← Chapters

လေဟာနယ်ဖြတ်ခြင်း၊ ခရီးစဉ်အသစ်စတင်ခြင်း

Vol. 72 Ch. 1421

လေဟာနယ်ဖြတ်ခြင်း၊ ခရီးစဉ်အသစ်စတင်ခြင်း

Vol. 72 Ch. 1421

ပေထင်းဟွမ် ဟွမ်ချန်းမှလူများအတွက် ဝိညာဉ်အဆင့်ခွဲဆေးနှင့် နတ် အဆင့်ခွဲဆေးတို့ သန့်စင်ချိန်က ကစဥ့်ကလျားနတ်ဘုရားအရင်းအမြစ်များစွာ ကိုရောနှောခဲ့သည်။ နတ်အဆင့်ခွဲဆေးသောက်ပြီးနောက် သခင်ကြီးလေးဦးတို့ သည် သားရဲများကို ထိန်းကျောင်းနိုင်လာသည်။ ပေထင်းဟွမ်သည် သူတို့ သင်ယူထားသည့် မှော်ပုံသေနည်းကို တစ်ခုချင်းစီသင်ပေးသည်။

ဝိညာဉ်အလင်းအနည်းငယ်သည် ပေထင်းဟွမ်၏လက်ချောင်းများကို ဖြတ်၍ သူတို့၏နဖူးထဲသို့ ရွှေရောင်အလင်းခန်းစီးကဲ့သို့ဝင်သွားရာ ဝင်သွား သော သင်ခန်းစာများကြောင့် သူတို့သည် ချက်ချင်းပင် ပျော်သွားကြ၏။

“ဒါ ပစ္စည်းကောင်းပဲ၊ ဒီလိုဆိုရင် ငါတို့တွေ ၃၃ ကောင်းကင်ဘုံကိုသွားတဲ့ အချိန်ကျရင် ပိုပြီးယုံကြည်ချက်ရှိလာတော့မှာ” ထိုအခိုက်အတန့်တွင် ပေထင်းချင်းသည် အလွန်ပင် စိတ်သက်သာသွား၏။ တစ်ချိန်တည်းမှာပင် ခါးသီးမှုလည်းရှိလာသည်။

ခွဲခွာရတော့မည်။ သို့သော် ကံကောင်းစွာပင် ခွဲခွာခြင်းအစသည် မကြာမီ တွင် ပြန်လည်တွေ့ဆုံရမည့်အဓိပ္ပာယ်ပင်ဖြစ်သည်။

လူတစ်စုသည် တမလွန်နန်းတော်မှ တိတ်ဆိတ်စွာထွက်ခွာသွားကြ၏။ သူတို့ ပေထင်းဟွမ်အား စိုးရိမ်နေကြချိန်တွင် ပေထင်းဟွမ်သည် သူတို့ကို စိုးရိမ် နေခဲ့သည်။

အစီအရင်ဝင်ပေါက်တွင်ရပ်လိုက်ချိန်တွင် ထိုအချိန်က ပေထင်းဟွမ်၏ ခံစားချက်အတိုင်းပင် အပြင်ကောင်းကင်မှာ ကြည်လင်နေပြီဖြစ်သည်။ မြူခိုး မည်းများမရှိတော့သည့် ရွှံ့နွံတောနက်ကို သူမ ကြည့်လိုက်သည်။ ဝူကျီတောင် နှင့်မဝေးလှသော တောင်တစ်လုံးပေါ်တွင် အစီအရင်သည် ထူးဆန်းသော အလင်းနှင့်အတူလက်နေပြီး ထိုအစီအရင်သည် အမှောင်နတ်မိစ္ဆာဘုံရှိရာ ဘက် ဖြစ်သည်။

အဝေးကောင်းကင်တွင် ပုံရိပ်သုံးခုသည် ကူးလာနေပြီဖြစ်သည်။ သူတို့ သည် ရှီရှောင်မိုတို့သုံးယောက်ဖြစ်သည်။ ပုံရိပ်သုံးခုသည် လျင်မြန်စွာပင် ဆင်း သက်လာပြီး ပေထင်းဟွမ်တို့ရှိရာဘက်သို့ လျှောက်လာသည်။ ရှီရှောင်မိုသည် ပေထင်းဟွမ်တို့အဖွဲ့ကိုမြင်လိုက်ရချိန်တွင် အနည်းငယ် ဝမ်းနည်းမိလေသည်။ သူမသည် ရယ်မောရင်းပြောလိုက်သည် “ဘာတွေဖြစ်နေကြတာလဲ၊ နောက်ကို တစ်ယောက်နဲ့တစ်ယောက် ပြန်မတွေ့ရမှာလည်းမဟုတ်ဘဲနဲ့ ဘာတွေ ဝမ်းနည်းနေကြတာလဲ”

ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးကာ ခေါင်းညိတ်ပြီးပြောလိုက်သည် “ဟုတ်တယ် မကြာခင်ပြန်တွေ့ကြမှာပဲ၊ ကျွန်တော် အမှောင်နတ်မိစ္ဆာဘုံကနေ မန္တလာမြေ၊ မန္တလာမြေကနေ ၃၃ ကောင်းကင်ဘုံကို ခရီးသွားဖြစ်မယ်၊ ဘိုးဘိုး တို့ အစ်ကိုကြီးတို့ အရင်သွားနှင့်ကြပါ”

“မဟုတ်ဘူး မင်း သွားတာကို ငါတို့ကြည့်နေမယ်” ပေထင်းချင်းသည် မျက်ရည်များကျလာသည်။ သူသည် ရှေ့တိုးကာ ပေထင်းဟွမ်အား ပွေ့ဖက် လိုက်သည် “လိမ္မာလိုက်တဲ့ကော်ငလေး ဘိုးဘိုးက မင်းကို ၃၃ ကောင်းကင်ဘုံ မှာ စောင့်နေမယ် မင်းမိဘတွေကို ရှာတွေ့တွေ့ မတွေ့တွေ့ ၃၃ ကောင်းကင်ဘုံ ကိုလာရမယ်နော်”

“လာမှာပါ” ပေထင်းဟွမ်သည် မျက်ရည်မကျအောင် ကြိုးစားရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“ရှောင်ကျို့ မင်းသိလား မင်းရဲ့အစ်မကျင်းက ပင်မတိုက်ကြီးမှာပဲရှိသေး တယ်၊ အစ်ကိုရှီမန်ကပြောတယ်လို့ပြောပေးလို့ရမလား ငါတို့နိုင်ရင် တစ်နေ့ ပြန်လာမှာပါလို့” ရှီမန်ဆုန်းသည် ပေထင်းဟွမ်အားမေးနေခြင်းဖြစ်သော်လည်း အသံမှာပြတ်သား၍နေသည်။

“သေချာပေါက်ပဲပေါ့” ပေထင်းဟွမ် ရယ်မောလိုက်သည် “ဒါက ကျွန်တော်တို့ရဲ့အိမ် ကျွန်တော်တို့အုတ်မြစ်ပဲ၊ တိုက်ကြီးသုံးခုကိုယန်ယဲ့ခွဲခဲ့တာ၊ တစ်ချိန်ကျရင် ခွဲခွာမှုဆိုတာမရှိတော့ဘူး”

“ဟုတ်ပြီ” တုန်ဖန်းအောင်သည် ရှေ့တိုးကာ ပေထင်းဟွမ်နှင့် လက်ဝါးချင်းရိုက်လိုက်သည် “ပန်းတိုင်အတွက် အတူလုပ်ကြတာပေါ့”

ပေထင်းချင်းနှင့်တခြားသူများ ထွက်မသွားသေးပေ။ သူတို့သည် ထိုနေရာ တွင်ရပ်ပြီး ပေထင်းဟွမ်နှင့် ရှီရှောင်မိုတို့ တောင်ထိပ်အစီအရင်ဆီသို့ ဦးတည် နေသည်ကို ကြည့်နေကြသည်။ ထိုနေရာတွင် ငွေရောင်အလင်းတန်းသည် မိုး ပေါ်သို့ တည့်တည့်ထိုးတက်သွားကာ အလင်းသည် လေထဲတွင် တဖြည်းဖြည်း လှည့်ပတ်နေသည်။ ထိုအခိုက်အတန့်တွင် အားလုံး၏မျက်လုံးထဲမှ မျက်ရည် များကျလာ၏။

၁၅ နှစ်၊ သူမသည် ၁၅ နှစ်သာရှိသေးသည်။ သူမသည် တစ်ယောက်တည်း အမှောင်နတ်မိစ္ဆာဘုံသို့ သွားရသည်။

ပေထင်းကျင်သည် လက်ထဲမှ အထွတ်အထိပ်လက်နက်ကို ဂရုတစိုက်ရှိ သည်။ ထိုအခိုက်အတန့်တွင် သူသည် ပေထင်းဟွမ်နောက်သို့လိုက်ကာ အမှောင်နတ်မိစ္ဆာဘုံသို့ သွားချင်သည်။ ၃၃ ကောင်းကင်ဘုံသည် သူ့ကို ပိုလိုအပ်သည်ဟု တွေးပြီး သူသည် ထိုလက်တွေ့မဆန်သည့်အတွေးကို ရပ်တန့်ကာ ခြေလှမ်းများကို တဖြည်းဖြည်းရုတ်သိမ်းလိုက်သည်။

All Chapters