဲ့လူငယ်လေးကို တွေဝေစွာ ကြည့်နေခဲ့တယ်..။

"ဟေး..ကိုင်..ငါ မင်းကို တစ်ခုလောက် မေးလို့ ရမလား.."

အသက်ပိုကြီးတဲ့ အိပ်စက်သူဟာ..ရိုးသားပြီး သိချင်တဲ့ အပြုံးတွေနဲ့ ပြုံးပြနေခဲ့တယ်..။

"ဒါပေါ့.."

ဆန်နီ ..ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ထူးဆန်းတဲ့လေသံနဲ့မေးလိုက်ပါတယ်..။

"မင်းဝတ်ထားတဲ့ အကာအကွယ်လေ..။မင်း အဲတာကို ဝတ်ထားတာက..မင်းရထားတဲ့အထဲမှာ အကောင်းဆုံးတစ်ခု ကြောင့်လား ဒါမှမဟုတ် ကြည့်လို့ လှလို့လား.."

ကိုင် သူ့ကို စိတ်ရှုပ်ထွေးစွာပြန်ကြည့် လိုက်တယ်..။ပြီးကာ မှ မျက်ခုံးတစ်ဖက်ကို မြှင့်တင်လိုက်ပြီး..

"မင်း မေးခွန်းကို ငါ နားမလည်ဘူး..။အဲ့နှစ်ခုက အတူတူ မဟုတ်ဘူးလား.."

ဆန်နီ သူ့ နှာဖူးကို ရိုက်ကာ သက်ပြင်းချပြီး တစ်ဖက်ကို လှည့်လိုက်ပါတယ်..။

"ထားလိုက်ပါတော့..သွားကြရအောင်.."

နေက အထက်ကို မြင့်တက်လာတာနဲ့ အမျှ သူတို့က မြို့ရဲ့ အလယ်ဗဟိုကို တဖြည်းဖြည်းချင်း..နီးကပ်လာခဲ့ကြပါပြီ..။

***

ရဲတိုက်က ကျိန်စာသင့်မြို့ကြီးရဲ့ အလယ်က တောင်ကုန်းပေါ်မှာ ရှိနေခဲ့တယ်..။ဒါက အတော်လေးကို ခမ်းနားပြီး ဒါဇင်နဲ့ချီတဲ့..တာဝါကြီးတွေက လေထဲကို ထိုးတက်နေခဲ့ပါတယ်..။

ရဲတိုက်ကို ..သွားတဲ့ လမ်းကြောင်းကလည်း..ရဲတိုက်လိုမျိုး ခမ်းနားနေခဲ့တယ်..။ဒီလမ်းတွေက ကျဥ်းမြှောင်းပြီး တောင်ကုန်းကို ကွေ့ပတ်ပြီး ဖောက်လုပ်ထားခဲ့ပါတယ်..။ဒါက ရဲတိုက်ပေါ်က ကာကွယ်သူ တွေအတွက် အဆုံးမရှိတဲ့ မြားတွေကို ပစ်ချဖို့အတွက် အကောင်းဆုံးပါပဲ..။

လမ်းရဲ့ အဆုံးမှာတော့..ရဲတိုက်ရဲ့ ဂိတ်ပေါက်ဝကို တက်သွားဖို့ အတွက်..ခမ်းနားထည်ဝါတဲ့ လှေကား တစ်ခု ရှိနေခဲ့ပါတယ်..။သူ့ရဲ့ ရှေ့မှာတော့..ကျောက်ပြား အကြီးကြီး တစ်ခု ရှိနေပြီး..အရင်တုန်းက စစ်သားတွေ တန်းစီကာ ရန်သူကို နောက်ဆုံး နေရာအဖြစ် ခုခံကြဖို့ အသုံးပြုခဲ့ကြတဲ့ အတိုင်းပါပဲ..။

အခုအချိနိမှာတော့ တော့ ဒီနေရာမှာ ..လက်လုပ် အဆောက်အအုံတွေ ၊ ကျောက်တုံး တွေ သစ်သားတွေ နဲ့ ပြုလုပ်ထားတဲ့ အဆောက်အဦးတွေ ဟိုနေရာ ဒီနေရာမှာ..အုပ်စုလိုက် ရှုပ်ထွေးစွာ ရှိနေခဲ့ကြပါပြီ..။

ဒီနေရာက ဆန်နီ ..ရှင်သန်ခဲ့ရတဲ့ မြို့ပြင်နဲ့တော့ မတူပါဘူး..။သို့ပေမယ့်..ဒီမှာမြင်နေရတဲ့ ကြောက်လန့်မူတွေ ၊ စိတ်ပျက်အားလျော့မူတွေကတော့ တစ်ပုံစံတည်းပါပဲ..။

သူတို့နှစိယောက် ဒီနားတစ်ဝိုက်ကို ရောက်လာတဲ့ အချိန်မှာတော့ အိပ်စက်သူ အချို့ဟာ ကိုင် ကို ရင်းနှီးစွာ နှုတ်ဆက်လာခဲ့ကြတယ်..။

"ဟေး..နိုက်...တွေ့ရတာ ဝမ်းသာပါတယ် ကောင်လေး..။မင်း ဘယ်တွေပျောက်နေတာလဲ "

ကိုင် ရှက်ရွံ့စွာ ပြုံးလိုက်တယ်..။

"အာ..သိတဲ့အတိုင်းပဲ လေ..။ပျံသန်းပြီး လျောက်သွားနေတာပေါ့..။ဘာတွေ လုပ်နေလဲ..."

