← Chapters

တတိယအဆင့်ကျွမ်းကျင်သူပဲဟာ

Vol. 72 Ch. 1423

တတိယအဆင့်ကျွမ်းကျင်သူပဲဟာ

Vol. 72 Ch. 1423

နေ၏ အဝါရောင်ခပ်ဖျော့ဖျော့သည် မိုးပေါ်တွင် တွဲလွဲခိုနေသည်။ မှောင်မည်းသောကောင်းကင်ကို ဖြတ်၍ နေရောင်သည် ဘဲဥငန်အနှစ်ကဲ့သို့ ဖြစ်နေကာ ကမ္ဘာမြေကြီးကို တောက်ပစေလျှင်တောင် လူအများကို အေးစက် သောခံစားချက်ကို ပေးစွမ်းလေသည်။

သတ်ဖြတ်ဝိညာဉ်တောင်တန်းသည် အမှောင်နတ်မိစ္ဆာဘုံ၏ မြောက်ဘက်တွင်တည်ရှိသည့် အမြင့်ဆုံးတောင်ဖြစ်သည်။ ၎င်းသည် အမှောင် နတ်မိစ္ဆာဘုံတစ်ခုလုံးတွင် အန္တရာယ်အများဆုံးလည်းဖြစ်သည်။ နတ်မိစ္ဆာ သားရဲများခိုင်မာစွာအမြစ်တွယ်နေပြီး ရက်စက်သောငှက်များ နေရာတိုင်းတွင် ရှိသည်။ အန္တရာယ်သည် နေရာတိုင်းတွင်ရှိကာ လူအရောက်အပေါက်နည်း သည်။ မြင့်မားသောတောင် ၉ လုံးဖြင့် ဝန်းရံလျက်ရှီကာ အလယ်တွင် သေးငယ် သော ကန်တစ်ခုရှိသည်။ ကန်အလယ်တွင် ကျောက်စိမ်းဘောင်တစ်ခုရှိသည်။ တောင်ထိပ် ၉ လုံးနှင့်အတူ ပင်မတိုက်ကြီးနှင့် အမှောင်နတ်မိစ္ဆာဘုံတို့ကို ဆက်သွယ်ပေးထားသည့် တစ်လမ်းသွား ရွှေ့ပြောင်းအစီအရင်တစ်ခုရှိသည်။

ပေထင်းဟွမ်တို့ ‌ရွှေ့ပြောင်းအစီအရင်မှထွက်လာသည်မှာ နှစ်ရက်ကြာ မြင့်ပြီဖြစ်သည်။ ရှီရှောင်မို၏ လမ်းညွှန်မှုအောက်တွင် သူတို့လေးယောက်သည် ယာယီနားခိုရန် တောင်အနားရှိ သန့်ရှင်းသော ဂူတစ်ဂူကို ရှာတွေ့လေသည်။ သူတို့ အမှောင်နတ်မိစ္ဆာဘုံသို့ လာရသည့် ရည်ရွယ်ချက်မှာ အမှောင်အရင်း အမြစ်ကိုရရှိရန်ဖြစ်သည်။ သူတို့အတွက် ယခုအချိန်သည် ဤဘုံသို့ ပထမဆုံး အကြိမ်ရောက်ခြင်းဖြစ်ပြီး မှော်စွမ်းအားပါဝင်မှုသည် အလွန်သန်မာလှသည်။ ပင်မတိုက်ကြီး သို့မဟုတ် ၃၃ ကောင်းကင်ဘုံတို့နှင့်ယှဉ်လျှင် ဤနေရာတွင် မှော်စွမ်းအားမရှိသလောက်ပင်။

ပထမဆုံးလအတွင်းတွင် ခန္ဓာကိုယ်ထဲမှ မှော်အစေ့ပျိုးခြင်းနှင့် ခန္ဓာကိုယ် အတွင်းအပြင်မှ မှော်ဖိအား ကွာခြားမှုကို ထိန်းညှိရသည်။ ထိုအခါမှပင် သူတို့ သည် အဆင့်တက်ရန်အတွက် မှော်အရင်းအမြစ် ယုတ်လျော့သည့်ကိစ္စကို စိတ်ပူရန်မလိုမည်ပင်။

သို့သော် မှော်အစေ့ပျိုးခြင်းသည် မလွယ်ကူလှပေ။

ပေထင်းဟွမ်အတွက် မှော်စွမ်းအားသည် ဖြားယောင်းနိုင်ခြင်းမရှိပေ။ သူမ၏ခန္ဓာကိုယ်ထဲတွင် ဘိုးဘေးကျောက်တုံးအပိုရှိသည်။ ဘိုးဘေးကျောက် တုံးတွင်ပါဝင်သည့် မှော်စွမ်းအင်ပေါများမှုသည် တွေးမရနိုင်လောက်အောင် ဖြစ်လေသည်။ ထို့အပြင် သူမ၏လက်ပတ်ထဲရှိ ဘုံတွင် နတ်ဆိုးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့ပါဝင်သည်။ အမှောင်နတ်မိစ္ဆာဘုံနှင့်ယှဉ်လျှင် မည်မျှ ပေါများသည်ကိုတော့ မသိနိုင်ပေ။

