← Chapters

ငှက်မွေးကိုခေါက်ခြင်း

Vol. 72 Ch. 1432

ငှက်မွေးကိုခေါက်ခြင်း

Vol. 72 Ch. 1432

၎င်းသည် လေထဲတွင်တဖြည်းဖြည်း ရွှေ့လျားနေသည့် ပေါ့ပါးသော ငှက်မွေးနှင့်တူလေသည်။ သို့သော် လေးယောက်သား မျက်လုံးဖွင့်ကြည့်လိုက် ချိန်တွင် ငှက်မွေးသည် ပေထင်းဟွမ်၏မျက်နှာအနားသို့ ကပ်လာပြီဖြစ်သည်။ ပြန်လည်တိုက်ခိုက်နိုင်သည့်စွမ်းအားမရှိတော့သလို သူတို့သည် တူညီသည့် အဆင့်မဟုတ်ကြပေ။ ပေထင်းဟွမ် မည်မျှပင် ယုံကြည်ချက်ရှိစေကာမူ သူမ၏ ဆန္ဒမည်မျှပင် ခိုင်မာနေစေကာမူ သူမနှင့်ငှက်ပြာအကြားရှိခွန်အားသည် မနည်းလှပေ။

ငှက်ပြာသည် တစ်ဝက်မီးဖုတ်ခံထားရသည့် ပင်ဖုန်းကဲ့သို့မဟုတ်ဘဲ အလုံးစုံ ခွန်အားကို ကိုယ်စားပြုသည်။

“ရှောင်ကျို့”

ငှက်မွေးသည် ပေထင်းဟွမ်အား ရက်စက်စွာထိုးစိုက်လိုက်သည်ကို မြင်ပြီး ရှီရှောင်မိုသည် လက်ထဲမှ ကျားလက်သည်းကိုဝေ့ယမ်းကာ ငှက်ပြာဆီ သို့ အားပြင်းစွာ တိုးဝင်လေသည်။

သူမ၏ကယ်တင်မှုသည် ငှက်ပြာအား ဓားငှက်မွေးထုတ်စေလိမ့်မည်ဟု ရှီရှောင်မို ခမ်းခမ်းနားနားကြီးမျှော်လင့်မထားပေ။ ချီဖေးနှင့်ချီလန်တို့ ငှက်ပြာ နှင့်ရှုပ်ထွေးနေချိန်တွင် ရှီရှောင်မို၏လက်သည်းသည်လည်း ဓားငှက်မွေးကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ညီအစ်ကိုကို သူမရှေ့တွင် အသေမခံနိုင်ပေ။ သူမ သည် ရှီချန်းမို၏သမီးဖြစ်ပြီး သစ္စာဖောက်သောကိစ္စများကိုလုပ်ဆောင်မည် မဟုတ်ပေ။

ရှီရှောင်မိုနှင့် ချန်းညောင်တို့အကြားမှ ခွန်အားသည် များစွာကွာခြားနေရုံ သာဖြစ်သည်။ သူမ မည်မျှမြန်စေကာမူ ထိုဓားငှက်မွေးကို အနိုင်မယူနိုင်ပေ။ ဓားငှက်မွေး ပေထင်းဟွမ်ဆီသို့ ထိုးစိုက်နေသည်ကိုမြင်လိုက်ရချိန်တွင် ပေထင်းဟွမ် ရှောင်နိုင်မည်မဟုတ်ပေ။ ထိုဓားငှက်မွေး၏အမြန်နှုန်းကို ဖွင့်ပေး ရမည်ဖြစ်သည်။

ဒါက ဖန်ဆင်းရေးနတ်ဘုရားနဲ့ နီးစပ်တဲ့ ခွန်အားမလား။ သူမ ဒီနေ့ ဒီ ကျီးကန်းစုတ်လက်ထဲမှာသေရတော့မှာလား။ ပေထင်းဟွမ်သည် ရုတ်တရက် နှာမှုတ်ချင်လာသည်။ ဒီလိုသာအဆုံးသတ်မယ်ဆိုရင် ဒေါသကြောင့် အရင်သေခိုင်းလိုက်ပါတော့။

ရင်ဘတ်ထဲမှ ငှက်မွေးလုံးလေးသည် သူမအတွက်နှင့် ဓားငှက်မွေးတား ခုန်တားတော့မည်အပြုတွင် ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ မြူခိုးမည်းအလွှာ သည် ရုတ်တရက် ထွက်ပေါ်လာသည်။ သုံးချောင်းထောက်ကျောက်တုံးသည် ပေထင်းဟွမ်၏ ရင်ဘတ်ရှေ့တွင် ပေါလောပေါ်လာ၏။ ကျောက်တုံးသည် ဆက်လက်ပြီး ကြီးထွားလာကာ စကြာဝဋာထဲရှိ အရာအားလုံးကို ဝါးမျိုနိုင် လောက်သည့်အနက်ရောင်အလင်းကို ထုတ်လွှတ်ပြီး ပေထင်းဟွမ်အား အထဲ ထဲတွင် ဖုံးအုပ်ထားလေသည်။

ဘုန်း...

