ဒီကောင်က ဘယ်သူလဲ
Vol. 72 Ch. 1427
“ဒီကောင်က ဘယ်သူလဲ”
သူတို့ကိုပြန်ဖြေသည်မှာ ငှက်ပြာ၏အော်သံပင်ဖြစ်သည်။ စူးရှသောအသံ သည် နားစူးလှရာသားရဲများအားလုံးသည် နားကိုအုပ်ထားရသည်။ သို့သော် သူ၏ဒေါသသံကို မတားနိုင်ပေ “ကောင်စုတ်လေး ငါ မင်းကိုမသတ်ရရင် ငါက ငှက်ပြာမဟုတ်တော့ဘူး”
“ဟင်း မင်းက ငှက်ပြာမှမဟုတ်တာ ကျီးကန်းပဲ” ပေထင်းဟွမ်သည် စိတ်ထဲမှကျိန်ဆဲ၏။ သူမသည် ခဏတာပင်မနေနိုင်တော့ပေ။ ယုခအချိန်တွင် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ တောင်မှထွက်ပြေးလေသည်။
ထိုငှက်ပြာသည် ရူးသွပ်သွားသည်။ သူသည် ဤလင်လင်တောင်၏ ဘုရင် ဖြစ်သည်ကို ပေထင်းဟွမ်ကိုသိစေချင်သည်။ အစောက သူလှုပ်ရှားလိုက်သည် မှာ ပေထင်းဟွမ်အား နည်းငယ်သနားမှုပြသခဲ့သည်ကို တကယ်မသိလေသ လော။ ထိုအခိုက်အတန့်တွင် သူသည် ထိုအရာများကို မတွေးမိတော့ပေ။ သူသည် ခြေထောက်ကို ဝိညာဉ်စွမ်းအားထည့်ကာ ပူပြင်းသောဘီးလုံးနှစ်ခုပေါ် သို့နင်းသည့်အလား ပြေးဝင်သေလည်။
သို့သော် ထိုတောင်သည် ငှက်ပြာ၏ပိုင်ဆိုင်မှုဖြစ်သည်။ ပေထင်းဟွမ် သည် မိုင်တစ်ရာပြည့်အောင် မပြေးရခင်မှာပင် လေတိုးသံသည် ခေါင်းအထက် မှပေါ်လာပြန်သည်။ လှိမ့်နေသောလှိုင်းဂယက်များသည် သူမအနားတွင် ရစ်ပတ်လာကာ ငှက်ပြာ၏ကြီးမားသောတောင်ပံသည် ပေထင်းဟွမ်ဆီသို့ ထပ်မံရိုက်ချလေသည်။
“ပြေးချင်တာလား”
ထိုစူးရှသောအော်သံနောက်တွင် ပေထင်းဟွမ်၏ပုံရိပ်သည် ရုတ်တရက် ကျယ်ပြန့်သောပင်လယ်တွင် လှုပ်ယမ်းနေသော လှေတစ်စင်းနှင့်တူလေသည်။ ထိုလေလှိုင်း၏ အပြင်းအထန်လှုပ်ရှားမှုနှင့်အတူ ထိန်းချုပ်မှုမဲ့နေသော ခံစား ချက်သည် ပေထင်းဟွမ်အား ပျာယာခတ်သွားစေသည်။
“နင့်မေ...” ပေထင်းဟွမ်သည် ကျိန်ဆဲမိလေသည် “မင်း အခုလောင်ဇီကို မသတ်နိုင်ရင် နောက်ကျ လောင်ဇီက မင်းအသက်ကို လိုချင်မလားလို့ကြည့်ချင် သေးတယ်”
အတန်ကြာလှုပ်ခါပြီးနောက် ပေထင်းဟွမ်သည် မှော်စွမ်းအားလှိုင်းရှိ သူမ၏ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်လုပ်ရသည်ကို ပင်ပန်းလာသည်။ ၎င်း သည် အရှင်၏တိုက်ခိုက်မှုခွန်အားသာဖြစ်ကာ ထိုအချိန်တွင် မည်သည့်အရာ ကိုမှ ဖိအားပေးပြီး မလှုပ်ခါနိုင်တော့ပေ။ သူမ၏ခန္ဓာကိုယ်သည် ရုပ်သေးရုပ် ကဲ့သို့ဖြစ်နေပြီး အမြောက်ဆန်ကဲ့သို့ ကြမ်းတမ်းစွာပစ်ချခံနေရကာ ဘေးနားရှိ တောင်နှင့်ရိုက်မိလေသည်။
