← Chapters

ငါ့ညီကို ကောင်လေး ခေါ်ဖို့ မသင့်လျော်တော့ဘူး ထင်တယ်။

Vol. 164 Ch. 2295

ငါ့ညီကို ကောင်လေး ခေါ်ဖို့ မသင့်လျော်တော့ဘူး ထင်တယ်။

Vol. 164 Ch. 2295

“ အသူရာမြစ် ဓားသူတော်စင်က မဟာ သူတော်စင် ဖြစ်နေပြီလား။ ”

“ ကောင်းကင် တာအိုဂိုဏ်းမှာ ကိုးရက်နေ့ တိုက်ပွဲတုန်းက သွေးလဂိုဏ်းချုပ် ကိုယ်ပွားကို သူ ဖျက်ဆီးခဲ့တယ်လို့ ကြားတယ်။ ”

“ ဒါက သက်တံဓား မျိုးရိုးရဲ့ ... ဓားသူတော်စင် နှစ်ယောက်ပဲ ... ဓားဂိုဏ်းရဲ့ အရိယာ တောင်ထိပ်သခင် မုချွမ်လည်း သူတော်စင် ဖြစ်လာပြီ။ ”

သက်တံဓား မျိုးရိုး ဟူသည်နှင့် လူတိုင်းက အခြားသော တပည့်များကို ထည့်သွင်း စဉ်းစား လာမိခဲ့သည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် အားကောင်းသော ရောင်ဝါနှစ်ခု ဆင်းသက်လာပြီး တံဆိပ် တစ်ထောင် မဟာ သူတော်စင် အနား ရပ်လိုက်၏။

“ မဆိုးပါဘူး ... မင်းတို့လို ... မဟာ သူတော်စင်တွေက သူတော်စင် ဘုရင်တောင် မဟုတ်တဲ့ ... ငါ့ညီကို အနိုင်ကျင့်ပြီး ... ငါနဲ့ မျက်နှာချင်း ဆိုင်ဝံ့တယ်လား။ ”

“ ငါက သူ့ကို တိုက်ခိုက်ဖို့ စိတ်ကူးမရှိဘူး ငါ့မင်ဘိုးဘေးကိုတောင် စော်ကားနေတဲ့ လူက ဘယ်သူလဲ ဆိုတာ သိချင်ရုံပါပဲ။ ”

တံဆိပ် တစ်ထောင် မဟာ သူတော်စင်က ပြန်ဖြေ၏။ ခရမ်းငယ် ဖန်တီးသော ဖြစ်စဉ်မှာ မဟာ သူတော်စင်များကို ရူးသွပ်သွားစေ၏။

“ ဟမ့် ... ငါခွန်လွန်မှာ ရှိနေတုန်းက ... နင့်ရဲ့ မင်ဘိုးဘေးတောင် မမွေးသေးပါဘူး။ ”

“ ဒါဆို မင်းနာမည်ဘယ်လိုခေါ်လဲ။ ”

မင်ဘိုးဘေးသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက လူ ဖြစ်သောကြောင့် ခရမ်းငယ် စကားကို မည်သူမျှ မယုံချေ။

“ နားထောင် ... ငါက သမုဒ္ဒရာ (၄)စင်း၊ ပျက်သုဉ်းမြေ (၈)ပါး၊ ကောင်းကင် (၃၆)လွှာနဲ့ မြေကမ္ဘာ (၇၂)လုံးကို အုပ်စိုးတဲ့ ... ကောင်းကင် တရားစီရင်ရေး ဧကရီပဲ။ ”

“ ကောင်းကင် တရား စီရင်ရေးဧကရီ ... ဒါက ဘယ်လောက်တောင် ... ကြီးစိုးလိုက်တဲ့ နာမည်လဲ။ ”

ဤနာမည်ကို မည်သူမျှ မကြားဖူးသည့် အတွက် လူတိုင်းအံသြမိ၏။ သို့သော် ကြယ်မြစ် သူတော်စင် ဘုရင်နှင့် ကျောက်စိမ်း သူတော်စင် ဘုရင်တို့ မပါဝင်ချေ။ ကျိကျစ်ရှီက၊

“ ဦးလေး ရှင်ဟဲ ... ဒီနာမည်ကို ဘာလို့ ရင်းနှီးရတာလဲ။ ”

-ဟု ရေရွတ်လျက် မျက်မှောင်ကြုတ် လိုက်သည်။

“ မဖြစ်နိုင်ဘူး ... ။ ”

