← Chapters

ရွှေခေတ်ရောက်ပြီ။

Vol. 164 Ch. 2292

ရွှေခေတ်ရောက်ပြီ။

Vol. 164 Ch. 2292

“ နတ်အလင်းဓား ရည်ရွယ်ချက်။ ”

လင်းယွန် ဓားကို အသိအမှတ် ပြုနိုင် လိုက်သောအခါတွင် ကောင်းကင် ဆည်းဆာ သူတော်စင် သခင်၏ မျက်နှာ ပြောင်းလဲ သွားသည်။

သူတော်စင် ဘုရင်များပင် နှစ်ထောင်ပေါင်းများစွာ ကြာအောင် လိုက်ရှာ နေရသည့် ဓားဖြစ်၏။ ယခုမူ လူငယ်တစ်ဦးက ဆုပ်ကိုင်ထားသည်။

အရေးအကြီးဆုံးမှာ နတ်အလင်းဓားကို နားလည်သူများကို ဓားသူတော်စင်ဟု ခေါ်ခြင်း ပေပင်။

ခွန်လွန်နယ်မြေတွင် သူတော်စင် ဖြစ်ရန် မလွယ်ချေ။ အရှေ့ဘက် ပျက်စီးမြေ တစ်ခုလုံး ၌ပင် ထောင်ဂဏန်း မျှသာ ရှိသည်။

သို့သော် လုံလောက်သော အရင်းအမြစ်နှင့် အချိန်ပေးပါက သူတော်စင် သခင်များ ရရှိနိုင် ပေမည်။

မြင့်မြတ်မြေ ခြောက်ပါး သည်ပင် ရာစုနှစ်များစွာ စုဆောင်းပြီးနောက် သူတော်စင် ရာဂဏန်းခန့် ပိုင်ဆိုင်နိုင်သည်။

ဓားသူတော်စင် မှာမူ မတူချေ။ သတ္တမတန်းဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင်ရန် လိုသည်။ ဤနည်းဖြင့် ပိုမို မြင့်မားသော ပြိုင်ဘက်များကို တိုက်ခိုက်နိုင်သည်။

ကောင်းကင် ဆည်းဆာ သူတော်စင် သခင်င်၏ စိတ်ဝိညာဉ်မှာ ဗလာ ဖြစ်လာပြီး ဗီဇအရ နောက်ဆုတ် သွားမိသည်။

ပြင်ဆင်မှု မရှိဘဲ ဓားသူတော်စင် အနား မကပ်သင့်ချေ။ သူ့ကဲ့သို့သော ဆဋ္ဌမ အဆင့် သူတော်စင် သခင်ကို အလွယ်တကူ သတ်နိုင်မည်။

လင်းယွန် ဆံပင်များက ရွှေရောင် အလင်းများ ဖြာထွက်နေ၏။ နတ်အလင်းဓားက ရွှေသလင်းကျောက်ကို ခွဲကာ ကောင်းကင် (၃၆)လွှာအထိ ဖြိုခွင်း ပစ်လိုက်သည်။

“ ကောင်းကင်ဘုံ ပျက်စီးမြေ ရှစ်ပါး မိုးကြိုး လှောင်အိမ်။ ”

ကောင်းကင် ဆည်းဆာ သူတော်စင် သခင်က လုံခြုံသော နေရာသို့ ဆုတ်ခွာသွားပြီး၊ ညာလက်ကို မြှောက်လိုက်သည်။

ထို့နောက် သူတော်စင် ရူရ်များ ကောင်းကင်၌ ရောယှက်လာကာ ရှေးဟောင်း အခင်းအကျင်းတစ်ခု ပေါ်လာသည်။

ကောင်းကင်မှ လျှပ်စီးအလင်းတိုင်များ ဆင်းလာပြီး နတ်အလင်းဓား ရည်ရွယ်ချက်ကို တဖြည်းဖြည်း ကန့်သတ်လိုက်တော့၏။

“ ဒါဆို နတ်အလင်းဓားကို ဆုပ်ကိုင် ထားရင်ရော ဘာဖြစ်လဲ ... ဓားနယ်မြေကို နားမလည်သေး သရွေ့ ဓားသူတော်စင် မဖြစ်သေးပါဘူး။ ”

