တောင်ကုန်းပေါ်က အခေါင်း
Vol. 2 Ch. 16
ဖုန်းမြည်သံက မူလစကားပြောခန်းကို အနှောင့်အယှက်ပေးခဲ့သည်။
ဒီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေကလည်း အရမ်းပျော်နေပြီး “ဒီနေ့ မနက်က ခေါ်တဲ့သူပဲ ဖြစ်မယ်” လို့ ပြောနေကြတယ်။
ကျန်းရီက ဖုန်းကိုင်လိုက်ပြီး "ဟဲလို၊ မင်းက ဒီမနက် ဖုန်းဆက်တဲ့ လူကြီးမင်းလား။"
"ဟုတ်ပါတယ် ကျွန်တော်ခေါ်ခဲ့တာပါ"
ဖုန်း၏အခြားတစ်ဖက်မှ အသံတစ်ခုထွက်ပေါ်လာပြီးတော့ ကျန်းရီက သက်ပြင်းတစ်ချက်ချကာ "ဒါဆို မနက်က ဘာလို့ ရုတ်တရတ် ဖုန်းချလိုက်တာလဲ"
" ငါ မင်းကို ဖုန်းခေါ်တုန်းက လိုင်းပြတ်သွားတာ၊ အဲဒီအချိန်မှာ ငါ့ဖုန်းကလည်း ဘက်ထရီကုန်သွားတယ်။ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုတောင် ငါ မကြည့်လိုက်ရဘူး။"
အကြောင်းပြချက်ကတော့ မမျှော်လင့်စွာပါပဲ ဒါပေမယ့် ကျိုးကြောင်းဆီလျော်နေပုံရသည်။
ကျန်းရီက ပြုံးပြီး ခေါင်းညိတ်လိုက်တယ် "မင်းနေကောင်းတယ်ဆိုရင်လဲ ငါတို့အားလုံးစိတ်အေးရပါတယ်။ ဒီမနက် ဖုန်းထဲမှာ မင်းအရမ်းစိတ်လှုပ်ရှားနေပုံပဲ။ မင်းကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ငါတို့ကို ပြောပြလို့ရမလား။"
"ကောင်းပါပြီ၊ သွားရင်းလာရင်း စကားပြောပါရစေ။ ငါ့မျိုးရိုးနာမည်က ဟွမ် ပါ၊ ငါက Shun'an မြို့က ကျေးလက်ရွာသားပါ။ နေလကန်က ရေလှောင်ကန်မှာ ငါးကန်တစ်ကန်ငှားပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ငါးမွေးမြူရေးသမားပါ။"
"မင်းရဲ့ လေယူလေသိမ်းက ဟန်ကျိုးအလယ်ပိုင်းကလို့ ပြောလို့ရတယ်၊ ဒါပေမယ့် မင်း အခု အိမ်မှာ မဟုတ်ဘူးလား"
ကျန်းရီက မေးလိုက်ပြီး မစ္စတာဟွမ်က "မဟုတ်ပါဘူး၊ ငါ အခု ငါ့ငါးကန်ကို လမ်းလျှောက်သွားနေတာပါ။"
"ကောင်းပြီ မစ္စတာဟွမ်၊ မင်းငါးကန်ကိုရောက်မှ ငါတို့စကားပြောကြမယ်။ လမ်းမှာ ဘေးကင်းအောင် ဂရုစိုက်ပါ။"
ကျန်းရီက ညဘက်တွင် လမ်းလျှောက်ရင်း စကားပြောရန် အဆင်မပြေမှာစိုးသောကြောင့် မစ္စတာဟွမ်နှင့် စကားစမြည်ကို ခဏနားလိုက်သည်။
ဒါပေမယ့် သူစကားပြောပြီးတာနဲ့ မစ္စတာဟွမ်က ကမန်းကတန်းဖြင့် "မဟုတ်ဘူး၊ ငါတို့သွားရင်းနဲ့ပြောကြရအောင်။ မင်းက ဒီလိုကိစ္စတွေမှာကျွမ်းကျင်သူတစ်ယောက်ဆိုတာ ငါသိတယ်။ မင်းစောစောက ဖြေရှင်းခဲ့တဲ့ အဖြစ်အပျက်နှစ်ခုကို ငါမြင်ပြီးပြီ၊ အဲ့ဒီမှာ မင်းရဲ့ တကယ့်အစွမ်းအစကို ငါသိလိုက်ရတယ်၊ ဒါကြောင့် မင်းနဲ့စကားပြောနေရင် ငါ့ရဲ့ကြောက်စိတ်ကို လျှော့နည်းစေလိမ့်မယ်!"
