ငါ့ဓားက ထက်တယ်။
Vol. 164 Ch. 2291
လင်းယွန်က သူတော်စင် ရောင်ဝါများ ထုတ်လွှတ်ပြီး ကောင်းကင်ပေါ် ပျံတက်ကာ ပဉ္စမအဆင့် သူတော်စင် သခင်၏ ရေမှုန် ရောင်ဝါကို ထိုးခွဲချ လိုက်သည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”
ပဉ္စမအဆင့် သူတော်စင်သခင်က သွေးတစ်လုတ် အန်ထုတ်လျက် လင်းယွန်ထံ ထိတ်လန့်စွာ ပြန်ကြည့်၏။
လင်းယွန်သည် သူတော်စင် သခင် ဖြစ်နေလျှင်ပင် သူနှင့် အဆင့်သုံးဆင့် ကွာခြား ချေပြီ။
“ ဝေါ့ ... ။ ”
ဓားမသုံးဘဲ အလွယ်တကူ ရှုံးနိမ့် သွားသည်ကို လက်မခံနိုင်ချေ။ နောက်ထပ် သွေးတစ်လုတ် အန်ထုတ်ကာ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်မိသည်။
ဒဏ်ရာ ပြင်းထန်လွန်းပြီး တိုက်ပွဲ မဝင်နိုင် တော့ချေ။ ထိုမြင်ကွင်းကို ကြည့်ပြီး လင်းယွန် တစ်ယောက် ကျေနပ်သွားသည်။
သူတော်စင် မဖြစ်ခင်၌ပင် ဓားဖြင့် ယင်းမြစ်ဘုရင်အပေါ် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရစေ၏။
ယခု သူတော်စင် ဖြစ်လာခဲ့ ပြီးနောက် ပြိုင်ဘက်ကို မထိခိုက်စေပါက အချည်းနှီးသော အောင်မြင်မှု ဖြစ်သွားပေလိမ့်မည်။
“ ရေမှုန် ရောင်ဝါ ... ပန်းသင်္ချိုင်းက သူတော်စင် ဖြစ်လာပြီ။ ”
“ မယုံနိုင်စရာပဲ မီးနဂါး တောင်ကြားမှာတုန်းက အမည်ခံ သူတော်စင် မဟုတ်လား၊ အခု ဒုတိယ အဆင့်ကို တက်လာ နိုင်ပြီ ... သူ့အုတ်မြစ်က ဘယ်လောက်တောင် ခိုင်ခံ့လိုက်သလဲ။ ”
“ သူက အစွမ်းထက်တဲ့ ကျင့်ကြံမှု နည်းစနစ်ကို လေ့ကျင့်ထားပုံရတယ် မဟုတ်ရင် ဒါက အဓိပ္ပာယ်မရှိဘူး။ ”
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် သူတော်စင်များ ဖြစ်သဖြင့် သဘာဝ အတိုင်း ရှင်းလင်းစွာ မြင်သည်။
ထို့ကြောင့် အချို့က ထိတ်လန့်လျက် ယိမ်းယိုင်သွားကုန်၏။ ကြယ်မြစ် သူတော်စင် ဘုရင်က တိုက်ပွဲဝင်နေရာမှ ငဲ့ကြည့်သည်။
“ ဒုတိယ အဆင့် သူတော်စင် သခင်လား၊ ဒီကောင်လေး ဘယ်လို လုပ်လိုက်တာလဲ။ ”
ဤရလာဒ်ကို မမျှော်လင့်ထားမိချေ။ သူနှင့် တိုက်ခိုက်နေသော ပြိုင်ဘက် သုံးဦးမှာ သူ့ထက် ပို၍ ထိတ်လန့်သွားသည်၊
“ ပန်းသင်္ချိုင်းက တကယ်ပဲ ... အစွမ်းထက်လွန်းပါတယ် ... ဒါနဲ့ အဲဒီပုံတွေက ဘာတွေလဲ။ ”
ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်က အခြားသူများ သတိမထားမိသော ရွှေမှုန်များကို သတိ ပြုမိလာသည်။
“ သက်တံဓား မျိုးရိုးက မတိမ်ကော တော့ပါဘူး၊ ဟား ဟား ဟား ... တျန်ရွှမ်ဇီက အရှေ့ဘက် ပျက်စီးမြေကို အုပ်စိုးချင်လား အိမ်မက် မက်နေတာပဲ၊ သူတို့ကို သတ် ... ။ ”
လင်းယွန်သည် ပဉ္စမအဆင့် သူတော်စင် သခင်ကို အနိုင်ယူပြီးနောက် နတ်ဖီးနစ်တောင်မှ လူတိုင်း၏ သွေးများ ပွက်ပွက်ဆူလာသည်။
မူလတွင် သူတော်စင် ဘုရင်၏ အမိန့်ကြောင့်သာ တိုက်ပွဲဝင်ခြင်း ဖြစ်ချေ၏။ ယခုမူ တိုက်ပွဲဝင် ဆန္ဒများ အလိုလို လောင်ကျွမ်းလာခြင်း ဖြစ်သည်။
“ သေစမ်း ... ဒီနေ့ သူ့ကို ရအောင် သတ်မယ်။ ”
မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က စိတ်လှုပ်ရှားစွာ ပြောကြားလာ၏။ သူတို့တွင် အားသာချက်ရှိ သော်လည်း စိတ်ဓာတ်ရေးရာ အရ ရှုံးနိမ့်သွားပြီ ဖြစ်သည်။
“ သတ် ... ။ ”
“ နတ်ဖီးနစ် တောင်ကို မတိုက်နဲ့ သူ့ကိုပဲ ရအောင်သတ်။ ”
ထိုအမိန့်ကြောင့် နတ်ဖီးနစ်တောင် အဖွဲ့ဝင်များက မြင့်မြတ်မြေသုံးပါးကို ဟန့်တား ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ကြသည်။
အခြေအနေမှာ ရုတ်တရက် ဖရိုဖရဲ ဖြစ်လာပြီး ရာနှင့်ချီသော သူတော်စင်များက နက္ခတ်များပင် ခေါ်ဆောင်နေတော့၏။
“ သူ့နာမည်က မပျံ့အောင် ထိန်းလို့ မရတော့မှာ ကြောက်မိတယ်။ ”
လျူယွင်လန်က တိုက်ပွဲအပေါ် စောင့်ကြည့်နေလျက် ရှုပ်ထွေးစွာ မှတ်ချက်ပေး လိုက်မိသည်။
ပဉ္စမအဆင့် သူတော်စင် သခင် ခမျာ ဒဏ်ရာပြင်းထန်စွာ သွားသဖြင့် သူတော်စင် ရှစ်ပါး ထပ်မံ ရောက်ရှိလာ၏။
သို့သော် ပဉ္စမအဆင့်၌ပင် မရှိလေရာ မည်သည့် ခြိမ်းခြောက်မှုကိုမျှ မပြုလုပ်နိုင်ခဲ့ချေ။ တစ်ချက်တည်းဖြင့် သွေးအန်ကုန်တော့၏။
“ ဒါက မြင့်မြတ်မြေ သုံးပါးမှာ ရှိတာ အကောင်းဆုံးပဲလား။ ”
လင်းယွန်က နှာခေါင်းရှုံ့သည်။
“ မင်းဘယ်လို သတ္တိရှိလဲ ... ။ ”
“ ဘယ်လောက်တောင် မာနကြီးလိုက်လဲ။ ”
နောက်ထပ် လူသုံးယောက် ရောက်ရှိ လာသည်။ ၎င်းတို့ အားလုံးသည် ပဉ္စမ အဆင့် အထွတ်အထိပ် သူတော်စင်သခင်များ ဖြစ်၏။
“ ကောင်းလိုက်တာ ... ။ ”
