← Chapters

အုပ်စိုးရှင် နက္ခတ်။

Vol. 164 Ch. 2293

အုပ်စိုးရှင် နက္ခတ်။

Vol. 164 Ch. 2293

ဖြစ်စဉ်အောက်တွင် လင်းယွန်သည် ဆဋ္ဌမအဆင့် သူတော်စင် သခင် သုံးပါးကို လက်ရည်တူ တိုက်ခိုက်နေ၏။

အပူပင်ကင်းမဲ့သော ဓား(၉)ကွက်ကို ကမ္ဘာတစ်ဝှမ်းလုံး မြင့်သာအောင် ပြသနေ သည်နှင့် တူသည်။

“ ဒီကောင်က ဘယ်လောက်တောင် အစွမ်းထက် နေတာလဲ။ ”

ဆဋ္ဌမအဆင့် သူတော်စင် သခင်သုံးပါး ထိတ်လန့်လာတော့သည်။ ၎င်းတို့အားလုံးသည် အထက်တန်းစားများ ဖြစ်၏။

ရွှေရောင်ဖြစ်စဉ်များ ပေါ်လာသောအခါ၊ သူတို့၏ သူတော်စင်ရောင်ဝါသည် လင်းယွန်ကို ကန့်သတ်နိုင်ခြင်း မရှိတော့ချေ။

“ ကောင်းကင်နဲ့ မြေကြီး တစ်သားတည်း။ ”

လင်းယွန်က ဓားလွှဲ လိုက်ချိန်၌ ‘ကောင်းကင်’နှင့် ‘မြေကြီး’ဟူသော စကားလုံး များက သူတို့ထံ ပျံသန်းလာ၏။

“ ဝှစ် ... ။ ”

သုံးယောက်သား မြေပြင်ပေါ်သို့ ဆင်းသက်ပြီး ခြေလှမ်းများစွာ နောက်ပြန်ဆုတ် သွားသည်။

“ ငါတို့ ရွှေသလင်းကျောက်နဲ့ နှိမ်နှင်း။ ”

ကောင်းကင် ဆည်းဆာ သူတော်စင် သခင်က အကြံပြုလိုက်သည်။ သလင်းကျောက် ဟူသည် တာအိုနှင့် သူတော်စင်စွမ်းအင်များ ပါ၀င်သော စွမ်းအင်အခဲ ဖြစ်၏။

သို့သော် ဘေးထွက်ဆိုးကျိုး အချို့ ရှိသည်။ ရွှေသလင်းကျောက်ကို သုံးပြီးသောအခါ အလွန် အားနည်းသွားမည် ဖြစ်သည်။ မသတ်နိုင်သော် အသတ်ခံရနိုင်၏။

အရေးကြီးဆုံးမှာ ရွှေသလင်းကျောက် ပျက်စီးသွားသော် သူတို့၏ အခြေခံအုတ်မြစ် ပျက်စီးသွား ပေလိမ့်မည်။

ထိုအချိန်တွင် မည်သည့် တိုးတက်မှုမျှ လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ။ လှုပ်ရှားမှု တစ်ခုမျှသာ ဖြစ်သော်လည်း သေခြင်းတရားထံ ဘဝတစ်ဝက် ပေးအပ်ထားရ၏။

ရွှေသလင်းကျောက်ကို ကောင်းကင် ဆည်းဆာ သူတော်စင်သခင်မှ ထွေးထုတ်လိုက် သည်။ ၎င်းပေါ်လာသောအခါ လင်းယွန်၏ ဓားရည်ရွယ်ချက်များ ဖိနှိမ်ခံရသည်။

လင်းယွန်က မီတာရာဂဏန်းအကွာသို့ ဆုတ်ခွာပြီး ကောင်းကင်ပေါ် မော့ကြည့်မိသည်။ အဝေးတွင် ရွှေရောင် စွမ်းအင်စက်လုံးကြီးများ နေမင်းကဲ့သို့ တောက်ပနေ၏။

၎င်းမှထွက်လာသော ရောင်ဝါသည် သူ့ပတ်ဝန်းကျင်ရှိ ရွှေရောင်ဖြစ်စဉ်များ အပေါ် အက်ကြောင်းများ ထင်စေသည်။

“ ဒါ ရွှေသလင်းကျောက်လား။”

ကြီးမားသောဖိအားကို ခံစားခဲ့ရပြီး ၎င်းထိမှန်သော် နတ်ခန္ဓာသည်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။

