← Chapters

လက်ဆောင်များ ... ။

Vol. 164 Ch. 2283

လက်ဆောင်များ ... ။

Vol. 164 Ch. 2283

နတ်မီးတောက်ကို ဖမ်းထားရသဖြင့် လင်းယွန်က ဝမ်မူယန်နောက် ဆက်မလိုက် တော့ချေ။ ယခုပင် ကောင်းကင်ဘုံ နိဗ္ဗာန်မှ အမြန် ထွက်ခွာရန် လိုအပ်နေပြီ ဖြစ်သည်။

မီးနဂါးတောင်ကြားသည် ပျက်စီး သွားခဲ့သည်။ မရေမတွက်နိုင်သော အာကာသ အပိုင်းအစများ ပျံ့လွင့်လျက် ကောင်းကင်ပေါ် ပျံတက်နေ၏။

အချိန် ပုံပျက်ခြင်းသည် ထိုအာကာသ အပိုင်းအစများထက် ပို၍ကြောက်စရာ ပေပင်။ အနည်းငယ် ဖမ်းမိသော် ချက်ချင်း အသက်အရွယ် အိုမင်းသွားနိုင်၏။

ရှေးဦးခေတ် နတ်ဘုရားများ၏ တိုက်ပွဲကြောင့် ဤနေရာရှိ အချိန်ယန္တရားသည် မတည်မငြိမ် ဖြစ်ထားသည်။

ထို့ကြောင့် ပဉ္စမအဆင့်နှင့် ၎င်းထက် ပို၍မြင့်သော သူတော်စင်သခင်များ မဝင်ရောက် နိုင်ချေ။ ယခု အချိန်နှင့်အာကာသ ပြိုကျ ခြင်းသည် ပို၍ အန္တရာယ်များ စေ၏။

မီးနဂါးခေါင်းပေါ်ရှိ အမျိုးသမီး နှစ်ယောက်က အချိန်နှင့် အာကာသပြိုကျမှုကို ဟန့်တားပေးရန် ကြိုးစားလိုက်ကြသည်။

မီးပင်လယ်ပေါ်ရှိ ရွှေကြာပန်းက ရွှေအဆင်းများ ထုတ်ပေး၏။ ဤသည်မှာ သူမ တည်ရှိနေသည့် အရပ်ကို လင်းယွန် မြင်နိုင်ရန် ပြသခြင်း ဖြစ်သည်။

အချိန်နှင့် အာကာသ အပိုင်းအစများ မည်မျှပင် ရှုပ်ယှက်ခက် စေကာမူ ကြာပန်းကို မြင်နိုင်၏။ ရလဒ် အနေနှင့် လမ်းပျောက်မှာ မပူရတော့ချေ။

“ ဝှစ် ... ။ ”

လင်းယွန်က ပတ်ဝန်းကျင်ရှိ အာကာသ ပြတ်ရွေ့များနှင့် အချိန်တိုက်စားမှုကို ရှောင်ကာ ရွေ့လျားနေမိသည်။

ထိုစဉ် ရွှေဖီးနစ်တစ်ကောင် ထွက်လာပြီး အချိန်နှင့် အာကာသ အပျက်အစီး အပိုင်းအစ များကို မီးလောင်မြိုက်စေကာ ရှင်းပေး၏။

“ အဲဒီ ကောက်မလေးတွေ။ ”

လင်းယွန်က ထိမိသွားသည်။

“ တုတ် တုတ် တုတ် ... ။ ”

ထိုစဉ် ပလုတ်တုတ် တီးခတ် သကဲ့သို့ သစ်သားငါး တူရိယာ အသံ ထွက်ပေါ်လာ၏။ ဤသည်မှာ ဝူရှောင်ထံမှ ဖြစ်သည်။

“ ဒီလူကို တွက်တာ ငါမှားသွားပုံပဲ။ ”

နဂါးဦးခေါင်းပေါ်ရှိ သုံးယောက်လုံးက အပြန်လမ်းအတွက် စိတ်ပူနေပုံ ရလေသည်။ သို့သော် သူ့ခွန်အားဖြင့် လမ်းပျောက်စရာ အကြောင်းမရှိချေ။

“ ဟိတ် ... ။ ”

