မြင့်မြတ်သော လရောင် လက်စွပ်။
Vol. 164 Ch. 2289
အေင်မြင်ခြင်း သူတော်စင် သခင် စကားများသည် လူများစွာကို သို့သော်-သို့လော ဖြစ်စေ၏။ သို့သော် မြင့်မြတ်မြေများက သူတို့ အပေါ် ကြိမ်းမောင်းထား သဖြင့် အသံ မထွက်ရဲကြချေ။
နတ်ဖီးနစ်တောင် အဖွဲ့ကို ဦးဆောင်သူမှာ အသက် သုံးဆယ်ကျော် လူလတ်ပိုင်း အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမ အမည်မှာ ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်ဖြစ်၏။
“ သူတော်စင် ဘုရင် ... လင်းယွန်က နတ်မီးတောက်ကို မိန်းကလေးဆီ ပေးခဲ့တယ် ဆိုတဲ့ သတင်း ရှိပါတယ်။ ”
သူတော်စင် အကြီးအကဲ တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် သတင်းပို့လာသည်။
“ ဒါက ထူးဆန်းတယ် ... ။ ”
ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်သည် သတိကြီးသူ တစ်ယောက် ဖြစ်ရာ ရွှင်လန်းမှု မရှိချေ။ အလေးအနက် တွေးမိ၏။
နတ်ဖီးနစ်တောင်သည် အခြား မြင့်မြတ်မြေများထက် နတ်မီးတောက်ကို ပို၍ လိုအပ်သည်။ ထို့ကြောင့် ကြယ်မြစ် သူတော်စင် ဘုရင်ကိုပင် စွန်းစားစေခဲ့ခြင်း ဖြစ်၏။
သို့သော် ၎င်းကို ကျော်ပြီ ဂျူနီယာ တစ်ယောက်က မည်သို့ ရယူနိုင်ခဲ့သည်ကို နားမလည် တော့ချေ။
“ ဒါဟာ အမှန် ဖြစ်နိုင်ပါတယ်။”
“ မြင့်မြတ်မြေ သုံးပါးက ... ကောလာဟလတွေ အဖြစ် ပယ်ချကြပေမယ့် သူတို့ တကယ် စိုးရိမ်နေကြတယ်။ ”
“ သူတော်စင် ဘုရင် ... ကျုပ်တို့ ပြင်ဆင်ထားသင့်လား။ ”
“ ဒါနဲ့ ... ပန်းသင်္ချိုင်းနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်လဲ ... ဒီလူတွေက အလွတ်ပေးမှာ မဟုတ်ဘူး။ ”
သူတော်စင် အကြီးအကဲ အချို့က မေးခွန်းများထုတ်လာကြ၏။ ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်က၊
“ အလျင်လိုနေစရာ မလိုပါဘူး ... ကျိကျစ်ရှီထွက်လာရင် ငါတို့ ထပ်ပြောမယ်။ ”
-ဟု ပြောကြားလိုက်သည်။
လင်းယွန်သည် နတ်မီးတောက်ကို ပေးအပ်ခဲ့ပါက ပြန်၍ ကာကွယ်ပေးမည်ဟု အကြို ဆုံးဖြတ်ထားလိုက်၏။
ထို့ပြင် နတ်ဖီးနစ်တောင်တန်း၏ သခင် ကလည်း လင်းယွန်အပေါ် စိတ်ဝင်စား နေသည် ဟူသော လျှို့ဝှက်ချက်ကို သိရှိထားသည်။
ထိုအချိန်တွင် လင်းယွန်သည် ကြွေလွင့် နတ်ဘုရား ချောက်ကမ်းပါးမှ ထွက်ခွာလာပြီး အရှေ့ဘက်သို့ ဦးတည်နေခဲ့၏။
