ထွက်ပြေးတာက အရေးကြီးဆုံးကိစ္စပဲ
Vol. 72 Ch. 1433
ဘိုးဘေးကျောက်တုံး၏ ကာကွယ်မှုနှင့်အတူ ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာနှင့် သက်ပြင်းချလိုက်သည်။ သို့သော် ဘိုးဘေး ကျောက်တုံးကို လျစ်လျူမရှုရဲပေ။ ထိုဘိုးဘေးကျောက်တုံးသည် သူမ၏ ထိန်းချုပ်မှုအောက်တွင်မဟုတ်ပေ။ ယနေ့ သူသည် သူမအား ကြားဝင်ကူညီခဲ့ သော်လည်း နောက်တစ်ခါဆိုလျှင် ကူညီမည့်လက်ကို ငှားပေးမလားကို မည်သူ သိမည်နည်း။
ပေထင်းဟွမ်သည် သူမ၏ကံတရားကို တခြားသူလက်ထဲထည့်ရန် ယုံကြည်ခြင်းမရှိပေ။ သူမသည် ရှီရှောင်မိုနှင့်တခြားသူများကိုကြည့်ကာ လှည့်ထွက်ပြီး အဆုံးမရှိသောလင်လင်တောင်ဆီမှ ပျံထွက်လာခဲ့သည်။
ယခုအချိန်မှာ ထွက်ပြေးခြင်းသည် အရေးကြီးဆုံးကိစ္စဖြစ်နေသည်။
“အာ.. ကောင်စုတ်လေး မင်းက ထွက်ပြေးချင်တာလား” ချင်းညောင် သည် စည်းချက်တစ်ဝက်နောက်ကျနေတုန်းပင်။ တကယ်တော့ သူ၏မျက်လုံး များသည် ဘိုးဘေးကျောက်တုံးမှ အကြည့်မခွာနိုင်ခြင်းပင်။ သူ့အတွက် ထို ဘိုးဘေးကျောက်တုံးသည် အကြောင်းအရင်းမရှိ ရင်းနှီးသည့်ခံစားချက်ရှိသည်။ သို့သော် နှစ်ပေါင်းတစ်သောင်းအတွင်းတွင် သူသည် အရာများစွာကို မေ့လျော့ နေခဲ့သည်။ ထိုအရာကို သူ မမှတ်မိနိုင်ပေ။
သို့သော် ဘိုးဘေးကျောက်တုံးမှ သူ့ဆီသို့ယူဆောင်လာသော ကြောက်ရွံ့ မှု ခံစားချက်သည် မဆိုးလှပေ။ ဓားငှက်မွေးသည် ထိုအရာနှင့်တွေ့သောအခါ ကျိုးပဲ့သွားခဲ့သည်။ ငှက်ပြာသည် ပေထင်းဟွမ်နောက်သို့ လိုက်လှင်တောင် အနားသို့မကပ်ရဲတော့ဘဲ အဝေးမှသာလိုက်လေသည်။
ပေထင်းဟွမ်သည် တစ်ခါတစ်ခါတွင် ငှက်ပြာအား လှည့်လှည့်ကြည့်၏။ အစတော့ သူမသည် ထိုငှက်ရူးသွပ်ပြီး နောက်မှလိုက်လာမည်ကို အနည်းငယ် စိုးရိမ်သေးသည်။ သူမ၏လက်ထဲတွင် ဘိုးဘေးကျောက်တုံးကို ကိုင်ထားပြီး အချိန်မရွေး ခုခံရန်အတွက် စတေးရန်အသင့်ဖြစ်နေသည်။ ငှက်ပြာသည် သူမ နောက်သို့လိုက်နေကာ အလွန်ထူးဆန်းသောအကြည့်ဖြင့်ကြည့်နေသည်ကို သာ မြင်နေရသည်။ အတန်ကြာပြီးနောက် ပေထင်းဟွမ်သည် တဖြည်းဖြည်း စိတ်အေးလာသည်။
“ဘိုးဘေးကျောက်တုံးက ဖန်ဆင်းရေးနတ်ဘုရားရဲ့မွေးရပ်မြေက ဘိုးဘေးတောင်ကနေ ကျလာတာဆိုရင် ဒီငှက်ပြာကလည်း သူ့ရဲ့မွေးရပ်မြေက လာတာပဲ၊ ဒါဆို အခြေခံအားဖြင့် သူတို့က အကြောတူမှာပဲ၊ ကြည့်ရတာ ဒီ ဘိုးဘေးကျောက်တုံးကြောင့် ငှက်ပြာက ငါ့ကိုသတ်ဖို့မကြိုးစားတော့ဘူးထင် တယ်”
သို့သော် ပေထင်းဟွမ်သည် လျစ်လျူမရှုရဲသေးပေ။ သူမသည် တောင် တစ်ခုလုံးကို မရပ်မနားနီးပါး ခေါက်တုံ့ခေါက်ပြန် စိတ်အားထက်သန်စွာ ပျံရင်း ထွက်ပြေးနေသည်။ မည်သူကမှ သေမင်းအရိပ်ထဲတွင် တစ်နေကုန် ပိတ်လှောင်ခြင်းမခံချင်ကြပေ။ ငှက်ပြာသည် သူမနောက်သို့လိုက်နေခြင်း ကြောင့်ဖြစ်နိုင်သည်၊ ဖန်ဆင်းရေးနတ်ဘုရား၏ သားရဲများအပေါ်ဖိနှိပ်မှုသည် အနည်းငယ်ပေါ့ပါးသွားသဖြင့် သတ်ဖြတ်တောင်တစ်ခုလုံးမှ သားရဲများသည် အဝေးသို့ရှောင်တိမ်းပြေးကြသည်။ ပေထင်းဟွမ်သည် နတ်ဘုရားဘုရင် ထိပ်ဆုံးအဆင့်ဖြစ်သော်လည်း သတ်ဖြတ်ဝိညာဉ်တောင်တစ်ခုလုံးကို ဖြတ်၍ ပျံပြေးသည်။
