← Chapters

မှော်အရင်းအမြစ်ကျောက်တုံး၊ အရင်းအမြစ်များ၊ ပစ္စည်းလုခြင်း

Vol. 72 Ch. 1437

မှော်အရင်းအမြစ်ကျောက်တုံး၊ အရင်းအမြစ်များ၊ ပစ္စည်းလုခြင်း

Vol. 72 Ch. 1437

အရှေ့မှလူသည် ၂ မီတာခန့်ရှည်သော ငွေရောင်လေးကို ညာဘက်တွင် ကိုင်ထားကာ ဘယ်ဘက်လက်ကိုဆန့်ထုတ်ပြီး မြင်းကျောပေါ်ရှိ မြားအိတ်ထဲ မှ ငွေရောင်မြားကိုထုတ်လေသည်။ အစ်ကိုလုံကို ထိုးစိုက်သွားသော မြားသည်လည်း တစ်ပုံစံတည်းဖြစ်သည်။ ထို့ကြောင့် အစောက အစ်ကိုလုံအား သတ်လုနီးပါးဖြစ်သွားသောမြားသည် ထိုလူမှ ပစ်လွှတ်လိုက်ခြင်းဖြစ်မည်။

ထိုလူသည် လေးပေါ်သို့ မြားတင်လိုက်ကာ အဖွဲ့ဝင်များကို နောက်တွင် ကွယ်ထားသော အစ်ကိုလုံဆီအား ချိန်ရွယ်လိုက်သည်။ သူ၏ထိုလှုပ်ရှားမှုသည် လူပေါင်းဒါဇင်မျှကို ဒေါသထွက်သွားစေသည်။ သို့သော် လေးကြိုးသည် တင်း နေကာ လေးပေါ်မှမြားသည် လူတစ်စုဆီသို့ တဖြည်းဖြည်းချိန်ရွယ်နေသဖြင့် ထိုရွာသားများသည် ဒေါသကိုချုပ်တည်းကာ ကြောက်ရွံ့မိကြလေသည်။

“ဟူပါပဲ သူတို့ရှိနေတုန်းပဲ” အနောက်တွင်ရပ်နေသော ချန်းဖေးသည် ဒေါသ နှင့်အံကြိတ်ထားသည်။ သို့သော် စကားလုံးအနည်းငယ်ကိုသာ တိုးညင်းစွာ ရေရွတ်ရဲလေသည်။ လက်ထဲတွင် မှော်အရင်းအမြစ်ကျောက်တုံး အနည်းငယ် ကို ဖက်တွယ်ထားကာ တောက်ပသောမျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် မလိုလားမှုများဖြစ်ပေါ်နေသော လင်းဖုန်းကို လက်တွဲထား တုန်းပင်။

“ပြေးလေ မင်းတို့ မလွတ်ချင်ဘူးလား” မျက်စိတစ်ဖက်ကန်းနေသော လူ သည် ပင်လယ်ဓားပြကဲ့သို့ဝတ်စားထားပြီး လက်ထဲတွင်ကြာပွတ်ကို ကိုင်ဆောင်ထားကာ လေထဲတွင်ယမ်းကာ ရွာသားများအား အထင်သေးသော မျက်လုံးများဖြင့် တစ်ဦးချင်းစီကြည့်လေသည်။

လေးကိုင်ထားသော လူသည် မလှုပ်မယှက်နှင့် ရွာသားများကို ချိန်ရွယ် ထားတုန်းပင်။ နဂါးပျံမစီးသော တခြားလူများသည် ရွာသားများကို ဝိုင်းကြလေ သည်။ သူတို့၏မျက်လုံးများသည် မှော်အရင်းအမြစ်ကျောက်များထည့်ထား သည့် အိတ်များကို ချိတ်ဆွဲထားသော ရွာသားများ၏ခါးများကို အပြစ်ပြုတော့ မည့် အကြည့်များဖြင့်ကြည့်ကြလေသည်။ “မင်းတို့ကံကောင်းတာပဲ၊ သိပ်တောင်မတူးလိုက်ရဘဲ မှော်အရင်းအမြစ်သတ္တုကြောကိုတွေ့ခဲ့တယ် ဒါပေမဲ့ မှော်အရင်းအမြစ်ကျောက်တုံးကိုပဲယူခဲ့တုန်းက မစုံစမ်းခဲ့ဘူးလား၊ အဲဒီ အရင်းအမြစ်သတ္တုကြောက ငါတို့ကျားအဖွဲ့အပိုင်ပဲ”

