နဝမမြောက် သမီးတော်။
Vol. 164 Ch. 2296
ကျိကျစ်ရှီ၏ စိတ်အားထက်သန်စွာ ဖိတ်ခေါ်မှုကို မြင်သော် မိုးကောင်းကင် မဟာ သူတော်စင်က ပြုံးပြီး၊
“ ရိုးစင်းလွန်းပါတယ် ... သက်တံဓား သူတော်စင် တပည့်ကို ပြန်ပေးဆွဲဖို့ ... ကြိုးစား နေတယ်လို့ ထင်ကုန်ကြလိမ့်မယ်၊ ဒီလိုဆိုရင် အသူရာမြစ်ဓား သူတော်စင်က ငါတို့ကို ဖြေရှင်းချက်တောင်းမှာ သေချာပြီ။ ”
ကျိကျစ်ရှီ၏ အပြစ်ကင်းစင်မှုနှင့် နှိုင်းယှဉ်ပါက သူသည် ပို၍ အတွေ့အကြုံရှိပြီး ၎င်းကို အပြုံးဖြင့် ဖြတ်ကျော်ပြခဲ့သည်။
“ ဟား ဟား ဟား ... အဲဒါက ချဲ့ကား လွန်းတယ် ... နောက်ဆုံးတော့ မိုးကောင်းကင် မဟာသူတော်စင်က ငါ့ညီလေးကို ဖိတ်ခေါ်တဲ့ အတွက် ကောင်းကင် တာအိုဂိုဏ်းကို ပြန်မယ့် အစား လိုက်သွားတာ ကောင်းပါတယ်။ ”
လင်းယွန်က ယဲ့ကူဟန် အစီစဉ်ကို လက်ခံပြီး နတ်သွေးသစ်သီး ထုတ်ယူကာ ၎င်းထံ ကမ်းပေးလိုက်၏။
“ ဒါ ... ဆရာကို ပေး ပေးပါ။ ”
“ အိုး မူလနဂါး မဟာ သူတော်စင်က ကံကောင်းပုံရတယ် နတ်ဘုရားအသွေးတော်က မဟာသူတော်စင်တွေ အပေါ်တောင် သက်တမ်း တိုးနိုင်ပါတယ် ကောင်းပြီ ငါပေးလိုက်မယ်။ ”
နတ်ဘုရား အသွေးတော် သစ်သီးကို လွယ်ကူစွာ လွှဲပြောင်းပေးနေသည့် လင်းယွန်ထံ လူတိုင်းက အံ့ဩစွာ ကြည့်နေမိသည်။ ပထမ နတ်မီးတောက်၊ ယခု နတ်ဘုရားအသွေးတော် ဖြစ်၏။
“ ကောင်းလိုက်တာ လင်းယွန်က ရတနာနှစ်ခု ရထားတာပဲ ... ဒါပေမယ့် နှစ်ခုလုံး သူ့အတွက် မဟုတ်တာ နှမျောစရာပဲ။ ”
“ ပန်းသင်္ချိုင်းက လေးစားစရာပါ။ ”
“ မင်း သူ့ကို ဓားသူတော်စင်လို့ ... ခေါ်သင့်ပြီ မရိုမသေ မလုပ်ပါနဲ့ ... နတ်ဖီးနစ် တောင်က လူတွေတောင် ... ပန်းသင်္ချိုင်း ဓားသူတော်စင်လို့ ခေါ်နေရပြီ။ ”
“ ဟား ဟား ဟား ... တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ... အသက် သုံးဆယ်တောင် မပြည့်သေးတာ ဘယ်သူက ဓားသူတော်စင်လို့ တွေးမိမှာလဲ။ ”
