← Chapters

ဘိုးဘေးကျောက်တုံး၊ နတ်မိစ္ဆာနတ်ဘုရား၊ ဖန်ဆင်းရေးနတ်ဘုရား

Vol. 72 Ch. 1435

ဘိုးဘေးကျောက်တုံး၊ နတ်မိစ္ဆာနတ်ဘုရား၊ ဖန်ဆင်းရေးနတ်ဘုရား

Vol. 72 Ch. 1435

“ငါ အဲကလေးကို အရမ်းသဘောကျတယ်၊ သူက နားလည်နိုင်စွမ်းမြင့်ပြီး ကြင်နာတတ်တယ်၊ နေ့တိုင်း ဘိုးဘေးတောင်က ကျောက်တုံးပေါ်မှာထိုင်ပြီး စကြာဝဋာမှာ ပျံသန်းနေတဲ့ယုန်တွေကို ကြည့်နေခဲ့တာ၊ အဲဒါတွေကနေပြီး တော့ ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းတွေ အများကြီးကိုတွေ့ခဲ့တယ်”

“ငါက တစ်နေ့ကျတော့ ဘိုးဘေးတောင်က ဘိုးဘေးကျောက်တုံးတစ်ခု ကို သွားဆွဲမိတာ အဲဒီဘိုးဘေးကျောက်တုံးက ပျံလာပြီး ငါ့နောက်လိုက်သတ် တော့တာပဲ၊ အဲကလေးက ငါ့ကိုကယ်ခဲ့တာ၊ ငါက ကျေးဇူးတင်လို့ သူနဲ့ ကံတရားတည်ထောင်ပြီး စာချုပ်တည်ထောင်ခဲ့တယ်၊ ပြီးတော့ ငါဆွဲထုတ်ခဲ့ တာ ဒီဘိုးဘေးကျောက်တုံးပဲ၊ အဲဒီကလာတဲ့ နတ်ဆိုးဝိညာဉ်က ငါ့အညစ်အကြေးထဲက ထွက်လာတာ”

“ရွံဖို့ကောင်းလိုက်တာ” ပေထင်းဟွမ်သည် ထခုန်လုမတတ်ပင်။ ထိုနတ်ဆိုးဝိညာဉ်သည် နတ်မိစ္ဆာသားရဲများကို နှစ်ပေါင်းထောင်ချီဖိနှိပ်ထားခဲ့ ကာ အရင်းအမြစ်မှာ ဤငှက်စုတ်ဆီမှဖြစ်နေသည်။ သို့သော် ပေထင်းဟွမ် သည် ထိုမျှသာပြောရဲသည်။ ဤငှက်စုတ်သည် မည်မျှသန်မာသနည်း။

ငှက်ပြာသည် ဖန်ဆင်းရေးနတ်ဘုရား၏ဘိုးဘေးတောင်မှ မွေးဖွားလာ ခြင်းဖြစ်သည်။ ၎င်းသည် မည်သို့သော တည်ရှိမှုနည်း။ ပေထင်းဟွမ်သည် နည်းပညာတိုးတက်သော ၂၁ ရာစုတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော် လည်း မတွေးမရတုန်းပင်။

“ကမ္ဘာမြေကြီးမိခင်က ကောင်းကင်နဲ့မြေကြီးရဲ့မီးကို နှစ်တွေအများကြီး သန့်စင်ခဲ့တယ်၊ အဲဒီမှာ နတ်ဆိုးဝိညာဉ်မများဘူး၊ မင်းဆက်သန့်စင်ပြီးတော့ နတ်ဆိုးဝိညာဉ်တွေအကုန်လုံး သန့်စင်ပြီး ဘိုးဘေးကျောက်တုံးဇစ်မြစ်ဆီသို့ ပြန်ဖို့ပဲစောင့်လိုက်၊ ဒါဆို မင်း ဒီဘိုးဘေးကျောက်တုံးကို ထိန်းချုပ်ဖို့ကြိုးစားလို့ ရတယ်”

ငှက်ပြာ ပြောစရာမလိုအောင်ပင် ပေထင်းဟွမ်သည် ထိုဘိုးဘေးကျောက် ကို သန့်စင်ရန် ကိုးရောင်နိဗ္ဗာန်မီးကို နေ့စဉ်အသုံးပြုမည်ဖြစ်သည်။ သူမသည် နတ်ဆိုးဝိညာဉ်ကြောင့် မညစ်ညမ်းလိုပေ။ ပေထင်းဟွမ်သည် ဤဘိုးဘေး ကျောက်ကို အမှန်အကန်ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်မထားပေ။ သူမအတွက် အကြီးဆုံးအိပ်မက်သည် မိဘများကို ရှာချင်သည်။ ယန်ယဲ့အားကယ်မည်။ နောက်ဆုံးတွင် ဝိညာဉ်နတ်ဘုရားများကို သုတ်သင်မည်။