“မဟုတ်ဘူး အဲဒါက မင်းတို့ကျားအဖွဲ့ဟာမဟုတ်ဘူး၊ အဲဒီအရင်းအမြစ် သတ္တုကြောက နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရတာပဲ” လင်းဖုန်းသည် ငယ်ရွယ်သေးကာ လက်ထဲတွင် မှော်အရင်းအမြစ်ကျောက်တုံးကို တင်းကြပ်စွာ ကိုင်ထားသည်။ ၎င်းတို့သည် လက်မအရွယ်အစားမျှသာဖြစ်သော်လည်း ရက် ပေါင်းများစွာစားနိုင်လောက်သည့် အစားအသောက်များနှင့် လဲလှယ်နိုင်သည်။ သူ၏မိခင်သည် ငတ်မွတ်မှုကြောင့် ဖျားနာနေသဖြင့် သူမအား မဆုံးရှုံးချင်ပေ။

“ဟား ဟား ဒီကလေးက ကြမ်းလှချည်လား” ပါးစပ်ထက်သည့် မျောက် ပါးပြင်နှင့်လူသည် ဆိုးယုတ်စွာပြုံးကာ လက်ထဲမှ လှံတံဖြင့် ကလေးအား တို့လေသည် “မှော်အရင်းအမြစ်ကျောက်တုံးကို သိမ်းထားချင်လား၊ အဲဒါက မင်း ကံကောင်းလား ကံမကောင်းလားပေါ်မှာမူတည်တယ်၊ ကောင်စုတ်လေး ဒီလောက်ငယ်ငယ်လေးနဲ့ ခုခံဖို့ကိုသင်ထားတာပဲ”

ချန်းဖေးလက်ပြောင်းကာ လင်းဖုန်းအား နောက်တစ်ဖက်ဖြင့် ချီလိုက်သည်။ သူသည် အမှားလုပ်မိကာ ရှောင်ရှားလိုက်မိသည်။ သူ မျက်မှောင်ကြုတ်လိုက် သော်လည်း ပါးစပ်မှာ ချိုသာတုန်းပင် “သူက ကလေးပဲရှိသေးတာ၊ မင်းတို့ လျစ်လျူရှုတယ်ဆိုရင် ဘာလို့ကလေးကို လာနှောင့်ယှက်နေတာလဲ”

“ကလေးဟုတ်လား၊ အဲတော့ ကလေးကျဘာလုပ်ရမှာလဲ၊ မင်းတို့က မှော်အရင်းအမြစ်ကျောက်တုံးကို ဖွက်ရဲရင်တော့ သေသင့်တာပဲ”

ကျီစယ်သည့်မျက်ခုံးနှင့်လူသည် ချန်းဖေး သူ၏လှံကိုရှောင်ရှားလိုက်သည်ကို ကြည့်ပြီး လှံထိပ်ဖျားနှင့် ချန်းဖေး၏ခါးမှအိတ်ကို ညွှန်ပြလေသည်။ လှံထိပ်ဖျား သည် ချန်းဖေး၏ခါးကို ထိုးစိုက်လေသည်။ ချန်းဖေးမျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့လာသည်။ သို့သော် သူ လုံးဝမရှောင်ပေ။ သူသည် တောင့်တင်းနေကာ လှံထိပ်ဖျားကို ခါးထဲသို့ အဝင်ခံနေသည်။ သူ၏ ခါးမှာ ချက်ချင်းပင် သွေးများစီးကျလာသည်။

အိတ်သည် လှံတံကြောင့် လှုပ်ယမ်းနေကာ အလေးချိန်ကိုခံစားကြည့်ပြီး ထိုလူသည် ပထမဆုံးမြားပစ်သည့်လူအား သတင်းသွားပို့လေသည် “ခေါင်းဆောင် ၂၀ ကတ်တီထက် နည်းတယ်၊ ဒီကောင်တွေက အများကြီး ဖွက် ထားတာဖြစ်မယ်”

ခေါင်းဆောင်သည် ရွာသားများပြောသည့် ဟူးပါဖြစ်သည်။ သူ၏ အေးစက်သောမျက်လုံးများသည် ရွာသားများကို ဝေ့ဝဲကြည့်ပြီးနောက် အစ်ကို လုံဆီသို့ ကျရောက်လေသည် “ဒီနေ့ မှော်အရင်းအမြစ်ကျောက်တုံး ၂၀ ကတ်တီပေး၊ မဟုတ်ရင် ဒီမှာ မင်းတစ်ယောက်ပဲ အသက်ရှင်ကျန်နေခဲ့လိမ့် မယ်”

All Chapters