လူတိုင်းက လင်းယွန် အသက် (၃၀) မပြည့်သေးသည်ကို သတိရကုန်၏။ ကျိကျစ်ရှီမှ လီဖေးပိုင်ကိုလည်း ဖိတ်ခေါ်ခဲ့သည်။
“ အစ်မပိုင် ... မင်းလည်း ဘာလို့ မလိုက်လာရတာလဲ။ ”
သူမက လီဖေးပိုင် လက်ဖဝါးကို ဆုပ်ကိုင်လျက် ပြုံးပြလိုက်၏။ လီဖေးပိုင် သည်လည်း ပြုံးလျက် ခေါင်းယမ်းကာ၊
“ ငါ မစ်ရှင်တစ်ခုအတွက် ကောင်းကင်ဘုံ နိဗ္ဗာန်ကို လာခဲ့တာ ... ဒါကြောင့် ရလဒ်တွေကို အစီရင်ခံဖို့ ပြန်သွားရဦးမယ်။ ”
“ ဒါဟာ ဝိညာဉ်နတ်မိစ္ဆာ မိသားစု အကြောင်း မဟုတ်လား။ ”
မိုးကောင်းကင် မဟာ သူတော်စင်က ဝင်မေးသည်။ လီဖေးပိုင်က ခေါင်းညိမ့်လိုက်ပြီး၊
“ တောင်ပိုင်း ဧကရာဇ်ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က တံဆိပ် အားနည်းခြင်း ရှိ-မရှိ လာကြည့်တာ ... တားနိုင်ရင် သူတို့ကို တားဖို့ အမိန့်လည်း ပါရှိတယ်။ ”
-ဟု ပြန်ဖြေ၏။
“ ကောင်းကင်လမ်း ပျက်စီးသွားပြီ၊ ဒါကြောင့် သူတို့ လုပ်နိုင်တာ ... ဒီမှာ ဘာမှ မရှိတော့ ပါဘူး။ ”
“ အဲဒီလိုတော့လည်း မဟုတ်သေးဘူး၊ ကောင်းကင် နိဗ္ဗာန်နယ်မြေမှာ မြင်ရတဲ့ အတိုင်း ဆိုရင် အခြေအနေ မကောင်းသေးဘူး၊ ...
... ဒါပေမယ့် ခွန်လွန်က လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကလို ... မဟုတ်တော့တာ သေချာတယ် ... အရမ်းကြီးလည်း စိုးရိမ်နေစရာ မလိုသေးပါဘူး။ ”
လီဖေးက လင်းယွန်ထံ လှည့်ကြည့်ပြီး၊
“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က ဧကရာဇ်ကိုးပါး ပေါ်လာပြီး အမှောင်ခေတ်ကို အဆုံးသတ် ပစ်လိုက်တယ်၊ အခု နှစ်ပေါင်း သုံးထောင်ကုန်ပြီးတဲ့ နောက်မှာ ... လူငယ် သူရဲကောင်းတွေ ရှိလာပါပြီ။ ”
-ဟု ပြောကြားလိုက်သည်။
လင်းယွန်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊
“ မင်းမှာ ဒီလောက် ကြီးလေးတဲ့ တာဝန်တစ်ခု ရှိလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး ဒါပေမယ့် မင်းပြောတာ မှန်ပါတယ် ...