လင်းယွန်က စီးကြို တိုက်ခိုက်တော့သည်။ သို့သော် ရှည်လျားလှသော သူ့ဆံပင်များလေထဲ တဝဲလည်လည် ဖြစ်လာ၏။ (လှည့်ပတ် ရှောင်တိမ်း နေရခြင်းကို ဆိုလိုသည်။)
ဤလူများသည် ယခင် ပဉ္စမအဆင့် သူတော်စင် သခင်ထက် သာလွန်သည်။
“ နေလ ဓား ... ။ ”
“ ကောင်းကင် မီးလျှံ ဖျက်ဆီးခြင်း။ ”
“ မြင့်မြတ်သော တိမ်လွှာ ခွဲဖွင့်ခြင်း။ ”
နဂါးဝိညာဉ် အဆင့် ပညာရပ် သုံးရပ်ကို အတွဲညီညီ ထုတ်ဖော်ကာ ဝင်ရောက် လာခြင်း ဖြစ်၏။
“ ကောင်းတယ် ... ။ ”
နောက်ဆုံးတွင် ပန်းသင်္ချိူင်းကို ရင်ဘတ်မှဆွဲထုတ်ကာ ပိုးစုန်းကြူးနတ်ဓားဖြင့် ဟန့်တားလိုက်ရသည်။
“ ထန် ... ထန် ... ။ ”
ဓားချက်တိုင်းတွင် ၎င်း၏ နက်နဲမှု အလုံးစုံကို ပြသနေသည်။ ရေပက် မဝင်အောင် ဓားရိပ်များ ပြည့်နှက်လာ၏။
အချိန်-အာကာသ မြစ်တစ်စင်း ပေါ်လာသည်။ ညင်သာသော လှိုင်းများက တိုက်ခိုက်မှု သုံးခုကို ပိတ်ပစ်၏။
“ အား ... ။ ”
ထိုလှိုင်းများအတွင်း ကျွံဝင်လာသော လက်များမှာ တိုက်စား ခံလိုက်ရပြီး အော်ဟစ် သံများ ညံသွားသည်။
မြစ်အတွင်း လျှောက်လှမ်းလျက် လင်းယွန်၏ ဓားရောင်ဝါများ မြင့်တက်လာ ခဲ့သည်။ သူနှင့် ထိပ်တိုက်တွေ့ သူတိုင်း လွင့်စဉ် ဒဏ်ရာရကုန်၏။
“ မြန်မြန် ထွက်သွား ... ။ ”
“ အဲဒီလူ ဓားလွှဲတော့မှာ ... ။ ”
တိုက်ပွဲဝင် စိတ်ဓာတ်များ ကျိုးကုန်ကာ ဆုတ်ခွာ ကုန်တော့၏။ ကျန်ရစ်ခဲ့ သူများမှာ မျက်နှာများ ဖြူဖျော့သွား ကြသည်။
“ ဓားနဲ့ ပတ်သက်ရင် ... နှစ်ပေါင်း ငါးရာအတွင်း ... သူ့ကို ဘယ်သူများ ပြိုင်နိုင် ဦးမှာလဲ။ ”
“ အကြွင်းမဲ့ ကောင်းကင်မြို့တော်ကို မမေ့နဲ့။ ”
“ ဟုတ်တယ် ... အဲဒါတော့ အဓိပ္ပာယ် ရှိတယ် ... ဒါပေမယ့် ပန်းသင်္ချိုင်းက အကြွင်းမဲ့ ကောင်းကင် မြို့တော်ကို မကြောက်ဘူးလို့ ခံစားရတယ်။ ”
“ ဝင်ရိုးစွန်းများ။ ”
လင်းယွန်၏ ဓားရောင်ခြည်များက ပဉ္စမအဆင့် သူတော်စင်သခင် သုံးပါးအပါအဝင် သူ့လမ်းအပေါ် ပိတ်ဆို့ထားသော လူတိုင်းကို သွေးများဖြင့် ဖုံးလွှမ်းသွား စေခဲ့သည်။
“ ရွှပ် ... ။ ”
သို့သော် လျှပ်စီးကြောင်း တစ်ခုက ကောင်းကင်မှ ကျဆင်းလာပြီး သူ့ကို နှစ်ခြမ်း ခွဲရန် ရည်ရွယ်လာသဖြင့် နောက်တစ်လှမ်း ဆုတ်ပေးလိုက်ရသည်။