ကြယ်မြစ် သူတော်စင် ဘုရင်က ထိတ်လန့်သွား၏။ သူ့ကဲ့သို့ပင် ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင် သည်လည်း ခရမ်းငယ်ထံ ငေးကြည့်သည်။

“ ကောင်းကင် တရားစီရင်ရေး ဧကရီလား၊ ကောင်းပြီ ငါ့ဘိုးဘေးကို အရှက်ခွဲဝံ့တဲ့ အတွက် မင်း ဘယ်လောက် သန်မာလဲဆိုတာ ကြည့် ပါရစေ။ ”

တံဆိပ်တစ်ထောက် မဟာသူတော်စင်က ကောင်းကင်ရှိ မှုန်ဝါးနေသော ပုံရိပ်သဏ္ဍာန်ထံ ပျံသန်းသွားသည်။

ယဲ့ကူဟန်က လင်းယွန်ကို ပို၍ ကာကွယ်နိုင်ရန် နည်းနည်း တိုးကပ်လိုက်ပြီး ၎င်းကို မဟန့်တားခဲ့ချေ။

“ ညီလေး ... ဒီဧကရီက ဘယ်သူလဲ ဆိုတာ မင်းသိလား။ ”

ယဲ့ကူဟန်က မေးသည်။ လင်းယွန် တစ်ယောက် ပြန်မဖြေနိုင်ခင် တိုက်ပွဲ ဖြစ်ပွား နေပြီ ဖြစ်သည်။

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

တံဆိပ် တစ်ထောင် လက်တွင် နေနှင့်လ ပေါ်လွင်လာပြီး အလင်းတန်း နှစ်ခု ထိမှန်သွား တော့သည်။

“ မင်း ဘာဆက်လုပ်မလဲ။ ”

ပေါက်ကွဲမှုကြီးနှင့် အတူ ရွှေရောင် တိမ်တိုက်များ ပြိုကွဲသွားသဖြင့် တစ်ဘက်လူကို အမှုန့်ချေရန် ကြံရွယ်လိုက်၏။

“ သေချင်နေတာလား။ ”

ခရမ်းငယ်က မကြောက်မလန့်ဘဲ ကောင်းကင်ကို လင်းထိန်စေသော လျှပ်စီးများ ဆင့်ခေါ်ကာ လက်ဝှေ့ယမ်းပစ်သည်။

“ ဖျစ် ... ဖျစ် ... ။ ”

သူမ ရုပ်သွင်သည် ပို၍ မှုန်ဝါးသွားကာ ရွှေလျှပ်စီးများက တံဆိပ် တစ်ထောင် မဟာ သူတော်စင်ထံ ပျံသန်းသွား၏။

နေနှင့်လကို ပေါင်းစပ်ထားသော ‘မင်’ဟူသည့် စကားလုံးသည် ထိုရွှေလျှပ်စီး၏ ပိတ်ဆို့ခြင်း ခံလိုက်ရသည်။

“ မဆိုးပါဘူး ... ။ ”

မျက်စိတစ်မှိတ်အတွင်း လှုပ်ရှားမှု ဆယ်ကြိမ်ခန့် ဖလှယ်ကြပြီး တံဆိပ်တစ်ထောင် မဟာသူတော်စင် ခမျာ ညံဖျင်းသော အနေ အထားသို့ ဆိုက်ရောက်လာ၏။

လင်းယွန်က မျက်မှောင်ကြုတ်ကာ စိုးရိမ် သွားသည်။ ခရမ်းငယ်သည် ဤမျှ အစွမ်းထက် နေစရာ မကြောင်းမရှိချေ။

ထို့ပြင် ဆုစီယာ ပါမလာသည်ကိုလည်း သတိထားမိ၏။ ကြယ်မြစ် သူတော်စင် ဘုရင် နှင့် ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင် အနား၌ အဖြူဝတ် အဖိုးကြီး တစ်ဦး ရုတ်တရက် ပေါ်လာသည်။

“ မင်္ဂလာပါ မဟာ သူတော်စင် … ။ ”

သူတော်စင် ဘုရင် နှစ်ပါးက သတိ ဝင်လာကာ နှုတ်ဆက်လိုက်၏။ အဘိုးအိုက ခေါင်းညိမ့်လျက် လေးနက်သော အမူအရာဖြင့် ခရမ်းငယ်ထံ စိုက်ကြည့်သည်။

“ ထွက်သွား ... ။ ”

နေလ တံဆိပ်ကို ဖန်တီးပြီး ခရမ်းငယ်က အော်ငေါက်၏။ ချောက်ချားဖွယ် မြင်ကွင်းမျိုး လူတိုင်း၏ ဦးခေါင်းထက်၌ တဖန် ပြန်ပေါ် လာခဲ့သည်။

