← Chapters

သက်တံဓား မျိုးရိုး။

Vol. 164 Ch. 2294

သက်တံဓား မျိုးရိုး။

Vol. 164 Ch. 2294

လင်းယွန်၏ တိုက်ခိုက်မှုတွင် မည်သည့် နည်းပညာမျှ မပါချေ။ သို့သော် ဤဓားသည် အလွန်သေစေနိုင်၏။

အန္တရာယ်ရှိသော အခြေအနေအောက်တွင် ပန်းသင်္ချိုင်းကို လက်ဖဝါး နှစ်ဖက် ညှပ်ကိုင်ပြီး ဒူးထောက်သွားသည်။

သို့တိုင် လက်မလျော့သေးဘဲ လက်တုံ့ပြန်ရန် အခွင့်အရေးကို ရှာနေမိ၏။ ဓားရောင်ဝါများ ဆက်၍ တိုးလာနိုင်ခြင်း မရှိ သည်ကို မြင်ပြီးနောက် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်က ပြုံးပြီး၊

“ စိတ်မကောင်း စရာပဲ ... မင်းငါ့ကို မသတ်နိုင်ရင် ငါမင်းကို သတ်ပစ်ရလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

နေလကျမ်းကို ဖြန့်ကျက်ပြီး မျက်နှာ အေးစက်သွား၏။ သူတော်စင် ဘုရင်တစ်ပါး၏ စွမ်းအားအပြည့်နှင့်

“ ငါ ... မင်းကို လုပ်နိုင်တာ ... ဘာမှ မရှိဘူးလို့ မထင်နဲ့။ ”

သူသည် လင်းယွန်ထက် အဆမတန် မြင့်မားသော သူတော်စင် ဘုရင် ဖြစ်သည်။ ဓားကို လက်ဖဝါးဖြင့် ညှပ်ဖမ်းလျက်မှ ဖြည်းဖြည်းခြင်း ထရပ်လိုက်၏။

ဤအရှိန်သည် အုပ်စိုးရှင် နက္ခတ် ကြောင့်သာ မဟုတ်ပါက လင်းယွန်ကို အဝေးသို့ တွန်းထုတ်နိုင်မည် ဖြစ်သည်။

“ မင်း အခုကြောက်နေတာလား ... ကရုဏာကို တောင်းဖို့ အချိန်မနှောင်းသေး ပါဘူး။ ”

“ ဟမ့် ... ငါ့ရှေ့မှာ ဒူးထောက် နေတဲ့ လူတစ်ယောက်ကို ငါက ကြောက်နေရမှာလား အရှက်မရှိ ... ။ ”

“ ဘာဖြစ်သလဲ ... ခွေးသတ်သလိုမျိုး ငါမင်းကို သတ်နိုင်တယ် သူတော်စင် ဘုရင်ကို အရှက်ခွဲလို့ မရဘူး။ ”

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်ခမျာ ရှက်ရွံလာပြီး မျက်လုံးထဲ၌ နေ-လ ပေါ်လာ၏။

ထိုစွမ်းအားသည် သူ့နဖူးသို့ ရောက်ရှိ လာစဉ် ‘မင်’ ဟူသော စကားလုံး ဖြစ်လာသည်။ မတ်တပ်ထရပ် လိုက်သည်နှင့် ဓားကို လွှတ်ပြီး လင်းယွန် ရင်ဘတ်ထံ ရိုက်ချလိုက်၏။

“ ဝှစ် ... ။”

သူတော်စင် ဘုရင် သည်ပင် သူ့တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ဦးမည် မဟုတ်ချေ။

“ ငါမင်းကို စောင့်နေတာ ... ။ ”

လင်းယွန်က ပြုံးလျက် နဂါး-ဖီးနစ် ကမ္ဘာဖျက်ဆေးအိုးကို ဖြန့်ကျက်ပြီး သူ့ကိုယ်သူ နှစ်ယောက် ခွဲလိုက်၏။

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်၏လက်က နှလုံးသားကို ထိုးဖောက်သွား တော့သည်။ သွေးများ စီးကျလာ၏။

မြင်ကွင်း၌ လင်းယွန် တစ်ယောက် ပေါက်ကွဲသွား သော်လည်း ကျန်လင်းယွန်က ပြုံးလျက် သူ့ပြိုင်ဘက်နောက်တွင် ပေါ်လာ၏။ ဓားကို ပြိုင်ဘက် နှလုံးသားထံ ထိုးချပစ် လိုက်သည်။

“ ဇိ ... ။ ”

“ ဝေါ့ ... ။ ”

