← Chapters

တိုက်ပွဲ ... ။

Vol. 164 Ch. 2290

တိုက်ပွဲ ... ။

Vol. 164 Ch. 2290

မြင့်မြတ်သော လရောင် လက်စွပ်ကို မြင်ပြီးနောက် မင်ဂိုဏ်းက ဆွေ့ဆွေ့ခုန်သွား လေသည်။ ဤသည်မှာ ကိုယ့်အရိုးနှင့် ကိုယ်ပြန်ပြီး အထိုးခံရခြင်း ဖြစ်၏။

အများ အမြင်တွင် သူတော်စင် ဘုရင်တစ်ပါးသည် အရှက်ကင်းမဲ့စွာ ခိုးဝင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ တိရိစ္ဆာန်လေး ... ။ ”

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က နောက်တစ်ကြိမ် တိုက်ရန် ပြင်၏။ အာကာပြင် အက်ကြောင်းများက ပို၍ပင် ကြောက်စရာ ကောင်းလာသည်။

“ မင်းကြည့်ရတာ တော်တော် အရှက် ကင်းမဲ့တာပဲ။ ”

သို့သော် ကျောက်စိမ်း ကြာပန်း သူတော်စင်ဘုရင်က ခွင့်မပြုတော့ချေ။ အသူရာ သူတော်စင် ဘုရင်မှ ထွက်ရှိသော ဖိအားကို တွန်းလှန်ရန် ခြေတစ်လှမ်း တက်လိုက်၏။

“ သေ လိုက်စမ်း ... ။ ”

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က လူသတ်ရန် ရည်ရွယ်ချက်ကို မဖုံးကွယ်တော့ဘဲ ကျောက်စိမ်း ကြာပန်း သူတော်စင်ဘုရင်ထံ နေလ လက်ဖဝါးဖြင့် ရိုက်ချလာသည်။

လက်ဖဝါးသွားရာ လမ်းတစ်လျှောက် မြေပြင်တွင် ပေါက်ကွဲရာများ ပြည့်နှက်သွား၏။ နေရောင်နှင့် လရောင်သည် အချင်းဝက် မီတာ တစ်ထောင်နီးပါး ရှိသည့် အလင်းစက်ဝန်း ဖြစ်ပေါ်လာသည်။

ဤသည်မှာ မင်ဂိုဏ်း၏ နေ-လ တံဆိပ် နဂါးဝိညာဉ် ပညာရပ် ဖြစ်သည်။ ဟွာကျင်းယွီ ထံမှ အလားတူ နည်းလမ်းကို လင်းယွန် မြင်တွေ့ဖူး၏။

သို့သော် မြင့်မြတ်သော အသူရာ သူတော်စင်ဘုရင်၏ ပုံစံသည် ပိုမို အားကောင်း ချေပြီ။ နေ-လတံဆိပ် ဆင်းလာသော အခါတွင် ပတ်ဝန်းကျင် တစ်ခုလုံး ပျက်စီးသွား၏။

“ နတ်ဖီးနစ်၏ ဘုန်းကျက်သရေ။ ”

ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်သည်လည်း သူမ ရောင်ဝါကို ထုတ်ဖော် လိုက်ရာ ဆံပင်များ တဖျပ်ဖျပ် လွင့်လာပြီး၊ လက်ညှိုးဖြင့် လှမ်းထိုးလိုက်သည်။

“ ရွှပ် ... ။ ”

ဖီးနစ် တစ်ကောင်၏ အသွင်သဏ္ဍာန် အလင်းများ ပြေးထွက်သွားကာ ဝင်လာသော နေလတံဆိပ်ကို ကွဲကြေသွားစေ၏။

သူတော်စင် ဘုရင်နှစ်ပါး တိုက်ခိုက်မှု ဖြစ်သဖြင့် ကြီးမားသော ရုန်းရင်းဆန်ခတ် မှုများ ဖြစ်ပေါ်လာခဲ့သည်။

“ အိုး ... နတ်ဖီးနစ်တောင်တန်းနဲ့ မင်ဂိုဏ်း တိုက်နေပြီ။ ”

“ ကြည့်စမ်း အရှေ့ဘက် ပျက်စီးမြေမှာ မြင့်မြတ်မြေ အချင်းချင်း ... မတိုက်တော့တာ ဘယ်လောက် ကြာပြီလဲ။ ”

