ကုဒ်အမည် "အဖွား"
Vol. 2 Ch. 15
“ဟဲလို…ဟဲလို နားထောင်နေလားမသိဘူးခင်ဗျ ဟဲလို ။”
“ဒူ…ဒူ…”
ကျန်းရီ သည် ကွန်ပျူတာဖန်သားပြင်ကို တအံ့တသြကြည့်ကာ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ပရိသတ်များကလည်း အံ့သြသွားကြသည်။
ကြည့်ရှု့သူ A-“ဘာဖြစ်နေတာလဲ၊ ဘာလို့ ဖုန်းချလိုက်တာလဲ”
ကြည့်ရှု့သူ B-“ငါတို့ကိုပြန်ခေါ်မလား စောင့်ကြည့်ရအောင်”
ကြည့်ရှု့သူ C-“ဖုန်းမချခင်မှာ အသံတစ်ခု ကြားလိုက်ရတယ်။ အဲဒါက လိုင်းမကောင်းလို့ ဖြစ်တာလားမသိဘူး။”
ကြည့်ရှု့သူ D-“တစ်ခုခုများဖြစ်လို့လား?”
ကျန်းရီ က သူ့ခေါင်းကို ခါယမ်းလိုက်ပြီးတော့ “ငါ မခန့်မှန်းနိုင်တဲ့ မတော်တဆမှုတွေကလွဲလို့ ခုနကဖုန်းက သဘာဝလွန်ဖြစ်ရပ် မဟုတ်ဘူး။”
ကြည့်ရှု့သူ E-“စတွင်မာ၊ မင်းသေချာလား? အိုး… ဒီညကတော့ အံ့သြစရာတွေနဲ့ ပြည့်နေတာပဲ။ အဲဒီ သရဲတစ္ဆေတွေကို ငါ တကယ်ကို ကြောက်မိသလိုတောင် ခံစားရတယ်။
ကျန်းရီ က အနည်းငယ် ပြုံးပြီး ပြတင်းပေါက်ကို ညွှန်ပြကာ - “ဒီကမ္ဘာကြီးမှာ အားလုံးက သူ့စည်းမျဉ်းတွေနဲ့ သူရှိတယ်။ အဲ့ဒီသရဲတစ္ဆေတွေကဘယ်လောက်ပဲ စွမ်းအားကြီးသည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ နေ့ခင်းဘက်တွေ ထွက်ပြီးတော့ မခြောက်နိုင်ဘူး”
အပြင်ဘက်တွင် မိုးလင်းလာသည်ကို ပရိသတ်များ ရုတ်တရက် သတိထားမိလိုက်သည်။
မနက်မိုးတောင်လင်းလာပီပဲ။
အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ဖုန်းကမမြည်တော့ ကျန်းရီ က “ဖုန်းမလာတော့ဘူးလို့ ထင်ရတယ်။ တစ်ခုခုများ ဖြစ်နေမလားမသိဘူး။ ဒါပေမယ့် ငါပြန်ခေါ်တော့ ဆက်သွယ်မှုဧရိယာပြင်ပပဲဖြစ်နေတယ် လိုင်းမကောင်းတာလဲဖြစ်နိုင်တယ်။”
လူတိုင်း နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲတွင် ကျန်းရီအား လက်ဆောင်များ ဆုချနေတော့သည်။
လက်ဆောင်များပေးပြီးနောက် ကြည့်ရှုသူအများအပြားက ပြုံးပြီးတော့ “ဒီညအတွက်ကျေးဇူးတင်ပါတယ် စတွင်မာရေ။ အနားယူလိုက်ပါအုံး၊ ဒီည မင်းကို ငါတို့အားလုံး စောင့်နေတယ်!”