ကျင့်ကြံမှု အားနည်းလွန်းသောကြောင့် ရွှေသလင်းကျောက်ကို တားဆီးရန် နည်းလမ်း မရှိချေ။

“ ကောင်လေး သေဖို့ ပြင်ထား။ ”

လေးလေးနက်နက် တွေးတောနေစဉ် အခြားသော သူတော်စင် သခင် နှစ်ယောက် သည်လည်း ၎င်းတို့၏ ရွှေသလင်းကျောက် များကို ထွေးလာကြသည်။

ရွှေသလင်းကျောက် သုံးခုက ကောင်းကင်တွင် နေသုံးစင်းအလား တောက်ပ လာ၏။

ဤသည်မှာ သူတော်စင် တိုက်ပွဲဖြစ်သည်။ သို့သော် အခြားမည်သူမျှ ဤသို့ ထုတ်ဖော်ခြင်း မပြုကြချေ။

“ သူတို့ ရူးနေကြတာလား။ ”

ကြယ်မြစ် သူတော်စင်ဘုရင် မျက်နှာမှာ မည်းမှောင်လာပြီး သူ့ရှေ့မှ သူတော်စင် ဘုရင် သုံးဦးထံ ကြည့်လိုက်သည်။

ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်နှင့် မြင့်မြတ်မြေ သုံးပါးမှ သူတော်စင် ဘုရင် သုံးပါး ကလည်း ထိတ်လန့်စွာ ကြည့်၏။

“ ဘာလဲ ... ဒီတိရစ္ဆာန်လေးနဲ့ ရင်ဆိုင်ဖို့ သူတို့ရဲ့ ရွှေသလင်းကျောက်ကို ... သုံးစွဲနေကြ တာလား။ ”

ဝိညာဉ်သန့်စင်ခြင်း သူတော်စင် ဘုရင်မှ ရေရွတ်လေသည်။ သူတို့ သုံးဦးသည် နတ်ဖီးနစ် တောင်၏ သူတော်စင်ဘုရင် နှစ်ပါးကို ရင်ဆိုင် နေရ၏။

ဤမျှ အချိန်တိုအတွင်း ဆဋ္ဌမအဆင့် သူတော်စင် သခင်များအနေဖြင့် ထိုအဆင့်အထိ ကျရောက် သွားလိမ့်မည်ဟု မထင်ထားချေ။

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က အံကြိတ်ကာ၊

“ ဒီကောင်က မင်ဂိုဏ်းရဲ့ သခင်ငယ်ကို သတ်လိုက်တဲ့ အတွက် တန်ကြေးတစ်ခု ပေးချေ ရမယ်၊ နတ်ဖီးနစ်တောင်က ကာကွယ်ချင်တာ သေချာလား။ ”

-ဟု မေးမြန်းလိုက်၏။

“ သူတို့ ရူးနေကြပြီ ... ။ ”

ကြယ်မြစ် သူတော်စင် ဘုရင်က ဒေါသတကြီး မှတ်ချက်ပြု လိုက်လေသည်။ သူတော်စင် ဟူသည် အသက် မသေသရွေ့ ဒဏ်ရာကို လွယ်ကူစွာ ကုသနိုင်၏။

တိုက်ပွဲသည် ဖရိုဖရဲ ဖြစ်နေသော်လည်း ဤအတိုင်းအတာအတွင်း မည်သူမျှ သေဆုံး ဦးမည် မဟုတ်ချေ။

သို့သော် ရွှေသလင်းကေျာက်သည် ပြိုင်ဘက်ကို သတ်နိုင်လျှင် ကောင်း၏။ မဟုတ် ပါက အသတ်ခံရ နိုင်သည်။ ဆိုလိုသည်မှာ သူတော်စင်သွေး မြေကျပေတော့မည်။

“ ငါ့အတွက် သူတို့ကို ပိတ်ဆို့ထား ... ။ ”

ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်က ဆုံးဖြတ်ချက်ချ လိုက်သည်။

“ ကောင်းပြီ ... ။ ”

ကြယ်မြစ် သူတော်စင်က သဘောတူ၏။ ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်သည် လင်းယွန်ကို ကယ်တင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် သူမအတွက် အချိန်ဝယ်ယူရန် ကြယ်မြစ် သူတော်စင် ဘုရင်က သူ့အသက်ကို ကြိုးတန်းပေါ် တင်လိုက်မိ၏။

