အရှင်ငှက်ပြာဖြစ်နေတာကိုး
Vol. 72 Ch. 1426
ပေထင်းဟွမ်၏ ဖောက်ခွဲမှုစွမ်းအားသည် သာမန်လူများနှင့်ကွဲပြားသည်။ ထို့အပြင် သူမသည် ဖုန်းယင်၏သွက်လက်သောခန္ဓာကိုယ်အရည်အချင်းကို အသုံးပြုကာ ငှက်ပြာနောက်သို့ အဟုန်ဖြင့်လိုက်သည်။ ငှက်ပြာအား လွှမ်းမိုး နိုင်လုနီးပါးဖြစ်နေသည့် ကြီးမားသောလေနဂါးသည် ပေထင်းဟွမ်၏ ဓားထိပ် ဖျား၌ အသွင်ယူလာသည်။
“ဟင်”
ဆက်တိုက်ကျိန်ဆဲနေသည့်ငှက်ပြာသည် ကြီးမားသောလေနဂါးကိုမြင် သောအခါ ကျိန်ဆဲရာမှရပ်ပြီး လေနဂါးကို သံသယအပြည့်မျက်လုံးဖြင့် လေနဂါးကိုကြည့်ကာ မယုံနိုင်စွာဖြင့် မျက်တောင်ခတ်လေသည်။
“စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ” ငှက်ပြာသည် လေထဲတွင် ဝပ်နေ ကာ ရှေ့တွင်တောင်ပံများကိုခတ်လေသည်။ သားရဲ၏အဆင့်မြင့်လေလေ ဉာဏ်ရှိလေဖြစ်သည်။ ထိုအရှင်အဆင့်သားရဲသည် ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် လှုပ်ရှားမှုများမှလွဲ၍ လူသားနှင့်မခြားပေ။
“စိတ်ဝင်စားစရာကောင်းတာပဲ” ပေထင်းဟွမ်သည် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ ဓားထိပ်သည် လေထဲတွင် စက်ဝန်းပြတ်တစ်ခုရေးဆွဲကာ စိတ်ဆိုးဆိုးနှင့်အော်လေသည် “ကျီးကန်းယုတ် ငရဲသွားလိုက်တော့”
ကြီးမားသောလေနဂါးသည် ကောင်းကင်နှင့်မြေကြီး၏ နတ်ဆိုးစွမ်းအား မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပေထင်းဟွမ်၏ဓားသွားထိပ်၏ လမ်းညွှန်မှု အောက်တွင် ၎င်း၏နဂါးခေါင်းကိုမော့ကာ ငှက်ပြာဆီသို့ အရှိန်အဟုန်ဖြင့် ရွေ့လျားလေသည်။ နဂါးဟိန်းသံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ်သွားကာ ကြီးမားသောနဂါးပုံရိပ်သည် တုံ့ဆိုင်းမှုမရှိ ငှက်ပြာဆီသို့ ရက်စက်စွာ တိုးဝင်လေသည်။
ဘုန်း
သက်ရောက်သည့်အခိုက်အတန့်တွင် အသံတစ်သံသည် လူတစ်ဦး၏ နှလုံးကို ပေါက်ကွဲစေလောက်သည်။ ကြီးမားသောလှုပ်ခါသည့်လှိုင်းသည် တောင်တစ်ခုလုံးကို ဖုံးအုပ်ထားကာ အဘက်ဘက်သို့ ရိုက်ခတ်လေသည်။ တောင်များပြိုကျကာ၊ အနားစွန်းများလှိမ့်ဆင်းသွားသည်။ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ ရှေးဟောင်းသစ်ပင်များသည် အမြစ်ပြုတ်ပြီး ကွဲကြေကြသည်။ ကျောက်တုံးသည် ပျံတက်ပြီး မိုးပေါ်သို့ ထိကြသည်။
ဘုန်း