“ဟေး ဟေး”
ငှက်ပြာသည် မျက်နှာချင်းဆိုင်မှ တောင်ထိပ်ပြိုကျသည်ကို တင်းတိမ် ရောင့်ရဲစွာနှင့်စိုက်ကြည့်နေသည်။ ကြီးမားသောကျောက်တုံးများသည် တောင်ထိပ်မှလိမ့်ကျနေကာ တောင်ကိုယ်ထည်သည် ကြီးမားသော အက်ကြောင်းကြောင့် ကွဲအက်သွားလေသည်။ အနက်ရောင်အက်ကြောင်း သည် တောင်ကိုယ်ထည်ပေါ်တွင် အကျည်းတန်စွာပြန့်သွားကာ တောင် အလယ်တွင် ဂူနက်ကြီးဖြစ်ပေါ်လာသည်။ အက်ကြောင်းများသည် ဂူအထက် သို့တက်သွားပြီး ရုတ်တရက်ပင် လှုပ်ခတ်သည့်နောက်လှိုင်းတစ်ခုကြောင့် တောင်တစ်ခုလုံးသည် လုံးလုံးလျားလျားပြိုကျလေသည်။
ထိုအချိန်တွင် ငှက်ပြသည် အနည်းငယ်ရက်စက်သည်။ ၎င်းသည် အတောင်ပံကိုခတ်ကာ ခြေလှမ်းအနည်းငယ်ဖြင့် ရှေ့သို့တွားသွားပြီး တောင်ပြို ကျမှုနှင့်အတူ အစိုင်အခဲများအကြားတွင် မြုပ်သွားသည့်ကောင်လေးကို စိုက်ကြည့်နေခဲ့သည်။ သူသည် ရှုပ်ပွနေသောအမွေးများကို ကြီးမားသောချိတ် နှင့်တူသည့်နှုတ်သီးဖြင့် ထိုးဆွလိုက်သည် “သေဖို့ လွယ်လွန်းမနေဘူးလား”
ချင်းညောင်သည် ညှိနှိုင်းခြင်းမရှိပေ။ ဤနေရာသည် မည်သို့ပင်ဖြစ်စေ ကာမူ သူ၏နယ်နိမိတ်ဖြစ်ကာ ဤနေရာတွင် သုံးရက်သုံးညကြာအောင် စောင့်ကြပ်နေခဲ့သည်။
ထိုသုံးရက်နှင့်သုံးညအတွင်းတွင် ပေထင်းဟွမ်သည် ခက်ခဲနေခဲ့သည်။ ပြိုကျသည့်အတောအတွင်းတွင် ကြီးမားသောကျောက်တုံးပြာနှစ်ခုသည် အတူ ကျလာပြီး ပေထင်းဟွမ်အတွက် နေထိုင်ရန် နေရာလေးတစ်ခုချန်ထားပေးလေ သည်။ သို့သော် ထိုကျောက်တုံးပြာနှစ်တုံးမရှိလျှင်တောင် ပေထင်းဟွမ်သည် ပိ၍မသေနိုင်ပေ။ သို့သော် ဤနေရာကျဉ်းလေးထဲသည် ပေထင်းဟွမ်အတွက် ထိုငှက်ပြာ၏လိုက်ခြင်းကိုရှောင်ရှားရန်ဖြစ်နိုင်သည်။
“ငါ အချိန်တစ်ခုလောက်တော့ ထွက်မှာမဟုတ်ဘူး ဒီကောင်ထွက်သွားမှ ထွက်မယ်” ပေထင်းဟွမ်သည် နတ်ဘုရားအဆင့်ဆေးကိုထုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ သူမသည် တိတ်တိတ်လေး စိတ်ပိုင်းဖြတ်ထားသည်။ ငါ လက်စားမချေရရင် လူမဟုတ်တော့ဘူး။
“ပေမင် အဲကောင်က ဘယ်သူလဲ”
လက်ပတ်ထဲမှနေရာကိုခံစားပြီး အမြဲတမ်း မရပ်မနားစကားပြောလေ့ရှိ သည့်သားရဲများသည် ပေထင်းဟွမ် အလိုက်ခံရပြီး အသတ်ခံနေရသည်ကို မြင် သောအခါ တိတ်ဆိတ်နေကြသည်။ ပေထင်းဟွမ်သည် အံ့ဩမိရုံအပြင်မတတ် နိုင်ပေ။ ဒီသားရဲက ဘယ်သူလဲ။ သူမသားရဲတွေကိုတောင် ကြောက်အောင် လုပ်နိုင်တာလား။