← Chapters

သေခြင်း ... ။

Vol. 164 Ch. 2285

သေခြင်း ... ။

Vol. 164 Ch. 2285

မင်ဂိုဏ်း၊ ကောင်းကင်မီးလျှံဂိုဏ်းနှင့် အနန္တ လျှပ်စီးဂိုဏ်းသည်လည်း မီးနဂါးမြစ်ထံ ဦးတည် လာခဲ့ကြသည်။ သူတို့သည် မီးနဂါးအရိုး မရှိ သဖြင့် ထင်သလောက် ခရီးမပေါက်ချေ။

အစောပိုင်း တိုက်ပွဲ၌ စတုတ္ထအဆင့် သူတော်စင်သခင် သုံးပါးက အုပ်စိုးရှင် လက်ရာ များဖြင့် သူတို့၏ တပည့်တိုင်းကို ခေါ်ယူလာ နိုင်ခဲ့သည်။

ဤခရီး၏ အဓိက ရည်ရွယ်ချက် ဖြစ်သော နတ်မီးတောက်နှင့် နတ်ဘုရား အသွေးတော်ကို မရရှိသော်လည်း အနည်းငယ် ရိတ်သိမ်းနိုင် သေးသည်။

အထူးသဖြင့် သွေးမီးတောက် ကျီးဘုရင်၏ ရတနာများမှာ ရှားပါးပြီး တန်ကြေးရှိလေသည်။ ထို့ကြောင့် လင်းယွန်နှင့် လူတိုင်း အသတ်ခံရရန် မျှော်လင့်မိခဲ့သည်။

ဤအတွေးဖြင့် ထွက်မသွားနိုင်သေးဘဲ အဝေးမှ စောင့်ကြည့် နေမိပြီးနောက် အဆုံး၌ မျှော်လင့်ချက်ကို စွန့်ကာ ထွက်ခွာလာ ခဲ့ရသည်။

“ ဒီအဖြစ်အပျက် ပြီးရင် လင်းယွန်ရဲ့ နာမည်က ခွန်လွန် တစ်ခုလုံးကို ပျံ့နှံ့သွား လိမ့်မယ်။ ”

“ သူ ကြီးပြင်းလာတဲ့အခါ သက်တံဓားထက်တောင် ကျော်လွန်သွား နိုင်တယ် ... ။ ”

သူတော်စင် သခင် သုံးယောက်က တူညီသော အတွေးအမြင်များ ရှိ၏။ ထို့ကြောင့် လျှောက်လှမ်း လာလျက်မှ လင်းယွန်ကို သတိရနေခဲ့သည်။

“ ဒီကောင်လေးက အရှေ့ဘက် ပျက်စီးမြေကို ... အပြောင်းအလဲ လုပ်နိုင်မယ် ထင်တယ်။

“ အဲဒီတော့ ဘာဖြစ်သလဲ ... ငါ့ဂိုဏ်းရဲ့ ကောင်းကင်ဘုံ ဂီတ သူတော်စင်ကို သတ်ရဲတဲ့ အတွက် ... အနှေးနဲ့ အမြန် ဆိုသလို သူသေ ရမယ်။ ”

ကျီးနက်သူတော်စင်သခင်က အေးစက်စွာ ပြောလိုက်သည်။ ကောင်းကင် ဂီတ သူတော်စင် သခင်သည် သန့်ရှင်းသော သားတော် တစ်ပါး မဟုတ်သော်လည်း၊ အထက်တန်းစားဖြစ်၏။

ဟွာကျင်းယွီက စကားများကို နားထောင်နေလျက်မှ ကောက်ကျစ်သော အပြုံးမျိုး ပြုံးလိုက်သည်။

