ရှောင်မို ဒီအရူးကောင်ကိုတား
Vol. 72 Ch. 1430
“အရမ်းကောင်းတယ်”
ရှီရှောင်မိုတို့သုံးယောက်၏အသံကိုကြားလိုက်ရသဖြင့် ပေထင်းဟွမ် သည် ပျော်လွန်း၍ ထခုန်မတတ်ပင်။ ငှက်ပြာမည်မျှပင် အားကောင်းစေကာမူ အရှင်အဆင့်ခွန်အားရှိသော ရှီရှောင်မိုတို့သုံးယောက်နှင့်ဆိုလျှင် မည်မျှပင် ကွာခြားစေကာမူ ထွက်ပြေးရန် လုံလောက်သည်။ ထို့အပြင် ကျောက်စိမ်းငှက် ၏ခွန်အားသည် ဘုံ၏ဖိနှိပ်မှုအောက်တွင်ရှိသည်။
ထိုလူသုံးယောက်ကို အနည်းငယ် အားတုံ့အားနာဖြစ်မိသည်။ ယခုလို ဝင် နှောင့်ယှက်လိုက်ပါက မှော်အစေ့ စုစည်းရာတွင် အနည်းငယ်အခက်တွေ့လိမ့် မည်။ သို့သော် အနာဂတ်တွင် အခွင့်အရေးရှိလာပါက ပေထင်းဟွမ်သည် သူတို့ အား အကြွေးပြန်ပေးဆပ်မည်ဖြစ်သည်။
အပြင်ဘက်တွင် တဒုန်းဒုန်းနှင့်တိုက်ခိုက်နေကြပြီဖြစ်သည်။ တောင်များ လှုပ်ခါနေကာ မြေကြီးများအက်ကွဲသွားကြသလို သစ်ပင်အိုများပြိုကျပြီး မြစ်ရေများ ရေစုန်တက်နေကြသည်။ ရှီရှောင်မိုနှင့်တခြားသူများ အဆင်ပြေ လိမ့်မည်ဟု ပေထင်းဟွမ်သိလျှင်တောင် အနည်းငယ်စိုးရိမ်နေတုန်းပင်။ သို့သော် ထိုငှက်ပြာကြီးသည် သုံးရက်သုံးညတိုင်အောင် စိတ်ရှည်ရှည်နှင့် စောင့်ခဲ့သူဖြစ်ရာ ဒေါသကြီးသည့်လူတော့မဟုတ်ပေ။ ၎င်းသည် ဟန်တန့် နတ်ဆိုးကျောက်ကဲ့သို့ သွေးဆာနေသောသားရဲတစ်ကောင်မဟုတ်ပေ။
အသံများမှေးမှိန်သွားသည်ကိုကြားသဖြင့် ပေထင်းဟွမ်သည် ခန္ဓာကိုယ် ထဲမှ နတ်စွမ်းအားကိုရွှေ့ပြောင်းကာ တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်သည်။ လက်ထဲမှဓားပျော့ဖြင့် အပေါ်သို့ထောင်လိုက်ကာ ခြေဖျားသည် မြေကြီးကို ထောက်လိုက်သည်။ သူမသည် ချွန်ထက်သောမြားတစ်စင်းအလား ကျောက် အပုံထဲမှ ထွက်လာသည်။
ချင်းညောင်သည် ရှီရှောင်မိုတို့သုံးယောက်ဝိုင်းခြင်းကိုခံရကာ သူတို့သည် ခက်ခက်ခဲခဲတိုက်ခိုက်နေကြရသည်။ လှုပ်ရှားမှုသံကိုကြားပြီး ကျောက်ပုံများ အကြားမှ အနီရောင်ပုံရိပ်တစ်ခုထွက်လာသည်ကိုမြင်သောအခါ သူ ပျော်ရွှင် သွားလေ၏။ သူသည် ရှီရှောင်မိုတို့သုံးယောက်ကို ထားခဲ့ကာ ပေထင်းဟွမ် ဆီသို့ ကြွေကျသည့် ဥက္ကာခဲကဲ့သို့ ပျံလေသည်။ သူသည် တောင်ပံကိုမြှောက် ကာ ပေထင်းဟွမ်ဆီသို့ ရိုက်ချတော့မည်ပြုသည်။
“ရှောင်မို ဒီသောက်ရူးကိုတားဦး”
