လုပ်စမ်းပါ ကျီးကန်းစုတ်
Vol. 72 Ch. 1431
စွမ်းအင်သည် လေထဲတွင် နည်းနည်းချင်း ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် ထွက်ပြေးရန်အချိန်မရှိလိုက်သည့် ပေထင်းဟွမ်သာမက ချီဖေး တို့ ညီအစ်ကိုသည်လည်း ထိတ်လန့်၍သတိပြန်ဝင်မလာပေ။ ဒါ ဘယ်လို သားရဲမျိုးပါလိမ့်။ ၎င်းသာသန့်စင်သောအရှင်အဆင့်သားရဲဆိုလျှင် အသိဉာဏ် ရှိလာသော အရှင်အဆင့်ဆိုလျှင်တောင် ရှီရှောင်မိုအတွက် တစ်ချက်တည်းနှင့် အသက်ရှင်ရန်မဖြစ်နိုင်ပေ။
သို့သော် ဤကဲ့သို့အခြေအနေအောက်တွင် ချီဖေးနှင့်ချီလန်တို့သည် ထိတ်လန့်မှုအပြင် လုံးဝလျစ်လျူမရှုရဲပေ။ လက်ထဲတွင်ဓားရှည်ကို ဆုပ်ကိုင် ထားပြီး ငှက်ပြာအားခုတ်ချလိုက်သည်။
“ကျီ ကျီ”
ချီဖေးနှင့်ချီလန်တို့ကိုကြည့်ပြီး ငှက်ပြာသည် ကျိုးနေသော တောင်ပံကို မြှောက်ကာ ထားလိုက်သည်။ ၎င်းသည် ချီဖေးနှင့်ချီလန်တို့၏ဓားရှည်မှ စူးရှ သောရောင်ဝါကို မကြောက်ဘဲ စူးရှသောအသံဖြင့် အထင်သေးစွာအော်လေ သည် “ကောင်စုတ်လေးနှစ်ကောင် မင်းတို့အဖေချီရှောင်လာရင်တော့ ဒီဘုရင် ရဲ့လက်ထဲက လှည့်ကွက်နှစ်ခုကနေ လွတ်ရင်လွတ်မှာ”
ထိုစကားကိုကြားပြီး ရှီရောင်မိုပင် မှင်တက်သွားလေသည်။ သူမသည် လက်ကိုလက်သည်းဖြင့် နှစ်ကြိမ်ကုတ်ကာ ပေထင်းဟွမ်အား ကြည့်လိုက် သည်။ သူမ၏မျက်လုံးများသည် စိုးရိမ်မှုအပြည့်နှင့်ပင်။ ထင်ရှားစွာပင် သူမ သည်လည်း ထိုငှက်ပြာ တစ်ခုခုလွဲမှားနေသည်ကို တွေ့လိုက်ရခြင်းပင်။ ချီရှောင်သည် ၃၃ ကောင်းကင်ဘုံတွင် အားကောင်းသော အထွတ်အထိပ်ဖြစ် သည်ကို သိထားရမည်။ ချီရှောင်ပင်လျှင် ထိုငှက်ပြာအပေါ်တွင် နှစ်ကွက်သုံးရ မည်ဆိုပါက သူတို့ မည်သို့တတ်နိုင်တော့မည်နည်း။
ပေထင်းဟွမ်သည် နောက်ဆုံးတွင် နားလည်သွားတော့သည်။ ပေမင်းသည် ထွက်သွားပြီး ထိုငှက်စုတ်နှင့် ထိပ်တိုက်တွေ့မည့်အစား အဂူးကို သစ္စာဖောက်ကာ နာမည်အပျက်ခံလိမ့်မည်။ ထိုလူသည် အရှင်အဆင့်ခွန်အား ရှိလျှင်တောင် ဘုံ၏ဖိနှိပ်ခြင်းကိုခံရသည့်တိုင် အရှင်အဆင့်ဖြစ်နေသေးသည်။
သို့သော် ဤလူသည် အထွတ်အထိပ်ကြီးအဆင့်ဆိုလျှင် မည်သို့ဖြစ်မည် နည်း။ သူမ၏အသက်ကိုယူမည်လား။ အိပ်မက်မက်သင့်သည်။
ဤအချိန်တွင် ထွက်ပြေးခြင်းသည် လက်တွေ့မဆန်သည်ကို ပေထင်းဟွမ် နားလည်သည်။ သူမ ထွက်မပြေးနိုင်တော့သဖြင့် ပြန်တိုက်ခိုက်ရုံ သာရှိတော့မည်။
