ဒီကလေးအစား ငါ့အသက်ကိုယူသွားလိုက်
Vol. 72 Ch. 1438
ဟူပါးနှင့်တခြားသူများ၏မျက်လုံးထဲတွင် ထိုရွာသားများ၏အသက်သည် တန်ဖိုးမရှိခြင်းတော့မဟုတ်ပေ။ အဓိကအကြောင်းအရင်းမှာ သူတို့အားလုံးသေ သွားလျှင် သူတို့အတွက် အရင်းအမြစ်ကျောက်တုံးကို တူးပေးမည့်သူမရှိတော့ မည်စိုးခြင်းကြောင့်ပင်။
“၂၀ ကတ်တီဟုတ်လား” ချက်ချင်းပင် ရွာသားတချို့သည် ဝမ်းနည်း သော မျက်နှာထားများဖြင့် ပျာတီးပျာယာ အော်ကြလေသည်။ ထင်ရှားစွာပင် ရွာသားများ၏ခန္ဓာကိုယ်ပေါ်မှ မှော်အရင်းအမြစ်ကျောက်တုံးများကို ပေါင်းလျှင်တောင် ၂၀ ကတ်တီ မပြည့်ပေ။
အစ်ကိုလုံသည် အသက်ပြင်းပြင်းရှူကာ ပြတ်သားသောမျက်လုံးများဖြင့် ဟူပါးအား အကြောက်အလန့်မရှိ ကြည့်လေသည် “တောင်းပန်ပါတယ် ကျုပ်တို့ ဒီနေ့အများကြီးမရခဲ့ကြဘူး၊ အဲဒါက စွန့်ပစ်ထားတဲ့ အရင်းအမြစ် သတ္တုကြောကြီးပါ၊ ကျုပ်တို့က မှော်အရင်းအမြစ်ကျောက်တွေ ကောက်လာရုံ တင်ပါပဲ၊ ၂၀ ကတ်တီထက်နည်းပါတယ်”
“ဟင်း.. လုံထျန်း မင်းက ငါ့ကိုလာလိမ်ဖို့ကြိုးစားနေတာလား၊ မင်းတို့ တွေ့ထားတဲ့ အဲဒီအရင်းအမြစ်သတ္တုကြောက မသေးဘူးဆိုတာ ဘယ်သူမသိ လို့လဲ၊ ၂၀ ကတ်တီမပြည့်ဘူးဟုတ်လား၊ ဒါဆို မင်းတို့အသက်ကို မင်းတို့ ကယ် လိုက်ပေါ့” သူ၏ခါးကိုကြည့်ပြီး ရယ်မောလေသည် “ကြည့်ရတာ မင်းက အများဆုံးရလာတာထင်တယ်၊ မင်းက မှော်အရင်းအမြစ်ကျောက်တုံးကို သိမ်း ထားပြီးတော့ အဲဒီမုဆိုးမလေးကို ထောက်ပံ့ပေးဖို့ စဉ်းစားထားတာလား”
“ခင်ဗျားကြီး ကျုပ်အမေအကြောင်းကိုမပြောနဲ့” ချန်းဖေး၏လက်ထဲမှ ကလေးသည် ထိုစကားကိုကြားသောအခါ စိတ်အားထက်သန်စွာနှင့် ရုန်းကန် ပြီး ချန်းဖေး၏လက်ထဲမှ လွတ်မြောက်ရန်နှင့် ဟူပါးအား တိုက်ခိုက်ရန်ကြိုးစား လေသည်။
ချန်းဖေးသည် ကလေးကို ချက်ချင်းပင် စိတ်တိုသွားသည်။ သို့သော် ကလေးကို မဆူငေါက်ပေ။ ရလဒ်အရ သူ၏ခါးမှဒဏ်ရာပွင့်သွားပြီး သွေးများ ပိုစီးကျလာသည်။ ကောင်လေးသည် သွေးနံ့ရသောအခါ ရုန်းကန်ခြင်းကိုရပ် လိုက်သည်။ သူ၏မျက်နှာလေးသည် နီရဲလာသည်။ ထိုအရာကိုကြည့်ပြီး ဟူးပါး သည် ရယ်မောကာ ကလေးငယ်အား လေးမြားဖြင့်ချိန်ရွယ်ကာ ညှာတာမဲ့စွာ နှင့် လက်ချောင်းများကို အားထည့်ပြီး လေးကြိးကို တင်းနေအောင် ဆွဲလေ သည်။
