ကျောက်တူးသမား
Vol. 72 Ch. 1436
နေဝင်သွားသည်နှင့် ကျောက်တူးသမားအဖွဲ့သည် ပခုံးပေါ်တွင် ဓားများ ကိုထမ်းရင်း မှော်အရင်းအမြစ်ကျောက်တုံးထည့်ထားသည့် အိတ်များကို ခါးတွင်ချိတ်ပြီးပြန်လာကြသည်။ ၁၀ ယောက်ပါဝင်သောအဖွဲ့သည် တောထဲမှ ပျော်ရွှင်စွာနှင့်ထွက်လာသည်။ သူတို့သည် တစ်နေကုန်အလုပ်လုပ်ရခြင်း ကြောင့် ပင်ပန်းနေသော်လည်း လေးဖင့်ခြင်းမပြုရဲပေ။ သူ၏မျက်လုံးထောင့် များသည် တစ်စုံတစ်ခုကို သတိထားနေသကဲ့သို့ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
အဆုံးတွင်လျှောက်လာသူမှာ ၈ နှစ် သို့မဟုတ် ၉ နှစ်အရွယ်ရှိ ကလေး သည် ခြေထောက်တိုသဖြင့် အမှီမလိုက်နိုင်ပေ။ သူနှင့်အနီးဆုံးလူငယ်သည် သူ့အား လက်ကမ်းပေးရင်း စိတ်မရှည်စွာနှင့်ပြောလေသည် “လင်းဖုန်း မင်းကို ထွက်မလာနဲ့လို့ပြောထားတာလေ၊ မင်းက ဇွတ်ထွက်လာချင်တာကိုး၊ မင်းရဲ့ မှော်အရင်းအမြစ်ကျောက်တုံးတွေ အလုခံချင်တာလား”
“ချန်း သူက ကလေးပဲရှိသေးတာ ဒီနေ့လည်းပင်ပန်းထားတာ သူ့ကို ဒီလို မလုပ်ပါ်နဲ့၊ ဒီရက်ပိုင်းမှာ ဟူပါးက မကြာမကြာထွက်လာပေမဲ့ ဒါက ကလေး အမှားမှမဟုတ်တာ အပြစ်မတင်ပါနဲ့”
ခေါင်းဆောင်သည် ချမ်းအေးသည့်ရာသီတွင် နှစ်ထပ်တရုတ်အမတ် အပေါ်ဝတ်ကိုဝတ်ဆင်ထားကာ လက်မောင်းများပေါ်နေသည်။ ကြွက်သားများ သည် အရေပြားအောက်မှ နဂါးနှင့်မြွေထွက်လာသကဲ့သို့ သူ၏ သန်မာသော ခန္ဓာကိုယ်နှင့် သာမန်မဟုတ်သော ကိုယ်ရည်ကိုယ်သွေး ခွန်အားတို့ကို ပြသနေ သည်။
“ဟုတ်ကဲ့ပါ အစ်ကိုလုံ သိပါပြီ” ချန်းသည် စောဒကတက်ရုံတင်သာဖြစ် သည်။ သူသည် တစ်နေ့တာအတွက် မှော်အရင်းအမြစ်ကျောက်တုံးများ ရှာဖွေ ပြီးနောက် အလွန်ပင်ပန်းနေပြီဖြစ်သည်။ သို့သော် လိုက်မလာနိုင်သည့် လင်းဖုန်းဟုခေါ်သည့်ကလေးကို တွဲထားတုန်းပင်ဖြစ်သည်။
လူတစ်စုသည် ၁ မိုင်ခန့်ရောက်အောင် ရှေ့သို့ပြေးကြသည်။ ရုတ်တရက် ဆိုသလိုပင် အရှေ့တွင်လျှောက်နေသော အစ်ကိုလုံဆီသို့ လေအေးများ တည့် တည့်ဝင်လာသည်။ ထိုအအေးတန်းသည် စကြာဝဋာထဲတွင် စုစည်းနေသော အမှောင်အလင်းတန်းကဲ့သို့ ဝိညာဉ်ကို ခြိမ်းခြောက်နိုင်လေသည်။
စူးရှသောငွေရောင်မြားတစ်စင်းသည် အမှောင်စွမ်းအားများဖြင့် ရစ်ပတ် ထားသည်။ ၎င်းသည် မီတာဝက်ခန့်ရှည်လျားသည်။ မည်သည့်သတ္တုဖြင့် ပြုလုပ်ထားသည်ကိုတော့ မသိနိုင်ပေ။ မြားသမား၏ခွန်အားသည် အံ့အားသင့် လောက်စရာပင်။ ထိုမြားချက်သည် လျှပ်စီးကဲ့သို့မြန်ဆန်ကာ ၎င်းပေါ်မှ နတ် စွမ်းအားသည် ရွှေရောင်မီးတောက်ကဲ့သို့ တောက်လောင်လေသည်။ မြားသည် လူ၏ရင်ဘတ်ကို ချည်းကပ်နေပြီဖြစ်သော်လည်း လေခွင်းသည့်အသံသည် ၃ မီတာအကွာတွင်ကျန်ခဲ့လေသည်။