မိနစ်အနည်းငယ်အတွင်း မီးနဂါး ဦးခေါင်းပေါ်ပြန်လည် ဆင်းသက် လိုက်သည်။ သူ့အကြည့်က ဝူရှောင်ထံ ဦးစွာ ရောက်ရှိ၏။

“ ပန်းသင်္ချိုင်း ရောက်ပြီ။ ”

“ သူ နတ်မီးတောက် ပြန်ယူလာတယ်။ ”

လူသုံးရာကျော်က စိတ်လှုပ်ရှားစွာ အော်ဟစ်ကြ၏။ လင်းယွန်က ခေါင်းညိမ့်ပြီး ပြုံးပြလိုက်သည်။

“ ကြိုဆိုပါတယ် ပန်းသင်္ချိုင်း။ ”

ထို့နောက် လေးစားသော အသွင်ဖြင့် လူတိုင်းက တညီတညွတ်တည်း ပြောလာကြ လေသည်။

ဤဓားသမားသည် သူတို့ကို နှစ်ကြိမ်တိုင် ကယ်ခဲ့၏။ ကြယ်မြစ် သူတော်စင်က ကျေနပ်စွာ ပြုံးသည်။

“ သူရဲကောင်းလေး ... ။ ”

သူ့ဘဝ တစ်လျှောက်တွင် သက်တံဓား ကျေးဇူးတော် အောက်၌သာ ရှင်သန် ခဲ့ရသည်။ ယခု ငယ်ရွယ်သော သူရဲကောင်းကို မြင်ခွင့်ရပြီ ဖြစ်၏။

“ သက်တံဓား မျိုးရိုးက မျှော်လင့်ထားသလိုပါပဲ ... ။ ”

ဝူရှောင်က သစ်သားငါး တူရိယာကို ပြန်သိမ်းကာ မတ်တပ်ထရပ်ပြီး လက်သီးဆုပ် အရိုအသေပေးလိုက်သည်။

လင်းယွန် မှလည်း ပြုံးလျက် အရိုအသေ ပြန်ပေး၏။ အတိတ်က အမုန်းတရား ပြေလည် သွားချေပြီ။

“ အစ်ကိုကြီး လင်း ... နောက်ဆုံးတော့ မင်းရောက်လာပြီ။ ”

ကျိကျစ်ရှီက ကြေးမုံကို သိမ်းလျက် ပြုံး၏။

“ ပြန်လာတာ လွယ်နေသလိုပဲ။ ”

လီဖေးပိုင်က ရယ်သည်။

“ ဘာလို့ ... ငါ့ကို ပြန်မလာနိုင်ဘူး ထင်နေရတာလဲ။ ”

“ ဟမ့် ... ဒါကို နင်မသိဘူးလား။ ”

လီဖေးပိုင်က မေး၏။

“ ဘာကိုလဲ ... ။ ”

“ ပန်းသင်္ချိုင်းက ... သန့်ရှင်းသော သမီးတော် သတ်သူပဲ၊ မိစ္ဆာမရဲ့ လှည့်ဖျားခံရပြီး လိုက်သွားမှာကို ကြောက်နေတာ။ ”

လီဖေးပိုင်းက ပြုံးလျက် ကျိကျစ်ရှီထံ လှည့်ကြည့်သည်။

“ တကယ်တော့ နင့်ကို ငါစိတ်ပူနေတာ မဟုတ်ဘူး၊ ဒီကောင်မလေး ... ။ ”

“ ဘယ်သူက ... ကောင်မလေးလဲ။ ”

ကျိကျစ်ရှီက ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။

“ ကောင်းပြီ ... ဒီမှာ မင်းယူနိုင်တယ်။ ”

လင်းယွန်က နတ်မီးတောက်ကို လွှဲပေးလာသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွား၏။

“ သခင်လေးလင်း ... ။ ”

ကြယ်မြစ် သူတော်စင်သခင် အပါအဝင် နတ်ဖီးနစ်တောင်မှ သူတော်စင်တိုင်း တုန်ယင် ကုန်၏။ ဤလူငယ်သည် သူတို့အတွက် အသက်စွန့်ကာ ရယူခြင်းပင်လော။

“ ဒါ ... ။ ”

ကျိကျစ်ရှီက ငြင်းဆန်လိုသော်လည်း စကားသံထွက်မလာချေ။ ထို့ကြောင့် ကြယ်မြစ် သူတော်စင်ထံ လှည့်ကြည့်မိ၏။