သည့်နောက် ပေါက်ကွဲ သွားသော လင်းယွန်သည် အမှုန်အဖြစ် သူ့ထံလာရောက် ပေါင်းစပ်ပြီး ယိမ်းယိုင် သွေးအန်သွား၏။

ဤသည်မှာ ပုံရိပ်ယောင် မဟုတ်ချေ။ သူ့အသွေးအသားပါ ရှိသည့် ကိုယ်ပွား တစ်ပါး ပေပင်။ ကိုယ်ပွား ပျက်စီးခြင်းသည် သူ့ကို များစွာ အားနည်းစေ၏။

မီတာ ရာဂဏန်းအကွာသို့ ပြန်၍ ဆုတ်ခွာမိစဉ် ကိုယ်ပွား အပိုင်းအစများက အလုံးစုံ ပြန်လည် ပေါင်းစည်းလာသည်။

အများအမြင်၌ မြင့်မြတ်သော အသူရာ သူတော်စင်ဘုရင်သည် လင်းယွန် နှလုံးသားကို နှိုက်ထုတ်စဉ် ဓားတစ်လက် သူကျောပြင်မှ ဖောက်ထွက်လာခြင်း ဖြစ်သည်။

“ ဝေါ့ ... ။ ”

မျက်လုံးတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်၏။ ပါးစပ်ထဲမှ သွေးများ ထွက်လျက် ဓားကို မယုံကြည်နိုင်စွာ ငုံ့ကြည့်သည်။

တစ်ဖက်တွင်လည်း လင်းယွန်ခမျာ အားနည်းသွားသဖြင့် ဒူးများ ညွှတ်ကျလာ သောကြောင့် ပန်းသင်္ချိုင်းကို လှမ်းဆွဲ လိုက်သည်။

“ ဝရူး ... ။ ”

ပန်းသင်္ချိုင်းက မြင့်မြတ်သော အသူရာ သူတော်စင်ဘုရင်၏ ခန္ဓာကိုယ် အတွင်းမှ ပြန်၍ ထွက်လာပြီး လင်းယွန်လက်သို့ ပျံသန်း၏။ ဖမ်းဆုပ်လျက် မြေပြင်ပေါ် ထောက်ကာ အားပြုလိုက်သည်။

နှုတ်ခမ်းမှ သွေးကိုသုတ်လျက် မျက်နှာတစ်ခုလုံး ကြောက်မက်ဖွယ် ဖြူဖျော့နေ တော့၏။

“ သူတော်စင် ဘုရင်ကို လျှော့တွက် လိုက်မိတယ် ... ။ ”

ပြိုင်ဘက်၏ အတွင်းအင်္ဂါများကို တစ်စစီဖျက်စီးရန် ဓားတာအို အသုံးပြု ခဲ့၏။ သို့သော် သူ့ဓားကို ထိုအတွင်းအင်္ဂါများက ဖမ်းချုပ်ထားသည်။

သည့်ပြင် ၎င်းခန္ဓာကိုယ်အတွင်း၌ နားမလည်နိုင်သော တာအို တစ်ခုပင် ရှိနေခဲ့ ချေ၏။

နောက်ပိုင်းတွင် သူတော်စင် တစ်ပါး၏ အတွင်း အင်္ဂါများသည် မြင်ရသည်ထက် ပိုမို ကြီးမားကာ အာကာသ နေရာလွတ် တစ်ခု အဖြစ် အသွင်ပြောင်း သွားပုံပေါ်သည်။

ဤသည်မှာ သူတော်စင် ဘုရင် ဖြစ်လာ ပြီးနောက် အသွင်ပြောင်းခြင်း ဖြစ်ရပေမည်။ သူ နားမလည်ခြင်း၏ မူလလည်း ဖြစ်၏။

ထို့ကြောင့် အစောပိုင်း သူ၏ တိုက်ခိုက်မှုသည် မည်မျှ အန္တရာယ်များကြောင်း သိရှိလိုက်သည်။

အနည်းငယ် နှောင့်နှေးနေခဲ့ပါက ဓားကို အတွင်းအင်္ဂါများဖြင့် ပိတ်ဆို့ကာ ပြန်လှည့်ပြီး သတ်ပစ်နိုင်မည်။ ထိုအသိက သူ့ကို ချွေးများ စီးကျလာစေ၏။

အုပ်စိုးရှင် နက္ခတ်ကို ထုတ်ဖော်ပြီး နောက်တွင်ပင် ဤလူအပေါ် မသတ်နိုင်သည် ရှိသော် ဆက်၍ မကြိုးစားသင့်တော့ချေ။ မိုက်ရာ ကျပေ၏။

