သူကနတ်မိစ္ဆာနတ်ဘုရားရဲ့ ဝမ်းတွင်းပါသားရဲဖြစ်ခဲ့ဖူး တယ်
Vol. 72 Ch. 1428
“သခင် ဒီကောင်က ထူးခြားတယ်” ပေမင်းသည် အသက်ကိုပြင်းပြင်းရှူ လိုက်သည် “ငါ့မှာ အရှင်ကြီးအဆင့်ခွန်အားရှိပေမဲ့ ဒီကောင်ရဲ့ခွန်အားက အရှင် အဆင့်ကိုဖိနှိပ်နိုင်တယ်၊ ဒါပေမဲ့ သခင် သူက နတ်မိစ္ဆာနတ်ဘုရားရဲ့ ဝမ်းတွင်း ပါ သားရဲဖြစ်ဖူးတယ်၊ နတ်မိစ္ဆာနတ်ဘုရားမကျဆုံးခင် သူက အတင်းဖိအားပေး စာချုပ်ဖျက်ခံခဲ့ရတယ်”
“ဘာ” ပေထင်းဟွမ်သည် ကြက်သေသေမိသည် “နတ်မိစ္ဆာနတ်ဘုရားရဲ့ သားရဲဟုတ်လား၊ ဒီနေ့ထိ အသက်ရှင်နိုင်တယ်ပေါ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ပေထင်းဟွမ်သည် ဖန်ဆင်းရေးနတ်ဘုရားခေတ်အကြောင်းကို ယန်ယဲ့ ဆီမှကြားခဲ့သည်။ နတ်မိစ္ဆာစစ်ပွဲတွင် ပတ္တမြားကမ္ဘာမှအားကောင်းသောလူများ အားလုံးနီးပါး ပါဝင်ခဲ့ကာ နောက်ဆုံးတွင် ဖန်ဆင်းရေးနတ်ဘုရားသုံးပါးနှင့် အတူ ပျက်စီးခဲ့သည်။ နှစ်ပေါင်းသောင်းချီကြာသည့်တိုင်အောင် ရက်စက်သည့် တောတွင်းဥပဒေအောက်တွင် နောက်မှကြီးထွားလာသည့် သန်မာသောလူ မများခဲ့သလို ၃၃ ကောင်းကင်ဘုံအထက် သန်မာသည့်လူမှာ လက်တစ်ဆုပ်စာ သာရှိသည်။
သန်မာသောလမ်းပေါ်တွင် အားကောင်းသောခွန်အားကြောင့် မပျက်စီး သရွေ့ ကံသည်ကောင်းကင်ကိုမဆန့်ကျင်သရွေ့ အရည်အချင်းသန်မာလျှင် မကြာခင် သေဆုံးမည်ဖြစ်သည်။
“သခင် ငါ မင်းကိုမလိမ်ဘူး ငါပြောတာအမှန်ပဲ” ပေမင်း သက်ပြင်းချလေ သည် “အဲဒီဦးလေးကြီးက ၃၃ ကောင်းကင်ဘုံနတ်မိစ္ဆာဝိညာဉ်ရဲ့ထိပ်ဆုံးမှာ ထိုင်နေတဲ့လူကလွဲရင် နတ်မိစ္ဆာနတ်ဘုရားခေတ်ကနေ ကျန်ခဲ့တဲ့ တစ်ခုတည်း သောသက်ရှိပဲ”
“ဟွမ် ပေထင်ပြောတာ မမှားဘူး”
ထိုအခိုက်အတန့်တွင် မင်၏အသံသည် ရုတ်တရက်ပေထင်းဟွမ်၏ အသိ စိတ်ပင်လယ်ထဲမှ အပြုံးစွက်ကာ ပေါ်လာသည် “မင်းကိုယ်မင်း ဒီလောက် အရှက်ရအောင်မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ ကံကောင်းလို့ မင်းက သားရဲကို မဆင့်ခေါ်ခဲ့လို့ မဟုတ်ရင် ပိုရှက်စရာဖြစ်မယ်”
စနောက်စရာပင်။ ပေထင်းဟွမ်၏သားရဲများဖြစ်သည့် အရှင်ကြီးအဆင့် ဖြစ်သည့် ပေမင်းပင်လျှင် ထွက်လာပြီး ထိုငှက်ပြာကို စိန်ခေါ်မှုမပြုလုပ်ရဲပေ။ သူတို့သည် ထိုငှက်ပြာ မည်သူမည်ဝါဖြစ်သည်ကိုပင် မကြည့်ရဲပေ။