သူတော်စင် ဖြစ်ပြီးနောက် နေနတ်ဘုရား ဖမ်းစီးခြင်း ပညာရပ်ကို ထပ်မံ ကျင့်ကြံခဲ့သည်။ တောက်ပသော နေမင်းကြီး တစ်စင်း အဖြစ်သို့ ပြောင်းလဲသွား၏။
အဝေးမှ ကြည့်သော် ရွှေရောင်မီးလုံးကြီး ရွေ့လျားနေသည်ဟု ထင်စေမည်။ ဤအရာက မြန်လွန်းသော်လည်း ပန်းသင်္ချိုင်းကို စီးနင်းခြင်း ကဲ့သို့ မြန်ဆန်ခြင်း မရှိကြောင်း တွက်ဆမိ၏။
နာရီအနည်းငယ် ကြာပြီးနောက် မီးနဂါးမြစ်ကို မြင်လာရသည်။ မြစ်ရေသည် တစ်ချိန်က ပြဿနာ ဖြစ်သော်လည်း ယခုမူ ပန်းသင်္ချိုင်း စီးနင်းကာ ကူးနိုင်ချေပြီ။
ခဏအကြာတွင် ကောင်းကင်ပေါ် ခုန်တက်လျက် ပန်းသင်္ချိုင်းကို ပြန်ခေါ်ကာ နှလုံးသားထဲ ထိုးသွင်းလိုက်၏။
“ ငါ အရင်ထက် ငါးဆ ပိုမြန်တယ် ... ကျိကျစ်ရှီနဲ့ တခြားလူတွေကို ... လိုက်မီမယ် ထင်တယ်။ ”
မြစ်ကို ဖြတ်ကျော်ပြီးနောက် အတော်လေး လုံခြုံလာသည်။ ခြောက်ပါးသော မြို့တော်တွင် သွေးကျီးကန်းများ မရှိတော့ချေ။
“ ငါ အနန္တသင်္ချိုင်း တောင်ကြားကို နောက်တစ်ခေါက် ခရီးထွက်ရမယ်။ ”
တောင်တန်းအတွင်းသို့ လေးနက်သော အတွေးဖြင့် လှည့်ကြည့်လိုက်သည်။ ထိုနေရာ၌ လျှို့ဝှက် ဆန်းကြယ်သော အိုင်ရစ်ဓားသည် သူ့ကိုယ်ပွား တစ်ပါး ချန်ထားခဲ့၏။
တစ်စုံတစ်ရာ ထူးခြားမှု ရှိရပေမည်။ ယင်းသည် ရှေးဟောင်းတံဆိပ်နှင့် ဆက်စပ်နေ နိုင်၏။
“ အခုတော့ နတ်ဘုရားသင်္ချိုင်း တောင်တန်းရဲ့ ကန့်သတ်ချက်က သူတော်စင် သခင် တွေတောင် ဝင်နိုင်တဲ့အထိ ... ပြိုကျ သွားပြီ၊ နဂါးပြာဘိုးလေးက ဒါကို တမင် စီစဉ်ထားခဲ့တာလား။ ”
ဝိညာဉ် နတ်မိစ္ဆာ မိသားစု၏ ကြိုတင် ပြင်ဆင်မှုများကို တွေ့မြင်ပြီးနောက် မည်မျှ အန္တရာယ်များကြောင်း တွက်ဆနေမိ၏။
( သူတော်စင် အလောင်းကောင် တပ်ကြီးကို ဆိုလိုခြင်း ဖြစ်သည်။ )
အသူရာ ကျီးဘုရင် စကားအရ နတ်ဘုရား သင်္ချိုင်း တောင်တန်းတွင် ကောင်းကင်ဘုံ နိဗ္ဗာန် နယ်မြေကဲ့သို့ လျှို့ဝှက်ဒေသများစွာ ရှိသည်။
အဆုံးတွင် ရှေးစစ်ပွဲ၌ နတ်ဘုရားများ တစ်ပါးထက်မက ဤတောင်တန်းကြီးပေါ်၌ သေဆုံးခဲ့ဖူး၏။ များမကြာခင် နတ်ဖီးနစ် တောင်၏ ခြေရာများ နင်းမိလာသည်။
လေးနာရီအကြာတွင် နတ်ဘုရား သင်္ချိုင်း တောင်တန်း ဝင်ပေါက်၌ ပြိုးပြက်လင်းလက် နေသော ရောင်ခြည်များ ပေါ်လာ၏။
“ ကောင်းကင်ဘုံ ပညာရှင် သူတော်စင်သခင် ... ။ ”
“ ကျီးနက် သူတော်စင် သခင်။ ”
