အမှန်တရား ... ။
Vol. 164 Ch. 2288
“ ဒီအရိုးလက်က ဖြတ်ကျော်ဖို့ ခက်နေသလား။ ”
လင်းယွန်က တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ထိုလက်သည် နတ်မီးတောက် အပိုင်းအစထက် ပိုအားကောင်းပုံရသည်။
၎င်းသည် နတ်ဘုရား တစ်ပါ၏ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားကြောင်း ပြောနိုင် ချေ၏။
ပေးပို့ချင်သော သတင်း စကားကို ပလွေမှုတ်ကာ အချိန်အကြာကြီး ပဲ့တင်စေ ခဲ့သည်။ တုံ့ပြန်မှု အနေဖြင့် နတ်ရူရ် အလင်းများ တောက်ပလာ၏။
ထို့ကြောင့် စိတ်သက်သာရာရပြီး ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်၌ နတ်ဘုရား သင်္ချိုင်းတောင်တန်း အပြင်တွင် လူတိုင်း စုဝေးနေခဲ့ကြသည်။
မြင့်မြတ်မြေ ငါးပါး၊ ဂိုဏ်းပေါင်းစုံနှင့် ရှေးဟောင်း သူတော်စင် မျိုးနွယ်များ အပါအဝင် အရှေ့ဘက် ပျက်စီးမြေမှ အင်အားစုများ အားလုံး ပါရှိသည်။
မြင့်မြတ်မြေ ငါးပါးကို သူတော်စင် ဘုရင်များမှ ဦးဆောင်လျက် မဟာ သူတော်စင် များမှာမူ အမှောင်ထဲ၌ ရှိနေ၏။
ပန်းသင်္ချိုင်း ကြွေလွင့်တောင်ကြား အတွင်းခုန်ချသွားသည့် သတင်းက ဦးစွာပျံ့နှံ့ လာသည်။ ထိုစကား ကြားသောအခါ မြင့်မြတ်မြေ (၃)ပါးက ပြုံးရယ်ကြ၏။
သူတို့သည် တျန်ရွှမ်ဇီနှင့် မိတ်ဖွဲ့ထားပြီး လင်းယွန်သည် မဟာရန်သူပေပင်။ သက်တံဓား မရှိလျှင်သော်မှ ၎င်းက အရှေ့ဘက် ပျက်စီးမြေကို အုပ်စိုး နိုင်သည်။
သို့သော် ပျော်၍ မဆုံးမီ ပန်းသင်္ချိုင်း မသေဘဲ ယခင်ထက် ပို၍ သန်မာလာကြောင်း သတိများ ကြားလိုက်ရပြန်၏။
ဤအရာက မြင့်မြတ်မြေ သုံးပါးကို အရှက်ကွဲစေသည်။ မီးနဂါး တောင်ကြား၌ လင်းယွန်က လူတိုင်းကို ကယ်တင်နေချိန် မြင့်မြတ်မြေများက ထွက်ပြေးကြ၏။
“ နတ်ဆိုးအလောင်းတွေကို တစ်ချက်တည်းနဲ့ ဖြေရှင်းလိုက်တာလား။ ”
“ ဒါက ဘယ်လောက်ထိ တုန်လှုပ်စရာ ကောင်းလဲဆိုတာ မင်းတို့ .. မြင်ခွင့် မရခဲ့ကြဘူး၊ ဖော်ပြစရာ စကားလုံးတောင် ကင်းမဲ့တယ်။ ”
“ မြင့်မြတ်မြေ သုံးပါးက အုပ်စိုးရှင် ရတနာတွေနဲ့ ထွက်ပြေးကုန်တုန်း လင်းယွန်က ဓားဆွဲလိုက်တာပဲ ... အရမ်း မိုက်တယ်။ ”
“ မင်း ချဲ့ကားနေတာလား ... သူက အမည်ခံ သူတော်စင် နယ်ပယ်မှာပဲ မဟုတ်ဘူးလား။ ”