ထို့ကြောင့်ပင် ပေထင်းဟွမ် တိုက်ခိုက်ချိန်တွင် သားရဲများအားလုံးသည် လက်သည်းနှင့်ကုတ်ပြီး တိုက်ခိုက်တတ်သော်လည်း သည်အချိန်တွင် မည်သူ ကမှအသံမထွက်ရဲကြပေ။ လျှပ်စီးပင်လျှင် တောင်အတွင်းထဲတွင် ပြေးဝင်ပုန်း နေသည်။
တစ်ချိန်က နတ်မိစ္ဆာနတ်ဘုရား၏အသက်သားရဲဖြစ်သည်။
“မင် ငါ့ကိုမရယ်ပါနဲ့” ပေထင်းဟွမ်သက်ပြင်းချလိုက်သည်။ ထိုငှက်ပြာ သည် အပြင်တွင်စောင့်နေသည်ကို ပေထင်းဟွမ် အာရုံခံမိသည်။ သုံးရက် မြောက်ပြီဖြစ်ကာ ထိုငှက်သည် ထွက်သွားရန်စိတ်ကူးမရှိပုံပင် “မင် ငါ့ကိုပြော ပါဦး ဒီကောင်ကိုနိုင်မယ်လို့သေချာလား”
“ကမ္ဘာပေါ်မှာ ဒီကောင့်ကို ဆွဲခေါ်နိုင်တာ လူနှစ်ယောက်ပဲရှိတယ်” မင်၏ အသံသည် မောက်မာမှုပြည့်နေသော်လည်း စကားလုံးများထဲတွင် ကြည်ညိုမှုရှိနေတုန်းပင် “တစ်ယောက်က နတ်မိစ္ဆာဝိညာဉ်ထိပ်ဆုံးမှာရောက် နေတဲ့တစ်ယောက်ပဲ၊ နောက်တစ်ယောက်က နတ်မိစ္ဆာဧကရာဇ်ပဲ၊ ငါ့သွေးသား ကသူဖိနှိပ်တာကိုခံထားရတယ်ဆိုပေမဲ့ သူ့ကို မျက်နှာချင်းဆိုင် စိန်ခေါ်ချင်ရင် ငါ အရွယ်ရောက်တဲ့အထိစောင့်ရမယ်”
“ငါက တစ်ချိန်လုံး သူလိုက်တာခံနေရတော့မှာလား” ပေထင်းဟွမ်သည် ဒေါသဖြစ်လွန်းသဖြင့် မြေကြီးကိုရိုက်ချင်စိတ်ဖြစ်လာသည် “ငါနားမလည်ဘူး ငါက သူ့ကိုရန်လည်းမစပါဘူး သူက အကြောင်းအရင်းမရှိလူသတ်နေတာလား”
“ဟွမ် ဒီငှက်ပြာက ဘယ်သူ့ကိုအမုန်းဆုံးလဲဆိုတာသိချင်ရင် အဲဒါ ဘယ်သူလဲဆိုတာသိသင့်တယ်” ပေထင်းဟွမ်၏ ဤပုံစံသည် အနည်းငယ် ချစ်စရာကောင်းသည်ဟု တွေးပြီး မင်သည် ပြောလိုက်သည်။ “မင်းရဲ့ခန္ဓာကိုယ် ထဲမှာ ပုလဲရှိတယ်မလား၊ တခြားသူတွေ အာရုံမခံနိုင်ပေမဲ့ ငှက်ပြာက သေချာ ပေါက် အာရုံခံနိုင်မှာပဲ”
“သခင် ဒီငှက်ပြာက ပတ္တမြားကမ္ဘာကမဟုတ်သလို အမှောင်နတ်မိစ္ဆာဘုံ ကလည်းမဟုတ်ဘူးလို့ ကြားဖူးတယ်၊ ဖန်ဆင်းရေးနတ်ဘုရားရဲ့မွေးရပ်မြေက နေခေါ်လာတာတဲ့” ပေမင်းသည် ထိုသားရဲကိုကြောက်သည်မှာထင်ရှားလှ သည်။ သူစကားပြောချိန်တွင် အသံသည် အနည်းငယ်တုန်ယင်နေသည်။
“အဓိပ္ပာယ်မရှိတာတွေ” ပေထင်းဟွမ်သည် အနည်းငယ် ဒေါသထွက် သွားသည် “ပတ္တမြားကမ္ဘာမှာ အဲလိုမျိုး ရုပ်ဆိုးတဲ့သားရဲမြင်ဖူးလို့လား”