“ ဦးလေး ရှင်ဟဲ။ ”

“ အာ ... ။ ”

ကြယ်မြစ် သူတော်စင်က ခေါင်းကုတ်လျက် လှမ်းထွက်လာ၏။

“ ဒါက အရမ်း တန်ဖိုးကြီးတယ် မဟုတ်လား။ ”

“ ဟန်ဆောင်တာကို ရပ်လိုက်ပါ ... သူတော်စင်ဘုရင် တစ်ပါးက ... ကောင်းကင်ဘုံ နိဗ္ဗာန်ထဲကို အသက်နဲ့ရင်းပြီး ...

... ဝင်လာတည်းက နတ်ဖီးနစ်တောင်က အခြား မြင့်မြတ်မြေတွေထက် ပိုပြီးလိုအပ်တာ သိသာပါတယ်။ ”

လင်းယွန်က ကန့်သတ်ချက်ကို ဖြည်းညှင်းစွာ ဖြေပြီး၊

“ နတ်ဖီးနစ်တောင်ကို လာလည် စေချင်တယ် မဟုတ်လား၊ ဒါဆို လက်ဆောင် တစ်ခုလို့ မှတ်ယူလိုက်ပါ၊ ဒါပေမယ့် ... အလကားတော့ မဟုတ်ဘူး၊ ... ”

( ငါ့ဆရာ ... သူ့ဒုက္ခကို ခံယူနေချိန်မှာ နတ်ဖီးနစ်တောင်က အရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ )

လင်းယွန်က သူ့ရည်ရွယ်ချက်များကို ရိုးရိုးသားသား ထုတ်ပြောလိုက်သည်။

“ တကယ်လား ... ဒါဆို အစ်ကိုကြီးလင်း ငါဆို့ဆီလာလည်ရမယ်။ ”

ကျိကျစ်ရှီက ရွှင်မြူးသွားသည်။ သူမသည် နတ်ဖီးနစ်တောင်သို့ လင်းယွန်ကို ခေါ်ဆောင်လို သည်မှာ ကြာပြီ ဖြစ်၏။

ကြယ်မြစ် သူတော်စင်က လင်းယွန်ကို လေးနက်စွာ စိုက်ကြည့်ပြီး စကားမဆိုခဲ့ချေ။ နောက်ဆုံး စကားကို သူ့တစ်ယောက်တည်း ကြားနိုင်ရုံ လင်းယွန်မှ ပေးပို့ခဲ့ခြင်း ဖြစ်၏။

ဤသည်မှာ သူဆုံးဖြတ်နိုင်သော အရာမျိုးမဟုတ်ချေ။ ထို့ကြောင့် သက်ပြင်းချ လိုက်ကာ၊

“ ဒီကျေးဇူးက နည်းနည်း လေးတယ်။ ”

-ဟု ပြောကြား မိတော့သည်။

“ စိတ်မပူပါနဲ့ ... အတင်းအကြပ် မတောင်းဆိုပါဘူး ... ဒီကျေးဇူးကို နတ်ဖီးနစ် တောင်တန်းက မှတ်မိနေ သရွေ့တော့ ... လုံလောက်ပါပြီ။ ”

လင်းယွန်က အနည်းငယ် လျော့ပေး လိုက်သည်။ နတ်ဖီးနစ် တောင်ကို အမှန်ပင် မိတ်ဖွဲ့လို၏။

၎င်းတို့မှ ပြန်ပေးဆပ်ရန် ဆန္ဒများ မရှိလျှင်ပင် ခရမ်းငယ်အတွက် တစ်ကြိမ်ခန့် လုပ်ဆောင်ရပေမည်။ သို့သော် အနာဂါတ်တွင် ရှိတော့မည် မဟုတ်ချေ။

“ ဟား ဟား ဟား ... မင်းကို နားလည်မှုလွဲသွားလို့ တောင်းပန်ပါတယ်။ ”

ကြယ်မြစ် သူတော်စင် ဘုရင်မှ လက်ခေျာင်းများ အချင်းချင်း ယှက်ကိုင်ကာ အပြစ်ရှိ သကဲ့သို့ တောင်းပန်လိုက်သည်။