“ ဘုန်း ... ။ ”

တံဆိပ်တစ်ထောင် မဟာ သူတော်စင်မှာ ဖိအားကြောင့် သွေးများ စီးကျလာပြီး ထိုနေ-လ တံဆိပ်ကို မရှောင်နိုင်တော့ချေ။ ထိမှန်သွား၏။

“ တံဆိပ် တစ်ထောင် … ။ ”

မရဏ ကြေးမုံနှင့် မီးခိုးရောင် မဟာ သူတော်စင်က လျင်မြန်စွာ ပျံသန်းပြီး ဖေးမ လိုက်ကြသည်။ တံဆိပ် တစ်ထောင်၏ မျက်လုံး များတွင် သံသယများဖြင့် ပြည့်နှက် လာ၏။

ဤတိုက်ခိုက်မှုသည် ကြီးမားသော ဖြစ်စဉ်များ ရှိသော်လည်း ပေါ့ပေါ့ပါးပါး ဒဏ်ရာ များသာ ပေးစွမ်းသည်။ ထို့ကြောင့် သံသယဖြင့် ထပ်မံ ပြေးဝင်မိပြန်၏။

“ ငါ့ကို သက်ညှာ ပေးတဲ့ အတွက် ... ကောင်းကင် တရားစီရင်ရေး ဧကရီကို ကျေးဇူး တင်ပါတယ်၊ ဒီလူကြီးကို လမ်းညွှန်ပေးပါဦး။ ”

( ငါ ဆက်မထိန်းနိုင်တော့ဘူး ... အုပ်စိုးရှင် နတ်ရူရ် သုံးလုံးရဲ့ စွမ်းအား အကုန်လုံး အသုံးပြု ထားပြီးပြီ ... နင့်ရဲ့ အစ်ကိုကို ကူညီခိုင်းပါ။ )

“ အစ်ကိုကြီး ... ။ ”

လင်းယွန်က ခရမ်းငယ်ထံမှ ဆက်သွယ်မှုကြောင့် စိုးရိမ်စွာဖြင့် ယဲ့ကူဟန်ထံ လှည့်ကြည့်သည်။ ယဲ့ကူဟန်က အံ့အားသင့် သွားရာမှ ပြုံးပြီး၊

“ ငါနားလည်ပြီ ... ပြန်လာခဲ့။ ”

-ဟု လှမ်းခေါ်လိုက်သည်။

ချက်ချင်းပင် အာကာပြင် ပြိုကျကာ တံဆိပ်တစ်ထောက် မဟာ သူတော်စင်ခမျာ ဆက်သွားမရ ဖြစ်သွား၏။

“ ဘာလဲ ... ။ ”

တစ်ဆက်တည်းမှာပင် တံဆိပ် တစ်ထောင်ကို စွမ်းအင်တစ်ခုက ပြန်လည် ဆွဲခေါ် သွားလေသည်။

“ ဝှစ် ... ။ ”

တံဆိပ် တစ်ထောင် မဟာ သူတော်စင်က မြေပြင်ပေါ် ဆင်းသက်လျက် ထိတ်လန့်သွား တော့၏။

“ အာကာသ တာအို ... ။ ”

ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လျက် ယဲ့ကူဟန်ထံ မယုံကြည်နိုင်စွာ လှည့်ကြည့်မိသည်။

“ မဆိုးပါဘူး ... အနည်းဆုံးတော့ မင်းမှာ အမြင်ကောင်းတွေ ရှိတယ်။ ”

ယဲ့ကူဟန်က ပြုံးပြီး ရှေ့လှမ်းတက်ကာ၊

“ လာ ... ငါနဲ့ ကစားပါ မဟုတ်ဘူး ... မင်းတစ်ယောက်တည်း မလာနဲ့ သုံးယောက် အတူတူလာ ... မင်းတို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ ... ငါ့ညီကို ဒီနေ့ ငါနဲ့အတူ ခေါ်သွားမယ်။ ”

-ဟု ကြေငြာ လိုက်တော့၏။

သူ့စကားကြောင့် မဟာ သူတော်စင် သုံးပါးက လင်းယွန်ထံ အကြည့် ရောက်သွားပြီး မျက်နှာ ပြောင်းကုန်သည်။

“ ဝှစ် ... ။ ”