ထိုမြားသည် ရုတ်တရက်ရောက်လာခြင်းပင်။ နက်ရှိုင်းသောတောင်နှင့် ထူထဲသောတောထဲတွင် ဤမျှအေးစက်သောမြားထွက်ပေါ်လာသည်။ မြားသမားသည် ဤလူတစ်စုကို အသက်ရှင်မည့်လမ်းချန်ပေးရန် ရည်ရွယ်ချက် မရှိသည်ကို သိနိုင်သည်။ ကံကောင်းစွာပင် ဤလူတစ်စုသည် နိုးနိုးကြားကြား ရှိနေခြင်းကြောင့်လား သို့မဟုတ် ဤကဲ့သို့အေးစက်သောမြားကို မကြာမကြာ တွေ့ဖူးခြင်းကြောင့်လားမသိပေ။ အစ်ကိုလုံ၏တုံ့ပြန်ချက်သည် အလွန်မြန်ဆန် သည်။ သူသည် ဘေးတစ်ဖက်သို့ရှောင်ပြီးသားဖြစ်သည်။
အေးစက်သောမြားသည် သူ၏ပခုံးပေါ်မှ ပျံဝဲသွားကာ အသားစိုင်ခဲနှင့် သွေးများကိုသယ်ဆောင်ရာ မြေကြီးပေါ်မှ သစ်ရွက်များပင် ဝဲပျံသွားလေ၏။ သူ၏ပအခုံးပေါ်တွင် ကြွက်သားအဖုကြီးမှာ ဖွာသွားလေ၏။ ထိုမြားသည် သူ၏ နှလုံးဆီသို့ ထိုးစိုက်လုနီးပါးပင်။
အားလုံးနီးပါးသည် ခေတ္တမျှကြောက်လန့်သွားကာ သူတို့၏အကြည့်များ သည် ထိုမြားပျံလောက်မမြန်ပေ။ ရှည်လျားသောမြားသည် အနီးရှိကျောက်တုံး ဆီသို့ တိုက်ရိုက်ပင် ထိုးစိုက်သွားကာ 'ချွင်း' ဆိုသည့်အသံထွက်လာသည်။ တစ်ချိန်တည်းမှာပင် လေခွင်းသည့်အသံသည် မြန်ဆန်စွာထွက်လာသည်။
အဝေးရှိမြင်းခွာသံများသည် တဖြည်းဖြည်းနီးကပ်လာသည်။ ထိုအချိန် တွင် ကျောက်တူးသမားအဖွဲ့သည် စတင်နိုးကြားလာသည်။ ခေါင်းဆောင် အစ်ကိုလုံသည် ပခုံးပေါ်မှ ဒဏ်ရာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အဖွဲ့ဝင်များ ထွက်ပြေးနိုင်ရန် ဖြစ်နိုင်ခြေကိုတွက်ချက်နေသည်။ သို့သော် တောအပြင်ဘက် တွင် မြင်းစီးသမား ၅ ဦး သို့မဟုတ် ၆ ဦးခန့်ရောက်လာသည်။ ကဆုန်ပေါက် ပြေးခြင်းတို့ကြောင့် ကောင်းကင်တစ်ခုလုံးတွင် ဖုန်ထသွားလေသည်။ သူသည် လျင်မြန်စွာပင် ရှေ့သို့ရောက်လာပြီး တောအပြင်ကိုစောင့်ကြပ်လေသည်။
ထိုမြင်းစီးသမားများစီးလာသည့် မြင်းများသည် သာမန်သားရဲများ မဟုတ်ကြဘဲ နဂါးမြင်းပျံများဖြစ်ကြသည်။ တစ်ကိုယ်လုံးကို ပန်းကန်လုံးတစ် လုံးစာ အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ တောင်ပံများသည် နံရိုးနှစ်ဖက်မှ ထွက်လာသည်။ တောင်ပံတစ်ချက်ခတ်လိုက်သည်နှင့် မြေကြီးအလွှာကို ဖျက်ပစ်နိုင်လေသည်။