ကျန်းရီ က ပြန်လည်နှုတ်ဆက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကင်မရာကို ပိတ်လိုက်သည်။
ဒါပေမယ့် အနားမယူသေးဘဲ ကွန်ပြူတာရှေ့မှာ ထိုင်ပြီး အချက်အလက်အချို့ကို ကြည့်နေတယ်။
ဒီမနက် တိုက်ရိုက်ထုတ်လွှင့်မှု အပြီးနားမှာ ကြည့်ရှုသူလူပေါင်း ၅၀၀၀ ကျော်ရှိနေပြီဖြစ်သည်။
ဒီအရေအတွက်က မများပါဘူး၊ တိုက်ရိုက်ထုတ်လွှင့်မှု အသိုင်းအဝိုင်းနဲ့ ယှဥ်လိုက်ရင် လမ်းဘေးအဆင့်လောက်ပါပဲ။
ဒါပေမယ့် ဒီမနက် တိုက်ရိုက်ထုတ်လွှင့်မှုအပြီးမှာ စိတ်ဝိညာဥ်ကျောက်စိမ်း နှစ်ထောင်ကျော် လက်ဆောင်ရခဲ့တယ်။
သေခြင်းရှင်ခြင်းပုတီးစေ့က ငါးရာ။
ငရဲဘုရင်ရဲ့ အမိန့်က နှစ်ဆယ်။
ပြီးတော့ အကောင့်ထဲတွင် လျှို့ဝှက်သောရာဇသံ တစ်ထောင်ကျော်ကိုလည်း လက်ဆောင်ရခဲ့တယ်။
အဲ့ဒီလက်ဆောင်တွေကို ပိုက်ဆံနဲ့လဲလိုက်ရင် တစ်ညတာ တိုက်ရိုက်ထုတ်လွှင့်မှု ဝင်ငွေသည် ယွမ် ၂၀၀၀၀၀ ကျော်လောက် ရှိလိမ့်မည်။
လက်ဆောင်တွေကြည့်ပြီးတော့ ကျန်းရီက မချိုပြုံးပြုံးလိုက်မိသည်။ လက်ဆောင်ပမာဏရဲ့ ၈၀% လောက်ကို “ငါးလိုရေသောက်”က ပေးခဲ့တာဖြစ်သည်။
ဒါပေမယ့် ကျန်းရီဂရုစိုက်တာကတော့ လက်ဆောင်တစ်ခုချင်းစီရဲ့ အရေအတွက် ၁၀၀၀၀မပြည့်တာဖြစ်သည်။
အကယ်၍ ပြည့်ခဲ့ပါက သူသည် နောက်လာမည့် သဘာဝလွန်ဖြစ်ရပ်တိုင်းကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။
ကျန်းရီသည် ကွန်ပျူတာကို ခဏကြည့်ပြီးနောက် မတ်တပ်ထရပ်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
မနက်ခင်းရဲ့ ပထမဆုံးနေရောင်ခြည်ကို ခံစားရင်း ကျန်းရီ တိတ်တဆိတ် မျက်လုံးကို မှိတ်ထားလိုက်သည်။
မနက်ခင်းရဲ့ နွေးထွေးတဲ့ နေရောင်ခြည်က အရမ်းသက်တောင့်သက်သာရှိတာက အသေအချာပါပဲ။
………………
ညရောက်လို့လာပါပီ။
“ငရဲ”တိုက်ရိုက်ထုတ်လွှင့်မှုအခန်း။
ကျန်းရီ ကင်မရာကိုဖွင့်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းမှာ လူဘယ်နှစ်ယောက်ရှိနေလဲဆိုတာကို မသိစိတ်ကနေ ကြည့်မိလိုက်တယ်။
၅၃၂၁ ယောက်။
“စတွင်မာရေ ငါတို့မင်းကိုစောင့်နေတာ။ ညစာစားပြီးပြီလား”
ကျန်းရီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ် “စားပြီးပြီ။ မစ္စတာဝူ နဲ့ ရှောင်ယွီ ဒီမှာရှိနေလားမသိဘူး။”
ကျန်းရီက မစ္စတာဝူ အဖြစ်အပျက်က အရိုးတွေနဲ့ ရှောင်ယွီကိစ္စကို မမေ့သေးတဲ့အတွက် လိုင်းပေါ်တက်တက်ခြင်း ပထမဆုံး သူတို့ရှိမရှိမေးတာပါပဲ။
မစ္စတာဝူက အဲ့အချိန်တွင် ဗီဒီယိုထဲကို ရောက်လာခဲ့သည်။ သူက ဆေးရုံမှာ လဲလျောင်းနေပြီး သူ့မျက်နှာကတော့ အနည်းငယ် သွေးရောင်သန်းနေပြီဖြစ်သည် ။
“မစ္စတာ ကျန်း ငါ…”
မစ္စတာဝူသည် ဆေးရုံကုတင်မှ ထကာ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းဆီသို့ ၉၀ ဒီဂရီ ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ အသက်ကယ်တဲ့ ကျေးဇူးကို မမေ့ပါဘူး။ နောင်တစ်ချိန်မှာ အကူအညီလိုရင်လည်း အချိန်မရွေးပြောနိုင်ပါတယ်။ ကျေးဇူးပြန်ဆပ်ဖို့ အခွင့်အရေးရရင်ပဲ ကျေနပ်ပါပြီ။”
ကျန်းရီက ပြုံးပြီးတော့”မစ္စတာဝူ၊ မင်းရဲ့စကားတွေကို မှတ်ထားလိုက်ပါ့မယ်။ အခု ငါနဲ့ တခြားပရိသတ်တွေက သားအမိနှစ်ယောက်ရဲ့ အရိုးကိစ္စက ဘယ်လိုအဆုံးသတ်သွားတယ်ဆိုတာကို အရမ်းစိတ်ဝင်စားနေကြပြီ။ ငါတို့ကို တစ်ခုခုပြောပြပေးနိုင်မလား၊ ရှင်းပြပါဦး?”