ကြည်လင်ပြီးကျယ်လောင်သောအသံထွက်လာကာ မီးတောက်များ ပြန့်ကျဲသွားပြီး ဓားငှက်မွေးသည် ကျောက်တုံးအား မိုးကြိုးအင်အားနှင့်အတူ ရိုက်မိလေသည်။ ထိုကျောက်တုံးသည် ပေထင်းဟွမ်၏ အကြောထဲတွင် နစ်မြုပ်နေသည့် ဘိုးဘေးကျောက်တုံးပင်ဖြစ်သည်။ သူသည် ဤအချိန်တွင် ထွက်ပေါ်လာပြီး ပေထင်းဟွမ်အတွက် ဓားချက်ကို ဝင်ခံပေးလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။

ဘိုးဘေးကျောက်တုံးသည် ထိုနေရာတွင်ရှိဆဲဖြစ်ကာ ပေထင်းဟွမ်၏ ရှေ့၌ ကျယ်ပြန့်လာပြီး ကျောက်တုံးအနောက်တွင် တစ်ကိုယ်လုံးကို ကာဆီး ထားလေသည်။ သို့သော် ဓားငှက်မွေးသည် သံမဏိကဲ့သို့ မာကြောသည်။ ထို အချိန်တွင် ၎င်းသည် ဘိုးဘေးကျောက်တုံး၏ခွန်အားကြောင့် နှစ်ခေါက်ချိုး ကျိုးသွားလေသည်။

ဓားငှက်မွေးကျိုးသွားပြီးနောက် ၎င်းသည် အားလျော့စွာဖြင့် အောက်သို့ ကျလေသည်။ ထိုအရာကိုမြင်ပြီးနောက်ပေထင်းဟွမ်၏မျက်လုံးများ အရောင် လက်လာပြီး ဓားပျော့ကိုထုတ်ကာ ငှက်မွေးနှစ်ခုနှင့်အတူ အားလုံးကို သိုလှောင်လက်စွပ်ထဲသို့ထည့်လိုက်သည်။

“ဒီငှက်မွေးအကျိုးနှစ်ခုနဲ့ သူ ဘာလုပ်မလို့လဲ” ချီလန်သည် အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။ ငှက်ပြာ၏စွမ်းအားကိုဆုံးရှုံးပြီးနောက် ငှက်မွေး နှစ်ခုသည် တိုက်ခိုက်ရန်စွမ်းအားလုံးဝမရှိတော့ပေ။

“ငတုံး ဒါက ငှက်ပြာရဲ့ငှက်မွေးလေ၊ လက်နက်တွေသန့်စင်ဖို့သုံးတယ်၊ နတ်အဆင့်သန့်စင်သူတောင်မှ အထွတ်အထိပ်လက်နက်ကို သန့်စင်နိုင်တယ်၊ မင်းဘယ်လိုထင်လို့လဲ” ရှီရှောင်မိုသည် စိတ်ဆိုးဆိုးနှင့်ပြောလိုက်သည်။

အထွတ်အထိပ်လက်နက်။

ချီလန်သည် နှုတ်ခမ်းသပ်ကာ ခက်ခက်ခဲခဲနှင့်မျိုချလိုက်သည်။ ထိုအခိုက် တွင် သူ၏ မျက်လုံးပင်လျှင် အားကျမှုများကို ပြသလေသည်။

ချင်းညောင်သည် သူ၏ငှက်မွေးများကို တခြားသူ၏လက်ထဲသို့ ဘယ်သောအခါမှ အပါမခံပေ။ သို့သော် ဘိုးဘေးကျောက်တုံး ရုတ်တရက် ပေါ်လာမှုကြောင့် ရုတ်ခြည်းဖြစ်လွန်းရာ ချင်းညောင်မှင်တက်ခဲ့သည်။ ဓား ငှက်မွေးကျိုးပြီး လည်ပင်းမှသွေးများစီးကျမှုကြောင့် နာကျင်မှုမခံစားရချိန်ထိ သူ သတိမဝင်လာသေးပေ။ သို့သော် သူသည် ခြေတစ်လှမ်းနောက်ကျသွားလေ ပြီ။ ကျိုးပဲ့သော ဓားငှက်မွေးသည် ပေထင်းဟွမ်လက်ထဲသို့ပါသွားပြီဖြစ်သည်။

All Chapters