အမှောင်နတ်မိစ္ဆာဘုံ
Vol. 72 Ch. 1422
ပေထင်းဟွမ်သည် အစီအရင်ပေါ်သို့မတက်ခင် လှည့်ကြည့်လိုက်သည်။ သူတို့အား ရင်ထဲတွင် ထွင်းထုချင်သည့်အလား သူမ၏မျက်လုံးများသည် လူ ၈ ယောက်၏မျက်နှာများကို တစ်ယောက်ချင်းစီ ကြည့်လေသည်။ ထို့နောက် သူမ သည် ပင်မတိုက်ကြီးတစ်ခုလုံးကိုကြည့်သည်။ သူမ၏ခြေထောက်အောက်မှ တောင်နှင့်မြစ်များသည် သူရဲကောင်းဆန်သောခံစားချက်ကို ကြားလိုက်ရမည် ဖြစ်သည်။ သူမ၏အသံတွင် နတ်စွမ်းအားရစ်ပတ်ကာ ပင်မတိုက်ကြီး၏ ထောင့် တစ်ခုချင်းစီကို ပျံ့နှံ့သွားလေသည် “တစ်နေ့ ငါ ပေထင်းဟွမ် ပြန်လာမယ်”
ပြောပြီးသည်နှင့် တွန့်ဆုတ်မှုကို ကွယ်ဝှက်ကာ ပြတ်သားမှုအဖြစ် ပြောင်းလဲလိုက်ကာ ရွှေ့ပြောင်းအစီအရင်ထဲသို့ဝင်လိုက်သည်။
ရှီရှောင်မိုတို့သုံးယောက်လည်း ရွှေ့ပြောင်းအစီအရင်ထဲသို့ နောက်မှ လိုက်ဝင်ကြသည်။ ချက်ချင်းပင် ရွှေ့ပြောင်းအစီအရင်ထဲမှ အလင်းသည် စတင် မရပ်မနား လည်ပတ်တော့သည်။ ပေထင်းချင်းတို့သည် ပေထင်းဟွမ်၏ ပုံရိပ် ပိုပိုပြီးဝါးလာကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်ကိုပင် မြင်နေရသည်။
“သူသွားပြီ ငါတို့လည်း သွားကြတာပေါ့” ပေထင်းချင်းသည် သက်ပြင်းချ ကာ မိုးပေါ်သို့ခေါင်းမော့ကြည့်သည်။ အနီရောင်နေလုံးနီနီသည် နှစ်ပေါင်းများ စွာ မြူခိုးဆိုင်းနေခဲ့သည့် ဤမြေတွင် ထွက်ပေါ်လာပြီဖြစ်သည်။ ဂုဏ်ယူခြင်း အာရုံဖြင့် ရင်ဘတ်ကိုကော့လိုက်သည် “ဖြစ်နိုင်သလောက် မြန်မြန် ၃၃ ကောင်းကင်ဘုံကို သွားကြတာပေါ့”
“ဟုတ်တယ် ကျွန်တော်တို့က လူများတာပဲ ရှောင်ကျို့ တစ်ယောက်ကို အဆုံးရှုံးမခံနိုင်ဘူး” ရှီမန်ဆုန်း ရယ်မောလေသည်။
“ကျွန်တော်လည်း ၃၃ ကောင်းကင်ဘုံကို မကြာခင်သွားမယ်၊ နတ်ဘုရား အဆင့်ကို ဖြတ်ကျော်နိုင်တာနဲ့ အဘိုးတို့ဆီကိုလာခဲ့မယ်” ချင်းယွိသည်လည်း တိတ်တဆိတ် ဆုံးဖြတ်ချက်ချထားသည်။ ထိုနေရာသို့ရောက်လျှင် သူသည် တခြားအင်အားစုများသို့ ဝင်မည်မဟုတ်ဘဲ ပေထင်းဟွမ်၏ ခိုင်မာသော နောက်ခံဖြစ်ပေးမည်။
တကယ်တော့ ထိုအရာလည်းကောင်းသည်။ သို့သော် ခြင်းတစ်ခြင်းထဲသို့ ကြက်ဥအားလုံးထည့်လိုက်ခြင်းသည် အမျှော်အမြင်မရှိသော ရွေးချယ်မှုပင်ဖြစ် သည်။
ပေထင်းချင်းနှင့်တခြားသူများထွက်သွားပြီး ၁၀ နှစ်ကြာသောအခါ ချင်းယွိသည်လည်း ပင်မတိုက်ကြီးမှ နာမည်ကျော်သည့်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ၃၃ ကောင်းကင်ဘုံသို့သွားသည်။ ၃၃ ကောင်းကင်ဘုံတွင် ခိုင်မာ သောအင်အားစုတစ်ခုတည်ထောင်သည်။ သေချာပေါက်ပင် ထိုအရာများသည် နောက်ပိုင်းတွင်ဖြစ်လာသည်။