ပေထင်းဟွမ်သည် သတ်ဖြတ်တောင်၏တောင်ဘက်သို့ အမြောက်ဆန် ကဲ့သို့ ပြေးဝင်လာသည်။ လေဟာနယ်တစ်ခုလုံးမှ လေစီးဆင်းမှုကို ထိုငှက်ပြာ ထိန်းချုပ်ထားရာ ပေထင်းဟွမ်သည် စကားပြောရန်ပင် ခက်ခဲနေပြီး အသံသည် ပြတ်တောင်းပြတ်တောင်းထွက်လာသည်။ ရှီရှောင်မိုသည် ရှင်းရှင်းလင်းလင်း မကြားရသော်လည်း ပေထင်းဟွမ်၏ဆိုလိုရင်းကို နားလည်သည်။
“ကျီးကန်းစုတ်” မြင်ကွင်းကိုကြည့်ပြီး ရှီရှောင်မိုသည် ပေထင်းဟွမ် ကျီးကန်းကိုမည်သို့ ရန်စလိုက်သည်ကို နားမလည်တော့ပေ။ ထို့ကြောင့် ကျီးကန်းသည် သူတို့သုံးယောက်ကို ပစ်ကာ ပေထင်းဟွမ်နောက်သို့လိုက်ရန် သွားခဲ့သည်။ သူတို့နှစ်ယောက်ကြားမှ ခွန်အားကွာခြားချက်သည် ကြီးမားလွန်း သည်။ ထို့ကြောင့်ပင် ပေထင်းဟွမ်သည် ထွက်လာမည့်အစား ကျောက်အပုံထဲ တွင်သာပုန်းအောင်းနေခဲ့သည်။ ရှီရှောင်မိုသည် ဘာမှမပြောတော့ဘဲ လက်ကို လေထဲတွင် အားပါပါယမ်းလိုက်သည်နှင့် ခက်ထန်သောကျားတစ်ကောင်သည် အသွင်ယူလိုက်ပြီဖြစ်သည်။
ပေထင်းဟွမ်စုစည်းလိုက်သည့် လေနဂါးနှင့်ယှဉ်လျှင် ထိုခက်ထန်သော ကျားသည် ပိုသေး၍ကြည်လင်သည်။ ၎င်း၏မျက်လုံးထဲမှ စူးရှသောအကြည့်ကို ပင် ရှင်းလင်းစွာမြင်နိုင်လေသည်။ ကျားသည် အသက်ဝင်နေသလိုပင်။ ၎င်းသည် လေထဲမှထွက်လာပြီး တောကိုဖြတ်မာန်ဟိန်းလိုက်ရာ တောင်များကို အဟုန်ဖြင့် တုန်ခါသွားစေသည်။ ၎င်းသည် ငှက်ပြာဆီသို့ ညှာတာမှုကင်းစွာ ပြေးဝင်လာခဲ့သည်။
ခက်ထန်သောလူသတ်မည့်ရောင်ဝါရောက်လာပြီး ငှက်ပြာ၏ပုံရိပ်သည် လည်းအနည်းငယ်ရပ်တန့်သွားသည်။ သို့သော် ပေမင်းပြောသည့်အတိုင်းပင် ငှက်ပြာသည် နတ်မိစ္ဆာနတ်ဘုရား၏ဝမ်းတွင်းပါသားရဲဖြစ်သည်။ သူ၏ ခွန်အားကို ဤဘုံမှဖိနှိပ်ထားသည့်တိုင်အောင် ပေထင်းဟွမ်နှင့် ရှီရှောင်မိုတို့နှင့် မတူညီနိုင်ပေ။
ချွန်ထက်သောလက်သည်းများသည် လေကိုခွင်းကာ အားကောင်းသော လေမြားသည် ကျားဆီသို့ တိုးဝင်လေသည်။ ကောင်းကင်ကို ထိုးဖောက်သည့် အသံထွက်ပေါ်လာကာ ရှည်လျားသောသက်တန့်သည် နေကိုထိုးဖောက်လိုက် သကဲ့သို့ ခက်ထန်သောကျားသည် တောင်မှထွက်ပေါ်လာသည်။ ကျား၏ တဟုန်ထိုးတိုက်ခိုက်မှုသည် နှေးသွားပုံပင်။ ကျား၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုရှိနေသည့်အလား အကြောက်တရားဖြတ်ပြေးသွားလေသည်။
“ဘုန်း”
လက်သည်းသုံးခုသည် ကျားနှင့်ထိပ်တိုက်တွေံမိလေသည်။ လေထဲတွင် ကြုံရာကိုဖမ်းဆုပ်လိုက်သကဲ့သို့ပင်။ သို့သော် စွမ်းအင်သုံးခုရောက်လာချိန်တွင် ကျားဆီသို့ ရိုက်ချလေသည်။ ၎င်းသည် အားထုတ်မှုမရှိသလောက်နီးပါး၊ တို့ဟူး အား ဓားဖြင့်ဖြတ်သကဲ့သို့ ကျားကို လေးပိုင်းပိုင်းပြီးဖြစ်လေသည်။