ရုတ်တရက် လူပေါင်းများစွာ ပြေးဝင်လာ ကြသည်။ သူတို့ အားလုံးက သတ်ဖြတ်လိုသော ဆန္ဒများ ထုတ်ဖော်ထားကြ၏။ လင်းယွန်ကို အခွင့်ရေးယူရန် စောင့်နေသူများ ပေပင်။

“ ဟား ဟား ဟား ကောင်းပြီ ... လာ မင်းအားလုံး အတူတူလာခဲ့၊ ငါ့လိုလူနဲ့ ရင်ဆိုင် ရတဲ့အခါ တရားမျှတမှု အကြောင်း ... ပြောနေစရာ မလိုပါဘူး။ ”

လင်းယွန်က ပင်ပန်းနွမ်းနယ်မှုကြောင့် တုန်တုန်ယင်ယင် ဖြစ်နေသော်လည်း အစွယ်ကို ထုတ်ပြထားသည့် ဝံပုလွေတစ်ကောင် ကဲ့သို့ ထင်ရစေသည်။

ထိုအကြည့်သည် ပျံသန်းလာသော သူ့ရန်သူများကို ထိန်လန့်စေ၏။ ယင်းကြောင့် လေထဲ တုန့်ဆိုင်းကုန်ကြသည်။

နောက်ဆုံးတွင် ကျောက်စိမ်းကြာပန်း သူတော်စင်ဘုရင်က ကူညီရန် ဆုံးဖြတ်ချက် ချလိုက်တော့၏။

“ မီးလျှံ သူတော်စင် ဘုရင် ... ဒီကိစ္စကို အဆုံးသတ် လိုက်ရအောင် နင်တို့ မြင့်မြတ်မြေ သုံးပါးက လင်းယွန်ကို လွှတ်ပေးမယ်ဆိုရင် နတ်မီးတောက် လွှဲပေးမယ်။ ”

သူမ အမြင်၌ လင်းယွန်သည် နတ်မီးတောက်ထက် ပို၍ အရေးကြီးလာ တော့၏။ ထို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

မီးလျှံ သူတော်စင် ဘုရင်က ဤညှိနှိုင်းချက်သည် ထည့်သွင်း စဉ်းစားစရာ အချက် ဖြစ်နေသဖြင့် တွေးတောမိ၏။

နောက်ဆုံးတွင် နှစ်ဖက်လုံးမှ မဟာ သူတော်စင် များသည် ဤတိုက်ပွဲ၌ မပါဝင်လာ သေးချေ။ ဆက်၍ တိုက်ခိုက်နေကြမည် ဆိုသော် ပါဝင်လာနိုင်၏။

“ မင်းတို့က ဒီတိုက်ပွဲကို စခဲ့တာဘဲ ... မင်းဆန္ဒအတိုင်း အဆုံးသတ်ချင်လို့ မရဘူး၊ သူ့ရဲ့ သူတော်စင်မူလ ဖျက်ဆီးပစ်ရင် ငါတို့ လွှတ်ထားနိုင်တယ်။ ”

ရုတ်တရက် ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင်က ဝင်ပြောလာတော့သည်။

“ ဒီနေ့ သူ့ကို ဘယ်သူမှ ခေါ်သွားခွင့် မရှိဘူး။ ”

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်ကလည်း ကောင်းကင်ပေါ် ခုန်တက်ကာ လင်းယွန်ထံ ဦးတည်လိုက်၏။

လင်းယွန်သည် လူတိုင်းနှင့် မီတာ တစ်ထောင် အကွာတွင် ရှိပြီး မည်သူတစ်ဦး တစ်ယောက်မှ ကူညီရန် အချိန်မမီချေ။

“ ဝှီး ... ။”

သို့သော် ဓားသေတ္တာ တစ်လုံးက လင်းယွန်ထံ ပျံသန်းလာတော့၏။ ၎င်းသွားရာ လမ်း၌ လေဟာနယ် ပုံပျက်သွားသည်။

မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်ခမျာ တောင်တစ်လုံး ပြိုကျလာသကဲ့သို့ မြေပြင်ပေါ် ပြန်လည် ပြုတ်ကျသွား၏။

ဤသည်မှာ အဆုံးသတ် မဟုတ်ချေ။ ရွှေရောင် တိမ်တိုက်များက အနောက်ဘက် မိုးကုပ်စက်ဝိုင်းထံမှ မြင့်တက်လာ၏။

ရွှေရောင် တိမ်တိုက်ကြီး အတွင်း မှုန်ဝါးနေသော ပုံသဏ္ဍာန်နှင့် ရှေးဟောင်း ရောင်ဝါများ ထွက်ပေါ်နေသည်။ ဤသည်မှာ သွေးသား လောင်ကျွမ်းခြင်း ဖြစ်၏။