ရှီရှောင်မိုတို့သုံးယောက်သည် ဂူထဲတွင် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင် နှင့်မြေကြီးအကြားမှ မှော်စွမ်းအင်ကိုစုပ်ယူသည်။ တစ်လအချိန်သည် သူတို့ အတွက် အလွန်တန်ဖိုးရှိလှသည်။ သည်လိုနှင့်ပေထင်းဟွမ်သည် ဂူပေါက်ရှေ့ တွင် ခဏကြာအောင် ဝေ့လည်ကြောင်ပတ်လုံပ်ပြီးနောက် အနီးအနားကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့သုံးယောက်သည် ကျင့်ကြံနေခြင်းဖြစ်သော်လည်း အန္တရာယ်တစ်စုံ တစ်ရာမရှိပေ။ ချီဖေးတို့ညီအစ်ကို၏ခွန်အားသည် အရှင်အဆင့်ကိုရောက်နေ ပြီဖြစ်သည်။ ရှီရှောင်မိုသည် အရှင်ကြီးအဆင့်ရှိသည့် သန်မာသောလူဖြစ်သည်။ ဤဘုံတွင် သူတို့အသက်ကိုယူနိုင်မည့်သူ ရှားလိမ့်မည်။ အဆိုးဆုံးမှာ အသက် ကတ်ပြားကိုချေမွပြီး ၃၃ ကောင်းကင်ဘုံသို့ ပြန်ခြင်းသာဖြစ်သည်။

ဆန့်ကျင်ဘက်အနေနှင့် ပေထင်းဟွမ်သည် နတ်ဘုရားဘုရင်ထိပ်ဆုံး အဆင့်သာဖြစ်သေးသည်။ ဤဘုံတွင် ခွန်အားအရာတွင် သူတို့သည် တတိယ အဆင့် ကျွမ်းကျင်သူသာဖြစ်သည်။ နတ်ဘုရားဧကရာဇ်၊ နတ်ဘုရားဘုရင် သို့မဟုတ် အရှင်ဖြစ်စေ ပေထင်းဟွမ်အား သေသည်အထိ ချေမှုန်းနိုင်သည်။

ပေထင်းဟွမ်သည် ပင်မတိုက်ကြီးတွင် အမှိုက်တစ်စဖြစ်ခဲ့ဖူးသည်။ လက်ရှိတွင် သူမသည် ခွန်အားအောက်ခြေဆိုသော်လည်း ခေါင်းငုံ့ခံနေမည့်သူ မဟုတ်ပေ။

မျက်နှာချင်းဆိုင်တောင်ကိုကြည့်ပြီး ပေထင်းဟွမ်၏ နတ်အာရုံသည် အဘက်ဘက်သို့ ပျံ့နှံ့နေသည်။ သူမ၏ပတ်ပတ်လည်တွင် ရက်စက်သော ငှက် နှင့် သားရဲများ မည်မျှများပြားသည်ကို ခံစားနိုင်လေသည်။ သူတို့သည် သူမအား အချိန်မရွေးတိုက်ခိုက်တော့မည့်အလား ကြီးမားသောမျက်လုံးများ ဖြင့် ကြည့်နေသည်။

ပေထင်းဟွမ်၏လက်သည် ခါးကိုပုတ်လိုက်ရာ လက်ထဲတွင် ဓားပျော့ ရောက်လာသည်။ သူမ၏ပုံရိပ်သည် လေထဲတွင် လှုပ်ရှားသွားပြီး တံလျှပ်ပုံရိပ် များသည် ဥက္ကာခဲအမြီးကဲ့သို့ပေါ်လာကာ တောင်များအကြား မြူခိုးထဲတွင် ပေါ်လာသည်။ သူမ၏ခန္ဓာကိုယ်သည် မျက်နှာချင်းဆိုင်တောင်ဆီသို့ ရောက် သွားပြီဖြစ်သည်။

နယ်နိမိတ်တွင်နင်းရင်း ပေထင်းဟွမ်သည် ထပ်မလှုပ်ရှားရဲတော့ပေ။ လေထဲတွင် မြူခိုးများသည် လှုပ်ခါခြင်းမရှိ ရပ်တန့်နေသည်။ တောင်ပေါ်တွင် လေမရှိသည့်ပုံပင်။ မြက်ဓားသွားများသည် မခံနိုင်လောက်စရာပင်။ ဖိနှိပ်မှု ကဲ့သို့ ဓားသွားကို တဖြည်းဖြည်းကွေးရာ ညတွင်အရောင်လက်လာသည်။

All Chapters