Chapters

နတ်ဘုရားဘုရင်

Vol. 72 Ch. 1440

နတ်ဘုရားဘုရင်

Vol. 72 Ch. 1440

ထိုလူငယ်သည် လက်ဗလာနှင့်ပင် မြားကို ဆုပ်ကိုင်နိုင်သည်။ သူသည် မြားကိုပစ်လွှတ်ရန် သူ၏ အရည်အချင်း ၈၀ ရာခိုင်နှုန်းကိုသုံးခဲ့သည်။ အချိန်မှာ ကွက်တိကျလွန်းသည်။ မြားသည် လုံထျန်း၏ရင်ဘတ်ကို ထိုးစိုက်တော့မလို ပင်။

တစ်ခုရှင်းပြစရာရှိသည်မှာ ဤလူငယ်သည် ကြင်နာချင်ယောင်ဆောင် တတ်သည့် မှင်စာအိုကြီးဖြစ်လိမ့်မည်။ ဤကဲ့သို့လူမျိုးသည် ပြစ်မှား၍မရပေ။

ဟူပါးသည် လေထဲသို့မြောက်တက်ကာ ဘာတစ်ခွန်းမှမပြောဘဲ ထွက် ပြေးတော့မည်ကိုကြည့်ပြီး ပေထင်းဟွမ်သည် အေးစက်စွာပြုံးလိုက်သည်။ သူမ ၏ လက်ထဲမှဓားပျော့သည် ကြာပွတ်တစ်ချောင်းကဲ့သို့ ရွှေနတ်စွမ်းအားဖြင့် ရစ်ပတ်ကာ နဂါးမြင်းပျံဆီသို့ ခပ်ကြမ်းကြမ်းရိုက်ချလေသည်။ ထွက်သွားတော့ မည့် နဂါးမြင်းပျံသည် မြေကြီးပေါ်သို့ ဘုန်းခနဲကျလေသည်။

ပေထင်းဟွမ်သည် လျင်မြန်စွာ လှုပ်ရှားလိုက်သဖြင့် မည်သူမှ ရှင်းရှင်း လင်းလင်းမမြင်လိုက်ရပေ။ အားလုံးသည် ဟူပါး လေပေါ်မှပြုတ်ကျသွားသည် ကိုမြင်လိုက်ရပြီး စကားမပြောနိုင်လောက်အောင်ပင် ထိတ်လန့်နေကြသည်။ သိသည့်အတိုင်းပင် ဟူပါး၀သည် ဓား ၂ လက် နတ်ဘုရားဧကရာဇ်ဖြစ်သည်။ ဤသတ်ဖြတ်ဝိညာဉ်တောင်ဧရိယာတွင် သူ၏ ပြိုင်ဘက်မရှိခဲ့ပေ။

ဒုတိယအဆင့်သားရဲ နဂါးမြင်းပျံပင်လျှင် ကောင်းကင်ပေါ်မှပြုတ်ကျကာ မြင်းပေါ်တွင်ထိုင်နေသော အနိုင်ကျင့်တတ်သည့်ကျားပင်လျှင် မရှောင်နိုင်ဘဲ ရှက်စရာကောင်းလောက်အောင် ပြုတ်ကျလေသည်။

“သွားချင်လို့လား”

ကြည်လင်သောအသံသည် တောထဲမှဖြတ်လာသည့်အတိုင်းပင်။ ထို့နောက် အားလုံးသည် မျက်စိရှေ့တွင် အနက်ရောင်အလင်းကိုမြင်လိုက်ရပြီး လူငယ်သည် ဟူပါးရှေ့တွင် သွားပေါ်လေသည်။ ထိုလူငယ်သည် မြန်ဆန်လွန်း သဖြင့် အားလုံးသည် သူမ၏လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။

ဟူပါးသည် ထိုအချိန်တွင် မျက်နှာဖြူဖျော့နေပြီဖြစ်သည်။ သူသည် နဂါး မြင်းပျံပေါ်မှ လျင်မြန်စွာထလိုက်သည်။ သူ၏တစ်ဘဝလုံးတွင် အဆိုးဝါးဆုံး သောအရှက်ကွဲမှုကို ခံစားလိုက်ရခြင်းပင်။ ချက်ချင်းပင် အေးစက်သော မျက်လုံးတစ်စုံသ်ည ပေထင်းဟွမ်ပေါ်ရောက်လာသည်။ ပေထင်းဟွမ်သည် နဂါးမြင်းပျံဆီသို့ ကြာပွတ်နှင့်ရိုက်လိုက်သည်ကို သူ နတ်ဘုရားဧကရာဇ်၏ ခွန်အားနှင့် မြင်လိုက်ရသည်။ ၎င်းသည် ရွှေနတ်စွမ်းအားဖြစ်သည်။