ကောင်းကင်တွင် လျှပ်စီးများ ပြည့်နှက် လာပြီး ကောင်းကင် ဆည်းဆာ သူတော်စင် သခင်က ကြွေးကြော်လိုက်၏၊။

“ ရွှပ် ... ။ ”

လင်းယွန်က ဓားကို လွှဲကာ လျှပ်စီးကြောင်းနှင့် ထိပ်တိုက် ရင်ဆိုင်သည်။ အဝေးမှ ကြည့်သော် ကောင်းကင် ဒေါသကို ဓားဖြင့် ဖြေရှင်းနေပုံနှင့် တူ၏။

ဤသည်မှာ ထိတ်လန့်ဖွယ်ရာ မြင်ကွင်း ပေပင်။ သူ့ဓားပညာကို ကန့်သတ်ချက်သို့ တွန်းပို့ ထားသည်။

“ မင်း ဘယ်လောက် ကြာကြာ ခံနိုင်မလဲ ကြည့်ရအောင်။ ”

ကောင်းကင် ဆည်းဆာ သူတော်စင် သခင်က ရွှေကျီးကန်းပုံ ရေးချယ်ထားသည့် အလံငယ်ကို ထုတ်ယူလိုက်၏။

“ ဝှစ် ... ။ ”

“ ရွှီး ... ၊ ရွှီး... ။ ”

အလံကို ဝှေ့ယမ်းလိုက်သော အခါတွင် လျှပ်စီးများက ခရမ်းရောင် ရွှေကျီးကန်းများက အလား ပြေးဝင်လာသည်။

ရွှေသလင်းကျောက်ကို ပြန်လည် ထုတ်ဖော်လျက် အစီရင်နှင့် ပေါင်းစပ်ပစ် လိုက်သည်။ ထို့နောက် အလံငယ်ကို ဝှေ့ယမ်းကာ၊

“ ပန်းသင်္ချိုင်း ... မင်းမှာ ထက်ရှတဲ့ ဓားတစ်လက်ရှိတယ် မဟုတ်လား ဘာလို့ ငါ့ အစီရင်ကို မချိုးဖြတ်ရတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

လျှပ်စီး ကျီးကန်းများက လင်းယွန်အပေါ် ဖုံးလွှမ်းကုန်ကာ ဓားရည်ရွယ်ချက်ကို တိုက်စား တော့၏။

“ ဟား ဟား ဟား ... ဓားသူတော်စင် တစ်ပါးက ငါ့ကို ထိပ်တိုက် ရင်မဆိုင်ဝံ့ဘူးလား ဒါမှမဟုတ် နာမည်ကြီး ပန်းသင်္ချိုင်းက အစွမ်းမထက်တာလား။ ”

ကောင်းကင် ဆည်းဆာ သူတော်စင် သခင်၏ ရန်စမှုကြောင့် လင်းယွန်တစ်ယောက် ဒေါသထွက်လာသည်။

“ ကောင်းပြီ ... မင်းဆန္ဒ အတိုင်းပဲ … ။ ”

လက်ကောက်ဝတ်ကို ခါယမ်းလိုက်ပြီး ကောင်းကင် ဆည်းဆာသခင်ကို အေးစက်စွာ ကြည့်နေ လိုက်၏။

“ ဟား ဟား ဟား ... လာပါ ဘာရပ်လုပ်နေတာလဲ ပန်းသင်္ချိုင်း ... ။ ”

ကောင်းကင် ဆည်းဆာ သူတော်စင် သခင်က ရွှင်လန်းလာသည်။ ဤအစီရင်သည် အန္တရာယ်များသဖြင့် လင်းယွန် လာရဲမည် မဟုတ်ဟု ခံစားရ၏။

တစ်ဖက်လူ အနေဖြင့် လိပ်ခွံအတွင်း ရှိနေသော် အချိန်ကြာလာသည်နှင့် စွမ်းအင် ကုန်ဆုံးကာ သူ ရှုံးသွားနိုင်မည်။ ထို့ကြောင့် ဒေသကို နှိုးဆွနေခြင်း ပေပင်။

“ ဟိတ် ... ။ ”

ထိုစဉ် လင်းယွန် ခန္ဓာကိုယ်မှ ပုံရိပ်ပေါင်း (၃၆)ရိပ် လွင့်ထွက်လာသဖြင့် သူ့ အပြုံးများ အေးခဲသွားတော့သည်။