“ မင်ဂိုဏ်းက ကြီးစိုးလွန်းတယ် ... ကောင်းကင် တာအိုဂိုဏ်း ကျသွားတည်းက သူတို့ မျက်လုံးထဲမှာ ... ဘယ်သူ့ကိုမှ မထားခဲ့ဘူး။ ”

“ ကြည့်ရတာ ပန်းသင်္ချိုင်းက မီးနဂါး တောင်ကြားမှာ လူတိုင်းကို ကယ်တင်ခဲ့တယ် ဆိုတဲ့ ... ကောလဟာလတွေ အမှန် ဖြစ်ပုံရတယ်။ ”

“ နတ်ဖီးနစ်တောင်က ... အားကောင်း ပေမယ့် မြင့်မြတ်မြေသုံးပါးကနေ လင်းယွန်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ”

သူတော်စင် ဘုရင် နှစ်ပါးကြား ထိပ်တိုက်တွေ့ဆုံမှုကို ကြောက်ရွံ့စွာ ကြည့်ပြီး လူတိုင်း ဆွေးနွေးနေခဲ့ကြသည်။

“ သွားကြရအောင် ... ။ ”

“ သူတို့ကို သတ်ပစ် ... ။ ”

“ နတ်ဖီးနစ်တောင်က .. သူ့ကို ကာကွယ်ဖို့ သတ္တိရှိတဲ့ အတွက် ... တိုက်ကြရအောင်။ ”

မီးလျှံ သူတော်စင်ဘုရင်နှင့် ဝိညာဉ် သန့်စင်ခြင်း သူတော်စင်ဘုရင်တို့က ရပ်ကြည့် မနေတော့ဘဲ တိုက်ပွဲအတွင်း ပါဝင်လာ၏။

လင်းယွန်သည် အကြောင်းပြချက်သာ ဖြစ်၏။ လက်တွေ့၌ နတ်မီးတောက် လုယူ လိုခြင်း ဖြစ်ကြသည်။

ကျောက်စိမ်း ကြာပန်းက လှောင်ပြောင်ပြီး၊

“ ဟမ့် ... နင်တို့တွေ နတ်မီးတောက်ကို လုယူချင်နေတာ သိသာပါတယ် ယောက်ျားတွေ ဖြစ်ပြီး အရှက်မဲ့လိုက်တာ နတ်ဖီးနစ်တောင်က ကြောက်တယ်များ ထင်နေလား။ ”

နတ်ဖီးနစ်တောင်သည် နတ်မီးတောက် အတွက် ပြင်ဆင်လာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် မြင့်မြတ်မြေ သုံးပါး၏ တိုက်ခိုက်မှုသည် သူတို့၏ တွက်ဆမှု အတွင်း၌သာ ရှိသည်။

“ နတ်ဖီးနစ်တောင်တန်းက လူတိုင်း၊ နားထောင်ပါ ... သူတို့ကို သတ် ... ။ ”

ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်မှ အမိန့်ပေးလိုက်သည်။ ထို့နောက် လှည့်မကြည့် နိုင်ဘဲ၊

“ ကြယ်မြစ် သူတော်စင် ဘုရင် ... မင်းရဲ့ တံဆိပ်ကို ပြန်ဖျက်ဖို့ အချိန်တန်ပြီ ... ။ ”

-ဟု ပြောကြားလာသည်။

လင်းယွန် သွေးများ ပွက်ပွက်ဆူလာ၏။ သူသည် ဓားသမားဖြစ်သဖြင့် သဘာဝအတိုင်း တိုက်ပွဲကို မကြောက်ချေ။

ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်သည် မြင့်မြတ်မြေသုံးပါး၏ ဝိုင်းရံမှု အောက်တွင် ကြာရှည် နေနိုင်မည် မဟုတ်ကြောင်း သိထားသည်။

ကြယ်မြစ် သူတော်စင် ဘုရင်၏ အကူအညီကို လိုအပ်ချေ၏။ ထို့ကြောင့်နဂါးပြာ စွမ်းအင်ကို လောင်းထည့်ပေး လိုက်သည်။

“ သူတော်စင် စွမ်းအင်လား ... ။ ”