ထိုလူသည် အခြေအနေအပေါ် အပြောင်းအလဲ လုပ်နိုင်သူ ဖြစ်နေခဲ့လျှင်ပင် အရေးမကြီးချေ။

၎င်းသူတော်စင် ဖြစ်လာချိန်တွင် တျန်ရွှမ်ဇီသည်လည်း ဧကရာဇ် ဖြစ်သွားနိုင် ချေပြီ။

“ ငါတို့ စောစောတည်းက လုပ်သင့်တယ်။ ”

ကျီးနက် သူတော်စင် သခင်က အံကြိတ်ကာဆိုသည်။ ဟွာကျင်းယွီက ခေါင်းခါ လိုက်ပြီး၊

“ သူ ကြီးပြင်းလာပြီ... ကောင်းကင် နိဗ္ဗာန်နယ်မြေမှာ ... ငါတို့ လုပ်နိုင်တာ ဘာမှ မရှိဘူး၊ သူ့ကို တောင်တန်း အပြင်ရောက်မှ သတ်ကြရအောင်။ ”

-ဟု ပြောကြားလိုက်၏။

လျူယွင်လန်က သူ့ထံ တစ်ချက် လှည့်ကြည့်ကာ မည်သည့် စကားမျှ မဆိုချေ။ ဤအရာကို သတိထားမိသော ဟွာကျင်းယွီက

“ လျူယွင်လန် ... မင်းကဘာလို့ ဘာမှ မပြောရတာလဲ ... အရိုက်ခံရတာကို ကျေနပ်နေတာလား၊ ကောင်းကင်ဘုံ ဂီတ သူတော်စင်က ...

... မင်းရဲ့ အကောင်းဆုံး သူငယ်ချင်း မဟုတ်ဘူးလား ... ဒါဆို မင်းဘာလို့ ဒေါသ မထွက်ရတာလဲ။ ”

-ဟု မကျေမနပ်ဖြင့် မေးမြန်းလာ၏။

“ ငါတို့ သုံးယောက်ပေါင်းပြီး သူ့ကို တိုက်ခဲ့တာတောင် ရှုံးရတယ်မဟုတ်လား၊ ဒါဆို ငါက ... ဘာကို ဒေါသထွက်ရမှာလဲ။ ”

သူသည် ဓားသမား ဖြစ်၏။ ထို့ကြောင့် လူသတ်ရန် ဝန်လေးခြင်း မရှိချေ။ သို့သော် သုံးယောက် ပေါင်းပြီး လူတစ်ဦးကို ရှုံနိမ့် ရသည့်အပေါ် ရှက်မိပေ၏။

သူ့မျက်လုံးထဲတွင် ကျီးနက် သူတော်စင် သခင်သည် လူပြက်တစ်ယောက် မျှသာ ဖြစ်၏။ လင်းယွန်ကို သတ်ခြင်းထက် သူကိုယ့်သူ အသက် မခံရစေရန် ကြိုးစားသင့်သည်။

ဟွာကျင်းယွီက သူ့အတွေးများကို သိရှိသွားပြီး စကား ဆက်မပြော တော့ချေ။ ထိုအချိန်တွင် ပုလွေသံ ကြားလိုက်ရသဖြင့် ခေါင်းထောင် ကြည့်လိုက်မိကြသည်။

အဝေးရှိ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ပလွေမှုတ်နေသော အပြာဝတ် လူငယ်တစ်ဦးကို မြင်လိုက်ရ၏။

“ ဒါ ... ။ ”

မျက်နှာ အသွင်အပြင်ကို မမြင်နိုင်သော်လည်း လင်းယွန် ဖြစ်သည်မှန်း လျူယွင်လန်မှ ပြောနိုင်၏။

“ ပန်းသင်္ချိုင်း ... ။ ”

လူတိုင်း မှတ်မိသွားပြီးနောက် ကြောက်ရွံ့မှုကြောင့် မျက်နှာများ ပြောင်းလဲ သွားကုန်တော့သည်။

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က၊

“ ပန်းသင်္ချိုင်း ... မင်း ရောက်လာပြီးမှတော့ ဘာလို့ ဆင်းမလာ တာလဲ။ ”