ပန်းသင်္ချိုင်းကို စုတ်တံ (၃၆)ချောင်းကဲ့သို့ ရှုမြင်မိပြီ ကမ္ဘာကြီး တစ်ခုလုံး အဖြူနှင့် အမည်း တလှည့်စီ ဖြစ်ပေါ်လာ၏။

“ ကောင်းကင်ဓား ... ။ ”

‘ကောင်းကင်’ ဟူသည့် စကားလုံးက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ လင်းယွန်က ဓားကို လှည့်လိုက်ပြီး အစီရင်၏ ဆုံမှတ်များထံ ထိုးညွှန်၏။

“ မြေကြီးဓား ... ။ ”

ကာကွယ်ရေး အတွက်လည်း မမေ့ချေ။ မြေကြီးဓားဖြင့် ကာလျက် အစီရင်အတွင်းသို့ ချဉ်းကပ်လာခဲ့သည်။

ကောင်းကင် ဆည်းဆာ သူတော်စင် သခင်က ထိုတုန့်ပြန်မှုကြောင့် ကန့်သတ်ချက် ရောက်ရှိသွားပြီး များမကြာမီ သွေးများဖြင့် ဖုံးလွှမ်းလာတော့၏။

“ ကောင်းကင်နှင့် မြေကြီး ပေါင်းစည်း။ ”

“ ခရစ် ... ။ ”

ရာနှင့်ချီသော ဓားရောင်ခြည်များ အဘက်ဘက်မှ လွင့်ထွက်လာသဖြင့် နေစရာ မရှိတော့ချေ။ ရွှေသလင်းကျောက်ပင် အက်ကွဲသွားသည်။

“ ကောင်းကင် ဆည်းဆာ သူတော်စင် သခင်၊ ငါတို့ မင်းကို ကူညီမယ်။ ”

မင်ဂိုဏ်းနှင့် ကောင်းကင် မီးလျှံ ဂိုဏ်းမှ ဆဋ္ဌမအဆင့် သူတော်စင် သခင်များ ဝင်ရောက် လာသည်။

“ ကြယ်မီး ဥက္ကာခဲ ... ။ ”

“ နေ-လ တံဆိပ် ... ။ ”

သူတို့က ‘ကောင်းကင်’နှင့် ‘မြေကြီး’ ဟူသော စကားလုံးများ ဖြိုခွဲကာ လင်းယွန်ကို နောက်ပြန်ဆုတ်သွားစေ၏။

ကောင်းကင် ဆည်းဆာ သူတော်စင် သခင်က ဤအခွင့်အရေးကို ရယူပြီး အစီရင်၏ စွမ်းအားများ မြှင့်တင်လျက် လျှပ်စီးဖြင့် ပစ်ခတ်လိုက်ပြန်သည်။

“ ရွှီး ... ။ ”

“ တော်ဝင်ဓား ... ။ ”

သို့သော် ‘တော်ဝင်’ဟူသော စကားလုံး ပေါ်လာပြီး ထိုတိုက်ခိုက်မှု သုံးခုကို ပြန်လည် ကန်ထွက်သွားစေ၏။

“ သေစမ်း ... ။ ”

“ မြန်မြန် ရှောင် ... ။ ”

ဆဋ္ဌမအဆင့် သူတော်စင် သခင် သုံးယောက်၏ မျက်နှာများ ပြောင်းလဲသွား တော့သည်။ လင်းယွန်က ကျောက်ဆုံးကြီး တစ်ခုပေါ် ခုန်တက်လိုက်သည်။

ဤမြင်ကွင်းက လူတိုင်းကို ပါးစပ် အဟောင်းသား ဖြစ်စေ၏။ ချောက်ချားစရာ မြင်ကွင်းမျိုး ပေပင်။

“ ဒါ ... ဓားသူတော်စင်လား။ ”

“ အနာဂါတ်မှာ ... ပန်းသင်္ချိုင်း ဓားသူတော်စင်လို့ ခေါ်ရမယ် ... အရှေ့ဘက် ပျက်စီးမြေကြီးမှာ နောက်ထပ် ဓားသူတော်စင် တစ်ပါး ထွန်းကားလာပြီ။ ”