... ငါသိထားတာ အရဆိုရင် ကောင်းကင် နိဗ္ဗာန်နယ်မြေလို နေရာမျိုး ဒီနတ်ဘုရားသင်္ချိုင်း တောင်တန်းကြီး ပေါ်မှာ အများအပြား ရှိတယ်၊ ဝိညာဉ် နတ်မိစ္ဆာမိသားစုက အချိန် ယူပြင်ဆင် နေကြတယ်။ ”
-ဟု သတင်းပါး လိုက်သည်။
“ ကောင်းပြီ ... ငါ အခု အနားယူတော့မယ်။ ”
လီဖေးပိုင်က ပြုံးကာ နှုတ်ဆက်သည်။ သူမသည် ဧကရာဇ်မျိုးနွယ်စု ရှစ်ခုမှ ဆင်းသက် လာသော်လည်း လင်းယွန်အတွက် စိုးရိမ်နေ သောကြောင့် လိုက်ပါနေခဲ့ခြင်း ဖြစ်သည်။
“ ဂရုစိုက်ပါ ... ငါအားရင် မင်းကို လာရှာမယ်။ ”
အရာအားလုံး ပြီးဆုံးသည့်နောက် ထွက်ခွာရန်သာ ကျန်ရှိတော့၏။ လီဖေးပိုင် ပုံရိပ်ပျောက်ကွယ်တော့မည့် အချိန်၌ အော်ဟစ်လိုက်သည်။
နောက်ဆုံးတွင် သူတို့ အချင်းချင်း ရန်ဖြစ်ကြပြီး တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ကူညီခဲ့ကြသည်။
“ ကောင်းပြီ ... ။ ”
လီဖေးပိုင်က ပျံသန်းနေရာမှ လှည့်ကြည့်ကာ လက်ဝှေ့ယမ်းလျက် အသိအမှတ်ပြု သွား၏။
“ အစ်ကိုကြီးနဲ့ ... မိုးကောင်းကင် မဟာ သူတော်စင် ကျွန်တော့်ကို အချိန် နည်းနည်း ပေးပါ။ ”
လင်းယွန်က ခရမ်းငယ်ထံ ပြေးသွားတော့သည်။ ယဲ့ကူဟန်က မေးစေ့ကို ကိုင်ကာ၊
“ အစ်ကို မိုးကောင်းကင် သူ့အကြောင်းကို မင်းသိလား … ဖီးနစ်မျိုးနွယ်ရဲ့ ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီဆိုတာ ဘယ်သူလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
ကြယ်မြစ် သူတော်စင် ဘုရင်နှင့် ကျောက်စိမ်းကြာပန်း သူတော်စင် ဘုရင်က ထိုမေးခွန်းကြောင့် တုံ့ဆိုင်းကုန်ကာ မျက်နှာများ ပြောင်းသွားသည်။
မိုးကောင်းကင် မဟာသူတော်စင် သည်သာလျှင် မျက်နှာ ပြောင်းလဲခြင်းမရှိဘဲ ပြုံးလျက်၊
“ ခွန်လွန်မှာ သမုဒ္ဒရာ လေးစင်း ရှိတယ်၊ ပျက်သုဉ်းမြေ ရှစ်ပါးဆိုတာ ကုန်းမြေကြီး ရှစ်ခု၊ ကောင်းကင် သုံးဆယ့်ခြောက်လွှာနဲ့ မြေကမ္ဘာ ခုနစ်ဆယ့်နှစ်ခု ဆိုတာကတော့ ...
... ဧကရာဇ် မျိုးနွယ်စု ရှစ်ပါး သိမ်းထားတဲ့ နယ်မြေတွေပဲ၊ ဒါပေမယ့် ... မင်းက တကယ်ပဲ သူတို့ကို အုပ်စိုးနိုင်တဲ့လူ ဒီကမ္ဘာမှာ ရှိလားလို့ မေးလာရင်တော့ ငါ့အမှာ အဖြေမရှိဘူး ... ။ ”
“ အစ်ကို မိုးကောင်းကင် ... မင်းစကားတွေ ရှည်နေပြီ သူ့နာမည်ကို အရင်က ကြားဖူးလား မကြားဖူးဘူးလား။ ”
ယဲ့ကူဟန်က စိတ်မရှည်စွာဖြင့် ပြုံးပြီး ဖြတ်မေးလိုက်သည်။
“ ငါကြားဖူးပါတယ် ... ဒါပေမယ့် အဲဒါက ငါ့နတ်ဖီးနစ်တောင်ရဲ့ လျှို့ဝှက်ချက်ပဲ မင်းကို အများကြီး မပြောနိုင်ဘူး ... ဒါက ရုတ်တရက် ဆိုတော့ ...