“ကိစ္စမရှိပါဘူး၊ အဲ့သားအမိကိစ္စကို စုံစမ်းပြီးပါပြီ၊ သူတို့နှစ်ယောက်က အသတ်ခံလိုက်ရတာ။
အဲ့အချိန်က သားအမိနှစ်ယောက်အသတ်ခံရပြီးနောက် သူတို့ကို မြို့ဟောင်းရဲ့မြောင်းထဲမှာ ပစ်ချခံခဲ့ရတာ။
မူလက မြို့ဟောင်းကို အသစ်အဖြစ် ပြန်လည်ပြုပြင်ခဲ့တုန်းက သားအမိနှစ်ယောက်ရဲ့ အလောင်းကို တူးဖော်လိမ့်မယ်လို့ မျှော်လင့်ခဲ့ရတာပေါ့။
ဒါပေမယ့်လည်း ဘယ်သူကထင်ခဲ့မှာလည်း အဲ့ဒီညမြေဖို့တုန်းက မြေဖို့တဲ့ကောင် မြောင်းကိုသေသေချာချာမကြည့်ပဲနဲ့ တိုက်ရိုက် မြေဖို့လိုက်တာပါပဲ။ “
“ဟေး၊ သရဲမ အရမ်းအငြိုးကြီးတာလည်း မဆန်းပါဘူး။ သူမ ဇောက်ထိုးဖို့ခံလိုက်ရပြီးတော့ အဲ့အညစ်အကြေးတွေထဲမှာ နှစ်ပေါင်းများစွာ အမြှုပ်ခံလိုက်ရတာ ပြီးတော့ သူ့ကလေးကလည်း ပါသေးတယ်။ လောင်ချန်းက တမင်တကာခံလိုက်ရတာပဲ။ ငါသာ စတွင်မာနဲ့ မတွေ့ခဲ့ရင် ဘယ်လိုဖြစ်မလဲတောင်မသိဘူး၊ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ဘယ်သူကပြောနိုင်မှာလဲ… တွေးကြည့်တာနဲ့တင်လန့်တယ်။”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များကလည်း သက်ပြင်းကို အထပ်ထပ်အခါခါ ချပြီးတော့တစ်စုံတစ်ဦးက “ရဲက ဒီအမှုကို စုံစမ်းပြီးပြီလား” ဟု မေးသည်။
“ သူတော်ကောင်း နတ်ကောင်းမတာပဲဗျာ။
အဲ့အမျိုးသမီးက အသတ်ခံရတုန်းက လူသတ်သမားရဲ့ တစ်စုံတစ်ရာကို လှမ်းဆွဲမိပုံပေါ်တယ်။
သေဆုံးသူ၏ မိသားစုဝင်တွေက အဲ့ပစ္စည်းတွေ့လိုက်တာနဲ့ ချက်ချင်း မှတ်မိလိုက်တယ်။
သူမတို့ကို သတ်ခဲ့တာက သူမရဲ့ယောကျာ်းပဲ။
အဲ့လူယုတ်မာက လူစိတ်ရှိတဲ့ကောင်မဟုတ်ဘူး။
အဲ့ချိန်မှာ သူက ငြင်းချင်သေးတာ ရဲတွေက သူကို စစ်ဆေးမေးမြန်းတုန်းက သက်သေပြလိုက်မှသာ မငြင်းတော့ပဲ ဝန်ခံခဲ့တာ။
အပြင်မှာ မယားငယ်တစ်ယောက်ရှိတာကြောင့်မလို့ သူ့မိန်းမကို ကွာရှင်းခိုင်းတယ်၊ ဒါပေမယ့် ဇနီးသည်က ငြင်းဆိုတာကြောင့် ဒေါသထွက်ပြီး လက်ပါမိတာ။
သားအမိနှစ်ယောက်လုံး အသက်ခံလိုက်ရတာ။
နောက်ဆုံးမှာ၊ အဲ့လူက အဲ့သားအမိ ပျောက်ဆုံးနေကြောင်း လိမ်လည်ပြောဆိုခဲ့တာ။
ရဲတပ်ဖွဲ့ကလည်း အချိန်အတော်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီး နောက်ဆုံးမှာတော့ မဖြေရှင်းနိုင်တဲ့ အမှုတစ်ခု ဖြစ်လာခဲ့တယ်။”