အောင်မြင်ခြင်း သူတော်စင် သခင်က ရှုပ်ထွေးသော အကြည့်ဖြင့် ပြောကြား လိုက်၏။ လူတိုင်း ထိတ်လန့် တုန်လှုပ်နေသည်။

သူသည် အမှန်အတိုင်း ပြောကြား ခဲ့သော်လည်း သူ့ဂိုဏ်းအပါအဝင် လူတိုင်းမှ မယုံချေ။ သို့သော် ယင်းကို လင်းယွန်က သက်သေပြ နေပြီ ဖြစ်သည်။

“ အောင်မြင်ခြင်း သူတော်စင် သခင် မင်းပြောခဲ့တဲ့ အရာတွေက တကယ်ပဲ ကိုး ... ။ ”

“ သူက ဓားသူတော်စင် ဆိုတာ မျက်စိနဲ့ မမြင်ရင် ဘယ်သူက ယုံမှာလဲ ... အသက်အရွယ် အရ (၃၀)တောင် မပြည့်သေးဘူး၊ မင်းစကားကို မယုံမိတဲ့အတွက် တောင်းပန်ပါတယ်။ ”

သို့သော် ထိုစဉ်က သူ အနည်းငယ် ကြွားလုံးထုတ်ခဲ့မိကြောင်း အောင်မြင်ခြင်း သူတော်စင် သခင်သာ သိသည်။

လင်းယွန်ကို ဓားသူတော်စင် အဖြစ် တင်စားရုံသာရှိ၏။ အစစ်အမှန် ဖြစ်နေလိမ့် မည်ဟု မထင်ထားချေ။

သူတို့ ငေးကြည့်နေစဉ် လင်းယွန် ပတ်ဝန်းကျင်၌ ရွှေရောင်အမှုန်များ ပေါ်လာပြီး သူတော်စင် ဂီတသံများ မြည်ဟည်း လာသည်။

ဤသည်မှာ သူတော်စင် ဂီတကို နောက်ခံပြုထားသော လင်းယွန်ဘဝ သမိုင်း ဖြစ်ချေ၏။

သူတော်စင် ဖြစ်ပြီးနောက် ပထမဆုံး တိုက်ပွဲအပေါ် ခွန်လွန်မှ မှတ်တမ်းတင်နေခြင်း ဖြစ်သည်။

“ အဲဒါ ဘာတွေလဲ ... ။ ”

“ သူတော်စင် ဂီတနဲ့ ကောင်းကင် တာအိုလား ... ဒါက ဒဏ္ဍာရီဖြစ်စဉ်ပဲ၊ လင်းယွန် သမိုင်းကြောင်းကို ကောင်းကင် တာအိုက မှတ်တမ်းတင်နေတာ၊ ဘုရား ... ဘုရား ...။ ”

“ ဧကရာဇ်ကိုးပါးမှာလည်း အရင်က ဒီလိုဖြစ်စဉ်မျိုးတွေ ရှိခဲ့ပြီး ခွန်လွန်ရဲ့ ကံကြမ္မာ ရရှိခဲ့တယ်။ ”

“ ဒါက သူတော်စင် နယ်ပယ်လေနဲ့ ... ခွန်လွန်ရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ဖြစ်သွားတာလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ”

ဖြစ်စဉ်သည် တိုက်ပွဲမြေပြင်ကို ရွှေအလွှာဖြင့် လွှမ်းခြုံလျက် လူတိုင်း၏ နားထဲသို့ ဂီတသံများ ပေးပို့နေခဲ့သည်။

တိုက်ပွဲဝင်နေသည့် သူတော်စင်များ အပါအဝင် လူတိုင်း တုန်လှုပ်သွား ကြတော့၏။ အံသြလွန်းသဖြင့် တိုက်ပွဲများ ရပ်ကာ ငေးကြည့်နေကြသည်။

ဤနေရာရှိ မည်သူမဆို ဒဏ္ဍာရီလာ ဖြစ်စဉ်ကို မျက်မြင် မကြုံဖူးကြချေ။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ ပုံရိပ်များထံ စူးစမ်းနေမိ၏။

“ သူ .. သူက ခေတ်သစ်ကို ခေါ်ဆောင်လာတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ပဲ ... ငါတို့ ရွှေခေတ်ရောက်ပြီ ... ။ ”

***

All Chapters