Chapters

ထွက်ပြေးတာငါ့စတိုင်မဟုတ်ဘူး

Vol. 72 Ch. 1429

ထွက်ပြေးတာငါ့စတိုင်မဟုတ်ဘူး

Vol. 72 Ch. 1429

အဲကောင်က ဘယ်မှာရုပ်ဆိုးနေလို့လဲ။

ပေထင်းဟွမ်၏သားရဲများအားလုံးသည် စကားပြောရာမှရပ်လိုက်ကြ သည်။ သို့သော် သူတို့အားလုံးသည် စိတ်ထဲတွင် အသရေဖျက်နေပြီဖြစ်သည်။ သူတို့၏အမွေးအမျှင်များသည် နက်မှောင်ကာ တောက်ပသည်။ နဂါးနှင့် ဇာမဏီမျိုးနွယ်ထက်မလျော့သော မြင့်မြတ်မှုနှင့် မွေးဖွားလာခဲ့သည်။ သခင် သဘောမကျလေသလား။

သို့သော် ယခုကဲ့သို့အချိန်မျိုးတွင် ပေထင်းဟွမ်နှင့် ငြင်းခုံခြင်းသည် သေလမ်းရှာလိုက်သည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။ ပေထင်းဟွမ်တွင် ထိုကဲ့သို့ တုံးအသော သားရဲမရှိပေ။

ကျောက်တုံးအကြီးအတွင်းတွင် ပေထင်းဟွမ်၏အသက်ရှူသံသည် အနည်းငယ် အတက်အကျဖြစ်နေသည်ရာ အပြင်ဘက်မှငှက်ပြာ သတိထားမိ လေသည်။ တိုးညင်းစွာ နှာမှုတ်ပြီး ငှက်ပြာသည် ခြေလှမ်းနှစ်လှမ်းရှေ့တိုးလာ သည်။ ဝီရိယရှိသောမျက်လုံးတစ်စုံသည် ကြီးမားသောကျောက်တုံးအား မျက်တောင်မခတ်ဘဲကြည့်နေသည်။

“အခု ဘာလုပ်သင့်လဲ” ပေထင်းဟွမ်၏ဒဏ်ရာများသည် သက်သာလာ သော်လည်း အုတ်ကျိုးအုတ်ပဲ့အကြားတွင် ပုန်းနေရသဖြင့် ဒေါပွလာသည်။ “ပေမင်း မင်း နည်းလမ်းရှာသင့်တယ် ဒါမှမဟုတ် အသေခံမလား၊ မင်း သူ့ကို တားထား ငါပြေးလိုက်မယ်”

ထိုအချိန်တွင် ပေထင်းဟွမ်သည် ထိုစကားများကိုပြောရာတွင် မျက်နှာ ပြောင်သည်ကို ဂရုမစိုက်တော့ဘဲ ပေမင်းအား ရာဇသံပေးလေသည်။

“သခင် မင်းက ဒီငှက်ပြာအလိုက်ခံရတာ ပထမဆုံးလူမဟုတ်ဘူး” ပေမင်းသည် ပေထင်းဟွမ်အား နှစ်သိမ့်ပေးကာ ပြောလေသည် “ငှက်ပြာက ဝိညာဉ်ကျင့်ကြံသူအကုန်လုံးကို မုန်းတီးတာ ဒါပေမဲ့ သူက နည်းနည်းပဲ အပြစ် ပေးလေ့ရှိတာ၊ သခင့်လိုမျိုး ကြမ်းကြမ်းတမ်းတမ်း မတိုက်ခိုက်ဖူးဘူး”

“မင်းပြောချင်တာက ဒါ ငါ့ကံပေါ့” သုံးရက်ကြာအောင် ပုန်းအောင်း ပြီးနောက် ပေထင်းဟွမ်သည် အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။ သူမတွင် လုပ်စရာများစွာရှိသည်။ သို့သော် ဤငှက်စုတ်နှင့်အချိန်ဖြုန်းနေရန် အချိန်မရှိ ပေ။ သူမ၏အသံသည် မကောင်းတော့ပေ။

“ဒီငှက်ပြာက သတ်ဖြတ်ဝိညာဉ်တောင်ကနေ တစ်ခါမှထွက်မသွားဖူးဘူး လို့ပြောကြတယ်၊ သခင်သာ သတ်ဖြတ်ဝိညာဉ်တောင်ကနေ ထွက်နိုင်ရင် သူ လိုက်ပြီးသတ်မှာကို စိုးရိမ်ဖို့မလိုတော့ဘူး” ပေမင်းသည် တွန့်ဆုတ်စွာပြော လေသည်။

