← Chapters

ဒဏ္ဍာရီလာ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်း တင်ခံရခြင်း။

Vol. 164 Ch. 2287

ဒဏ္ဍာရီလာ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်း တင်ခံရခြင်း။

Vol. 164 Ch. 2287

ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များ စီးဝင်လာသည်နှင့်အမျှ ဖုံးအုပ်ထားသော ရောင်ဝါတိုင်မှာ ပို၍ ထူထဲလာသည်။

ကျင့်ကြံမှု တိုးလာနေသော်လည်း သူတော်စင် မူလကို ဆက်လက် ပုံဖော်နေခဲ့၏။ သုံးရက်အကြာတွင် သူတော်စင် မူလကို ပွင့်ချပ် (၇၂)ချပ်ပါသော ပန်းအဖြစ် ပြောင်းလဲ နိုင်လိုက်သည်။

ပွင့်ချပ်များတွင် သဘာဝ အတိုင်း ဖွဲ့စည်းထားသော သူတော်စင် ရူရ်အများအပြား ပါရှိပြီး ဓားတာအို၊ မိုးကြိုးတာအို၊လေတာအို၊ နတ်ခန္ဓာနှင့် ဓားကျမ်းနှစ်စောင်တို့၌ ထိုးထွင်း သိမြင်မှုများ အားလုံး အနှစ်ချုပ်ထား၏။

ပန်းပွင့်ပုံသဏ္ဍာန် ဖြစ်လာသည်နှင့် တစ်ပြိုင်နက် ဓားသူတော်စင် နောက်တစ်ပါး အရှေ့ဘက် ပျက်စီးမြေ၌ ထွက်ပေါ်လာပြီ ဖြစ်သည်။

များမကြာခင် ဒုတိယအဆင့် သူတော်စင် သခင်ဖြစ်လာသည်။ မိနစ် အနည်းငယ် အကြာ၌ အထွတ်အထိပ်သို့ ရောက်ရှိ ရပ်တန့်သွား၏။

မျက်လုံး ဖွင့်လိုက်သောအခါတွင် ကောင်းကင်နှင့် မြေကြီးကို ထွန်းညှိပေးသော အလင်းရောင် တစ်ခု ပေါ်လာသည်။ ဝန်းကျင်၌ မှုန်ဝါးဝါး ပုံရိပ်များလည်း ပါရှိ၏။

“ ဖြစ်စဉ်တွေလား ... ။ ”

လင်းယွန်က ဝမ်းသာအားရ ထရပ် လိုက်သည်။ ဆိုလိုသည်မှာ ဤကမ္ဘာက သူ့ကို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခဲ့၏။

တစ်ချိန်က ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ကိုးပါး ထွက်ပေါ်ကာ အမှောင်ခေတ်ကို ရပ်တန့်ပြီး နတ်နဂါးအင်ပါယာ ထူထောင်သည်။

သို့သော် လက်ရှိ သူသည် သူတော်စင် တစ်ပါးမျှသာ ဖြစ်ပြီး ကမ္ဘာကြီးက စောလျင်စွာ မှတ်တမ်း တင်ခြင်းဖြစ်၏။

“ ဧကရာဇ်ကိုးပါးနဲ့ ယှဉ်ရင် ... ငါက အရမ်းအားနည်းတယ် ... ဒါပေမယ့် ဖြစ်စဉ် ရှိလာမှတော့ ကောင်းကင်တာအိုက ငါ့ကို မေ့မှာမဟုတ်ပါဘူး။ ”

ကောင်းကင်တာအိုကို မမြင်နိုင် သော်ငြားလည်း ၎င်းတည်ရှိကြောင်း လူတိုင်း သိရှိလေသည်။

ထို့ကြောင့် ခွန်လွန်တွင် မည်သူမျှ ကောင်းကင်တာအိုကို ကျိန်ဆိုကာ ဖောက်ဖျက် ဝံ့ခြင်းမျိုး မရှိခဲ့ချေ။

မဟာချင် အင်ပါယာ၊ သွေးစွန်းသော ဧည့်ခံပွဲ၊ ကောင်းကင်လမ်း၊ သွေ့ရော်ကျွန်း၊ အင်ပါရီယန် အဆင့်၊ ပင်မ နတ်ဘုရား အဆင့် တို့၌ ဓားဆွဲပုံ အဆင့်ဆင့်ကို လင်းယွန်ပေါင်း များစွာက ပြသလာသည်။

အရှေ့ဘက် ပျက်စီးမြေ အပြင်ဘက်တွင် မဟာသူတော်စင် တစ်ပါး သတ်ခြင်း၊ နယ်ပယ် ငါးပါးချန်ပီယံ ဖြစ်ခြင်း စသည့် ဂုဏ်ယူဖွယ် အချိန်များကိုလည်း ပြသ၏။

သူ့အစ်ကို ကျန့်ကျင်းရှန်သည်ပင် နယ်ပယ်သုံးပါး ချန်ပီယံသာ ဖြစ်ခဲ့လေသည်။ ကြည့်နေဆဲမှာပင် ပုံရိပ်များ ဖြည်းဖြည်းခြင်း ပိတ်သွား၏။