ဒဏ်ရာ ရထားသော ကြယ်မြစ် သူတော်စင်က ခန္ဓာကိုယ်အတွင်း ဝင်လာသော စွမ်းအင်ကို အာရုံခံမိသော အခါ မျက်လုံးပြူး သွားသည်။

သူတော်စင် ရောင်ဝါသည် ကြယ်မြစ် သူတော်စင် ဘုရင် အသက်ကို ကယ်တင်ရန် အာမခံချက် မရှိချေ။

ယခုမူ သူတော်စင် စွမ်းအင်အဖြစ် ပြောင်းနေပြီ ဖြစ်သောကြောင့် သက်ရောက်မှု ကွဲပြားသွား၏။

များမကြာခင် ကြယ်မြစ် သူတော်စင် ဘုရင်ထံမှ ကြောက်မက်ဖွယ် သူတော်စင် ရောင်ဝါများ ထွက်ပေါ်လာသည်။

ရာနှင့်ချီသော သူတော်စင် သခင်များ တွေ့ဆုံမှုသည် ခမ်းနားသော မြင်ကွင်း တစ်ရပ် ဖြစ်လာခဲ့၏။

“ ကောင်လေး ... ဒီတစ်ခါ မင်းဘယ်လို ပြေးမလဲ ကြည့်ရအောင်။ ”

ရုတ်တရက် လူသုံးယောက် ကောင်းကင်မှ ဆင်းသက်လာသည်။ လင်းယွန် အသိအကျွမ်း ဟောင်းများ ဖြစ်၏။

၎င်းတို့သည် ကောင်းကင်ဘုံ ပညာရှင်၊ ကျီးနက်နှင့် ရဲဝံခြင်း သူတော်စင် သခင်တို့ ဖြစ်လေသည်။

ဤသူတော်စင် သခင်သုံးပါးသည် ကြွေလွင့်နတ်ဘုရား ချောက်ကမ်းပါး အတွင်း ခုန်ချရန် တွန်းအား ပေးခဲ့သူများ ဖြစ်၏။

“ နေလ တံဆိပ် ... ။ ”

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က သူ့နက္ခတ်ကို ဆင့်ခေါ်ပြီး ကြွေးကြော် လိုက်သည်။

လက်ဖဝါး စွမ်းအားကြောင့် လေဟာနယ် ပြိုကျသွား၏။ သူသည် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်ကဲ့သို့ မသန်မာသော်လည်း အားနည်းခြင်း မရှိချေ။

“ လျှပ်စီး သံကြိုးများ ... ။ ”

ကျီးနက် သူတော်စင် ဘုရင်နောက်တွင် တာအိုပန်းများ ပွင့်လန်းပြီး ရွှေရောင် လျှပ်စီး သံကြိုးများ ပြေးထွက်လာကာ လင်းယွန်၏ လှုပ်ရှားမှုများကို ကန့်သတ်ပစ်၏။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ဓါးမော့ ရောင်ခြည်များ သည်လည်း မုန်တိုင်း တစ်စင်းလို လွင့်ပျံလာချေပြီ။

သူတော်စင် သုံးပါး တိုက်ခိုက် လာခြင်း ဖြစ်သည်။

“ ကောင်းတယ် လာခဲ့ ... ။ ”

လင်းယွန်က ကောင်းကင်ဘုံ ပညာရှင် သူတော်စင်သခင်ကို ဦးစွာ ဖြေရှင်းရန် ကြံရွယ် လိုက်သည်။

“ ဝုန်း ... ။ ”

“ ဝေါ့ ... ။ ”

လက်နှစ်ဖက် ထိမိသောအခါ၊ ကောင်းကင်ဘုံ ပညာရှင် သူတော်စင်သခင်မှာ သွေးတစ်လုတ် ထွေးထုတ်လျက် အဝေးသို့ လွင့်ပျံသွား၏။

“ ရွှပ် ... ။ ”

လွင့်ပျံနေစဉ် ဓားအလင်းဖြင့် ထပ်မံ ပစ်ခတ်ခြင်းခံရကာ ရတ်ဘတ်၌ အပေါက်ကြီး တစ်ခု ပေါ်လာသည်။

“ ဝေါ့ ... ။ ”

မြေပြင်ပေါ် ဆင်းသက်ပြီးနောက် သွေးသုံးလုတ် အန်လျက် ယိမ်းယိုင်သွား လေသည်။

“ နဂါး ထွက်သက် ... ။ ”