လင်းယွန်ထံမှ ပြင်းထန်သော သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ လွင့်ထွက် လာပြီး ကောင်းကင်တခွင် အနီရောင် ပြောင်းသွားတော့သည်။

“ ခရစ် ... ။ ”

၎င်းသည် အပူအပင်ကင်းမဲ့သော ဓား(၉)ကွက်၏ နဝမမြောက် ဓားပုံစံဖြစ်၏။ ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါက ကောင်းကင် (၃၆)လွှာကို ခွဲပစ်လိုက်သည်။

“ သတ် ... ။ ”

ဓားရည်ရွယ်ချက်က ‘သတ်’ ဟူသော စကားလုံးအဖြစ် ဖွဲ့စည်းလာ၏။ ၎င်းပေါ်လာ သည်နှင့် ရွှေသလင်းကျောက် ရောင်ဝါမှာ ချက်ချင်း မှိန်ဖျော့သွားခဲ့သည်။

“ မကောင်းတော့ဘူး။ ”

“ ခရစ် ... ။ ”

သူတော်စင် သခင် သုံးယောက် ခမျာ မျက်နှာများ ပြောင်းသွားပြီး မြင့်မားသော နံရံ တစ်ခု ပြိုကျလာသကဲ့သို့ ရွှေသလင်းကျောက် ကြေမွှသွားသည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ သူတော်စင် သခင် သုံးပါးခမျာ ပါးစပ်အပြည့် သွေးအန်လျက် ကောင်းကင်မှ ပြုတ်ကျ သွားတော့သည်။

“ ဟိတ် ... ။ ”

‘သတ်’ဟူသည့် စကားလုံးက ရွှေသလင်းကျောက် များကို ချေမွှပြီးနောက် လင်းယွန်က လေဟာနယ်အတွင်း ခြေဖြင့် ပုတ်ကာ လိုက်ပါသွား၏။

“ ဒီနှစ်ယောက်ကို တားထား ... ငါ သူတို့ကို သွားကယ် လိုက်မယ်။ ”

သူတော်စင် ဘုရင်များကို သတ်ရန် ပြင်နေသော လင်းယွန်ကြောင့် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က ချက်ချင်း သတိဝင်လာ၏။

သို့သော် သူ့ကို ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင်မှ ခွင့်မပြုချေ။ ကြယ်မြစ် သူတော်စင် ဘုရင်ကလည်း ကျန်နှစ်ယောက်ကို ချုပ်နှောင်ထားတော့သည်။

၎င်းတို့အနက်မှ မည်သူ့ကိုမဆို အလွယ်တကူ အနိုင်ယူနိုင်၏။ ဤသည်မှာ ကြယ်မြစ် သူတော်စင် ဘုရင်၏ ယုံကြည်ချက် ပေပင်။ မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က စိတ်တိုလာ၏။

“ ဝိညာဉ် သန့်စင်ခြင်း။ ”

“ ဘုန်း ... ။ ”

ကြယ်မြစ် သူတော်စင် ဘုရင်၏ လက်ဖဝါးက ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ခန္ဓာကိုယ်ပေါ် ထိမှန်သွားသည်။

ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင် တစ်ယောက် တဆတ်ဆတ်တုန်ကာ ဖီးနစ်မီး စွဲလောင်ကုန်၏။

သို့သော် ဒဏ်ရာကို လျစ်လျူရှုလျက် မြင့်မြတ်သော သူတော်စင် ဘုရင် ထွက်ခွာနိုင် စေရန် ကျောက်စိမ်းကြာပန်း သူတော်စင် ဘုရင် အပေါ် ထိန်းထားလိုက်ရသည်။

“ သေလိုက်စမ်း ... ။ ”

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က သူ့လက်များကို ‘သတ်’ဟူသည့် ဝေါဟာရ ထံသို့ ဦးတည်လိုက်၏။

ထိုလက်ဖဝါးက သတ်သူသည့် ဝေါဟာရကို ခွဲကာ လက်ကျန်စွမ်းအားသည် လင်းယွန်အပေါ် ကျရောက်သွားလေသည်။

အသူရာ သူတော်စင် အင်္ကျီ၌ အလင်းရောင် တောက်လာပြီး ထိုစွမ်းအား အများစုကို ပိတ်ဆို့ ပေး၏။ သို့တိုင် လင်းယွန်ခမျာ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာလိုက်ရသေးသည်။

“ သူတော်စင် ဘုရင် ... ။ ”