“ အစ်ကိုကြီးလင်း ... ငါတို့ အတူတူ အပြင်ထွက်ပြီး နတ်ဖီးနစ်တောင်ကို သွားမယ်။ ”

“ ဒါက အကြံကောင်းပဲ။ ”

ကျိကျစ်ရှီ စကားကို ကြယ်မြစ် သူတော်စင်မှ ခေါင်းညိမ့်လိုက်၏။

“ ဘာတွေ အလျင်လိုနေရတာလဲ၊ လင်းယွန်ကို နတ်ဖီးနစ်တောင်ရဲ့ သားမက် အဖြစ် ဖမ်းခေါ်သွားချင်နေတာလား။ ”

လီဖေးပိုင်က ကြယ်မြစ် သူတော်စင်ကို နောက်ပြောင်လိုက်၏။ ဤမတိုင်မီ အချိန်များ၌ ဆိုက သူမကို သတ်ပစ်မိပေမည်။

ယခုမူ အလေးအနက် ထားဟန်ဖြင့် လူတိုင်းက လင်းယွန်ထံ ပြန်ကြည့် လာကြ၏။ ကြယ်မြစ် သူတော်စင်သည်ပင် ပြုံးလျက် တိတ်ဆိတ် နေခဲ့သည်။

“ သခင်လေးလင်း ... ငါတို့ စကားပြောလို့ ရမလား။ ”

ဝူရှောင်က မအီမသာဟန်ဖြင့် စကားဝိုင်းထဲ ဝင်လာသည်။

“ ပြောပါ။ ”

“ ကောင်းပြီ ... ငါတို့ကို မင်းက နှစ်ခါလောက် ကယ်တင်ခဲ့တဲ့ အတွက် သူတို့က လက်ဆောင်တွေ ပေးချင်နေတယ်။ ”

ဝူရှောင်က သူ့နောက်ပါးရှိ နတ်တာအို ခန်းမ၏ တပည့်များနှင့် အခြားလူများ ကိုယ်စား ပြောကြားလာခြင်း ဖြစ်၏။

“ ကောင်းတာပေါ့ ... ။ ”

လင်းယွန်က ဝမ်းသာအားရ ပြုံးသည်။

“ ဒါက ငါ့ရဲ့ လက်ဆောင်ပါ ... အနှစ် တစ်သောင်းရှိတဲ့ သူတော်စင်စွမ်းအင် သစ်သီး ကောင်းကင်ဘုံ နိဗ္ဗာန်မြေမှာ ငါတို့ရခဲ့တာ။ ”

“ ပန်းသင်္ချိုင်း ... ဒါ အနှစ်တစ်သောင်း ကောင်းကင်တိမ်ဆေးပင်ပါ ... ငါတို့ရှေးဟောင်း သူတော်စင် မျိုးနွယ်တွေရဲ့ လက်ဆောင်ပါ။ ”

“ ပန်းသင်္ချိုင်း ... ဒါက ငါတို့ ကြည်လင် မြင့်မြတ်သော ဂိုဏ်းရဲ့လက်ဆောင် နှင်းအရိပ် သူတော်စင် ကြာပန်းပါ၊ ။ ”

ဝူရှောင်မှ ဦးဆောင်ပြီး လူတိုင်းက လက်ဆောင်များ ပေးလာ၏။ အားလုံးသည် ရှားပါး ရတနာများဖြစ်သည်။

“ လူတိုင်းက ... ဒီနယ်မြေကနေ ရိတ်သိမ်းထား နိုင်တာတွေ ရှိတယ်၊ ဒါကြောင့် မင်း စိတ်ရှင်းရှင်း ယူနိုင်ပါတယ်။ ”

ဝူရှောင်က ပြုံးပြီး ထပ်ပြော၏။

“ ကောင်းပြီ ... ငါငြင်းမယ်လို့ မင်းကို ဘယ်သူပြောလဲ။ ”

“ ဟား ဟား ဟား ... ။ ”

လင်းယွန်၏ ဟာသနှောသော အပြောကြောင့် လူတိုင်း စိတ်လက်ပေါ့ပါးစွာ ရယ်မောလိုက်ကြသည်။ ဤလူကို မောက်မာ သည်ဟု မည်သူ ပြောသနည်း။

***

All Chapters