“ အမည်ခံ သူတော်စင် နယ်ပယ် ဖြစ်တော့ရော ဘာဖြစ်လဲ၊ အင်ပါရီယန်၊ ပင်မ နတ်ဘုရား၊ နဂါသွေးလွှတ်ကြော၊ လောက နိယာမနဲ့ အမည်ခံ သူတော်စင် နယ်ပယ် ချိန်ပီယံ ကောင်းကင်နဂါးသခင်ဘွဲ့ကို ရထားပါတယ်။ ”
“ ရှင်းရှင်းလေး … မြင့်မြတ်မြေ သုံးပါး ထွက်ပြေးတဲ့ အချိန်မှာ ... လင်းယွန်က ငါတို့ကို ကယ်တင်လိုက်တာ။ ”
“ မြင့်မြတ်မြေ သုံးပါးက တကယ်ပဲ ထွက်ပြေးကြတာလား။ ”
“ ပြေးတာမှ အရိပ်တောင် မမြင်ရဘူး။ ”
မင်ဂိုဏ်း၏ ခေါင်းဆောင် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က အမိန့်ပေးလိုက် တော့သည်။
“ ဟမ့် ... သူတို့ကို ထိန်းချုပ်ထားလိုက် ... ပန်းသင်္ချိုင်း ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲ ကြည့်ရအောင် ... မြင့်မြတ်မြေရဲ့ ဂုဏ်သတင်း အပေါ် ရှုတ်ချနေတာ သေချင်နေပြီ ထင်တယ်။ ”
“ နားလည်ပါပြီ ... ။ ”
သူတော်စင် သခင် အများအပြားက စကားစမြည်ပြောနေသည့် လူအုပ်ကို ရိုက်နှက် တော့၏။
“ ဘုန်း ... ။ ”
“ အား ... ။ ”
အနန္တလျှပ်စီး ဂိုဏ်းမှ ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင်ကလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင် လာ၏။
“ ဖျစ် ... ။ ”
“ အား ... ။ ”
ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများ ဆင်းသက်လာပြီး သူတော်စင် သခင် တစ်ပါး၏ ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက်သွားသည်။
ထိုသူတော်စင်သခင်သည် လင်းယွန်ကို နှင်းအရိပ် သူတော်စင် ကြာပန်းပေးအပ်ခဲ့သော အောင်မြင်ခြင်း သူတော်စင် သခင် ဖြစ်သည်။
သူတို့ မထွက်ခွာခင် မြင့်မြတ်မြေ သုံးပါးလက်မှ လွတ်မြောက်ရေး အတွက် ဆွေးနွေးခဲ့ပြီး ဖြစ်၏။
အဆုံးတွင် မြင့်မြတ်မြေ သုံးခုသည် ရက်စက်လွန်းပြီး သူတို့ကို မဟာမိတ်များအဖြစ် မဆက်ဆံခဲ့ချေ။ သူတို့သည် သွေးမီးတောက် ဘုရင်ကို သတ်ဖြတ်ရာ၌ ကူညီပေးဖူး၏။
အသေအပျောက်များခဲ့သော်လည်း ရတနာများကို မျှဝေခံစားခွင့် မပေးခဲ့သည် သာမက အသက်အန္တရာယ် ကြုံလာချိန်၌ စွန့်ပစ်သွားသည်။
၎င်းတို့နှင့် နှိုင်းစာလျှင် လင်းယွန်သည် နတ်ဆိုး အလောင်းများ အားလုံးကို နှိမ်နင်းပြီး မီးနဂါး အရိုးစုကိုပင် ပျံသန်းစေ၏။
ထို့ကြောင့် ဂုဏ်သတင်းကို ဖြန့်ကျက် ပေးကြရန် စိတ်အားထက်သန်လာခြင်း ပေပင်။ မြင့်မြတ်မြေ သုံးခုသည် ဒေါသဖြစ်မည်ဟု သူတို့ မျှော်လင့်ထားပြီး ဖြစ်ရာ ထူးထွေထိတ်လန့်ခြင်း မရှိကြချေ။