နောက်ဆုံးတွင် သူ့ကို တိုက်သူ၏ ဦးတည်ရာ အရပ်ထံ မော့ကြည့်လိုက်မိသည်။

“ ငါ မင်းကို သတ်မယ် ... ။ ”

မြင့်မြတ်သော အသူရာ သူတော်စင် သခင်က လင်းယွန်ကို အသက်ရှူရန် အချိန်မပေး လိုချေ။ နတ်ဖီးနစ်တောင်မှ မဟန့်တားနိုင်ခင် လှုပ်ရှားမှု သုံးကြိမ်တိတိ ထုတ်ဖော်ရန် အချိန်ရှိသည်။

“ နေလတံဆိပ် ... ။ ”

‘မင်’စကားလုံး ဆင်းသက်လာသည်။ ဓာရောင်ဝါသည် ထိုစွမ်းအားအောက်၌ အက်ကွဲ သွားပြီး ဓားရည်ရွယ်ချက် ပြိုကျလာ၏။

သို့သော် လင်းယွန်က စိုးရိမ်ခြင်း မရှိချေ။

“ မင်းဘယ်လို သေမလဲ ငါကြည့်မယ်။ ”

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်တွင် ရက်စက် ကြမ်းကြုတ်သော အငွေ့ အသက်များ ရစ်သိုင်းလာသည်။ လင်းယွန်က နဂါးဓားနှလုံးသားကို လွှတ်လိုက်ရ၏။

နောက်တစက္ကန့်တွင် ဓားတာအိုနှင့် ပေါင်းစပ်ကာ ငွေရောင်အဆင်းများ ဖွဲတည် လာလေသည်။

“ ရွှပ် ... ။ ”

ဓားကို လွှဲလိုက်ရုံဖြင့် ‘မင်’ဟူသော စကားလုံး ပျက်ပြယ်သွား၏။ ဓားရောင်ဝါ (၈၁) စင်းက ပန်းပင်လယ်ကဲ့သို့ ပျံ့ကားသွားသည်။

ယင်းက မြင့်မြတ်သော အသူရာ သူတော်စင်ဘုရင်၏ ပခုံးကို ပြတ်ရှရာများ ဖြစ်ပေါ်လာစေ၏။

“ ဒါ ... ။ ”

လူတိုင်း မျက်လုံးပြူးကုန်၏။ ဤသည်မှာ စစ်မှန်သော သူတော်စင် ဒိုမိန်းတစ်ခု ဖြစ်သည်။ ဘုရင်အဆင့် သူတော်စင်ပင် နားမလည်သော နယ်ပယ်ပေပင်။

“ ဓားဒိုမိန်း ... မင်းမှာ တခြား လှည့်ကွက်တွေ ရှိလား ကြည့်ရအောင်။ ”

သို့တိုင် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က ဒဏ်ရာကို လျစ်လျူရှုပြီး ဓားဒိုမိန်းကို အတင်းအကြပ် ဖြိုခွဲရန် ပြင်၏။

လင်းယွန်သည် ကျင့်ကြံမှုအဆင့် နိမ့်ကျ သော်လည်း နတ်အလင်းဓားနှင့် ဤဓားနယ်မြေ ကြောင့် သူ့ကို ဒဏ်ရာများ ပေးနိုင်ခဲ့သည်။

သို့သော် သူသည်သာ လင်းယွန်အနား ကပ်နိုင်ပါက ဤဒဏ်ရာများမှာ ထိုက်တန်၏။ အတွေးဖြင့် အကွာအဝေးကို တွက်ချက်ကာ ဆက်တိုးကပ် နေမိသည်။

တစ်ဖက်တွင် လင်းယွန် သည်လည်း အတွေးများစွာ တွေးနေခဲ့သည်။ ရန်သူသည် လက်တစ်ကမ်း အကွာ ရောက်နေပြီ ဖြစ်၏။

၎င်းထံမှတိုက်ခိုက်မှုကို ရှောင်လွှဲ မရနိုင် လောက်အောင် နီးကပ်နေခဲ့ချေပြီ။ ထို့ကြောင့် ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ ရှစ်ကောင်ကို ချက်ချင်း ခေါ်လိုက်ရ၏။

“ ရွှပ် ... ။ ”

ပန်ချီကား (၈)ချပ်ပွင့်ပြီး သူ့ဆံပင်များ တဖျပ်ဖျပ် လွင့်သွားကာ ကြောက်မက်ဖွယ် ဖိအားများ ကျဆင်းလာသည်။