“ နောက်ဆုံးတော့ ငါ သူတော်စင် ဖြစ်ပြီ ... ။ ”

လက်သီး ဆုပ်လိုက်သော အခါတွင် သူတော်စင် စွမ်းအင်များ ပွက်ပွက်လာသည်။

“ ဘာစွမ်းအားကြီးလဲ ... ။ ”

လင်းယွန်က ဝမ်းသာသွား၏။ ယခုအချိန်၌ ယင်းမြစ်ဘုရင်နှင့် ရင်ဆိုင်သော် ဓားဆွဲရန် မလို တော့ချေ။

ဆိုလိုသည်မှာ မည်သည့် ကိုယ်ခံ ပညာရပ်ကိုမျှ မသုံးဘဲ သာမာန် လက်သီးဖြင့် နှိမ်နင်းနိုင်ပေမည်။

ဒုတိယအဆင့် သူတော်စင် သခင်၏ အထင်ရှားဆုံး လက္ခဏာမှာ ရေမှုန်ရောင်ဝါ ဖြစ်လေသည်။

ကြယ်ဓားသည်ပင် ၎င်းကို မဖြိုခွဲနိုင်ချေ။ ထို့ကြောင့် စမ်းကြည့်ရန် အတွေး ရလာသည်။ သူတော်စင် ရောင်ဝါကို ရေမှုန်အလွှာအဖြစ် ပေါင်းစပ်ကြည့်လိုက်၏။

“ ငါ့ကို ထိုးခိုင်းဖို့ ဘယ်သူမှ မရှိတာ သနားစရာပဲ။ ”

ခန္ဓာကိုယ် တစ်လက်မ အကွာ၌ ပိုးစုန်းကြူးများကဲ့သို့ အမှုန်အမွှားများ အသက်ဝင် လာသည်။

၎င်းတို့၌ ကောင်းကင်နှင့် မြေကြီးကြား နိယာမအချို့ကို ဆွဲငင်ကာ သိုင်းဖွဲ့ထားခြင်း ဖြစ်သည်။

“ ဟိတ် ... ။ ”

ဤအချိန်၌ နဂါးလေး မရှိခဲ့သဖြင့် သူ့ကိုယ်သူ တိုက်ခိုက်ရန် ကောင်းကင်ပေါ် ခုန်တက်လိုက်သည်။

နဂါး-ဖီးနစ် ကမ္ဘာဖျက်ဓားကျမ်းကို ဖြန့်ကျက်ကာ နှစ်ကိုယ်ခွဲလိုက်၏။

“ ဟား ဟား ဟား ... ။ ”

“ ဟား ဟား ဟား ... ။ ”

ထို့နောက် လင်းယွန် နှစ်ယောက် ကွဲထွက်လာပြီး ရယ်မောလျက် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကြသည်။

“ မင်းကို လက်တုံ့ပြန်ဖို့ ခွင့်မပြုဘူး။ ”

“ မင်းကို လက်တုံ့ပြန်ဖို့ ခွင့်မပြုဘူး။ ”

တစ်ယောက်တည်း ဖြစ်ကြသဖြင့် အပြောဝါကျများမှာ တူညီနေ၏။ နတ်ဖီးနစ်နှင့် ကောင်းကင်နဂါးများ သိုင်းခြုံလျက် မီတာ ရာဂဏန်းအကွာသို့ ဆုတ်သွားကြသည်။

“ လာမယ် ... ။ ”

“ လာမယ် .... ။ ”

“ ဘုန်း ... ။ ”

“ ဝေါ့ ... ။ ”

“ ဝေါ့ ... ။ ”

နှစ်ယောက်သား မျက်နှာချင်းဆိုင် ပြေးဝင်ထိုးနှက်ပစ်ရာ လင်းယွန် နှစ်ယောက် သွေးအန်သွားရသည်။

“ နာတယ်ကွ … ။ ”

“ နာတယ်ကွ … ။ ”

လင်းယွန်က ပြုံးလျက် သူ့ရင်ဘတ်ကို စိုက်ကြည့်ပြီး ကွဲအက်နေသည့် ရေမှုန်အလွှာ အပေါ် စစ်ဆေးမိသည်။

ကျန်တစ်ယောက် မှလည်း သူ လုပ်သည့်အတိုင်း လိုက်လုပ်၏။ စောစောက သူ့ကိုယ်သူ သတ်သေလုနီးပါး ပေပင်။

“ ရှက်စရာ ကောင်းလိုက်တာ … ခရမ်းငယ်အနားမှာ မရှိတာ ကံကောင်းတယ်။ ”

“ ရှက်စရာ ကောင်းလိုက်တာ … ခရမ်းငယ်အနားမှာ မရှိတာ ကံကောင်းတယ်။ ”

“ ငါ့ဓားရည်ရွယ်ချက်ကို ခွန်အားအပြည့် သုံးမယ်ဆိုရင် ... ဒီရေမှုန်ရောင်ဝါက ပြိုကွဲသွား နိုင်တယ်။ ”