"အစ်ကိုဟွမ်၊ လမ်းမှာ တစ်ခုခုဖြစ်သွားမှာ မင်းကြောက်နေတာလား"
"ငါကြောက်ရင်တောင်မှ ငါပြောစရာရှိတာပြောရမယ်။ ငါမပြောရင် ဒီကိစ္စက ငါ့နှလုံးသားထဲကို စိုက်ဝင်နေတဲဲ့ ဆူးတစ်ချောင်းလိုပဲ"
"ငါလုပ်နိုင်တာလဲ ဘာမှမရှိဘူး။
ကျွန်တော်အခု ဒုက္ခရောက်နေပေမယ့် ငါးကန်ထဲမှာလည်း မကောင်းတာတွေရှိတယ်ဆိုတာ သိပေမယ့် မိဘတွေက ဆေးကုသဖို့ ပိုက်ဆံလိုသေးသလို ကလေးတွေကလည်း ကျောင်းတက်ဖို့ ပိုက်ဆံလိုတယ်။
ငါ့ယောက္ခမ စားဖို့သောက်ဖို့လည်း ပိုက်ဆံကလိုသေးတယ်။
ငါကြောက်ရင်တောင်မှ ဒီအလုပ်ကို ဆက်လုပ်နေရအုံးမှာပဲ"
မစ္စတာဟွမ်၏ စကားများသည် မစ္စတာဝူကဲ့သို့ပင် ကြည့်နေသူများကြားတွင် ပဲ့တင်ထပ်နေသည်။
Jinlong ရေကန်မှာနေရတာကို သူမကြောက်ပဲနေမလား။
သူကြောက်တာပေါ့၊ နေ့ရောညပါ အေးအေးဆေးဆေး နေနိုင်မှာ မဟုတ်ဘူး။
ဒါပေမယ့် Jinlong ရေကန်မှာရှိတဲ့ အိမ်ကို သူစွန့်လွှတ်နိုင်မယ်လို့ ထင်လား။
မဖြစ်နိုင်ဘူး။ နှစ်ပေါင်းများစွာ ကြိုးကြိုးစားစားလုပ်ကိုင်ပြီးနောက်မှာ ထိုအိမ်လေးတစ်လုံး ဝယ်နိုင်ခဲ့တာ။ ရပ်ကွက်က သရဲခြောက်တယ်လို့ မပြောနဲ့။ သူ့အိမ်က သရဲခြောက်နေရင်တောင် ပြန်သင့်တဲ့အချိန် ပြန်သွားရမှာပဲ။
မစ္စတာဟွမ်၏ ခြေသံနှင့် အသက်ရှုသံတို့ကို တိုက်ရိုက်ထုတ်လွှင့်အခန်းထဲတွင် ကြားနေရသည်။ ဟန်ကျိုးအလယ်ပိုင်းက တောင်ထူထပ်ပြီး ငါးကန်က တောင်ကုန်းနှစ်ခု၏ အလယ်တွင်ရှိသည်။
ပြီးတော့ အရမ်းကြီးတဲ့ကန်ကြီး။
မစ္စတာဟွမ်က ဒီငါးကန်ကြီးမှာ ယွမ်သိန်းနဲ့ချီပြီးတော့ ရင်းနှီးမြုပ်နှံထားတာ။
တကယ်လို့ စီးပွားရေးအဆင်ပြေခဲ့ရင် အကုန်လုံးရောင်းချပြီး သူ့မိန်းမနဲ့ ကလေးတွေအတွက် အိမ်ရာသစ်တွေ ဝယ်ပြီး သူ့မိဘတွေကို ရှန်ဟိုင်း ဒါမှမဟုတ် မြို့တော်လို မြို့ကြီးတစ်မြို့ကို ပို့ပေးပြီးတော့ ဆေးကုသမှု ခံယူခိုင်းမယ်လို့ ရည်ရွယ်ထားတာပေါ့။
“ငါးကန်က ငါ့အိမ်နဲ့ မိုင်အနည်းငယ်သာဝေးပေမယ့် တောင်တန်းလမ်းတချို့ကိုတော့ လျှောက်ရသေးတယ်။