... ပန်းသင်္ချိုင်း ဓားသူတော်စင်ရဲ့ မိတ်ဆွေလေးက ဒီဘွဲ့အကြောင်း ပေါ့ပေါ့ဆဆ ပြောမိလိုက်တာပဲ ဖြစ်ရမယ် ...
... အဲဒီ ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီ အစစ်အမှန်တော့ မဖြစ်နိုင်ပါဘူး။ ”
မိုးကောင်းကင် မဟာ သူတော်စင် စကားကြောင့် ယဲ့ကူဟန်က ခရမ်းငယ်ထံ လှည့်ကြည့် လိုက်မိသည်။
ဤသည်မှာ အဓိပ္ပါယ် ရှိသည်ဟုထင်၏။ တစ်ဖက်လူသည် တံဆိပ် တစ်ထောင် မဟာ သူတော်စင်ကို ခက်ခက်ခဲခဲ ခုခံခဲ့သည်။
အမှန်ပင် ကောင်းကင် တရားစီရင်ရေး ဧကရီဖြစ်က တံဆိပ် တစ်ထောင် မဟာ သူတော်စင် တစ်ယောက် အသက်ရှိတော့မည် မဟုတ်ချေ။
လင်းယွန် ပျံသန်းလာစဉ် အလင်းတိုင် သုံးခုမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ခရမ်းငယ်ကို တောင်ကုန်းတစ်ခုပေါ်တွင် တွေ့ရှိလိုက်ရ၏။
ခရမ်းငယ်က နဂါးလေး ခေါင်းကို ပွတ်သပ်လျက် အနည်းငယ် ကြီးရင့်လာပုံ ရသည်။
နဂါးလေးက သက်တောင့်သက်သာ အသွင်ဖြင့် မျက်လုံးများ မှိတ်ထား၏။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ခရမ်းငယ် ရင်ခွင်မှ ခုန်ထွက်ကာ လင်းယွန်ထံ ပြေးလွှားလာသည်။
လင်းယွန်က ပြုံးပြီး ဆီးကြို ပွေ့ဖက်၏။
“ မင်း အောင်မြင်သွားပြီလား။ ”
နဂါးလေးသည် သူတော်စင် ဖြစ်ပြီးနောက် ယခင်ထက် ပို၍ ပိန်သွားသည်။
“ လူယုတ်မာ ... နင့်ကို ကယ်ဖို့ ... ငါ့အသက်ကို စွန့်ရလုနီးပါးပဲ၊ ဒါကို နောက်ဆုံးမှ ငါ့ဆီလာတယ်လား ...
... ကျိကျစ်ရှီကို လုံးဝ စိတ်မကူးနဲ့ ... အခု နင့်မိန်းမက ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်းထဲမှာ ဆိုတာ သတိရပါ။ ”
ခရမ်းငယ်က လက်ပိုက်ပြီး မကျေမနပ် ပြောကြားလိုက်၏။ လင်းယွန်က နဂါးလေးကို သူမထံ ကမ်းပေးကာ၊
“ မင်း ထွက်လာတော့ ဆုစီယာ ဘယ်လို ပြန်တက်မလဲ။ ”
“ ငါလည်း မထားခဲ့ချင်ပါဘူး ... ဒါပေမဲ့ နင်အန္တရာယ်ကြုံမှာ ကြောက်လို့ သူက အတင်း လွှတ်ခဲ့တာ။ ”
“ အဲဒီ အရိုးလက်ကို နည်းလမ်းတွေ့ပြီလား။ ”
လင်းယွန်က မေးသည်။