“ ငါ့ဓားရည်ရွယ်ချက်ကို ခွန်အားအပြည့် သုံးမယ်ဆိုရင် ... ဒီရေမှုန်ရောင်ဝါက ပြိုကွဲသွား နိုင်တယ်။ ”

ယင်းမြစ်ဘုရင်သည် သူ့ဓားကို ခံနိုင်မည် မဟုတ်တော့ချေ။ ဒုတိယအဆင့် သူတော်စင် သခင် ဖြစ်သော်လည်း ပဉ္စမအဆင့်နှင့် ယှဉ်နိုင်၏။

“ ဟိတ် ... ။ ”

ခေတ္တမျှ အနားယူ ပြီးနောက် နည်းစနစ် များကို ပြန်လည် လေ့ကျင့်မိသည်။ သူတော်စင် ဖြစ်လာပြီ ဖြစ်သဖြင့် ပိုးစုန်းကြူး နတ်ဓား၏ စွမ်းအားများ တိုးလာ၏။

အရေးအကြီးဆုံးမှာ အုပ်စိုးရှင် နက္ခတ်ကို ထိန်းချုပ်ခေါ်ဆိုရ လွယ်ကူလာခြင်းမျိုး ပေပင်။ သို့သော် သူ မည်မျှ သန်မာသည်ကို တွက်ချက်၍ မရသေးချေ။

ယခုအချိန်၌ သန်မာလှသည် ဟူသော ယင်းမြစ်ဘုရင်ကို ခွန်အားအဖြစ် တိုင်းတာရာ၌ ယူနစ်တစ်ခုအဖြစ် ဖော်ပြ၍ မရတော့သည်မှာ သေချာပြီ ဖြစ်သည်။

“ ငါသာ အကုန်ထုတ်ရင် ယင်းမြစ်ဘုရင် ခံနိုင်မှာ မဟုတ်ဘူး ... ခရီးက ဝေးသေးပေမယ့် လနတ်ရူရ်ကိုသာ ရခဲ့ရင် ... ဓားသေတ္တာက ပံ့ပိုးမှု တစ်ခုခု ပေးလာနိုင်မှာပါ။ ”

ဓားသေတ္တာ အကြောင်း တွေးမိစဉ် စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သည်။

အိုင်းရစ် ဓားသူတော်စင်သည် သူတော်စင် နယ်ပယ်ဖြင့် နတ်ဘုရား တစ်ပါးကို သတ်နိုင်၏။ ထို့ကြောင့် လက်ရှိ ခွန်အားအပေါ် ယုံကြည်မှု လွန်ကဲခြင်း မရှိစေရန် သတိပေးမိသည်။

“ တကယ်တော့ ကျင့်ကြံမှုက ဒုတိယပဲ နိဗ္ဗာန်တာအိုကို ငါ ... မြန်မြန် ဆုပ်ကိုင်နိုင်မှ ဖြစ်မယ် မဟုတ်လို့ ... အချိန်နဲ့ အာကာသ တာအို နားလည်သူနဲ့ တွေ့ရင် လွယ်မှာ မဟုတ်ဘူး။ ”

ကောင်းကင် စက်ဝန်း ဘုံကျောင်းဖြင့် အချိန်နှင့် အာကာသ စွမ်းအားကို ဝမ်မူယန်မှ မည်သို့ အသုံးပြုခဲ့သည်ကို ပြန်ပြောင်း အမှတ်ရလာ၏။

ထာဝရတာအိုတွင် ကံကြမ္မာ၊ နိဗ္ဗာန်၊ အကြောင်းတရား၊ အချိန်၊ အာကာသ၊ ယင်ယန်၊ ဒြပ်ငါးပါး၊ သစ္စာတရား၊ ဖျက်ဆီးခြင်း ဟူ၍ ကိုးပါး ရှိသည်။

တျန်ရွှမ်ဇီသည် အာကာသ တာအိုကို ဆုပ်ကိုင်ထားပြီး ခွန်လွန်၌ တစ်ဦးတည်းသော ထာဝရတာအို ဆုပ်ကိုင်ထားသူ ဖြစ်၏။

“ နိဗ္ဗာန် ... ။ ”

လင်းယွန်က ခေျာက်ကမ်းပါးထံ လျှောက်လှမ်း နေလျက်မှ အတွေးပွားမိသည်။ ချိုင်းဝှမ်းမှ ထွက်လာသော ဖိအားသည် ယခု အံ့ဩဖွယ် မဟုတ်တော့ချေ။

သူတော်စင် ဖြစ်လာပြီးနောက် ၎င်းရှိ နတ်ဘုရား တန်ခိုး အကြွင်းအကျန်များကို မြင်နိုင်သည်။

“ သူတော်စင်တွေဟာ ... ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်းထဲ ... မဆင်းဝံ့တာ အံ့သြစရာ မရှိတော့ပါဘူး … ဒါက အန္တရာယ်များတယ်။ ”

အမည်ခံ သူတော်စင် နယ်ပယ်ဖြင့် ခုန်ခဲ့သည်မှာ မည်မျှ ကြောက်စရာ ကောင်းမှန်း နားလည်လာတော့သည်။

***

All Chapters