“ အနန္တလျှပ်စီးဂိုဏ်းရဲ့ ကောင်းကင် ဆည်းဆာ သူတော်စင်သခင် ... ဆဋ္ဌမအဆင့်ပဲ၊ အဲဒီလို လူက ... အလစ် ဝင်တိုက်တာလား ... ဘယ်လိုများ အရှက်မဲ့လိုက်လဲ။ ”
“ ဒါ ... ရွှေသလင်းကျောက် အဆင့်ပဲ။ ”
ဆဋ္ဌမ အဆင့် သူတော်စင်သခင် တစ်ပါးသည် ချောင်းမြောင်း တိုက်ခိုက်လာ သဖြင့် ရပ်ကြည့်နေသူများ၏ မျက်နှာများ ပြောင်းလဲသွားသည်။
ဆဋ္ဌမအဆင့်တွင် ၎င်းတို့၏ တာအိုကို ရွှေသလင်းကျောက် အဖြစ် ပေါင်းစည်းထားပြီး ဖြစ်လေသည်။
ပဉ္စမအဆင့်နှင့် နှိုင်းယှဉ်ပါက များစွာ ကွဲပြားသော အသွင်ကူးပြောင်းမှု ဖြစ်ချေ၏။
“ မင်း ... သေလိုက်တော့။ ”
“ ဂျိန်း ... ။ ”
ပတ်ဝန်းကျင်တွင် လျှပ်စီးကြောင်းများ တိုးလာပြီး မိုးကြိုးများ မိုင်တစ်ထောင် ထိတိုင် ပစ်ချလာတော့သည်။
မြေပြင်၌ အပေါက်ပေါင်း ထောင်နှင့်ချီ ကျန်ရစ်ခဲ့၏။ လင်းယွန်က လျင်လျင်မြန်မြန် ရှောင်တိမ်းလိုက် သော်လည်း ထိုပေါက်ကွဲမှု လှိုင်းများ ရိုက်ခတ်ခံရသေးသည်။
မီတာတစ်ထောင် အကွာသို့ လွင့်စဉ်သွားလျက်မှ ဟန်ချက်တည်ငြိမ်အောင် မနည်း ထိန်းယူလိုက်ရသည်။
“ အစ်ကိုကြီး လင်း ... ။ ”
ကျိကျစ်ရှီ၊ လီဖေးပိုင်နှင့် လူအချို့က ထိုမြင်ကွင်းကြောင့် စိုးရိမ်လာသည်။ သို့သော် လင်းယွန်က ဂရုမစိုက်ချေ။
“ ဝှီး ... ။ ”
ပန်းသင်္ချိုင်းကို လှည့်လျက် သူ့ဝန်းကျင်မှ မိုးကြိုး စွမ်းအင်အပေါ် အလွယ်တကူ ဖြေရှင်းပြ လိုက်သည်။
“ ဒါက ဆဋ္ဌမအဆင့် သူတော်စင် သခင် လုပ်နိုင်တာ အကောင်းဆုံးပဲလား ခိုးဝင်တာက မင်းရဲ့ အရည်အချင်းဖြစ်မယ် ထင်တယ်။ ”
“ ဝှစ် ... ။ ”
လင်းယွန်က အနားရှိ ကျောက်တုံးကြီး တစ်တုံးပေါ် ခုန်တက်ကာ ဆံပင်များ တဖျပ်ဖျပ် လွင့်လျက်မှ လှောင်ပြောင်လိုက်သည်။ သူ့၌ ဒဏ်ရာ မရရှိချေ။
“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဆဋ္ဌမအဆင့် သူတော်စင် သခင်ရဲ့ ခွန်အားက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးလား။ ”
“ ကြည့်ရတာ ဝတ်ထားတဲ့ အင်္ကျီက သာမန်မဟုတ်ဘူး၊ ဒါဟာ ဒဏ္ဍာရီလာ အသူရာ သူတော်စင် အင်္ကျီနဲ့ ဆင်တယ်၊ ဒါပေမယ့် ဒီလို အင်္ကျီမျိုး ချုပ်လုပ်တဲ့ နည်းလမ်းက ပျောက်နေတာ ကြာပါပြီ။ ”