ချောမောတဲ့ လူငယ်လေးက သူ့ရဲ့မိတ်ဆွေတွေနဲ့ နှုတ်ဆက်နေတဲ့ အချိန်မှာတော့ ဆန်နီက ပတ်ဝန်းကျင်ကို သိချင်စွာကြည့်နေခဲ့ပါတယ်..။

ဒီနေရာက သူ နောက်ဆုံးတွေ့ခဲ့တဲ့ အကြိမ်ကထက် မသိမသာလေး ပြောင်းလဲနေခဲ့တာပါ..။အခြေအနေတွေကလည်း တစ်ပုံစံတည်းဖြစ်ပြီး..အဆောက်အဦးတစ်ချို့ရဲ့ ပုံစံလေးတွေသာ ပြောင်းလဲနေခဲ့ပါတယ်..။သို့ပေမယ့် လူတွေကတော့ ပိုပြီး တက်ကြွကာ ယုံကြည်မူ ရှိနေကြပြီး..အရင်က ရှိနေတဲ့ သေခြင်းတရားကို ကြောက်ရွံ့မူတွေ၊ ငတ်မွတ်မူတွေက ..သက်ရောက်မူ မရှိတော့တဲ့ အတိုင်းပါပဲ...။

သို့ပေမယ့်..လေထုထဲမှာ ထူးဆန်းတဲ့ ခံစားမူ တစ်ချို့တော့ ရနေပါသေးတယ်..။

'သူမလည်း ..ဒီသုံးလအတွင်း အတော်လေး အလုပ်ရှုပ်နေ လောက်မယ် ထင်တယ်...'

နောက်ဆုံးတော့ နှုတ်ဆက်တာတွေ ပြီးသွားတဲ့ ကိုင် က သူ့ဘက်ကို လှည့်လာကာ ပြုံးပြီး ပြောလိုက်တယ်..။

" ဆောရီး..."

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..

"သူတို့က မင်းကို ဘာလို့ နိုက် လို့ ခေါ်ကြတာလဲ "

ချောမောတဲ့ လူငယ်လေးဟာ သူ့ကို ကြည့်လိုက်ပြီး လည်ချောင်းရှင်းကာ ထူးဆန်းတဲ့ အသံနဲ့ပြောလိုက်တယ်..။

"အိုး..မင်းတကယ် မသိဘူးလား..။ကောင်းပြီ ..ဒါက နာမည်ပြောင် တစ်ခုပဲ..။နိုက်တင်ဂေး ...ဒါက ဒီနားတစ်ဝိုက်မှာ ငါ့ကို ခေါ်ကြတာ.."

Nightingale - ညတေးသီငှက်

'ဘယ်လို တုံးအတဲ့ နာမည်ပြောင်လဲ '

ဆန်နီ တွေးလိုက်မိတာပါ..။ပြီးတာနဲ့ သူလုပ်စရာ ရှိတာတွေကို မြန်မြန်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်..။

သူ ဒီနေရာကနေ မြန်မြန် ထွက်သွားချင်နေခဲ့ပါပြီ..။

"ကောငိးပြီ..ငါတို့ ဒီကို ရောက်လာပြီဆိုတော့ မင်းရဲ့ ဂတိကို တည်ရတော့မယ့် အချိန်ပဲ.."

ကိုင် ခေါင်းညိမ့်ပြလိုက်တယ်..။

"သေချာတာပေါ့...။ငါ ဘာလုပ်ပေးရမလဲ "

ဆန်နီ ပတ်ဝန်းကျင်က်ိုကြည့်လိုက်ပြီး ဘယ်သူမှ မရှိတာ သေချာမှ ပြောလိုက်တယ်..။

"ဒါက ရိုးရှင်းပါတယ်..။ရဲတိုက်ထဲ သွားပြီး ..ဘယ်သူက မှတ်သားမူတွေကို ရောင်းနေလဲ နဲ့ စျေးနှုန်းကို စုံစမ်းလာခဲ့..။ပြီးရင် ငါ့ဆီကို သတင်းလာပို့ပါ..."

တစ်ဖက် အိပ်စက်သူဟာ မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်တယ်..။သူ အံ့ဩသွားတယ် ဆိုတာ ထင်ရှားပါတယ်..။ပြီးမှ ပုခုံးကို တွန့်လိုက်ပြီး..