ဤနေရာရဲ့ မြေအနေအထားကို လူတိုင်းသိတာပဲ။
တောင်တွေ အများကြီးရှိတာကြောင့် ရှောင်လွှဲလို့မရပါဘူး။
ပြီးတော့ ဒီနေရာကမိသားစုတွေက သေဆုံးသည့်ရက်စွဲပေါ်မူတည်ပြီးတော့ အသုဘတွေကို ဒီတောင်ကုန်းတွေမှာပဲ လာမြှုပ်ကြတာ။
တစ်ချို့လူတွေ ကွယ်လွန်သွားကြတာပေါ့
အဲဒီတော့ ရက်ချိန်းမရောက်သေးတော့ မသင်္ဂြိုလ်ရသေးတဲ့အတွက် ညဘက်မှာ လမ်းလျှောက်ရင်တောင် တောင်ကုန်းတချို့မှာ အခေါင်းတွေကိုတွေ့နိုင်ပါသေးတယ်။”
မစ္စတာဟွမ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက လူတော်တော်များများက လက်မထောင်ပြကြပြီးတော့ အားလုံးက “ဒီမစ္စတာဟွမ်က တော်တော်သတ္တိရှိတာပဲ၊ ညဘက် လမ်းလျှောက်လို့ အခေါင်းတွေ့ခဲ့ရင်တောင် ငါတို့သေအောင်ကြောက်တာ။ "
"ဒါပေမယ့် ငါတို့ဒေသက အသုဘပြုပြင်ပြောင်းလဲရေးမှာ ရှေ့ဆုံးကပါတဲ့အတွက်။ လူအများစုက သေပြီးရင် မီးသဂြိုလ်မယ့်နေ့ကို ရွေးကြတယ်။ ဒါကြောင့် အခေါင်းကို မင်းမြင်ရပေမယ့် တကယ်တမ်းကျတော့ အခေါင်းထဲမှာ အလောင်းမရှိဘူး၊ သေသူရဲ့ ပြာမှုန့်တွေပဲရှိတယ်။
မစ္စတာဟွမ်က စကားအလွန်ပြောတတ်သူဖြစ်ကြောင်းကို ယခု သူ၏စကားများမှ သင်တွေ့နိုင်သည်။
ဒါပေမယ့် ကျန်းရီ ကတော့ မစ္စတာဟွမ်ဟာ အဓိပ္ပါယ်မဲ့ပြောနေတယ်လို့ မထင်ခဲ့မိဘူး။ တောင်ပေါ်မှာ ထားတဲ့ ခေါင်းတလားတွေအကြောင်း ပြောပြတယ်။
အဆိုပါအခေါင်းကို ဒေသခံတွေက စီစဉ်သည့်နေ့အထိ သင်္ဂြိုဟ်မှာမဟုတ်ပါဘူး။ မဟုတ်ရင် နိမိတ်ကောင်းတက်ပါဘူး။ ကျန်းရီက ဟန်ကျိုးအလယ်ပိုင်းကိုရောက်ဖူးတဲ့အတွက် ထိုနေရာရှိ ဓလေ့များနှင့် အနည်းငယ်ရင်းနှီးနေသည်။
နောက်ဆုံးမှာတော့ အသက်အနည်းငယ်ရှူပြီးနောက် မစ္စတာဟွမ်ကရပ်တန့်သွားသည်။
ဖုန်း၏အခြားတစ်ဖက်တွင် သူသည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေပြီးတော့ အဲ့တောင်ထိပ်ကနေ သူ့ငါးကန်ကို မြင်နိုင်နေပြီဖြစ်သည်။