-ဟု ပြောကြားလိုက်သည်။

ထိုသို့ စကားပြောနေစဉ် ကျီးနက် သူတော်စင် သခင်နှင့် ရဲဝံ့ခြင်း သူတော်စင် သခင်ထံ အချက်ပြထားသည်။

တစ်ဖက်လူ သည်သာ အနားသို့ ချဉ်းကပ်လာပါက အုပ်စိုးရှင် လက်ရာများဖြင့် အငိုက်ဖမ်းရန် ကြံစည်နေခြင်း ဖြစ်၏။

သူတို့ သုံးဦးသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားပြီး လိုက်ဖမ်းရန် ခွန်အား ကုန်ဆုံးနေပြီ ဖြစ်သည်။

ဟွာကျင်းယွီက သူတော်စင် အကြီးအကဲများ၏ ခန္ဓာကိုယ်ဖြင့် သူ့ကိုယ်သူ ကွယ်ထားလိုက်၏။

“ ကောင်းပြီ ... ။ ”

လင်းယွန်က လက်များ ဆန့်တန်းကာ ကောင်းကင်ပေါ် ပျံတက်လိုက်ပြီး ပေ(၁၀၀၀) အကွာသို့ ဆင်းသက်လာသည်။

“ ဘာလို့ ... အနား မလာတာလဲ။ ”

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က အေးစက်စွာ ထပ်ပြောသည်။ အလှမ်း ဝေးနေသေး သဖြင့် ဒဏ်ရာပေးရန် ခက်ခဲနေ သေး၏။

“ ငါ နောက်ထပ် ခြေတစ်လှမ်း လှမ်းတက်လိုက်ရင် ... မင်းတို့တွေ လှုပ်ရှားလာ မှာကို ကြောက်မိတယ်။ ”

“ ဉာဏ်ကောင်းတယ်၊ ဒါပေမယ့် စကားပြောချင်ရင် ... မြင့်မြတ်သော လရောင် လက်စွပ်ကို ပြန်ပေးပါ ... ဒါမှမဟုတ်ရင် ငါတို့မှာ ပြောစရာမရှိဘူး။ ”

လင်းယွန် တစ်ယောက် သူတို့ထံ ပြန်လာသဖြင့် ညှိနှိိုင်းရန် ကြံစည်နေသည်ဟု ယူဆကာ ပြုံးလိုက်မိသည်။

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်၏ အချက်ပြမှုကြောင့် လူတိုင်း သက်ပြင်း ချလိုက်ကြသည်။ ဤလူသည် ပန်းသင်္ချိုင်း ဖြစ်လျှင် အရေးမကြီးချေ။

ဤနယ်မြေမှ ထွက်သွား ပြီးနောက် မြင့်မြတ်မြေသုံးပါး၏ ဒေါသကို ခံနိုင်မည် မဟုတ်ကြောင်း နားလည် သွားပုံရသည်။

“ ငါ ညှိနှိုင်းဖို့ လာတာ မဟုတ်ဘူး ... လူသတ်ဖို့လာတာ။ ”

သို့သော် လင်းယွန်က ပြုံးကာ ပြန်ဖြေလာသဖြင့် ပြန်မော့ကြည့်လိုက်မိသည်။ ကောင်းကင်၌ မိုးကြိုးမုန်တိုင်းများ ချက်ချင်း စုဖွဲ့လာပြီး ပန်းသင်္ချိုင်းကို နှလုံးသားထဲမှ ဆွဲထုတ်နေသည်ကို မြင်လိုက်ရ၏။

ဓားရောင်ဝါက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တိုးဝင် ရောက်ရှိလာသည်။ ဟွာကျင်းယွီ တစ်ယောက် ဒူးထောက်ကျ သွား၏။

သို့သော် ချောင်းကြည့်နေသည့်ဦးခေါင်းမပါတော့ချေ။ လူတိုင်းအံ့သြသွားပြီး ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။