ဤလူငယ်သည် နတ်ဘုရားဘုရင်ဖြစ်ကာ ဝိညာဉ်ကျင့်ကြံသူဖြစ်သည်။

“နတ်ဘုရားဘုရင် ဝိညာဉ်ကျင့်ကြံသူလောက်က ငါ့ကိုတိုက်ခိုက်တယ် ပေါ့” ပေထင်းဟွမ်၏ခွန်အားကိုမသိသော ဟူပါးသည် သူမကိုအနည်းငယ် ကြောက်ရွံ့သည်။ ဤလူငယ်သည် မကောင်းဆိုးဝါးအိုကြီး အသွင်ပြောင်းထား သည်ဟုတွေးသည်။ သို့သော် ထိုအချိန်တွင် ပေထင်းဟွမ် ပစ်လွှတ်ပြီးနောက် ပေထင်းဟွမ်၏ခွန်အားကိုသိပြီးနောက် ဟူပါး၀သည် မကြောက်တော့ဘဲ နှာမှုတ်ပြီးပြောလေသည်။

နတ်ဘုရားဘုရင်လား။

အမှောင်နတ်မိစ္ဆာဘုံတွင် လူသားအားလုံးနီးပါးသည် ချွင်းချက်မရှိ နတ်မိစ္ဆာကျင့်ကြံသူများဖြစ်ကြသည်။ သို့သော် ထိုနတ်မိစ္ဆာကျင့်ကြံသူများ အားလုံးသည် ပတ္တမြားကမ္ဘာမှ ဆက်ခံလာသူများဖြစ်ကာ ပတ္တမြားကမ္ဘာ၏ ခွန်အားကို အသုံးပြုနိုင်တုန်းပင်ဖြစ်သည်။ ထိုလူငယ်သည် နတ်ဘုရားဘုရင် အဆင့်သာရှိသည်ဟု ဟူပါးပြောသည်ကိုကြားပြီးနောက် ဟူပါးဘက်မှလူများ သည် သက်ပြင်းချကာ မြင်းမောင်းပြီး သူမအား တဖြည်းဖြည်းဝိုင်းလိုက်ကြ သည်။ လုံထျန်းနှင့် တခြားသူများကိုပင် လျစ်လျူရှုလိုက်ကြ၏။

“ဓား ၂ လက် ဧကရာဇ်လား”

ပေထင်းဟွမ်သည် မျက်လုံးထဲမှ အန္တရာယ်ရှိသောအကြည့်ဖြင့် ဟူပါး အား မျက်စိမှေးကြည့်လေသည် “ငါက လူကောင်းတစ်ယောက်မဟုတ်ပေမဲ့ ငါ့ တစ်သက်မှာ အားနည်းတဲ့သူကို ဘယ်တုန်းကမှ အနိုင်မကျင့်ဖူးဘူး၊ ငါက ဒီလို မျိုး အားနည်းတာကို မုန်းခဲ့တာ၊ တန်ရာတန်ကြေးမပေးဘဲ ထွက်သွားချင်တာ လား”

“ဟားဟားဟား” ဟူပါးသည် ခေါင်းမော့ရယ်မောကာ ပေထင်းဟွမ်အား လက်ထဲမှ လေးဖြင့်ချိန်ရွယ်လိုက်သည် “လူပိန်လေး မင်းက ပတ္တမြားကမ္ဘာက ငတုံးလေးပဲ၊ ငါ ဟူပါးက ဒီနေ့ မင်းကို ကောင်းကောင်းသင်ပေးလိုက်မယ်၊ အမှောင်နတ်မိစ္ဆာဘုံက မင်း လုပ်ချင်သလို လုပ်လို့ရတဲ့နေရာမဟုတ်ဘူး”

ပြောပြီးနောက် ဟူပါးသည် လေထဲသို့ တဖြည်းဖြည်းတက်သွားသည်။ လက်ဖြင့်တစ်ချက်ဝေ့လိုက်သည်နှင့် မြူခိုးမည်းဖုံးအုပ်ထားသည့် ခြင်္သေ့ထီး တစ်ကောင်သည် သူ့အနောက်တွင် ပုံရိပ်တစ်ခုလို ပေါ်လာသည်။ အဝေးရှိ ကောင်းကင်မှတဖြည်းဖြည်းလျှောက်လာပြီး မြူခိုးမည်းသည် ဟူပါးအား အနက်ရောင်ချပ်ဝတ်တန်ဆာအဖြစ် ဖုံးအုပ်လေသည်။