ယနေ့ညတွင် ဟန်ကျိုးအလယ်ပိုင်းရှိ လသည် အလွန်လုံးဝန်းပီးတော့ ရေကန်ပေါ်တွင် လရောင်တောက်ပနေပုံရသည်။
ဒါပေမယ့် မစ္စတာဝူ အတွက်ကတော့ သူမြင်နိုင်တဲ့ အရာတွေများလွန်းတာကြောင့် ညဘက်မှာ လရောင်ကို မကြိုက်ပါဘူး။ ငါးသူခိုးများကလည်း ညဘက်တွေ ဒီလိုအချိန် ထွက်လာခြင်းကို ကြိုက်ကြတယ်၊
မစ္စတာဟွမ်က တောင်ထိပ်ပေါ်တွင် ရပ်ကာ တစ်ဖက်က တောင်ကုန်းကို တွေဝေငေးကြည့်နေတယ်။
အကြောင်းပြချက်မရှိဘဲ သူ့ခန္ဓာကိုယ်ကို နှစ်ကြိမ်ခါယမ်းပြီးတော့ ဒေါသတကြီးနဲ့ "ကျွန်တော့်မိုဘိုင်းဖုန်းက စျေးနည်းပြီးတော့ ကင်မရာကလည်း သိပ်မရှင်းဘူး။ မဟုတ်ရင် စတွင်မာကို ပြဖို့ ဗီဒီယိုခေါ်လိုက်မှာ"
မစ္စတာဟွမ် ပြောတာကိုကြားတော့ ကျန်းရီက "ဗီဒီယိုခေါ်ဆိုမှုသာ ပို့လိုက်ပါ။ ရုပ်ထွက်ကတော့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ အဲဒါကို ချိန်ညှိပေးနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ ကင်မရာမကောင်းတဲ့ အတွက် ရုပ်ထွက်ကတော့သိပ်ကောင်းမှာမဟုတ်ဘူး။"
"အင်း... မေ့လိုက်ပါ၊ ဖုန်းပဲပြောရအောင်။ ဒေတာတွေက အရမ်းဈေးကြီးတယ်။"
"အဆင်ပြေပါတယ် မစ္စတာဟွမ်။ ဒီည မင်းရဲ့ခေါ်ဆိုမှုအားလုံးကို ငါတို့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက လူတွေကစိုက်ပေးမယ်။ 1Gက မလုံလောက်ရင် 10G ၊ 10Gကမှ မလောက်သေးရင် 100G လွှဲပေးမယ်”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်တစ်ဦးက "ပရိသတ်ထံမှ ယူ၍ ပရိသတ်အတွက် အသုံးပြုပါ" ဟူ၍ အလွန်ဂုဏ်ယူစွာ ပြောဆိုခဲ့သည်။ ကျန်းရီကပရိသတ်တွေလွှဲပေးတာ မစောင့်ဘဲ မစ္စတာဟွမ်ထံ ဒေတာများ လွှဲပေးလိုက်သည်။
ဗီဒီယိုခေါ်ဆိုမှုကို ပေးပို့ပြီးနောက်၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ စခရင်ပေါ်တွင် အသက်အရွယ်ကြီးပုံပေါ်တဲ့ မျက်နှာတစ်ခု ပေါ်လာသည်။
သူ့အသားအရည်က အနည်းငယ်ဝါနေပြီး ပြုံးရွှင်နေတဲ့ မျက်နှာထားနဲ့ လူတစ်ယောက်။