“ မင်းတို့ ပါးစပ်ကို မပိတ်ရင် ကျင့်ကြံမှု ပျက်စီးရလိမ့်မယ်။ ”
ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင်က ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်ကာ ကြေငြာလိုက်သည်။
ဤမြင်ကွင်းကြောင့် သူတော်စင် ဘုရင်များမှာ မည်မျှ အစွမ်းထက်သည်ကို မြင်ပြီး တိတ်ဆိတ် သွားတော့၏။ သို့သော်။
“ မင်းငါ့ကို သတ်ရင်တောင် ဘာမှ ပြောင်းလဲမသွားဘူး ... အုပ်စိုးရှင် လက်နက်နဲ့ မြင့်မြတ်မြေသုံးပါး ထွက်ပြေးတာ ... လူတိုင်း မြင်တယ်၊ ငါတို့ကို ပန်းသင်္ချိုင်း ကယ်တင် လိုက်တာ။ ”
အော်မြင်ခြင်း သူတော်စင် သခင်က အံကြိတ်ပြီး ဆက်ပြေ၏။
“ မင်း သေချင်နေတာပဲ။ ”
လင်းယွန်မှ ကောင်းကင်ဂီတ သူတော်စင် သခင်ကို သတ်ခဲ့ကြောင်း သတင်း ရရှိထားပြီး ဖြစ်၏။ ထို့ကြောင့် ဤချီးမွန်းခန်းသည် ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင် အတွက် ဒေါသထွက်စရာ ဖြစ်သည်။
“ စိတ်အေးအေး ထားပါ၊ ... သူတော်စင် သခင်တစ်ပါးကို လူမြင်ကွင်းမှာ သတ်တာက နာမည်ကောင်း မကျန်နိုင်ဘူး။ ”
ကောင်းကင်မီးလျှံ ဂိုဏ်း၏ မီးလျှံ သူတော်စင် ဘုရင်က တိတ်တဆိတ် သတိပေး စကား ပြောကြားလိုက်သည်။
ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင်က ပြန်ဆုတ်လိုက်၏။ အောင်မြင်ခြင်း သူတော်စင် သခင်မှာ မိုးကြိုးပစ်ခံရ သကဲ့သို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။
“ ကျေးဇူးတင်ပါတယ် ... ။ ”
သို့သော် ကြည်လင် မြင့်မြတ်သော ဂိုဏ်းမှ မည်သူမျှ စကား မပြောဝံ့ဘဲ အသက် ရှင်ခွင့်ပေး ခဲ့သည့် အပေါ်ပင် ကျေးဇူးတင်လိုက်ကြ၏။
ထို့နောက် ဤလူများသည် လင်းယွန်၏ လာဘ်ထိုးခံရကာ မြင့်မြတ်မြေများ မကောင်း သတင်းကို တမင် ဖြန့်သူများ ဖြစ်သည်ဟု ကြေငြာလိုက်သည်။
မြင့်မြတ်မြေ ဟူသည် ဖြောင့်မတ်သော ဂိုဏ်းများဖြစ်ရာ ဂုဏ်သတင်းကို အလေးထား ရ၏။ ထို့ကြောင့် ထွက်ပြေးသည့် သတင်းကို မဖြန့်စေလိုချေ။
လူတိုင်းက အချင်းချင်း ဆွေးနွေးလာ ကြတော့သည်။
“ ဒါက အဓိပ္ပါယ်မရှိတာ သေချာပါတယ်၊ လင်းယွန်က အမည်ခံ သူတော်စင်ပဲ ... ဒီအမှုကို ပြီးမြောက်နိုင်ပါ့မလား။ ”