မစ္စတာဝူက ပြောပြီးတဲ့နောက်မှာတော့ သူက ဆက်ပြီးတော့ “အဲ့ခွေးကောင်က အသက်ကိုမရှင်သင့်တာ။
ဒါပေမယ့် အခုက တရားရင်ဆိုင်နေဆဲဖြစ်ပေမယ့် သေဒဏ်ချမှတ်ခံရဖို့က ဖြစ်နိုင်ခြေ မြင့်တယ်လို့ရဲတပ်ဖွဲ့က ပြောခဲ့တယ်။
ဒီကမ္ဘာမှာ ဒီလိုခွေးမျိုး ကရှိကိုမရှိသင့်တာ။ အဲ့သားမိနှစ်ယောက်နဲ့ လောင်ချန်းက ဘယ်လောက်သနားစရာ ကောင်းလိုက်လဲ။”
“ကဲပါ အခု တရားခံကိုလည်း ဖမ်းမိပြီးသွားပြီဆိုတော့ ဒီကိစ္စက ပြီးပြည့်စုံစွာ အဆုံးသတ်သွားပီလို့ ဆိုနိုင်တယ်။
မစ္စတာဝူလည်း ကောင်းကောင်းအနားယူတော့။
အထူးသဖြင့် ဟန်ကျိုး လို နေရာမျိုးမှာ အိမ်ဝယ်ဖို့ဆိုတာ မလွယ်ဘူး။
Jinlong ရေကန်ကိစ္စက အခုရှင်းလင်းသွားပြီဆိုတော့၊ ပြန်လည်သက်သာပြီး အဲဒီနေရာကို အသွားအပြန်လုပ်တဲ့အခါ ကြောက်ဖို့မလိုတော့ဘူး။”
မစ္စတာဝူက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြီး “ကောင်းပါပြီ၊ ငါမကြောက်တော့ပါဘူး။ အခု ငါ့မှာ စတွင်မာရှိတယ်လေ၊ တကယ်ကြောက်စရာ မလိုတော့ဘူး”
ကျန်းရီက ရယ်မောလိုက်ပြီးတော့ အကောင့်တစ်ခုဝင်လာတာကို သတိထားမိပြီး “ရှောင်ယွီ မင်းရောက်လာပြီလား” လို့ အော်လိုက်ပါတယ်။
“စတွင်မာအစ်ကိုကြီးရေ၊ ကျွန်မ စိတ်ကျန်းမာရေးဆေးရုံကို အားယုကိုပို့ပြီး အခုမှထွက်လာတာ။ ဒါပေမယ့် ချင်းချင်း က တစ်ခါမှ မထွက်လာဘူး” ရှောင်ယွီက တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြောပြခဲ့သည်။
ဒါပေမယ့် ကျန်းရီရဲ့မျက်နှာမှာ အံ့သြပုံမပြဘဲ ပရိသတ်တွေက “ဘာလို့ စိတ်ကျန်းမာရေးဆေးရုံကိုရောက်သွားခဲ့ရတာလဲ၊ အဲဒီမိန်းမက စိတ်ကျန်းမာရေးဆေးရုံကိုအားကိုးပြီး အပြစ်ကထွက်ပြေးချင်နေတာလား။”
“တကယ်တော့၊ ကျွန်မတို့ဖြစ်ပျက်ခဲ့တာတွေကို သူတို့ ကိုယ်တိုင် မျက်စိနဲ့ မမြင်မချင်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။
ချင်းချင်းက သူမကိုယ်ထဲကိုဝင်ပြီးတော့ အရာအားလုံးကို ရဲစခန်းမှာ ဝန်ခံခဲ့တယ်။
ဒါပေမယ့် ရဲတွေက မယုံတဲ့အတွက် ချင်းချင်းက သူမကို ရဲစခန်းက ပစ္စည်းတော်တော်များများကို ပေါက်ကွဲဖျက်စီးစေခဲ့တယ်။
နောက်ပိုင်းမှာတော့ အားယုက စိတ်ရောဂါရှိနိုင်တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိပြီး ကျွမ်းကျင်သူတွေကိုခေါ်ခဲ့တယ်။