“ ရဲဝံ့ခြင်း သူတော်စင် သခင်။ ”
မြင့်မြတ်မြေ သုံးပါး၏ တပည့်များ စိတ်လှုပ်ရှားလာ၏။ သူတော်စင် ဘုရင်များ သာလျှင် ပျှော်ရွှင်ခြင်း မရှိချေ။
ဦးစွာ ထွက်လာခြင်းဖြင့် ကောလာဟလများသည် အမှန်ဖြစ်ကြောင်း သက်သေပြနေသည်။
“ ကောင်းကင်ဘုံ ပညာရှင် ဘာဖြစ်နေတာလဲ ... သခင်လေး ဘယ်မှာလဲ။ ”
“ သူတော်စင် ဘုရင် ... စကား နည်းနည်း ပြောရအောင်။ ”
ဟွာကျင်းယွီကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်သွားသည့် သတင်းမျိုးကို လူအများ ကြားအောင် ပြောခြင်းသည် ရှက်စရာ ဖြစ်၏။
မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်သည် ခေါင်းညိတ်လျက် ကောင်းကင်ဘုံ ပညာရှင် သူတော်စင်သခင်ထံ ကြည့်၏။
၎င်းထံမှ အတည်ပြုချက်ကို ရပြီးနောက် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်မှာ ခန္ဓာကိုယ် ယိမ်းထိုးလျက် လဲကျလုနီးပါး ဖြစ်လာတော့သည်။
တစ်ဖက်တွင် ကျီးနက် သူတော်စင် သခင် သည်လည်း စကားများများ ပြောကြားရန် ဆန္ဒ မရှိဘဲ တိတ်ဆိတ် နေခဲ့၏။
“ အုပ်စိုးရှင် သူတော်စင် လက်နက်ကို ... မဟာ သူတော်စင်ထံ ပြန်ပေးလိုက် ... ဒီကိစ္စ ငါ ကိုင်တွယ်မယ်။ ”
မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က ရှက်ရွံ့ ဝမ်းနည်းနေသော လေသံဖြင့် အမိန့်ပေး လိုက်၏။
အုပ်စိုးရှင် သူတော်စင် လက်ရာ၏ စွမ်းအား အပြည့်သည် မဟာ သူတော်စင်များ လက်၌သာ ထွက်ပေါ်နိုင်မည် ဖြစ်သည်။
ထို့ပြင် ၎င်းသည်သာ ဆုံးဖြတ်ချက်ကို ချပေးနိုင်သူ ဖြစ်၏။ များမကြာမီ နတ်ဖီးနစ် တောင်တန်းအဖွဲ့ ပေါ်လာပြီး လင်းယွန် လိုက်ပါလာသည်။
“ ပန်းသင်္ချိုင်း ... ထွက်လာပြီ ... သူတကယ်ပဲ နတ်ဖီးနစ် တောင်တန်းနဲ့အတူ ရှိနေတာလား။ ”
“ ဒါဆို ကောင်းကင် နိဗ္ဗာန် နယ်မြေမှာ ရွှေမျက်လုံးမိစ္ဆာကို အနိုင်ယူ လိုက်တယ် ဆိုတဲ့ ကောလာဟလတွေက အမှန်ပဲပေါ့။ ”
လင်းယွန်က ကျိကျစ်ရှီထံ ကြည်ပြီး စိတ်လှုပ်ရှားနေသော နတ်ဖီးတောင်တန်း အဖွဲ့ အပေါ် အကဲခတ်နေမိ၏။
ကျောက်စိမ်း ကြာပန်းက ၊
“ မင်းတို့ နတ်မီးတောက် ရခဲ့လား။ ”
-ဟု မေးမြန်းလာသည်။ ကျိကျစ်ရှီက လင်းယွန်ထံ လှည့်ကြည့်ကာ ပြန်လှည့်သွား ပြီးနောက် ခေါင်းညိမ့်ပြလာတော့၏။
“ အစ်ကိုကြီးလင်းကို ... ငါတို့အားလုံး ကျေးဇူးတင်ရမယ် ... မဟုတ်ရင် အသက်ရှင် လျက်နဲ့ ... ပြန်လာနိုင်ပါ့မလား ဆိုတာ ... မသေချာပါဘူး။ ”