ကမ္ဘာမြေကြီးလှုပ်ခါစေသည့် ကျယ်လောင်သောအသံသည် ကောင်းကင် နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ်လေသည်။ မြင့်မားသောတောင်တစ်လုံး သည် ထိုအခိုက်တွင် ပြိုကျလေသည်။ ငှက်ပြာပေါ်လာကတည်းကပင် တောင်ကြားထဲမှ တိတ်ဆိတ်မှုသည် ပြိုကွဲသွားချေပြီ။ မရေမတွက်နိုင်သော ငှက်များနှင့်သားရဲများသည် အဘက်ဘက်သို့ ထွက်ပြးကြသည်။
အကြီးဆုံးတောင်ပြိုကျပြီးနောက် တောင်များတွင် အက်ကြောင်းများ ပေါ်လာပြီး အဆိပ်ပြင်းသည့်မြွေအလား တောင်ထိပ်မှ အောက်ခြေထိလှိုက်စား လေသည်။ တောင်ကျောက်တုံးများသည် တောင်ထိပ်မှအောက်ထိ လှိမ့်ဆင်း ကာ မိုးစက်များအလား ကောင်းကင်နှင့်မြေကြီးကို ဖုံးအုပ်လေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး သားရဲများအားလုံးသည် ခြေလှမ်းများကို ရပ်လုနီးပါးနှေးကာ တောင်များဆီသို့ ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့်ကြလေသည်။ ထိုနေရာကို အမှောင်စွမ်းအင်များဖြင့် ဖုံးအုပ်ထားဆဲဖြစ် ကာ တစ်ဖက်တွင် မည်သို့ဖြစ်နေသည်ကို ရှင်းလင်းစွာမမြင်ရပေ။
ထိုအချိန်တွင် ပေထင်းဟွမ်သည် တောင်ထိပ်တစ်ခုတွင်ရှောင်ရှားနေပြီ ဖြစ်သည်။ လျင်မြန်စွာပင် ထိုတောင်ကိုကြည့်ကာ မနားတမ်းပြေးလေသည်။
ထိုအချိန်တွင် သားရဲများအားလုံးသည် သူတို့၏ကြီးမားသောသားရဲ မျက်အိမ်များကို ခက်ထန်စွာကြုံ့လိုက်ပြီး ကောင်းကင်ကိုဖြဲနိုင်လောက်သည့် အော်သံပြုလုပ်ကြလေသည်။ တောင်ဆီမှ အလင်းနက်နှင့်အရိပ်ထွက်ပေါ်လာ သည်။
နဂိုကရွှန်းလဲ့တောက်ပသော အမွေးနက်နက်များသည် ယခုအခါ ရှုပ်ပွပြီး သွေးများပေကျံနေသည်။ သူ၏ကိုယ်ထည်မှာ မနည်းငယ် မတည်ငြိမ်တော့ပေ။ တောင်ပံမှာကျိုးပြီး တွဲလောင်းကျနေရာ အလွန်ပင် ကြည့်ရဆိုးလေသည်။ ထိုမှော်သားရဲကို ရှင်းလင်းစွာမြင်ပြီးနောက် မှော်သားရဲများအားလုံးနီးပါးသည် မျက်လုံးပြူးကြ၏။ အလိုလိုအသက်ရှူရန်ပင်မေ့သွားသည့်အလား သူတို့၏ မျက်လုံးနှင့်မျက်နှာထားများမှ ထိတ်လန့်မှုကို ဖော်ပြလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မိုးပေါ်မှငှက်ဖြစ်စေ မြေပေါ်မှသားရဲဖြစ်စေ သားရဲများအားလုံးသည် သူတို့ဘာသာ တတွတ်တွတ်ရေရွတ်နေသည်။ ထင်ရှားစွာပင် သားရဲများသည် မျက်စိရှေ့တွင် ရှက်ရွံ့စရာကောင်းလောက်အောင် တိုက်ခိုက်ခံနေရသူသည် သခင်ချင်းညောင်ဖြစ်လိမ့်မည်ဟု မည်သည့်သားရဲမှမယုံချင်ကြပေ။