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင် တစ်ယောက် နောက်ထပ် ခြေတစ်လှမ်း မျှပင် မလှမ်းနိုင် တော့ချေ။

“ ငါမယုံဘူး ... ။ ”

တစ်လှမ်း လှမ်းနိုင်သည်နှင့် လင်းယွန်ကို သတ်ရန် လုံလောက်၏။ ထို့ကြော်င့ အံကြိတ်ပြီး ဆက်ကြိုးစားနေမိသည်။

နဂါး ဟောက်သံ၊ ဖီးနစ် အော်သံနှင့် ဓားမြည်သံများ ညံပြီး လင်းယွန် မျက်လုံးများ၌ လူသတ်ရန် ရည်ရွယ်ချက် ထွက်ပေါ်လာ၏။

ထိုစဉ် ဓားကြီးတစ်လက်က သားရဲ ရှစ်ကောင် အထက်တွင် ပေါ်လာ ပြန်သည်။ ဤသည်မှာ ကောင်းကင်သင်္ချိုင်း ဖြစ်၏။

“ ရွှပ် ... ။ ”

ပထမဆုံး အကြိမ် နက္ခတ်ကို အပြည့်အဝ ခေါ်ထုတ်လိုက်ခြင်း ဖြစ်ရာ စွမ်းအားအပြည့်နှင့်် ဓားလွှဲချလိုက်သည်။

“ မဟုတ်ဘူး ... မဟုတ်ဘူး ... မလုပ်နဲ့။ ”

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်ခမျာ မျက်နှာ ပြောင်းသွားပြီး သူ့လက်ကို ခေါင်းအထက် မြှောက်လိုက်၏။

“ ဖပ် ... ။ ”

လက်ဖဝါး နှစ်ဖက်က ပန်းသင်္ချိုင်းကို ညှပ်ဖမ်းမိသည်။ သို့သော် ဓားရောင်ဝါဆက်၍ တိုးလာပြီး သူအပေါ် ပြိုကျလာတော့သည်။

လင်းယွန်သည် ဓားဒိုမိန်းကို ဖန်တီး နိုင်သည်သာမက အုပ်စိုးရှင် နက္ခတ်တစ်ပါးပင် ပိုင်ဆိုင်နေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားခေျ။

“ ဒုန်း ... ။ ”

အုပ်စိုးရှင် နက္ခတ် ဖိအားအောက်တွင် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင် ခမျာ ဒူးထောက်ကျ သွား၏။

မျက်နှာပျက်ယွင်းလျက် လက်နှစ်ဖက်က ပန်းသင်္ချိုင်းကို တစ်လက်မ မျှပင် မရွေ့မိစေရန် ထိန်းထားနေရသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားခဲ့၏။ သူတော်စင်ဘုရင် တစ်ပါးအနေြဖင့် ဓားရှေ့၌ ဒူးထောက် ရသည့် မြင်ကွင်းမျိုး သူတို့ တစ်သက် မေ့တော့မည် မဟုတ်ချေ။

ဤသည်မှာ ဓားသူတော်စင် တစ်ပါး၏ စွမ်းအားပင်လော။ တုန်လှုပ် ချောက်ချားဖွယ်ရာ မြင်ကွင်းမျိုး ဖြစ်ချေပြီ။

လင်းယွန်က အသက်ပြင်းပြင်း ရှူလျက် ခန္ဓာကိုယ် အနှံ့ စီးဆင်းနေသော စွမ်းအားနှင့် အုပ်စိုးရှင် နက္ခတ်ကို ချိတ်စပ်လိုက်သည်။

“ ခရစ် ... ။ ”

ကောင်းကင် (၃၆)လွှာရှိ ကြယ်ရောင်များ လင်းလက်လာပြီး သတ်ရန် ရည်ရွယ်ချက်တစ်ခု ပျံထွက်လာ၏။

ခွန်လွန် သမိုင်းတွင် သူတော်စင် ဘုရင်ကို သတ်နိုင်သော ဒုတိယအဆင့် သူတော်စင်သခင် မရှိသေးချေ။

ထို့ကြောင့် လူတိုင်းက တိုက်ပွဲများ ရပ်ပြီး ရလာဒ်အပေါ် စိတ်လှုပ်ရှားစွာ စောင့်ကြည့်လာ ကြတော့သည်။

***

All Chapters