နတ်ဖီးနစ်တောင်မှ လူတိုင်းက သူမ စကားကြောင့် လင်းယွန်ထံ လှည့်ကြည့်ပြီး စိတ်လှုပ်ရှား လာသည်။
“ နတ်ဖီးနစ်တောင်က ဒီကျေးဇူးကို မှတ်ထားပါ့မယ်။ ”
ကျောက်စိမ်း ကြာပန်းက လင်းယွန်ကို စစ်ဆေးပြီး ပြောကြားလိုက်သည်။ လင်းယွန်မှ ပြုံးရုံသာ ပြုံးပြီး စကား မပြန်ချေ။
“ မင်းက သူတော်စင် နတ်ဆိုး ထောင်ဂဏန်းကို နှိမ်နင်းပြီး လူတိုင်းအတွက် အသက်ရှင်စေခဲ့တာ ကြားမိပါတယ်။ ”
ဤသည်မှာ ယုံနိုင်ဖွယ် မရှိသဖြင့် သူမသည်ပင် ဆုံးဖြတ်ချက် မချနိုင် ဖြစ်ခဲ့သည်။ လင်းယွန်က အနည်းငယ် စဉ်းစားပြီး၊
“ ဒီအကြောင်းကို ကြည်လင် မြင့်မြတ်သောဂိုဏ်း ပြောသမျှက အမှန်တွေပါ။ ”
-ဟု ဝန်ခံလိုက်၏။
“ ရွှေမျက်လုံး နတ်မိစ္ဆာ ... ၊ သွေးလ နတ်သားတော်နဲ့ သမီးတော်ကို အနိုင်ယူနိုင် ခဲ့တယ် ဆိုတာရော ... ။ ”
“ ဟုတ်ပါတယ် ... ။ ”
“ သက်တံဓား အမွေကို ဆက်ခံနိုင်မဲ့ တပည့်ကောင်း တစ်ယောက်ပဲ။ ”
လင်းယွန် ခေါင်းညိတ်ပြ၏။ ဤသည်မှာ လူအုပ်ကို ရုတ်ရုတ်သဲသဲ ဖြစ်စေသည်။ အချိန် အတော်ကြာ တိတ်ဆိတ်နေပြီး ကျောက်စိမ်း ကြာပန်းက မှတ်ချက်ပေး လိုက်၏။
“ လင်းယွန် ... မင်းငါတို့ မင်ဂိုဏ်းရဲ့ သခင်လေးဟွာကျင်းယွီကို သတ်လိုက်တာ မဟုတ်လား။ ”
ထိုအချိန်တွင် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က ဒေါသကို မထိန်းနိုင်ဘဲ အော်ဟစ် မေးမြန်းလာ၏။
ဤမေးခွန်းသည် သတင်းအသစ် ဖြစ်နေသဖြင့် လူတိုင်း မျက်လုံးပြူး ကုန်တော့ သည်။
ကြယ်မြစ် သူတော်စင် ဘုရင်မှာ လင်းယွန် ထွက်ခွာသွားသည့် အကြောင်းရင်ကို နားလည် လိုက်ပြီ ဖြစ်သည်။
“ မင်း ... သိနေပြီးသားပဲ၊ ဘာလို့ မေးနေရတာလဲ။ ”
လင်းယွန်က ပြန်ဖြေ၏။
“ မင်းဘယ်လို သတ္တိရှိလိုက်လဲ ... သခင်လေးဟွာကျင်းယွီရဲ့ အဆင့်အတန်းကို မင်း မသိဘူးလား ... ဟမ့် ... ။ ”
“ အိုး ... အဆင့်အတန်းလား ... ဒါဆို ငါဘယ်သူလဲ ဆိုတာကိုရော ... မင်းတို့ မသိဘူး လား။ ”
“ မင်း ... ။ ”
လင်းယွန် တုန့်ပြန် စကားကြောင့် မြင့်မြတ်သော သူတော်စင် ဘုရင် တစ်ယောက် စကားလုံးများ ပျောက်ဆုံးသွားသည်။
“ သူတော်စင် ဘုရင် အချိန်ဖြုန်း မနေနဲ့ ... သူ့ကို သတ်ပစ်လိုက်။ ”
“ ဟုတ်တယ် ... အရှင်ဖမ်းပြီး တျန်ရွှမ်ဇီဆီ လက်လွှဲပေး လိုက်ရအောင်။ ”
မင်ဂိုဏ်း၏ အကြီးအကဲများက ဒေါသတကြီး အော်ဟစ် လိုက်ကြလေသည်။