သူ့အမူအရာက အလွန်လွတ်လပ်ပြီး ပေါ့ပေါ့ပါးပါးဖြစ်နေပေမယ့် သူ့မျက်လုံးထဲမှာ စိုးရိမ်ပူပန်မှုတွေနဲ့ မကျေနပ်မှုတွေ ဖုန်းကွယ်ထားတာကို ရေးရေးလေး မြင်နိုင်ပါတယ် ။
ယောက်ျားတိုင်း ဒီလိုပါပဲ။
တစ်ခါတရံမှာ သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် စိုးရိမ်စိတ်တွေရှိနေမယ် ဒါမှမဟုတ် ကြောက်စိတ်တွေရှိနေရင်တောင် မိသားစုတစ်ခုရဲ့ ကျောရိုးလို့ ခေါ်နိုင်တဲ့ ယောကျာ်းတစ်ယောက်ဟာ သူရဲ့ အားနည်းတဲ့တဖက်ခြမ်းကို လွယ်လွယ်နဲ့မပြကြဘူး။
ဆန့်ကျင်ဘက်အနေနဲ့ သူ့တို့ကိုယ်သူတို့ သန်မာလာအောင် ကြိုးစားပါလိမ့်မယ်။
မစ္စတာဟွမ်သည် ကျန်းရီနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိတ်သတ်များအား “မင်္ဂလာပါ၊ ဒါ TV မှာ ပထမဆုံး အကြိမ်ပါ။
ဟားဟား.. ငါကိုလှောင်တော့မလှောင်ပါနဲ့ ၊ ဒါက TV မဟုတ်ဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် ခံစားချက်ကတော့ အတူတူပါပဲ၊
အခုလေးတင်ပဲ၊ ညဘက်ခေါင်းတလားတွေ့ရင် ကြောက်လိမ့်မယ် လို့ တစ်ယောက်ယောက်က ပြောလိုက်သေးတယ်မလား။
အခု တောင်ထိပ်ပေါ်က အခေါင်းတစ်ခုကို မင်းတို့ကိုပြမယ်။"
“ငါတို့ဘက်မှာရှိတဲ့ ခေါင်းတလားတွေက အနက်ရောင်ကိုမှအနီနည်းနည်းစပ်နေတာတွေ ။
ခေါင်းတလားကိုယ်ထည်သည် တိုပြီးတော့ နည်းနည်းကွေးတဲ့ပုံသဏ္ဍာန်ရှိတယ်။
ငါရဲ့ဖုန်းစုတ်ကနေ မင်းတို့သေချာမြင်ရပါ့မလား မသိဘူး
သြော်ဒါနဲ့ ဒီပုံတွေကိုကြည့်ပြီး ပို့စ်တင်တာတွေ ဘာတွေမလုပ်ပါနဲ့ ။
လူတွေသေပြီးလို့ ပြာဖြစ်သွားရင်တောင် သေသူတွေကို လေးစားရမယ်လေ ဟုတ်တယ်မလား။”
မစ္စတာဟွမ်က ရွာသားတစ်ဦးဖြစ်ပေမယ့်လည်း ယဥ်ကျေးသောလူတစ်ဦးဖြစ်သည်ကို တွေ့မြင်နိုင်သည်။
တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ လူ ၆၀၀၀နီးပါးသည် မစ္စတာဟွမ် ပြောသည့် သင်္ချိုင်းဂူနှင့်ခုံတန်းလျားပေါ်တွင် တင်ထားသည့် အနက်ရောင်အခေါင်းတစ်ခုကို လျင်မြန်စွာတွေ့လိုက်ရသည်။