“ ဟုတ်တယ် ... အခု အရိုးလက်ကို ချုပ်နှောင် သန့်စင်ပစ်ဖို့ အချိန်နည်းနည်းတော့ ကြာလိမ့်ဦးမယ် … ။ ”
ခရမ်းငယ်က သက်ပြင်းချကာ ပြန်ဖြေ၏။
“ သူက အရိုးလက်ကို သန့်စင်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါကြောင့် သွေးတပ်ရင်းကို တစ်စုံတစ်ယောက်ထံ လွှဲပြောင်း အမိန့်ပေး လာတယ်၊ ဒါနဲ့ သူ ပြန်သွားတဲ့အခါ ဒီလုပ်ရပ် အတွက် ဒုက္ခရောက်လိမ့်မယ်။ ”
ခရမ်းငယ်က မင်္ဂလာပွဲကို ရည်ညွှန်းခြင်း ဖြစ်သည်။ နတ်နဂါးအင်ပါယာသည် ဆုစီယာကို အရိုက်အရာအတွက် ရွေးချယ်ထားကြောင်း မှန်းဆမိ၏။
“ ဘာပဲဖြစ်ဖြစ် သူ့ဘေးမှာ ငါရပ်တည်မယ်။ ”
လင်းယွန်က လေးနက်စွာ ပြောကြားလာသည်။
“ ကောင်းပြီ ... ဒီအကြောင်းကို ထားလိုက်ရအောင်၊ သူတို့ဆီ အလည်သွားဖို့ နင် ကတိပေး လိုက်တာလား။ ”
ခရမ်းငယ်က အကြောင်းအရာကို နတ်ဖီးနစ်တောင်တန်းထံ ပြောင်းလိုက်သည်။ ဓားဂိုဏ်းအတွက် အကူအညီ ရှာရန် သွားလိုကြောင်း သူမ သိ၏။
ဖီးနစ် နှလုံးသား သီချင်းသည် ထိုအချိန်က အကြို ရင်းနှီးမြှုပ်နှံမှုတစ်ခု ပေပင်။ လင်းယွန်မှ ခေါင်းညိမ့်ပြ၏။
“ နင်က တခြား လူတွေအပေါ် ... အမြဲ တွေးပေးတယ် ဒါပေမယ့် နင့်အပေါ်ဘယ်သူများ စဉ်းစားပေးလို့လဲ ... ဒီမင်းသမီးလေး နှလုံးသားကို အနိုင်ယူလိုက်ရင် ...
... ဒါတွေအားလုံး ပြီးသွားမယ့် ကိစ္စပါ၊ ပြီးတော့ ခွန်လွန်ရဲ့ အလှတရား သုံးပါးထဲက တစ်ပါးကို နင်ရမှာ ဘာများ နစ်နာစရာရှိလဲ ... အမှန်တော့ နတ်မီးတောက်ကို သူတို့ သဘောတူမှ ပေးသင့်တယ်။ ”
ထို့နောက် နှစ်ယောက်သား အကြောင်းအရာများကို ပြန်လည် မျှဝေနေ မိသည်။
“ မင်းပြောတာ ငါနားလည်ပါတယ်၊ ဒါပေမယ့် သူတို့ကို လုံလောက်တဲ့ ကျေးဇူးတွေ မပေးဘဲ အသက်စွန့်ဖို့ စေခိုင်းနိုင်မယ်လို့ မင်း ထင်လား။ ”
“ ဘာဖြစ်လဲ ... ဒီအတွက် ငါကူညီလို့ ရတယ်။ ”
“ ကြွားဝါတတ်တဲ့ ကောင်မလေး။ ”
သူမစကားကြောင့် လင်းယွန်က ပြုံးပြီး ခရမ်းငယ် ခေါင်းကို ပုတ်လိုက်၏။ ဤကလေးမ အနေဖြင့် ယခုကဲ့သို့ ဝင့်ကြွားလာချိန်၌ ချစ်စရာ ကောင်းချေပြီ။
