Chapters

ငှက်ပြာကဘာလဲ

Vol. 72 Ch. 1425

ငှက်ပြာကဘာလဲ

Vol. 72 Ch. 1425

ပေထင်းဟွမ်သည် နတ်ဘုရားဧကရာဇ်ထက် အားနည်းသည်ဟု ထိုအရှင်အဆင့်သားရဲ တွေးပြီး သူ့ကိုခေါ်ထုတ်ရန် အထင်သေးသဖြင့် ထို ရှေးဦးလင်းယုန်ကိုအသုံးပြုကာ ပေထင်းဟွမ်အား တိုက်ခိုက်ခဲ့သည်။

သို့သော် ထိုကြမ်းကြုတ်သောငှက်၏ခွန်အားသည် ပေထင်းဟွမ် ရင်ဆိုင် တွေ့ရဖူးသမျှထဲတွင် အသန်မာဆုံးဖြစ်သည်။ ၎င်းသည် ပေထင်းဟွမ်နှင့် ခွန်အား အဆင့် သုံးဆင့်ကွာခြားချက်ရှိကာ ဤထူးဆန်းသောကမ္ဘာတွင် လုံးဝ ခန့်မှန်း၍မရသဖြင့် ပေထင်းဟွမ် သတိထားရမည်။

“တုံးအလိုက်တဲ့လူသားတွေ၊ ဒီဘုရင်က လှုပ်ရှားမှုလုပ်လိုက်တာကို ဒီလောက်မစို့မပို့ခွန်အားလေးနဲ့ ဒီဘုရင်ရဲ့လက်ထဲကနေ ထွက်ပြေးချင်နေ တုန်းပါလား” အော်သံတစ်ခုသည် ခေါင်းအထက်မှပေါ်လာသည်။

ထိုအသံတွင် ကြီးမားသောစိတ်ဝိညာဉ်စွမ်းအားပါဝင်ရာ ပေထင်းဟွမ်၏ စိတ်ကို တိုက်ရိုက်ထိလေသည်။ အသံသည်စူးရှလွန်းရာ ပေထင်းဟွမ်၏ နားစည်ကိုပေါက်ထွက်မတတ်ဖြစ်သဖြင့် သွေးများစူပွက်တက်လာသည်။ ချက်ချင်းပင် ပေထင်းဟွမ် သတိပြန်ဝင်မလာခင်တွင် အားကောင်းသော မုန်တိုင်းတစ်ခုသည် သူမ၏အနောက်မှလှီမ့်တက်လာကာ ပေထင်းဟွမ်၏ နောက်ကျောကို ကြမ်းတမ်းစွာရိုက်ချလေသည်။ ပေထင်းဟွမ်၏ ခန္ဓာကိုယ် သည် ကြိုးပြတ်သွားသောစွန်ကဲ့သို့ အထိန်းအကွပ်မဲ့စွာနှင့် မျက်နှာချင်းဆိုင် တောင်ထိပ်ဆီသို့ ပြုတ်ကျလေသည်။

လျှပ်စီးစွမ်းအားရောနှောထားသောနတ်စွမ်းအားသည် ပေထင်းဟွမ်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ သို့သော်ငြား ပေထင်းဟွမ်၏ခန္ဓာကိုယ် ချောက်ကမ်းပါးပေါ်သို့ ပြုတ်ကျချိန်တွင် အတွင်းအင်္ဂါများအားလုံး နေရာရွေ့ ကုန်လေသည်။ ထိုကြမ်းတမ်းသောငှက်ကြီးသည် ရှေးအကျဆုံးတိုက်ခိုက်မှုကို သုံးလိုက်ခြင်းပင်ဖြစ်သည်။ ၎င်းသာ အရှင်အဆင့်ခွန်အားကိုသုံးလိုက်ပါက ပေထင်းဟွမ်၏အသက်လေး ပျောက်သွားမည်ကို စိုးရမည်။

“သေစမ်း သူ့ကိုကြောက်တာနဲ့ပဲ လူတွေက ပြန်မတိုက်ခိုက်ရဘူးလို့ ထင် နေတာလား” ကမ်းပါးမှ အလျားလိုက်ပေါက်နေသော သစ်ပင်အိုကြီးကိုမှီကာ ပေထင်းဟွမ်သည် ရုတ်တရက် ပါးစပ်အပြည့်သွေးများကို အန်ထုတ်လိုက်လေ သည်။ ထို့နောက် ခက်ခက်ခဲခဲနှင့်မျိုချကာ ရင်ဘတ်ကိုပုတ်ပြီး မိုးပေါ်သို့ ကြည့် လိုက်သည်။