လင်းယွန် နောက်၌ တာအိုပန်းများ ပွင့်လာပြီး နဂါးသွေးများ ပွက်ပွက်ဆူလျက် နဂါးဟောက်သံ ပဲ့တင်ထပ်လာသည်။

မိုးကြိုးမုန်တိုင်းများက ရေဝဲအဖြစ် ပေါ်လာပြီး လျှပ်စီး သံကြိုးများ အားလုံးကို ဝါးမြိုလိုက်တော့၏။

“ ဒါ ... ။”

ကျီးနက် သူတော်စင်သခင် တစ်ယောက် ထိတ်လန့်နေစဉ် သူ့ကိုပါ ဝါးမြိုရန် ဆွဲငင်လာ ခဲ့သည်။

“ ဒီကိုလာ ... ။ ”

လင်းယွန်က လက်ဆန့်တန်းပြီး သူ့လည်ပင်းကို လှမ်းဆွဲ ကိုင်လာတော့၏။

“ သွားခွင့်ပြုပါ ... ။ ”

ကျီးနက် သူတော်စင် သခင်က နဂါး လက်သည်းများကဲ့သို့ ဖြစ်နေသည့် လင်းယွန်၏ လက်ငါးချောင်းမှ ရုန်းကန်လိုက်သည်။

ဤမြင်ကွင်းက ကုန်းပေါ် လွင့်ကျ လာခဲ့သော ငါးတစ်ကောင်အလား တဖျပ်ဖျပ် ရုန်းကန်လျက် သေဆုံးသွားတော့၏။

ဓားအလင်းများက သူ့လည်ပင်းကို အပေါက်ငါးပေါက် အဖြစ်ထိုးခွဲကာ အသက်ချွေ သွားခြင်း ပေပင်။ ထိုအချိန်တွင် ဓားမော့ ရောင်ခြည်မှာ လင်းယွန်ထံ ရောက်ရှိပြီ ဖြစ်သည်။

“ ရွှပ် ... ။ ”

“ ..... ။ ”

အသူရာ အင်္ကျီက အလင်းရောင် တဖျပ်ဖျပ် တောက်ပလာပြီး တုန်ခါလှိုင်းများဖြင့် ဓားမော့ ရောင်ဝါများ အားလုံးကို ပယ်ဖျက်ပေး၏။

တစ်လက်မ မျှပင် မရွေ့နိုင်တော့ချေ။ ရဲဝံ့ခြင်း သူတော်စင်သခင်က အံဩစွာဖြင့် ခေါင်းမော့ ကြည့်၏။

“ ဝှစ် ... ။ ”

လင်းယွန်က ပြုံးလျက် အနား ရောက်ရှိလာပြီး ရေမှုန်ရောင်ဝါကို ဖြိုခွဲကာ လက်သီးနှင့် ထိုးနှက်လာခဲ့သည်။

“ အွတ် ... ။ ”

အဟုန်မှာ ပြင်းလွန်းသဖြင့် ရင်ဘတ်ပွင့်သွားကာ မီတာ ထောင်ဂဏန်း အကွာသို့ ပြုတ်ကျသွားသည်။

သူတော်စင် သခင် သုံးပါးခမျာ တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားသောကြောင့် လူတိုင်း ထိတ်လန့်ကုန်၏။

“ သေ လိုက် စမ်း ... ။ ”

မင်ဂိုဏ်းမှ ပဉ္စမအဆင့် သူတော်စင်သခင် တစ်ပါးက နေနှင့်လကို ဆင့်ခေါ်လျက် တိုက်ရန် ပျံသန်းလာပြန်သည်။

သူ့ခြေချရာ လမ်းကြောင်းပေါ်ရှိ လေဟာနယ်အားလုံး ကွဲအက် သွားနေသည်။ လင်းယွန်က ထိတ်လန့်ခြင်း မရှိချေ။

“ ဝှစ် ... ။ ”

နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ်ကို ထုတ်ဖော်ကာ ချက်ချင်း ဆုတ်ခွာလိုက်တော့၏။

“ မင်း လွတ်မြောက်နိုင်မယ် ထင်လား ။ ”