နတ်ဖီးနစ်တောင်မှ မဟာသူတော်စင်နှင့် သူတော်စင် ဘုရင်တို့ သည်လည်း ယဲ့ကူဟန် အနားသို့ ပျံသန်း ဆင်းသက်လာ၏။

အနန္တ လျှပ်စီးဂိုဏ်း၏ မီးခိုးရောင် မဟာသူတော်စင်က မျက်လုံးများ မှေးစင်း သွားပြီး၊

“ ကျောက်စိမ်း ကြာပန်း သူတော်စင် ဘုရင် ... မင်းစောစောက ပြောခဲ့တာ မှတ်မိသေးလား၊ နတ်မီးတောက် လွှဲပေးရင် ငါတို့ ထွက်သွား နိုင်တယ်။ ”

“ တောင်းပန်ပါတယ် ... ဝိညာဉ် သန့်စင်ခြင်း သူတော်စင်ဘုရင်က ငါ့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်။ ”

သူမ အဖြေကြောင့် ဝိညာဉ်သန့်စင်ခြင်း သူတော်စင် ဘုရင်၏ မျက်နှာ မည်းပြာသွား လေသည်။

စောစောက မာနကြီးလွန်းခဲ့သဖြင့် ခက်ခဲသော အနေအထားသို့ ကျရောက်သွား စေ၏။

အာကာသတာအို သို့မဟုတ် နတ်ဖီးနစ် တောင်တန်း၏ မဟာ သူတော်စင် မည်သူမဆို တိုက်ရန် လွယ်ကူခြင်း မရှိကြောင်း နားလည် လိုက်သည်။

နတ်ဖီးနစ်တောင်တန်း၏ မဟာ သူတော်စင်က၊

“ ဒီမှာပဲ အဆုံးသတ်လိုက် ကြရအောင် ... အခုက မြင့်မြတ်မြေ အချင်းချင်း တိုက်ခိုက်ရမဲ့ အချိန် မဟုတ်သေးဘူး၊ မင်းတို့က ချက်ချင်း မလှုပ်ကြဘူးဆိုတော့ ... မင်းတို့မှာလည်း ထည့်တွက်စရာ လေးတွေ ရှိမယ်လို့ ...

... ယုံကြည်တယ် ... လင်းယွန်ကတော့ ဂျူနီယာ တစ်ယောက်ပဲ ... လက်စားချေလိုရင် မျိုးဆက်သစ်တွေ လွှတ်လိုက်ပါ ...

... ငါတို့ ဝင်ရှုပ် တော့မှာ မဟုတ်ဘူး၊ အသူရာမြစ် ဓားသူတော်စင် ကလည်း ငါလို စိတ်ကူးရှိမှာ သေချာတယ်။ ”

အဝတ်ဖြူ အဖိုးအိုက ယဲ့ကူဟန်ထံ လှည့်ကြည့် လိုက်သည်။ သူ့စကား၌ ပြဿနာ မရှိသော်လည်း တံဆိပ် တစ်ထောင် မဟာ သူတော်စင်နှင့် အဖွဲ့ကို အထင်မကြီးကြောင်း မြင်သာစေ၏။

အဘယ့်ကြောင့် ဆိုသော် လင်းယွန်သည် ဓားသူတော်စင် ဖြစ်သည်။ ထို့ကြောင့် သူတို့တွင် ၎င်းကို တိုက်ခိုက်နိုင်သော မျိုးဆက်သစ် လူငယ် တစ်ဦးမျှ မရှိချေ။

သို့သော် အဖြူဝတ် အဖိုးအို စကားမှာ ကျိုးကြောင်း ဆီလျော်နေပြန်သဖြင့် ငြင်းဆိုရန် ခက်ခဲလာသည်။

ယနေ့ တိုက်ပွဲတွင် လင်းယွန်လက်၌ သူတော်စင်များ ဆုံးရှုံးခဲ့ရပြီး အများအပြား ဒဏ်ရာ ရရှိထားသည်။

တစ်နည်းအားဖြင့် ဆိုရသော် သူတို့၏ သူတော်စင် သခင်များကို စေလွှတ်ခြင်းသည် သေခြင်းသို့ ပို့ဆောင်ခြင်း မည်၏။

“ ဒီနေ့အတွက် ... ငါတို့ ရှုံးနိမ့်တာကို ဝန်ခံပါတယ်၊ သက်တံဓား မျိုးရိုးက တကယ်ကို အထင်ကြီးစရာပဲ ... သက်တံဓား တစ်ယောက် သူ့ဒုက္ခကို ခံနိုင်ရည်ရှိဖို့ မျှော်လင့်ပါတယ်။ ”