“ပေမင်း မင်းက တကယ်ကောင်းတာပဲ” ပေထင်းဟွမ်သည် ဒေါသကြောင့် ပေါက်ကွဲလုမတတ်ပင် “မင်းရဲ့ကျောပေါ်ကနေစီးပြီး သတ်ဖြတ် ဝိညာဉ်တောင်ကနေ ထွက်ပြေးချင်တာလား”

သတ်ဖြတ်ဝိညာဉ်တောင်သည် အချင်းဝက် မိုင်ထောင်ချီရှိသည်။ ၁၀ ရက် ကြာအောင် ပျံသန်းသည့်တိုင်အောင် ထိုငှက်ပြာ ၁၀ ရက်ကြာအောင် လိုက်သတ်သည့်ဒဏ်မှ လွတ်မြောက်ရန်ဖြစ်နိုင်မည်လား။ နဂိုက ထိုသားရဲ သည် လေအမျိုးအစား သားရဲပျံဟုသာထင်ခဲ့သည်။ သို့သော် ၎င်းသည် နတ်မိစ္ဆာနတ်ဘုရား၏ အသက်သားရဲဖြစ်လိမ့်မည်ဟု မည်သူသိထားမည် နည်း။ ထိုနာမည်ကိုကြားရုံနှင့်တင် ပေထင်းဟွမ်၏အမြဲတမ်းရှိလာသော မိမိ ကိုယ်ကိုယုံကြည်မှုများ ပျောက်ကွယ်သွားခဲ့သည်။

“သခင် နောက်ဆုံးလေ့လာချက်မှာဆိုရင် ငါက လိပ်ပဲ၊ ထွက်ပြေးတာက ငါ့အားသာချက်မဟုတ်ဘူး” ပေမင်းသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး အဂူးအား ကြင်နာကင်းစွာ ထောက်ပြလေသည် “သခင် သခင်မကျခင်က အဂူး ရဲ့ခွန်အားက အထွတ်အထိပ်အဆင့်ရောက်တော့မှာလေ၊ သူက ငါနဲ့ ခွန်အား မတိမ်းမယိမ်းပဲ၊ ခေါင်းသုံးလုံးစပါးအုံးမြွေ သွေးအကျဉ်းထောင်ထဲမှာ လိပ်ထက် တောင်မြန်သေးတယ်”

လက်ပတ်နေရာထဲမှ အဂူးသည် တမလွန်လိပ်အား မယုံနိုင်စွာကြည့်လေ သည်။ သခင့်တွင် ထိုကဲ့သို့သားရဲမျိုးရှိလိမ့်မည်ဟု သူ ထင်မထားပေ။

ကံကောင်းစွာပင် ထိုဘက်မှလှုပ်ရှားမှုသည် ရှီရှောင်မိုတို့အား သတိပေး ပြီးသားဖြစ်သည်။ အသံသုံးသံသည် လေထဲမှထိုးဖောက်လာသည်။ ရှီရှောင်မို၏ အသံသည် အပြင်မှဝင်လာသည် “သေစမ်း ရုပ်ဆိုးလိုက်တဲ့ကျီးကန်း မင်းက ငါ့ ညီအစ်ကိုကို အနိုင်ကျင့်တယ်ပေါ့၊ ပြော ငါ့ညီအစ်ကိုကို ဒီမှာမြှုပ်ထားတာလား”

ဟုတ်ပြီ။ သူ့ကို ရုပ်ဆိုးတယ်လို့ပြောတာ တစ်ယောက် နှစ်ယောက်ဆို ထားပါတော့။ စိတ်မရှည်စွာစောင့်နေသော ငှက်ပြာသည် ရုတ်တရက် ဒေါသ ထွက်လာကာ သူ၏ခန္ဓာကိုယ်သည် ငှက်ကြီးတစ်ကောင်အဖြစ်ပြောင်းလိုက် သည် “ငါလုပ်တာလို့ ဘာလို့ပြောလဲ၊ ငါက ဒီတောင်ရဲ့တစ်ဦးတည်းသော သားရဲပဲ”

“ဟင်း မင်းက ဘယ်သူလဲ” ရှီရှောင်မို၏အသံသည် ငှက်ပြာထက်ပင် ကျယ်လောင်လေသည် “ငါမင်းကိုပြောမယ် ငါ ငါ့ညီအစ်ကိုကို လိုက်ရှာနေတာ သုံးရက်သုံးညရှိပြီ ဒီနားကသားရဲတွေအကုန်လုံးက ပြောတာတော့ မင်းက ငါ့ ညီအစ်ကိုကို သတ်လိုက်တယ်တဲ့ ဟုတ်လား မင်း အသက်ပေးလိုက်တော့”