လူတိုင်းက ထူးခြားချက်ကို သတိထားမိ လာသည်။ ကောင်းကင် ဆည်းဆာ သူတော်စင် သခင်မှ ရွှေသလင်းကျောက်ကို ဖြန့်ကျက် လိုက်၏။
တာအိုများ ရောယှက်လာပြီး ရွှေရောင် မိုးကြိုးများက ကောင်းကင်တခွင် ပြည့်နှက်နေ တော့သည်။
“ ဝုန်း ... ။ ”
လင်းယွန်က ဓားရောင်ခြည်များဖြင့် မိုးကြိုးကို ပယ်ဖျက်သော်လည်း ပေါက်ကွဲမှု အဖျားခတ်သွား၏။
သို့သော် ဆုစီယာပေးသော အင်္ကျီက ထိုလှိုင်းကို ပယ်ဖျက်ပေးသည်။ ပတ်ဝန်းကျင်မှ စွမ်းအင်များကိုလည်း စုပ်ယူပြီး အချိန်ပြည့် အားဖြည့်ပေးနေခဲ့၏။
ကောင်းကင်ကြီး ပြိုကျလျှင်ပင် ဒဏ်ရာ ကြီးကြီးမားမား ခံစားရမည် မဟုတ်ဟု ခံစားရ စေသည်။
“ ဂျိန်း ... ဂျိန်း ... ။ ”
ဤတစ်ကြိမ်၌ မိုးကြိုးတိမ်တိုက်များ ကောင်းကင်ယံ၌ တဟုန်ထိုး မြည်လာသည်။ ကောင်းကင် ဆည်းဆာ သူတော်သခင်က အစီရင် ခင်းကျင်းနေခြင်း ဖြစ်၏။
“ ဒါဆို ငါကို ကစားခွင့်ပေးပါ။ ”
လင်းယွန်က လျင်မြန်သော အဟုန်ဖြင့် မိုးကြိုးအစီရင်ကို ဖန်တီးနေသော ကောင်းကင် ဆည်းဆာ သူတော်စင် သခင်ရှေ့သို့ ရွေ့လျား လိုက်သည်။
“ ငါလည်း မင်းကို စောင့်နေတာ ... ။ ”
ကောင်းကင် ဆည်းဆာ သူတော်စင် သခင်က ရက်စက်သော အပြုံးဖြင့် စောင့်ကြိုနေ ခဲ့သည်။ သူ့နောက်၌ ရွှေသလင်းကျောက် ဖြတ်ခနဲ ပေါ်လာပြီး မိုးကြိုး ဒိုမိန်းတစ်ခု အသက်ဝင် လာတော့၏။
“ ကောင်လေး ... ဆဋ္ဌမအဆင့် သူတော်စင်သခင်က ဘယ်လောက် တန်ခိုးကြီး နိုင်လဲဆိုတာ မင်း မသိပါဘူး ... လာဝံ့တဲ့ အတွက် သေလိုက်တော့ ... ။ ”
လှောင်ပြောင်လိုသော အပြုံးဖြင့် ကောင်းကင်ဆည်းဆာသူတော်စင် သခင်က ပြောကြားလိုက်သည်။
ဤသည်မှာ အရာအားလုံးကို ကန့်သတ် လွှမ်းမိုးနိုင်သည့် ရွှေသလင်းကျောက်မှ တုပပေး ထားသည့် မိုးကြိုးဒိုမိန်း ဖြစ်သည်။
“ စိတ်မကောင်းပါဘူး ... ငါ့ဓားက ပိုထက်တယ်။ ”
လင်းယွန်က မျက်ခုံးပင့်လျက် ပြန်ပြော လိုက်သည်။ သူ့မျက်လုံးမှ ရွှေရောင်အလင်းများ ဖြာထွက်လာ၏။
“ ခရစ် ... ။ ”
ရွှေသလင်းကေျာက်ဖြင့် တုပထားသော မိုးကြိုးနယ်မြေခမျာ ချက်ချင်း လှီးဖြတ်ခံလိုက် ရတော့သည်။
နတ်အလင်းဓား ဟူသည် အမှန်တရား ဖြစ်၏။ ၎င်းသည်သာ အရာရာပင်။ စစ်မှန်သော ဒိုမိန်း မဟုတ်သော် သူ့ရှေ့၌ ရပ်တည်ရန် အရည်အချင်း မရှိချေ။
***