ထိုအခိုက်အတန့်တွင် ထိုကြမ်းကြမ်းသောငှက်သည် သူမအနောက်သို့ အသေအကြေလိုက်နေသည်ကို ရှင်းလင်းစွာမြင်ရလေသည်။ ကြီးမားသော သားရဲခန္ဓာကိုယ်သည် ကောင်းကင်အများစုကို သိမ်းပိုက်တော့မည့်ပုံပင်။ နေရောင်သည် မှေးမှိန်သွားကာ တစ်ကိုယ်လုံးမှာ အနက်ရောင်အမွေးအမျှင် များဖြင့် ဖုံးအုပ်ထားသည်။ ဆွဲဆောင်မှုမရှိသောခြေထောက်များ၊ ခက်ထန်စွာ တောက်ပနေသော မျက်လုံးအစုံများသည် အေးစက်သောအလင်းထုတ်လွှတ် ရာ လူများကို သိမ့်သိမ့်တုန်စေသည်။

“ငယုတ်ကျီးကန်း ငါမှ မင်းကိုရန်မစတာ ဘာလို့ငါ့ဆီကိုလာတာလဲ” ပေထင်းဟွမ်သည် အစက ရောက်လာသည်နှင့် ခပ်လျှိုလျှိုပင်နေချင်သည်။ သို့သော် သူမ ထွက်လာသည်နှင့် ဤသားရဲ၏တိုက်ခိုက်မှုကို ခံလိုက်ရသည်။ သူ၏မျက်လုံးများသည် လူသတ်မည့်အကြည့်များ တဖြည်းဖြည်း စုစည်းလာ သည်။

“ကျီးကန်းဟုတ်လား”

သူသည် ကျီးကန်းဟု ပေထင်းဟွမ်၏အပြောကိုခံလိုက်ရသည်နှင့် ခြေသုံး ချောင်းငှက်မည်းသည် ချက်ချင်းပင် စိတ်ဆိုးဆိုးနှင့်ထခုန်လေသည်။ သူသည် တောင်ပံတစ်ခုကိုမြှောက်ကာ ပေထင်းဟွမ်အား ညွှန်ပြရင်း သူ၏အားမာန်ပါ သော စွမ်းအားသည် ပေထင်းဟွမ်ဆီသို့ တိုက်ရိုက်ရောက်လေသည်။ ခြိမ်းခြောက်မှုရောက်လာကာ ပေထင်းဟွမ်၏ဘေးရှိ ချောက်ကမ်းပါးပေါ်သို့ ကျလေသည် “ဘယ်လိုကောင်လေးလဲ ဒီဘုရင်ကိုတောင် အထင်သေးရဲတယ်၊ ဒီဘုရင်ကိုကျီးကန်းလို့ပြောတယ်ပေါ့ မင်းကသာ ကျီးကန်း မင်းတစ်မိသားစုလုံး ကကျီးကန်း”

“ငှက်ပြာလား ဘာငှက်ပြာလဲ” ပေထင်းဟွမ်သည် ခေါင်းကို ဖြည်းဖြည်း ချင်း ခါယမ်းကာ နားမလည်ကြောင်းကိုပြသလိုက်သည်။ သူမသည် နားလည် ရန်မလိုအပ်ပေ။ ဤကဲ့သို့ငှက်သည် စိတ်ပိုင်းဆိုင်ရာ ပုံမှန်ဖြစ်သည်ဟု ပေထင်းဟွမ် မတွေးပေ။ အရိုက်ခံရပြီးနောက် ပြေလည်မည်ဆိုပါက သူနှင့် ဘာကြောင့် ဆက်သွယ်နေရမည်နည်း။ သူမသည် အခွင့်အရေးကိုရှာနေခြင်း ပင်။

နတ်စွမ်းအားထဲတွင် ကြီးမားသောမိုးကြိုးနှင့်လျှပ်စီးအင်အားသည် ရစ်ပတ်နေပြီဖြစ်ကာ ဓားသွားထိပ်သို့ရောက်လာပြီဖြစ်သည်။ ကျီးကျန်းသည် ပေထင်းဟွမ်အား ပေါက်ပေါက်ဖောက်နေချိန်တွင် ပေထင်းဟွမ်၏ခြေဖျားထိပ် သည် သစ်ပင်ပေါ်သို့ရောက်သွားပြီဖြစ်သည်။ သစ်ကိုင်းကို အသာထိလိုက် သည်နှင့် လက်ထဲမှ ဓားပျော့သည် ငှက်ပြာကို ကြမ်းတမ်းစွာရိုက်ချလေသည်။