အမှောင်နတ်မိစ္ဆာဘုံသည် နတ်မိစ္ဆာနတ်ဘုရားမကျဆုံးခင်က နတ်မိစ္ဆာ ဝိညာဉ်စစ်အတွင်းတွင် ပွင့်လာခဲ့သည့်လေဟာနယ်တစ်ခုဖြစ်သည်။ သူသည် ပတ္တမြားကမ္ဘာမြေတစ်ခုလုံးမှ နတ်မိစ္ဆာကျင့်ကြံသူအားလုံးကို ထိုနေရာသို့ ပို့ခဲ့ သည်။ ပေမင်း၏ဖော်ပြချက်အရ ၎င်းသည် ပင်မတိုက်ကြီးထက် မလျော့နည်း သည့် နေရာရှိသည့်လေဟာနယ်ဖြစ်သည်ဟု ပေထင်းဟွမ်သိခဲ့ရသည်။ ဤနေရာတွင် တောင်များစွာရှိသည်။ မြောက်ပိုင်း အမြင့်ဆုံးတောင်ထိပ်မှ နှင်း သည် အရည်ပျော်ပြီး မြစ်နှစ်စင်းဆီသို့ စီးဆင်းကာ တောင်နှင့်မြောက်ခွဲသည်။
နတ်မိစ္ဆာနတ်ဘုရား ဤလေဟာနယ်ကို ဖန်ဆင်းခဲ့စဉ်က ၎င်း၏ခွန်အား အဆုံးသတ်ရောက်နေပြီဖြစ်သည်။ လေဟာနယ်၏ ဖွဲ့စည်းပုံသည် မတည်ငြိမ် ပေ။ အစွန်ကိုဖြတ်ကာ လေဟာနယ်မုန်တိုင်းပင် ဖြစ်လေ့ရှိသည်။ လူတစ်ဦး သို့မဟုတ် သားရဲတစ်ကောင် မည်မျှပင် အားကောင်းစေကာမူ လေဟာနယ် မုန်တိုင်းဖြင့် ထိမိပါက သူတို့သည် လေဟာနယ်ရှုပ်ထွေးမှုတွင် ပါဝင်ပျက်စီး သွားမည်ဖြစ်ကာ လမ်းပင်ရှိတော့မည်မဟုတ်ပေ။
ဤနေရာသည် နတ်မိစ္ဆာစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့ ပူးတွဲတည်ရှိ သော နေရာဖြစ်သည်။ သို့သော် မှော်စွမ်းအင် သို့မဟုတ် ဝိညာဉ်စွမ်းအားနှစ်ခု လုံးပါဝင်မှု မမြင့်မားပေ။ လေဟာနယ်အား ဖိနှိပ်ရန်အတွက် အမှောင်နတ်မိစ္ဆာ ဘုံ၏ အားအကောင်းဆုံးလူ၏ခွန်အားသည် အရှင်ထိပ်ဆုံးအဆင့်ကိုသာ ရောက်နိုင်သည်။ သို့သော် ပေမင်းပြောသလိုပင် အမှောင်နတ်မိစ္ဆာဘုံ၏ အရှင် ခွန်အားကို အထင်မသေးမိစေလိုပေ။ သူတို့ကို တခြားဘုံသို့ ခေါ်သွားလိုက်ပါ က ၃၃ ကောင်းကင်ဘုံ၏ အရှင်ကြီးအဆင့်ထက် မလျော့ပေ။
“မှော်စွမ်းအားက လူသားတွေ ဒါမှမဟုတ် သားရဲတွေကို အားအကောင်း ဆုံး စွမ်းအားရအောင်လုပ်ပေးနိုင်တယ်”
အမှောင်နတ်မိစ္ဆာဘုံတွင် မှော်စွမ်းအားသည် ကောင်းကင်နှင့်မြေကြီး အကြားတွင် ပြန့်ကျဲနေသဖြင့် ကျင့်ကြံသူများအတွက် စွမ်းအင်အရင်းအမြစ် မဖြစ်နိုင်ပေ။ နတ်မိစ္ဆာစွမ်းအင်သည် ပင်မတိုက်ကြီးထက် အနည်းငယ် သန်မာ သော်လည်း အမှောင်နတ်မိစ္ဆာဘုံရှိ အားကောင်းသော စိတ်ဆန္ဒကို မကျေနပ် စေနိုင်ပေ။ သူတို့ ကောင်းကင်အဆင့်သို့ ဝင်သည်နှင့် မှော်အရင်းအမြစ် ကျောက်တုံးကို ရရန်နှင့် မှော်အရင်းအမြစ်ကျောက်တုံးမှ ပေါများသော စွမ်းအင်ကို စုပ်ယူရန် ကြိုးစားရမည်ဖြစ်သည်။
မှော်အရင်းအမြစ်ကျောက်တုံး ရလေလေ ခွန်အား သန်မာလေဖြစ်သည်။ ဤဘုံတွင်လျှောက်သွားရာတွင် အသက်သည် အကောင်းဆုံး အာမခံဖြစ်လေ သည်။
ပေမင်း၏ မိတ်ဆက်ကိုနားထောင်ပြီးနောက် ပေထင်းဟွမ်သည် အရင် ဘဝက တောင်ပစိဖိတ်သမုဒ္ဒရာတွင်တည်ရှိသည့် ကျွန်းများကို အလည်အပတ် သွားခဲ့သည်ကို ပြန်အမှတ်ရမိသည်။ ထိုကျွန်းတွင် ကမ္ဘာပေါ်ရှိ တိုက်ကြီးများမှ အလိုရှိသည့် အပြစ်သားများ စုဝေးနေကြသည်။ အားလုံးသည် ရက်စက်ကြသူ များဖြစ်ကြသည်။ ထိုကျွန်းတွင် အသက်ရှင်နိုင်သူသည် မြို့တစ်မြို့ကို ဖျက်စီး နိုင်သည့်ခွန်အားရှိကြသည်။
ထို့ကြောင့် ပေမင်းပြောသလိုဆိုလျှင် အမှောင်နတ်မိစ္ဆာဘုံ၏ အရှင်သည် ၃၃ ကောင်းကင်ဘုံ၏ အရှင်ကြီးအဆင့်နှင့် ယှဉ်နိုင်လေသည်။