အစွန်းကိုမျှော်ကြည့်ကာ ၁၀ ရက်တိုင်တိုင်ပြေးလွှားနေရသော ပေထင်းဟွမ်သည် အနည်းငယ်စိတ်အိုက်လာသည်။ ထိုအချိန်တွင် သူမသည် တောင်တစ်လုံးကိုရှာတွေ့သဖြင့် သက်ပြင်းချကာ ရပ်လိုက်သည်။
ပေထင်းဟွမ်သည် လက်ထဲတွင် ဘိုးဘေးကျောက်တုံးကိုကိုင်ကာ သူမ နောက်သို့လိုက်လာသည့် ငှက်ပြာကို ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုကောင် ချန်းညောင်သည် သူမနောက်သို့ တစ်လမ်းလုံးလိုက်လာသည်။ ထိုငှက်စုတ် သည် ပေထင်းဟွမ်၏လက်ထဲမှ ဘိုးဘေးကျောက်တုံးကို စိုက်ကြည့်နေဆဲဖြစ် ကာ ပေထင်းဟွမ်အား အသံခပ်အက်အက်ဖြင့်ပြောလိုက်သည် “မင်းက ကမ္ဘာ မြေကြီးမိခင်ဝင်စားတာလား”
“မင်းက နတ်မိစ္ဆာနတ်ဘုရားဝင်စားတာလား” ပေထင်းဟွမ်သည် သူ့အား စိတ်ဆိုးမာန်ဆိုးကြည့်ကာ လက်ထဲမှဘိုးဘေးကျောက်တုံးကို မြှောက်ကာ ကလေးလက်သီးဆုပ်အရွယ်အစားသို့ ပြောင်းကာ ငှက်ပြာဆီသို့ ပစ်ပေးလိုက် သည်။ မည်သူသိမည်နည်း။ ငှက်ပြာသည် တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရ သကဲ့သို့ တောင်ပံတစ်ဖက်တည်းနှင့် ၁ မိုင်ကွာဝေးသည်အထိ ပျံပြေးကာ အနားမကပ်ရဲပေ။
ထိုအရာကိုကြည့်ပြီး ပေထင်းဟွမ်သည် ပျော်သွားသည်။ ထိုဘိုးဘေး ကျောက်တုံး ပြောင်းပြန်ဖြစ်သွားသည်ကိုကြည့်နေသည်။ ၎င်းသည် ပစ္စည်း ကောင်းဖြစ်သည်။ ငှက်ပြာပင် ကြောက်ရသည်။ သို့သော် ထိုဘိုးဘေးကျောက် တုံးမည်မျှပင် အားကောင်းစေကာမူ ပေထင်းဟွမ်သည် ၎င်းကို အချိန်တစ်ခုထိ မသုံးချင်ပေ။ သို့သော် ၎င်းကို သူမ၏အကြောထဲသို့ ပြန်ထည့်ပြီး အကြိမ် အနည်းငယ် ပြေးရန်နှင့် ထိုဘိုးဘေးကျောက်တုံးအား ထိန်းချုပ်နိုင်ရန် ကြိုးစား ခဲ့သော်လည်း နောက်ဆုံးတွင် အသုံးမချနိုင်ခဲ့ပေ။ ပေထင်းဟွမ်သည် အနည်း ငယ်စိတ်တိုမိသည်။
“မင်း သူ့ကို အခုထိန်းချုပ်လို့မရဘူး”
စူးရှပြီး အက်ကွဲသံသည် နားထဲသို့ဝင်လာသဖြင့် ပေထင်းဟွမ် ခေါင်းလှည့်ပြီးကြည့်မိသည်။ အချိန်တစ်ခုယူပြီးနောက် ငှက်ပြာသည် ရှေ့တိုး လာပြန်သည်။ သူ ဆက်ပြောလေသည် “မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အဲကောင်ရဲ့ အသက်အပြင် ကမ္ဘာမြေကြီးမိခင် အငွေ့အသက်ရှိနေသေးတယ်၊ ဒီဘိုးဘေး ကျောက်တုံးကို တစ်ချိန်က ကမ္ဘာမြေကြီးမိခင်က သန့်စင်ခဲ့တာ အဲဒါကြောင့် မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နေနိုင်တာပဲ၊ ဒါပေမဲ့ အဲဒါက မင်းပိုင်ဆိုင်တယ်လို့ မဆိုလိုဘူး”