“ မင်းတို့ သူ့ကို ခေါ်သွားချင်တာလား ... ဒါဆိုနတ်ဖီးတောင်ကို ဘာလို့ မမေးရတာလဲ ငါတို့ကို မျက်လုံးထဲ မထည့်တာလား။ ”
ရုတ်တရက် ကျောက်စိမ်းကြာပန်း သူတော်စင်ဘုရင်ထံမှ ရောင်ဝါများ လွင့်ပျံ့လာ တော့၏။
“ ဘာဖြစ်လို့လဲ ... ဘဝကို ... ဘဝနဲ့ ပြန်ပေးဆပ်ရမယ်၊ ကောင်လေး မင်းငါ့ဂိုဏ်းရဲ့ ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်ကို သတ်ခဲ့သေးတယ် မဟုတ်လား။ ”
အနန္တလျှပ်စီး ဂိုဏ်းမှ သူတော်စင် ဘုရင်က မင်ဂိုဏ်းနှင့်အတူ လှမ်းထွက်လာ၏။ နတ်ဖီးနစ် တောင်တန်းသည် မြင့်မြတ်မြေ သုံးပါးကို ရင်ဆိုင်နိုင်မည်ဟု မယုံချေ။
ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင်ကလည်း၊
“ အရှေ့ဘက် ပျက်စီးမြေက အရင်လို မဟုတ်တော့ဘူး ... နတ်ဖီးနစ် တောင်တန်းက နတ်မီးတောက်ကို ပိုင်ဆိုင်တာ ... လက်ခံနိုင် ပေမယ့် ... သူ့ကို ကာကွယ်ခွင့် မရှိဘူး။ ”
-ဟု ဝင်ပြောလိုက်သည်။
“ ကောင်းကင် တာအိုဂိုဏ်းက ... အရှေ့ဘက် ပျက်စီးမြေကို အုပ်စိုးချိန်မှာတောင် ငါတို့အပေါ် ဒီလိုစကားမျိုး မပြောဝံ့ဘူး ...
... အရမ်း မောက်မာတယ် ... ကောင်းပြီ ဒီနေ့ လင်းယွန်ကို ထိဝံ့တဲ့ လူတိုင်း .. နတ်ဖီးနစ် တောင်တန်းရဲ့ ရန်သူပဲ။ ”
ကျိကျစ်ရှီထံမှ အတည်ပြုချက် ကြား ပြီးနောက် ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်က ပြတ်သားသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တော့သည်။
“ မင်း သူ့ကို မကာကွယ်နိုင်ပါဘူး ... ဒီကိုလာစမ်း မိစ္ဆာလေး ... ။ ”
မြင့်မြတ်သော သူတော်စင် ဘုရင်က လင်းယွန်ဆီသို့ ရုတ်တရက် ရွေ့လျားသွား တော့သည်။
“ ဝှစ် ... ။ ”
လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် အာကာပြင် ပိတ်ကျသွား၏။ သို့သော် လင်းယွန်က သတိဝင် လာပြီး မြင့်မြတ်သော လရောင် လက်စွပ်ကို ချက်ချင်း ထုတ်ယူကာ တန်ပြန်လိုက်သည်။
“ ဖျက်ဆီးပစ် ... ။ ”
မြင့်မြတ်သော လရောင် လက်စွပ်က စွမ်းအားအပြည့်ဖြင့် လင်းလက်တောက်ပကာ သူတော်စင် ဘုရင်၏ လက်ဖဝါးကို ဖျက်ဆီးတော့၏။
ဤမြင်ကွင်းကြောင့် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်တစ်ယောက် သွေးအန်လျက် မျက်နှာ ပျက်ယွင်းသွားလေသည်။
“ မြင့်မြတ်သော လရောင် လက်စွပ်။ ”
***