“ ဒါပေမယ့် ဟွာကျင်းယွီ၊ ကောင်းကင်ဘုံ ဂီတ သူတော်စင်နဲ့ လျူယွင်လန်ကို သူ အနိုင်ယူ ခဲ့တယ်လေ။ ”
“ ဟုတ်တယ် ... ရွှေမျက်လုံး နတ်မိစ္ဆာကိုလည်း အနိုင်ယူခဲ့တယ် ... ပြီးတော့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဓားနဲ့ နတ်ဆိုး အလောင်းတွေကို သတ်ခဲ့တယ်။ ”
“ ဧကရာဇ် ကိုးပါးတောင်မှ အမည်ခံ သူတော်စင် နယ်ပယ်နဲ့ သူ့လို စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ ”
“ ငြင်းခုန် မနေကြနဲ့ ... လင်းယွန် ထွက်လာတဲ့အခါ ... အမှန်လား-ချဲ့ကားလား ဆိုတာ ငါတို့ သိရလိမ့်မယ်။ ”
မြင့်မြတ်မြေ သုံးခု၏ ခြိမ်းခြောက်မှုမှာ အလုပ်ဖြစ်ခဲ့သည်။ လူအများက ကောလာဟလ အဖြစ် သတ်မှတ်ကုန်၏။
မြင့်မြတ်မြေ၏ သူတော်စင် ဘုရင် သုံးပါး သည်သာလျှင် မည်းမှောင်သော မျက်နှာများနှင့် ငြိမ်သက်နေခဲ့သည်။
“ ဒါဟာ အမှန်ပဲ ... ။ ”
ကောင်းကင် မီးလျှံဂိုဏ်း၏ ငိုကြွေးခြင်း မီးလျှံ သူတော်စင် ဘုရင်က လေးနက်သော အသွင်နှင့် ပြောကြားလာ၏။
နတ်မီးတောက် အပိုင်းအစကို သူတို့ရရှိရန် ပျက်ကွက်ခဲ့ရုံသာမကဘဲ လူမြင်ကွင်းတွင် ဤမျှ အရှုပ်အထွေးများ ဖြစ်စေခဲ့သည်။
“ ငါ့ဂိုဏ်းရဲ့ ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင် သေပြီ၊ ဒါကြောင့် လင်းယွန် သေရမယ်။ ”
ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင်က အံကြိတ်ကာ ကြေငြာလိုက်၏။ မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က၊
“ စိတ်လျော့ပါ ... ထွက်လာတာကို ငါတို့စောင့်ရမယ်။ ”
“ စိတ်လေျာ့ ရမှာလား၊ ... မြင့်မြတ်သော အသူရာ သူတော်စင်ဘုရင် ... မင်းရဲ့သခင်လေး အသတ်ခံရရင် ဒီလိုပဲ လုပ်မှာလား။ ”
“ ငါ့သခင်လေးက ... ဒီလို လွယ်လွယ်သေမယ့် လူမျိုး မဟုတ်ဘူး။ ”
မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်၏။ ဤလူတွင် ယဉ်ကျေးမှု မရှိချေ။ အခြား လူများအပေါ် ကျိန်ဆဲနေ၏။
လေထုထဲရှိ တင်းမာမှုကို ခံစားမိ သောကြောင့် ငိုကြွေးခြင်း မီးလျှံ သူတော်စင် ဘုရင်က၊
“ အခုအချိန်က အဲဒါကို စဉ်းစားရမယ့် အချိန်မဟုတ်ဘူး ... ဘာဆက်လုပ်ကြ မလဲ စဉ်းစားသင့်တယ်။ ”
-ဟု ဝင်ပြော လိုက်၏။
ခေတ္တ တိတ်ဆိတ် သွားပြီးနောက် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က၊