ပြိုင်ဘက်က အံကြိတ်လိုက်၏။ သူသည် ပဉ္စမအဆင့် သူတော်စင်သခင် ဖြစ်သည်။ နေနှင့် လမှာ လည်ပတ်လျက် စွမ်းအားများ အဆက်မပြတ် ထောက်ပံ့ပေး၏။

“ မင်းကို မဖယ်ရှားရင် အနာဂတ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ် ။ ”

ထိုပဉ္စမအဆင့် သူတော်စင် သခင်၏ မျက်နှာသည် ကြောက်စရာ ကောင်းအောင် အေးစက်နေသည်။

ရဲ့ဝံ့ခြင်း သူတော်စင် သခင် တစ်ယောက်သည်သာ ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး ကျန်နှစ်ယောက်မှာ သေဆုံးသွားပြီ ဖြစ်၏။

ထို့ကြောင့် သတ်ဖြတ်လိုသော ဆန္ဒများ ထုတ်ဖော်လျက် လက်ဖဝါး (၁၈)ချက် ပစ်လွှတ် လိုက်သည်။ ၎င်းတို့က တောင်ကြီးများ အလား ကောင်းကင်မှ ဆင်းသက်လာ၏။

“ ဝှစ် ... ။ ”

လင်းယွန်က ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုဘဲ ရှောင်တိမ်းလျက် သူတော်စင် စွမ်းအင်များ စုဆောင်းနေခဲ့သည်။

“ ဘုန်း ... ။ ”

“ ဘုန်း ... ။ ”

“ ဘုန်း ... ။ ”

လင်းယွန်အပေါ် လွဲသွားသည့် လက်ဖဝါးချက်တိုင်းက မြေပြင်ပေါ် ကျရောက် ကုန်ကာ တသိမ့်သိမ့် တုန်ယင်သွားစေ၏။

လက်ဖဝါး (၁၈) ချက်သည် ဆုတ်ခွာရာလမ်းကို ပိတ်ဆို့နေသည့် တောင်ကြီးများ ဖြစ်လာသည်။

“ ဟမ့် ... ။ ”

သူ့လှည့်စားချက် အောင်မြင်သည်ကို မြင်ပြီးနောက် ပဉ္စမအဆင့် သူတော်စင်သခင်က သတ်ရန် ဦးတည်သည့် လက်ဖဝါးချက်ကို ထုတ်လွှတ်တော့၏။

“ မင်း ... သေလို့ရပြီ ... ။ ”

သို့သော် လင်းယွန်က ထိုသူ၏ တိုက်ခိုက်မှုကို ခန့်မှန်းပြီး ဖြစ်လေသည်။

“ ဒါက ... ။ ”

ရုတ်တတရက် ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါကို လျူယွင်လန် တစ်ယောက် ခံစားလိုက်ရ သဖြင့် လင်းယွန်ထံ လှမ်းကြည့်မိသည်။

ဓားမြည်သံများ ပဲ့တင်ထပ်လျက် အကန့်အသတ်မဲ့ သူတော်စင် ရောင်ဝါများ ဖြာထွက် လာတော့၏။

“ ဒါ ဘာလဲ ... ။ ”

ထိတ်လန့် တုန်လှုပ်နေစဉ် ဓားတစ်လက်ကဲ့သို့ တိမ်များကို ဖြတ်နေသော အလင်းတိုင်ကြီး ထွက်ပေါ်လာသည်။

“ ဟား ဟား ဟား ... ။ ”

လင်းယွန်ကို ချုပ်နှောင်ထားသော လက်ဖဝါးပုံရိပ်ကြီး (၁၈)ခုမှာ ချက်ချင်း ပြိုကျ သွားတော့၏။

လင်းယွန်က ကျေနပ် အားရစွာ ရယ်မော လိုက်သည်။ ဤကမ္ဘာကြီး၌ သူတော်စင်များမှာ တန်ခိုးရှင်များ ဖြစ်၏။ ယနေ့ သူသည်လည်း သူတော်စင် ဖြစ်ချေပြီ။

နောက်တစ်စက္ကန့်တွင် သူတော်စင် ဂီတသံများ မြည်ဟည်းလာ၏။ ဒဏ္ဍာရီတစ်ပုဒ် ဆင်းသက်လာမှုကို ဂုဏ်ပြုခြင်း ဖြစ်သည်။

***

All Chapters