“ နောက်ဆုတ် ... ။ ”

မီးလျှံ သူတော်စင် ဘုရင်နှင့် ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင်တို့က ချက်ချင်း ဆုတ်ခွာသွားကြသည်။

“ ..... ။ ”

ထိုအချိန်တွင် ဓားသေတ္တာကြောင့် မြင့်မြတ်သော အသူရာ သူတော်စင် သခင်မှာ အော်သံပင် မထွက်နိုင်ဘဲ ကြိတ်ချေထားသော အသားပုံအဖြစ် ပြောင်းသွားတော့၏။

“ ဘယ်သူက အိပ်မက်ထဲကနေ မနိုးထနိုင်ရတာလဲ။ ”

ရွှေရောင်တိမ်တိုက်ကြီးထံမှ အသံထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ရောင်ဝါများ ပျံ့နှံ့ လာ၏။

“ စီနီယာ ... နာမည်လေး သိခွင့်ရှိမလား။ ”

ဝိညာဉ်သန့်စင်ခြင်း သူတော်စင်ဘုရင်က မော့ကြည့်ပြီး ရိုသေစွာ မေးသည်။

“ ငါ့ကို ကောင်းကင် မတိုင်မီ ... မွေးဖွားခဲ့တယ် ... ငါ့အသက် ဆယ့်ရှစ်နှစ် ... တစ်နှစ်က ခေတ်တစ်ခေတ်ပဲ။ ”

ဤသည်မှာ ကြီးမားသော မူလဇစ်မြစ် ဖြစ်သောကြောင့် လူတိုင်း ထိတ်လန့် ကုန်၏။

“ စီနီယာ နာမည်လေး ပြောပြပါ။ ”

“ မင်းလို သာမန် လူတစ်ယောက်က ဒီဧကရီရဲ့ နာမည်ကို သိချင်တာလား စိတ်ကူး ယဉ်မနေနဲ့၊ လင်းယွန်က ငါ့ရဲ့ ဆက်ခံသူပဲ ... မင်းကိုယ်မင်း ...

... ပါးနှစ်ကြိမ် ရိုက်ပါ ... မဟုတ်ရင် မြင့်မြတ်မြေ သုံးပါးကို ငါဖျက်ဆီးမိတဲ့ အတွက် စိတ်မဆိုးကြနဲ့။ ”

ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင်မှာ မျက်နှာ ပြောင်းလဲသွားပြီး ဒေါသထွက် လာ၏။ မီးလျှံ သူတော်စင် ဘုရင်ပင် ပဟေဌိ ဖြစ်သွား လေသည်။

“ မြန်မြန်လုပ် ... ငါ စိတ်မရှည်တော့ဘူး၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ... မင်ဘိုးဘေးကို သင်ပေးခဲ့တဲ့ ... နေလတံဆိပ်ရဲ့ တန်ခိုး အစစ်အမှန်ကို သိချင်နေတာလား။ ”

ချက်ချင်းပင် နေနှင့်လ ကောင်းကင်ပေါ် တက်လာသည်။ ရှေးကျသော အသွင်အပြင်နှင့် ကြောက်မက်ဖွယ် ခံစားချက်များ ပေးဆောင်၏။

၎င်းထံမှ ရောင်ခြည်များက နတ်ဘုရားသင်္ချိုင်း တောင်တန်း တစ်ဝက်နီးပါး ဖုံးလွှမ်းလာကာ မြင့်မြတ်မြေ သုံးပါးမှ လူများကို ဆုတ်ခွာသွားစေသည်။

ဝိညာဉ် သန့်စင်ခြင်း သူတော်စင် ဘုရင်မှာ ထိုရောင်ဝါကြောင့် တုန်လှုပ် သွားတော့၏။

“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

တစ်ဖက်လူထံမှ ထုတ်လွှတ်သော နေလ တံဆိပ်သည် ပို၍ အစွမ်းထက်ပြီး သူ့ဝိညာဉ်ကို တုန်ခါစေ၏။

“ ဘိုးဘေး ... တောင်းပန်ပါတယ်။ ”

ချက်ချင်းပင် ဒူးထောက်ပြီး လူတိုင်းရှေ့၌ သုံးကြိမ် ရှိခိုးတော့၏။ အဝေးမှ လင်းယွန်က ပြုံးသည်။ ခရမ်းငယ်က နှာခေါင်းရှုံ့၏။

“ ဟမ့် ... ။ ”