“ ဟမ့် ... ဖီးနစ်နှလုံးသား သီချင်းကို ဘယ်သူသင်ပေးလဲ ဆိုတာ မမေ့ပါနဲ့။ ”
“ ကောင်းပြီ ... ငါမင်းကိုယုံပါတယ်။ ”
လင်းယွန်မှ အလေးအနက် မထားဘဲ ခေါင်းညိမ့်လိုက်သည်။ အဆုံး၌ သူမ ခွန်အားမှာ စိတ်ချရသော အဆင့်တွင် မရှိချေ။
အစ်ကိုကြီး ယဲ့ကူဟန်အပေါ် အားကိုး ခဲ့ရသည်။ မဟုတ်သော် တံဆိပ် တစ်ထောင် မဟာ သူတော်စင် လက်၌ ခံစားရပေမည်။
“ ဒါနဲ့ မင်ဂိုဏ်းရဲ့ ဘိုးဘေးက တကယ်ပဲ မင်းတပည့်လား။ ”
“ သိတောင် မဟုတ်ဘူး ... ဒီလို လူမျိုးတွေက ငါ့ကျွန် ဖြစ်ဖို့တောင် မထိုက်တန် လှတာ ... တပည့်ရာထူး အတွက်ဆို ... ပိုပြီး လိုအပ်ချက် မြင့်မားသေးတယ်။ ”
ခရမ်းငယ်က မကျေမနပ် ပြန်ဖြေသည်။ လင်းယွန်မှ ဟာသအနေဖြင့်သာ မေးလိုက်ခြင်း ဖြစ်သောကြောင့် ပြုံးရုံသာ ပြုံးလိုက်၏။
“ ဒါပေမယ့် နတ်ဖီးနစ် တောင်ကိုတော့ စိတ်ဝင်စားတယ်၊ ငါက နတ်ဖီးနစ်ဖြစ်ပြီး သူတို့ အပေါ် အလွယ်တကူ ပေးနိုင်တယ်။ ”
“ ဒါတော့ ယုံတယ်။ ”
လင်းယွန်က ခေါင်းငြိမ့်သည်။ ထိုအချိန်၌ အလင်းတန်း နှစ်ခု လွင့်ပျံလာ၏။ ပိုင်လိရွှမ်နှင့် လွင့်မျောနေသော ရေခွက် ဖြစ်သည်။
“ မင်္ဂလာပါ လူကြီးမင်း။ ”
ပိုင်လိရွှမ်က လက်ချောင်းများ အချင်းချင်း ယှက်ကိုင်ကာ ခရမ်းငယ်ကို နှုတ်ဆက် လာ၏။ လွင့်မျောနေသော ရေခွက်က ပြုံးပြီး လင်းယွန်ထံ ကြည့်သည်။
“ ပန်းသင်္ချိုင်း ဓားသူတော်စင် ... မင်းမှာ ဝိုင်ရှိလား။ ”
“ မရှိဘူး ။ ”
“ ဒါက အဆင်မပြေနိုင်ဘူး။ ”
လွင့်မျောနေသော ရေခွက်က အကြည့်ကို ပြန်ရုတ်ကာ ခရမ်းငယ်ထံ လှည့်ပြီး ပြုံးပြလိုက် တော့သည်။
“ စီနီယာ ... နဝမမြောက် မင်းသမီးက ငါတို့ကို ပြောစရာ ရှိတယ်လို့ မင်းပြောခဲ့တာ သိခွင့်ရှိမလား။ ”
“ နဝမမြောက် သမီးတော်က သူ့ကို မစောင့်ဖို့ မှာလိုက်တယ်၊ ဒီတစ်ကြိမ်တော့ သွေးတပ်ရင်းကို ပြန်မလိုက်နိုင်သေးဘူး၊ အကျိုးဆက်ကို သူ ခံယူမယ်တဲ့။ ”
ထိုစကားကို ကြားသောအခါ ပိုင်လိရွှမ် မျက်နှာ ပြောင်းသွားသည်။ လွင့်မျောနေသော ရေခွက် သည်ပင် အပြုံးများ ပျောက်ကွယ် သွားတော့၏။
***