“ နတ်ဖီးနစ်တောင်လည်း ထွက်မလာ သေးဘူး၊ သူတို့ ထွက်လာတဲ့အခါ ဆုံးဖြတ်ကြရအောင် ... ဒါပေမယ့် ဝိညာဉ် သန့်စင်ခြင်း သူတော်စင်ဘုရင် ပြောတာ မှန်တယ် ... လင်းယွန် သေရမယ်။ ”
“ ဒါဆို စောစောစီးစီး ပြင်ဆင်မှုတွေ လုပ်ထားပါ၊ သူ သေသရွေ့ ကောလဟာလ တွေကို ဂရုစိုက်စရာ မလိုဘူး။ ”
ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင်မှ ပြောကြားလာ၏။ ဤအဖြစ်အပျက် ပြီးနောက် လူအုပ်ကြီးမှာ ပြန်လည် ငြိမ်သက်သွားသည်။
လူအချို့က ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသော အောင်မြင်ခြင်း သူတော်စင် သခင်ကို အနည်းငယ် စူးစမ်းလာကြ၏။
“ အောင်မြင်ခြင်း သူတော်စင် သခင် ... မင်းပြောတာ အမှန်တွေလား။ ”
“ ဒါက အမှန်တွေပါပဲ ... မင်းတို့သာ မျက်မြင်တွေ့ခဲ့မယ်ဆိုရင် ငါ့လိုပဲ မြင့်မြတ်မြေ သုံးပါးအပေါ် ဒေါသထွက်လိမ့်မယ် ... သက်တံဓား သူတော်စင်၊ ...
... သေဆုံးသွားရင်တောင် သူ့မျိုးရိုးက ငါတို့အရှေ့ဘက် ပျက်စီးမြေကို စောင့်ရှောက် ပေးမှာသေချာတယ် ... ဒါကြောင့် မင်းတို့ ဆုံးဖြတ်ချက်ကို အလျင်စလို မချမိစေနဲ့။ ”
အောင်မြင်ခြင်း သူတော်စင် သခင်က ဆက်ပြော၏။
“ စောင့်ကြည့်ပါ ... ပန်းသင်္ချိုင်း ထွက်လာတဲ့အခါ ... ဘာက အမှန်တရားလဲ သိလာ လိမ့်မယ်။ ”
သူတို့သည် နှစ်ပေါင်း သောင်းနှင့်ချီပြီး အမွေဆက်ခံထား ခဲ့ကြသည့် မြင့်မြတ်မြေများ အပေါ် မယှဉ်နိုင်သော်လည်း အုတ်မြစ်မှာ ထောင်ဂဏန်း သက်တမ်း ရှိသည်။
ထို့ကြောင့် သူတို့ ပူးပေါင်းပါက အရေအတွက် အားသာချက်ရှိ၏။ မြင့်မြတ်မြေ များမှ လူတိုင်းကို သတ်နိုင်မည်ဟု မယုံချေ။
“ စဉ်းစားပါ ... သက်တံဓားမျိုးရိုး အပေါ် ဦးညွှတ်ရင် မြင့်မြတ်မြေ သုံးပါးကို ပတ်သတ်လို့ မရဘူး။ ”
“ အောင်မြင်ခြင်း သူတော်စင် သခင် စကားအတိုင်းဆိုရင် .. လင်းယွန်က အရှေ့ဘက် ပျက်စီးမြေရဲ့ ကံကြမ္မာပဲ ... ။ ”
အချင်းချင်း ဆွေးနွေးနေခဲ့ကြပြီး ခေါင်းအမာဆုံး လူပင် လေးနက်သော အမူအရာ ထုတ်လာသည်။
“ ကောင်းပြီ ... ငါပြောတာ ချဲ့ကား လွန်းနေတယ် ထင်ရင် ဒီမှာပဲ ရပ်လိုက်ရအောင် ငါမပြောခဲ့ဖူးလို့ပဲ ယူဆကြပါ။ ”
အောင်မြင်ခြင်း သူတော်စင်က လှောင်ပြုံးဖြင့် ခေါင်းယမ်း လိုက်သည်။ လူမိုက် များကြောင့် အနည်းငယ် စိတ်ပျက်မိ၏။
***