နေလနတ်ရူရ်ဖြင့် နေလ တံဆိပ်ကို ဖန်တီးထားသဖြင့် အစွမ်းထက်နေခြင်း ဖြစ်၏။

“ အနည်းဆုံးတော့ မင်းက လိမ္မာတယ်၊ ဒါဆိုဒီမှာပဲ ငါ ရပ်လိုက်မယ် ... အခု ထွက်သွား ကြတော့ ... ။ ”

ခရမ်းငယ်က နေလနတ်ရူရ်ကို ပြန်သိမ်းလျက် ပြောကြားလိုက်၏။ သို့မှသာ လူတိုင်း သက်တောင့်သက်သာ ဖြစ်သွားသည်။

“ ကောင်လေး ... အဲဒီမှာ ဘာရပ်လုပ် နေတာလဲ ဒီကိုလာစမ်း ... မင်းက သူတော်စင် ဘုရင် ကိုတောင် ... ရင်မဆိုင်နိုင်တာ ငါ့ နာမည်ကို အရှက်ရ စေချင်လို့လား။ ”

ခရမ်းငယ်က ဟန်ပါပါဖြင့် လင်းယွန်ကို ငေါက်ငမ်း လိုက်သည်။ ထိုအချိန်၌ ပုံရိပ်တစ်ရိပ် ကောင်းကင်မှ ဆင်းသက်လာ၏။

“ မင်ဘိုးဘေးက ... မင်းတပည့်လား ငါမယုံဘူး၊ ငါက မင်ဂိုဏ်းရဲ့ မဟာအကြီးအကဲ တံဆိပ် တစ်ထောင် မဟာသူတော်စင်ပဲ မင်းရဲ့ ခွန်အားကို စမ်းသပ်ခွင့် ပြုပါ။ ”

တံဆိပ် တစ်ထောင် မဟာသူတော်စင်က ဧကရီဟု ခေါင်းတပ်ထားသော ဤပုဂ္ဂိုလ်အပေါ် စူးစမ်းရန် လင်းယွန်ထံ လှမ်းတက်လိုက်၏။

“ ယဲ့ ကူ ဟန် ... လူယုတ်မာ ဘာလို့ ထွက်မလာ သေးတာလဲ။ ”

ခရမ်းငယ်၏ အော်ငေါက်သံကြောင့် လင်းယွန်တစ်ယောက် ဦးရေပြားများ ထုံကျင် သွားတော့၏။

“ ဟား ဟား ဟား ... ငါသိတယ်။ ”

လင်းယွန် ရှေ့၌ အာကာပြင် ပြိုကျလျက် လှိုင်းများထလာပြီး နွေးထွေးသော ရယ်မောသံ ထွက်ပေါ်လာသည်။

“ သူက ငါ့ရဲ့ အချစ်ဆုံး ညီလေးပဲ ... ဘယ်သူမှ သူ့ကိုလက်ဖျားနဲ့ ... ထိဖို့တောင် မစဉ်းစားပါနဲ့ ... ။ ”

ထို့နောက် လက်ဖဝါးကို တွန်းလိုက်ရာ တံဆိပ်တစ်ထောင် မဟာ သူတော်စင် ခမျာ ထိတ်လန့်သွားပြီး ချက်ချင်း ပြန်ဆုတ် လိုက်ရသည်။

ယဲ့ကူဟန်သည် မဟာ သူတော်စင် ဖြစ်လာသည်ဟူသော ကောလဟာလများ ကြားသိပြီး ဖြစ်၏။

သို့သော် မဟာ သူတော်စင် ဖြစ်လာခဲ့လျှင်ပင် ဤမျှ သန်မာနေစရာ အကြောင်း မရှိချေ။

“ အာကာသ တာအို ... ဟမ့် မင်းတို့ နှစ်ယောက်က ငါသေတဲ့အထိ ရပ်ကြည့်နေဦး မှာလား ... ။ ”

ထိုငေါက်သံကြောင့် မရဏ ကြေးမုံ မဟာ သူတော်စင်နှင့် မီးခိုးရောင် မဟာ သူတော်စင်က အမှောင်ထဲမှ လှမ်းထွက် လိုက်ရသည်။

“ ဟား ဟား ဟား ... ။ ”

ယဲ့ကူဟန်က မျက်ခုံးပင့်လျက် ကျေနပ်စွာ ရယ်မောတော့၏။

“ ကောင်းပြီ ... မင်းတို့သုံးယောက် ငါ့ဆီ အတူတူ လာနိုင်တယ် ... သက်တံဓား မျိုးရိုးက အရေအတွက်များတာကို ပိုကြိုက်တယ်။ ”

***

All Chapters