"ပြသနာ မရှိဘူး..။ဒါပေမဲ့ နည်းနည်းတော့ အချိန်ယူရလိမ့်မယ်နော်...။ဒါပေါ့..မင်း အကောင်းဆုံး သတင်းအချက်အလက်တွေကို လိုချင်တယ် ဆိုရင်ပေါ့.."

ဆန်နီ ပြန်ပြောလိုက်တယ်..။

"မင်း အဆင်ပြေသလိုသာ ကြည့်လုပ်လိုက်..။ငါ ရှေ့နားက လူသွားလမ်းကြားလေးမှာ စောင့်နေမယ်.."

ကိုင် က သူ့ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီး ပြုံးကာ ထွက်သွားခဲ့ပါတယ်..။

ကြောက်ရွံ့ပြီး ..စိတ်ဖိစီးတဲ့ ခံစားချက်နဲ့ အတူပဲ..

ဆန်နီဟာ လမ်းကြားထဲကို လျောက်သွားကာ..နံရံကို ကျောနဲ့မှီပြီး အနားယူနေခဲ့တယ်..။သူက ဘယ်သူမှ သတိမထားမိစေဖို့ အသေးငယ်ဆုံးဖြစ်အောင် နေနေခဲ့ပါတယ်..။

ဘာပဲဖြစ်ဖြစ် သူ ဒီကိုလာခဲ့ဖို့ ဆုံးဖြတ်ခဲ့တာက မှားယွင်းမူ တစ်ခု ဖြစ်နေနိုင်ပါတယ်..။သူ ဒီတိုင်း ရိုးရိုးရှင်းရှင်း လှည့်ပြန်သွားတာက ကောင်းမွန်တဲ့ ရွေးချယ်မူ ​ဖြစ်နေမလား..။

သိူ့ပေမယ့် သူ မလုပ်ခဲ့ပါဘူး..။သူ့စိတ်ထဲမှာတော့ ဒါက အခွင့်အရေး ကောင်းတစ်ခု ဆိုတာကို သိနေခဲ့တယ်..။ ဒီအခွင့်အရေးကို ယူပြီး မှတ်သားမူ တွေ များနိုင်သလောက် များများစုဆောင်းကာ သူ့ရဲ့ အရိပ်ကို မြန်မြန် သန်မာလာအောင် လုပ်ရမှာပါ..။

ဖြစ်နိုင်တာက သူ ဒီလိုအခွင့်အရေးမျိုး နောက်တစ်ကြိမ် မရနိုင်လောက်တော့ပါဘူး..။

အချိန်တွေက ဖြည်းဖြည်းချင်း ကုန်သွားခဲ့တယ်..။တစ်နာရီ ပြီး တစ်နာရီ ရွေ့လျားနေခဲ့ပါတယ်..။ကိုင်ကတော့..ဆန်နီ မေးထားတဲ့ အချက်အလက်တွေကို ကောင်းကောင်း စုဆောင်းနေလောက်ပါပြီ..။

သိူ့ပေမယ့် အခုထိတော့ ဘာမှ ဖြစ်မလာခဲ့သေးပေ..။

ဆန်နီဟာ သူ ဘာမှ မဟုတ်ပဲ..ကြောက်ရွံ့နေမိတယ်လို့တောင် စတင် ခံစားလာခဲ့ရတယ်..။သို့ပေမယ့်လည်း..သူအကြောက်ရွံ့ဆုံး အရာက လက်တွေ့မှာတော့ အမှန်တကယ်ပဲ ဖြစ်လာခဲ့ပါတယ်..။

တည်ငြိမ်ပြီး ရင်းနှီးတဲ့ အသံတစ်ခုက သူ့ရဲ့ နောက်ကနေ ထွက်ပေါ်လာခဲ့တာပါ..။

"ဟိုင်း..ဆန်နီ "

သူ အေးခဲသွားခဲ့တယ်..။ဒါက ထောင်ခြောက်ထဲမှာ မိသွားတဲ့ သားကောင် တစ်ကောင်ရဲ့ ခံစားချက် မျိုးပါပဲ..။

သူ နောက်ကို ဖြည်းညှင်းစွာ လှည့်လိုက်တဲ့ အချိန်မှာတော့ ထူးဆန်းပြီး ရှုပ်ထွေးတဲ့ အမူအရာက သူ့ရဲ့ မျက်နှာပေါ်မှာ..ပေါ်လာခဲ့တယ်..။

ဆန်နီ အားတင်းပြီး ပြုံးကာ..သူ့ရဲ့ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို လျာနဲ့ သပ်လိုက်တယ်..။ပြီးမှ သူ ပြောလိုက်ပါတယ်..။

"...ဟေး , နစ် မတွေ့တာကြာပြီနော် "

စာစဥ် ( ၈ ) ​ြ​ပီးပါ​ြ​ပီ ။

All Chapters