“ သခင်လေး ... ။ ”

မင်ဂိုဏ်မှ လူတိုင်း တုန်ယင်သွား၏။ ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင် သည်ပင် အသက်မဲ့သွားသည်။

“ မင်း သေချင်နေတာပဲ ... ။ ”

“ ဝှစ် ... ။ ”

“ အား ... ။ ”

ရဲဝံခြင်း သူတော်စင် သခင်နှင့် ကျီးနက် သူတော်စင် သခင်က အမြန်ဆုံး တုန့်ပြန်လိုက် သော်လည်း ဓားအလင်း နှစ်လက် ထိမှန်ကာ အုပ်စိုးရှင် လက်ရာများ ပြုတ်ကျကုန်၏။

ထိုအချိန်တွင် ဟွာကျင်းယွီလည်ပင်းမှ ထွက်လာသော သွေးများကို ရှောင်တိမ်းရန် လျူယွင်လန်မှ ကြိုးစားလိုက်၏။

သို့သော် နောက်ကျနေပြီ ဖြစ်ရာ မျက်လုံးများသာ မှိတ်လိုက်နိုင်ခဲ့သည်။ လူတိုင်း သတိဝင်လာချိန်၌ လင်းယွန်က ပန်းသင်္ချိုင်းကို စီးလျက် ထွက်ပြေးသွားပြီ ဖြစ်သည်။

“ သူ့နောက်ကို လိုက် ... ။ ”

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က အမိန့်ပေးသည်။ သို့သော် မည်သူမျှ မလှုပ်ချေ။ ရဲဝံ့ခြင်း သူတော်စင် သခင်က အသက် ပြင်းပြင်းရှူလျက်၊

“ လိုက်မနေနဲ့ ... ဒီကောင်က ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်းကို ဦးတည်နေတယ် ... သူ ခုန်ချသွားရင် အချိန်ကုန်မယ်။ ”

-ဟု ရှင်းပြလိုက်သည်။

သို့မှသာ ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က ငြိမ်သက် သွားတော့၏။ သဘာဝအတိုင်း ထိုအမည်ကို ကြားသည်နှင့် ချွေးများ စိမ့်ထွက်လာသည်။

ထိုအရပ်ရှိ ဖိအားကို မခံနိုင်ဘဲ ဤလူများကြောင့်သာ မဟုတ်သော် ထိုနေရာ၌ သူ သေဆုံးပြီး ဖြစ်၏။

“ သူက ငါတို့ရဲ့ ဂုဏ်သိက္ခါကို ... အကြိမ်ကြိမ် စော်ကားတယ် ... သခင်လေး သေသွားတဲ့ ကိစ္စအတွက် ... ဆရာ့ကို ငါ ဘယ်လိုရှင်းပြရမလဲ။ ”

လျူယွင်လန်က မျက်နှာပေါ်ရှိ သွေးစက်များကို လက်ခုတ်ဖြင့် သုတ်လိုက်ပြီး ဟွာကျင်းယွီထံ ငုံ့ကြည့်မိ၏။

ဤလူသည် တောင်တန်းအပြင်၌ လင်းယွန်ကို သတ်ရန် ကြံစည်နေခဲ့ဖူးသည်။ သို့သော် အသက်ပေး လိုက်ရပြီဖြစ်၏။

ထိုအတွေးကြောင့် သူ့ကိုယ်သူ လှောင်ပြုံး ပြုံးလိုက်ကာ လက်ဝှေ့ယမ်းလျက် ‘ငြိမ်ချမ်းစွာ အနားယူပါ၊’ -ဟု နှုတ်ဆက် လိုက်သည်။

သည့်နောက် ဝန်ထုပ်ဝန်ပိုး တစ်ခု လွတ်ကျသွားသကဲ့သို့ ချက်ချင်း ပေါ့ပါးသွား တော့၏။

***

All Chapters