ထိုစကားကြောင့် ယဲ့ကူဟန်က ပြုံးပြီးစကားမဆိုချေ။ လင်းယွန်သည်သာ ဒေါသတကြီးဖြင့်၊

“ ဒါ ... မင်းအလုပ် မဟုတ်ဘူး ငါ့ဆရာ အောင်မြင်လိမ့်မယ်၊ အရှေ့ဘက် ပျက်စီးမြေရဲ့ သခင်က မင်းတို့နဲ့ တျန်ရွှမ်ဇီ မဟုတ်တာတော့ သေချာတယ်။ ”

-ဟု ပြန်ပြောလိုက်သည်။

တံဆိပ်တစ်ထောင် မဟာ သူတော်စင်က ဓားသေတ္တာကို ပုတ်ထုတ်လျက် မြင့်မြတ်သော အသူရာ သူတော်စင် ဘုရင်၏ ခန္ဓာကိုယ်ကို ပြန်ယူ လိုက်သည်။

ခန္ဓာကိုယ် ပျက်စီးသွားသော်လည်း စိတ်ဝိညာဉ် အသက်ရှင် နေသေး၏။ သို့သော် ရုပ်ပျက်ဆင်းပျက် ဒဏ်ရာများကို မြင်ချိန်၌ ဟွာကျင်းယွီ သေဆုံးသွားပုံကို ပြန်သတိ ရကာ မျက်နှာမည်းမှောင်သွားသည်။

“ သွားကြရအောင် ... ။ ”

ထို့နောက် အံကြိတ်လျက် ထွက်ခွာ သွားမိသည်။ အရာအားလုံး ပြီးဆုံးသွားကြောင်း ညွှန်ပြနေခဲ့၏။

သို့သော် သက်တံဓား သူတော်စင် ဒုက္ခ ခံယူချိန်၌ နောက်ဆုံးသော သူတော်စင် တိုက်ပွဲ ဖြစ်ပွားမည်မှာ သေချာနေသည်။

“ ကောင်လေး ... နတ်မီးတောက် အတွက် ကျေးဇူးတင်ပါတယ်။ ”

အဖြူဝတ် အဖိုးအိုက ပြောသည်။ သူ့အမည်မှာ မိုးကောင်းကင် မဟာသူတော်စင် ဖြစ်၏။

“ မိုးကောင်းကင် မဟာ သူတော်စင် မင်းအနေနဲ့ ... ငါ့ညီလေးကို ကောင်လေးခေါ်ဖို့ မသင့်လျော်တော့ဘူး ထင်တယ်၊ သူက ဓားသူတော်စင် ဖြစ်နေပြီ။ ”

ယဲ့ကူဟန်က ပြုံးလျက် ဝင်ပြောသည်။

“ ဟား ဟား ဟား ... ပန်းသင်္ချိုင်း ဓားသူတော်စင်ကို ကျေးဇူးတင်ပါတယ်။ ”

ကျန်လူများကလည်း လက်ချောင်းများ အချင်းချင်း ရောယှက်လျက်၊

“ ပန်းသင်္ချိုင်း ဓားသူတော်စင်ကို ... ငါတို့ ကျေးဇူးတင်ပါတယ်။ ”

-ဟု လိုက်ပါ ရွတ်ဆိုလိုက်ကြသည်။

“ အဲဒါက ဘာမှ မဟုတ်ပါဘူး ... အားလုံး ယဉ်ကျေးလွန်းပါပြီ။ ”

ဤမြင်ကွင်းကြောင့် ယဲ့ကူဟန်က ပြုံးပြီး ခေါင်းညိတ်၏။ သူ့ညီလေးသည် ဓားသူတော်စင် ဖြစ်နေပြီ ဖြစ်သဖြင့် ကိုယ်ဟန် အမူအရာအပေါ် ထိန်းသိမ်းထားရပေမည်။

( မဆိုးပါဘူး ... ဒီကောင် ကြီးပြင်းလာပြီ။ )

အတွေးဖြင့် လင်းယွန် ပခုံးကို ပွတ်လိုက်သည်။ ကျိကျစ်ရှှီက တောက်ပသော မျက်လုံးများဖြင့် ရှေ့လှမ်းတက် လာ၏။

“ အစ်ကိုကြီးလင်း၊ မင်း ငါတို့နဲ့အတူ နတ်ဖီးနစ်တောင်ကို ဘာလို့ လိုက်မလာတာလဲ မင်းပေးတဲ့ ကတိကို မေ့သွားပြီလား။ ”

***

All Chapters