ကျွမ်းကျင်သူတွေရဲ့ အဖြေကတော့ သူမကပြင်းထန်တဲ့ စိတ်ကစဉ့်ကလျားရောဂါ ဖြစ်နေပြီဆိုတာပဲ ။
ချင်းချင်းနဲ့ ကျွန်မ စကားမပြောရပေမယ့် သူ့လုပ်ရပ်ကနေ ဘာကိုပြောချင်တယ်ဆိုတာ ကျွန်မနားလည်လိုက်တယ်
“တချို့အပြစ်တွေက တရားခံက သေပေးယုံနဲ့ သူတို့အပြစ်တွေကို လွယ်လွယ်နဲ့ ဆပ်လို့မရဘူးဆိုတာ ပြောချင်တာထင်တယ်။
ဒီလိုပတ်ဝန်းကျင်မျိုးမှာ၊တစ်နေ့ ချင်းချင်းက သူ့ကိုယ်ထဲကထွက်သွားရင်တောင် သူမမှာ စိတ်ရောဂါဖြစ်လာလိမ့်မယ်။”
ဒါပေမယ့် ရှောင်ယွီက စိုးရိမ်စိတ်ဖြင့် “စတွင်မာအကိုကြီး ချင်းချင်း ကအားယုကို သတ်မယ်လို့ထင်လား။”
“မလုပ်ပါဘူး၊ ငါသူ့ကိုစောင့်ကြည့်နေတယ်။ အားယုက သူ့အပြစ်တွေဆပ်ပြီးရင် ချင်းချင်းက သဘာဝအတိုင်းထွက်သွားလိမ့်မယ်။”
ကျန်းရီက စကားပြောပြီးသွားတော့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေက ရုတ်တရက် သတိဝင်လာပြီး “အဖြစ်အပျက်နှစ်ခုလုံးကတော့ ကောင်းမွန်စွာနဲ့အဆုံးသတ်သွားတာပဲ။
အဲ့မိန်းမယုတ်ကို လွယ်လွယ်နဲ့ ပေးသေလို့မရဘူး၊ မဟုတ်ရင် သူမသတ်ခဲ့တဲ့ လူတွေအတွက် မတရားရာကြသွားမှာပေါ့ စိတ်ကျန်းမာရေးဆေးရုံက သူမအတွက် အသင့်တော်ဆုံးပဲ။”
“သြော်၊ ဒါနဲ့ စတွင်မာအကိုကြီး၊ မင်းအကြောင်း ငါ ရဲကို မပြောတဲ့အတွက်။ သူတို့ မသိသေးဘူး။” ရှောင်ယွီက အဲဒီအချိန်မှာ ပြောလိုက်ပါတယ်။
မစ္စတာဝူကလည်း “ဟုတ်တယ်၊ ရဲတွေကြောင့် စတွင်မာ အနှောက်အယှက်ဖြစ်မှာစိုးလို့၊ ငါလည်းသူတို့ကို မပြောခဲ့ဘူး” ဟု ပြောသည်။
ကျန်းရီက “မင်းတို့မပြောသရွေ့ တစ်နေ့သူတို့ သိသွားရင်တောင် ကိစ္စမရှိပါဘူး”
“ဒါဆို စတွင်မာရေ ရှောင်ယွီကိစ္စကို ကုဒ်နာမည်ပေးဖို့ လိုတယ်မလား”
ပရိသတ်တွေက ရုတ်တရက် မေးလာတဲ့အခါမှာ ကျန်းရီက “နာမည်ကို တွေးပြီးပြီ၊ အဲဒါကို အဖွားလို့ခေါ်ရအောင်။
“နာမည်က “အဖွား” ဟုတ်ပြီ၊ ဒီနာမည်က ကောင်းတယ်၊ အဖွားလို့ ခေါ်ရအောင်!”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူအားလုံးက ၎င်းကို အသိအမှတ်ပြုခဲ့ကြသော်လည်း ရှောင်ယွီမှာ အနည်းငယ် ရှုပ်ထွေးနေပြီး ကျန်းရီက ဤဖြစ်ရပ်အတွက် ကုဒ်အမည်အဖြစ် “အဖွား”ကို ဘာကြောင့် အသုံးပြုရကြောင်း နားမလည်ခဲ့ပေ။
သို့သော် သူမ မမေးမှီ မနက်က တဝက်တပြတ်နဲ့ ကျသွားတဲ့ဖုန်းက ရုတ်တရက်ဝင်လာသည်။
ဘိ...ဘိ...!