“ဒီဘိုးဘေးကျောက်က ငါ့ခန္ဓာကိုယ်ထဲကို သူ့ဘာသာဝင်လာတာ၊ ငါက သူ့မှာပါတဲ့ နတ်ဆိုးစွမ်းအင်ကို လိုအပ်ရုံတင်ပဲ၊ တခြားဟာတွေကို စိတ်မဝင်စားဘူး” တောင်မှထွက်ခွာပြီးနောက် အဆုံးမရှိလွင်ပြင်ရှိသည်။ ဤနေရာသို့လာရသည့်အကြောင်းအရင်းသည် ယန်ယဲ့ပြောသည့် ကျူယွင်ဟု ခေါ်သည့်လူကိုရှာရန်ဖြစ်သည်။ သူ၏အကူအညီနှင့် ရှို့ဟွမ်ကိုရနိုင်သည်။ သူမ ကံကောင်းလျှင် အမှောင်မှော်စက်လုံးကိုလည်းရနိုင်သည်။

“ဒီဘိုးဘေးကျောက်တုံးက မင်း ဘုံတွေအများကြီး သိမ်းပိုက်ဖို့ကို ကူညီ ပေးနိုင်တယ်” ချင်းညောင်သည် ပေထင်းဟွမ်၏စကားများကို မယုံနိုင်ပေ။ သူသည် ပေထင်းဟွမ်အား ဘိုးဘေးကျောက်၏ ဇစ်မြစ်ကိုပြောပြီးဖြစ်သည်။ စကြာဝဋာထဲမှ အားအကောင်းသောမျိုးစိတ်ဖြစ်ကာ ဖန်ဆင်းရေးနတ်ဘုရားမှ မွေးမြူခဲ့ခြင်းဖြစ်သည်။

“ဘုံတစ်ခုရဲ့ဘုရင်ဖြစ်ဖို့ကို စိတ်မဝင်စားဘူး” ပေထင်းဟွမ်သည် ထိုငှက် ပြာနှင့် စကားပြောရသည်မှာ အချိန်ပုပ်သည်ဟု ခံစားရသည်။ ထို့ကြောင့် အနောက်တွင်ရှိနေသာ ငှက်ပြာကို မကြည့်ဘဲ ရှေ့သို့လျှောက်သွားလေသည်။

နောက်ဆုံးတွင် ဤတောင်ကြီးမှထွက်လာနိုင်သည်။ ပေထင်းဟွမ်သည် သက်တမ်းမသိနိုင်လောက်အောင် ကြာမြင့်စွာပေါက်ရောက်နေသော သစ်ပင် အိုကြီးတွင် မှီ၍နားနေလိုက်သည်။ ခဏကြာအောင်နားပြီးနောက် သစ်ပင်ပေါ် မှဆင်းလာလိုက်သည်။ လက်ရှိအစီအစဉ်မှာ သက်ရှိလူကိုစုံစမ်းရန်ဖြစ်ရာ တောင်များအကြားတွင်လမ်းလျှောက်ရင်း သိရန်လိုသည့်သတင်းများ အကြောင်း စုံစမ်းနေလိုက်သည်။

တောင်များအကြားတွင် သာမန်အနက်ရောင်ဝတ်ဆင်ထားသော ကောင်လေးသည် ဆံပင်ကိုခရမ်းရောင်ဖဲပြားဖြင့်ချည်နှောင်ထားကာ နောက်တွင်ချထားသည်။ သူမ လမ်းလျှောက်လိုက်တိုင်း ဆံပင်များသည် ဝေ့ဝဲ ကျနေသည်။ လူငယ်လေးတွင် ချောမောသောအသွင်အပြင်ရှိကာ သူမ၏ ခြေထောက်သည် မြေကြီးနှင့်မထိပေ။ သူမသည် သစ်ကိုင်းခြောက်များ သစ်ရွက်ဆွေးများနှင့်ပြည့်နေသည့် ရှေးဦးတောထဲတွင် လျှောက်နေခြင်းဖြစ် သော်လည်း ခြံဝင်းထဲတွင် လျှောက်လည်နေသကဲ့သို့ မျက်စိပဒါသဖြစ်လှ သည်။

ဤနေရာသည် သတ်ဖြတ်ဝိညာဉ်တောင်ဖြစ်သည်။ တစ်နာရီ သို့မဟုတ် နှစ်နာရီကြာအောင် လမ်းလျှောက်လျှင် သတ်ဖြတ်ဝိညာဉ်တောင်ကို ထွက်ခွာ နိုင်မည်ဖြစ်သည်။ ဤတောင်အစွန်အဖျားတွင် တောင်များရှိနေတုန်းပင်။ သို့သော် တောင်များသည် သိပ်မမြင့်လှပေ။ တောင်များသည် ကျောက်တူး သမားများကြောင့် အပေါက်များဖြစ်နေကြသည်။ အထဲမှ မှော်အရင်းအမြစ် ကျောက်တုံးများ ဖောက်ခွဲခံရပြီးနောက် တူးဖော်ခံရသဖြင့် အပေါက်ဖြစ်ကာ ထိုနေရာတွင် သာမန်သားရဲတချို့ဝင်နေထိုင်နေကြသည်။

All Chapters