စိတ်ပိုင်းဖြတ်ပြီးနောက် ပေထင်းဟွမ်၏ရောင်ဝါသည် လုံးလုံးလျားလျား ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှ ခက်ထန်သည့်လူသတ်မည့်ရောင်ဝါထွက်လာ သည်။ မျက်လုံးထဲမှ တက်ကြွသောဝိညာဉ်သည် ပူပြင်းသည့်နေကဲ့သို့ပင်။ လက်ထဲမှဓားပျော့သည် ထိုအချိန်တွင် 'ဝီ' အသံထွက်လာပြီး ကမ္ဘာမြေကြီး သည် အနည်းငယ်တုန်ခါသွားသလိုပင်။ နတ်စွမ်းအား၏ခမ်းနားသော မုန်တိုင်း သည် ပေထင်းဟွမ်ကို ဗဟိုပြုကာ ပြင်းထန်စွာ ဝေ့တိုက်လေသည်။
ရွှေနတ်စွမ်းအားသည် နေရောင်ကဲ့သို့ပင် အဝါဖျော့ဖျော့ ကောင်းကင်နှင့် မြေကြီးအကြားတွင် တောက်ပလေသည်။ လက်ထဲမှဓားပျော့သည် ရှည်လျား သောလှံတံကဲ့သို့ ဆန့်ထွက်လာသည်။ ဓားပျော့ပေါ်တွင် ကိုးရောင်မီးတောက် များသည် ရစ်ပတ်နေပြီး ငွေရောင်အလင်းတန်းသည် ငွေရောင်မြွေကဲသို့ ခက်ထန်ကာ ကြောက်မက်ဖွယ်ကောင်းလေသည်။
“လာစမ်းပါ ငှက်စုတ် သခင်လေးသေသွားရင်တောင် မင်းကို ဆွဲခေါ်သွား မယ်” ချင်းညောင်သည် သူမ၏ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ် ကြောင့် လိုက်သတ်ခြင်းဖြစ်သည်ကိုသိပြီးနောက်တွင် ပေထင်းဟွမ်သည် ထို ငှက်စုတ်ကို ဒေါသထွက်မိလေသည်။ ကျီးကျန်း၏ နာကြည်းမှုသည် အနည်းငယ်လျော့သွားပြီဖြစ်သော်လည်း ဤကောင်လေးကို အရှုံးပေးမည်ဟု မဆိုလိုပေ။
“ကျွတ် ကျွတ် ကျွတ်” ချင်းညောင်သည် ပေထင်းဟွမ်အား အဆုံးမရှိ ဖိနှိပ်သော မျက်လုံးဝိုင်းများဖြင့် စိုက်ကြည့်နေသည်။ သူသည် ဤလူငယ်နှင့် ပတ်သက်၍ မကောင်းသည့်ခံစားချက်မရှိသော်လည်း ဤလူငယ်တွင် သူ စိတ်ဝင်စားသည့်တစ်စုံတစ်ရာရှိနေသည်။ ဤလူငယ်၏ခန္ဓာကိုယ်ထဲတွင် ဆက်ခံထားသောသွေးသားရှိပါက သူသည် တွေဝေမှုမရှိ ဤလူငယ်အား သတ် မည်ဖြစ်သည်။
“စိတ်ဝိညာဉ်အဆင့်တောင်မရှိတဲ့ အားနည်းတဲ့လူသားက ဒီဘုရင်နဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်ချင်သေးတာလား” ချင်းညောင်နှာမှုတ်လေသည် “မင်းကို ဘယ်သူက ဒီလိုသတ္တိတွေပေးလိုက်တာလဲ”
ငှက်ပြာသည် ပေထင်းဟွမ်၏ ရန်စမှုကြောင့် ဒေါသထွက်သွားသည်မှာ ထင်ရှားလှသည်။ ရုတ်တရက်ပင် သူ၏မျက်လုံးများ ပြူးကျယ်လာပြီး လည်ပင်းမှ ငှက်မွေးများထောင်လာသည်။ ခြေသည်းများသည် ဓားသွားအလား ပင်။ ငှက်ပြာသည် ပေထင်းဟွမ်အား အေးစက်စွာနှာမှုတ်လေသည်။ ဓားသွား ငှက်မွေးတစ်ချောင်းထွက်လာပြီး ပေထင်းဟွမ်ဆီသို့ ပျံဝင်လေသည်။