ရွာသားများအားလုံးသည် မျက်နှာများတွင် မခံမရပ်နိုင်သော မျက်နှာ များဖြစ်နေကြသည်။ သူတို၏ခွန်အားအများစုမှာ အဆင့် ၃ သာဖြစ်ကာ အစ်ကိုလုံ၏ခွန်အားတစ်ခုသာ အဆင့် ၄ ဖြစ်သည်။ ဟူပါး၏ခွန်အားသည် နတ်ဘုရားအဆင့်သို့ရောက်နေပြီဖြစ်ကာ သူသည် မြားကိုတစ်ဖက်ကမ်းခတ် ကျွမ်းကျင်ရာ သတ်ဖြတ်ဝိညာဉ်တောင်ဧရိယာတွင် ပြိုင်ဘက်ကင်းဖြစ်သည်။ သူသည် သူ၏လက်အောက်ငယ်သားများနှင့် နေ့ခင်းအချိန်မှာပင် ရွာသားများ ကြိုးကြိုးစားစား စုဆောင်းထားသည့် မှော်အရင်းအမြစ်ကျောက်တုံးများကို လုယက်နေသည်။ အပြုအမူများမှာလည်း လူသတ်တော့မည့်အတိုင်း အလွန် ရက်စက်လှသည်။
စူပါး၏လက်ချောင်းများ တဖြည်းဖြည်းလျော့လာသည်ကိုကြည့်ပြီး ရွာသားများ၏မျက်လုံးများသည် ဝမ်းနည်းလာကြသည်။ လင်းဖုန်းသည် နဂိုက အလွန်လိမ္မာရေးခြားရှိသည့်ကလေးဖြစ်သည်။ အသက် ၈ နှစ်တွင် သူသည် မိခင်ဖြစ်သူကို ထောက်ပံ့နိုင်ရန်အတွက် ရွာသားများနှင့် မှော်အရင်းအမြစ် ကျောက်တုံးရှာရန် လိုက်လာခဲ့သည်။ နောက်ဆုံးတွင် သူသည် ဟူပါး၏ မြား အောက်တွင်သေရတော့မည်လား။
အစ်ကိုလုံသည် မတ်တပ်ရပ်ကာ အသက်ပြင်းပြင်းရှူလိုက်သည် “ဒီကလေးအသက်အစား ကျုပ်အသက်ကိုယူလိုက်”
အစ်ကိုလုံ စကားပြောပြီးသည်နှင့် ဘေးသို့ရပ်ကာ လေးနှင့်မြားကို တား ကာ ကလေးကိုလှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် နာကြည်းချက် မရှိဘဲ သတ္တိသာရှိလေသည်။ ထိုအရာကိုကြည့်ပြီး လင်းဖုန်း၏မျက်လုံးများ သည် အရောင်လက်ကာ နောက်ဆုံးတွင် မျက်ရည်များ အထိန်းအကွပ်မဲ့စွာနှင့် ကျလာလေသည်။
လူတွေက ခွေးထက်တောင် ဈေးပေါသေးတယ်။
“ဟား ဟား ဟား” ဟူပါးသည် ရယ်မောလိုက်သည်။ သူ၏ ခြေထောက် အောက်တွင် တခြားသူ၏အသက်ကိုနင်းခြေရသည့်ခံစားချက်မှာ အလွန်ပင် ပီတိဖြစ်စရာပင်။ သူခေါ်လာသည့် မြင်းစီးသမား ၅ ယောက်မှာလည်း ရယ်မော ကြလေသည်။ သူတို့လက်ထဲမှ လက်နက်များသည် ဒါဇင်ခန့်ရှိသော ရွာသား များကို ချိန်ရွယ်ထားကြသည်။ ဟူပါးသည် လွှမ်းမိုးစွာဖြင့်ပြောလိုက်လေသည် “မင်းက အသက်မရှင်ချင်မှတော့ အတူသေလိုက်ကြပေါ့၊ မင်း အသက်က အရာရှိတွေရဲ့လက်အောက်မှာ ဘယ်လောက်တန်ဖိုးရှိတယ်လို့ထင်လို့လဲ၊ တစ်နေ့ကို မှော်အရင်းအမြစ်ကျောက်တုံး ၂၀ ကတ်တီမရှာနိုင်မှတော့ အသက် ရှင်နေလည်းဘာလုပ်ရမှာလဲ”
ဟူပါး၏စကားလုံးများကိုကြားပြီး မြင်းစီးသမား ၅ ယောက်တို့သည် လက်နက်များကို မြင့်မြင့်မြှောက်ကာ အဝိုင်းခံထားရသည့် ရွာသားများကို ခုတ်ချလေသည်။ ထိုလူများသည် သွေးဆာနေခြင်းဖြစ်ကာ သူတို့၏မျက်လုံး များမှာ လောဘတက်နေသည့် ဝံပုလွေများကဲ့သို့ သားကောင်ကိုကြည့်နေသည့် အတိုင်းပင်။ မျောက်ပါးပြင်နှင့် လျှာစောင်းထက်သည့်လူသည် လက်ထဲတွင် လှံတံကိုင်ထားပြီး အမှောင်အလင်းလက်ခြင်းနှင့်အတူ လှံတံကိုရစ်ပတ်ကာ ရွာသားများဆီသို့ အားပါပါထိုးစိုက်လိုက်လေသည်။