သတ်သေခြင်း
Vol. 2 Ch. 17
မစ္စတာဝူ နှင့် အခေါင်းသည် အနည်းငယ်ဝေးကွာနေသေးသော်လည်း ယနေ့ညတွင် လရောင်ကြောင့် အဝေးမှပင် ကြည်လင်ပြတ်သားစွာ မြင်နေရသည်။
ဒါပေမယ့်လည်း မစ္စတာဟွမ် မပြောခဲ့တဲ့ အရာတစ်ခု ရှိနေတာကြောင့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက အံ့အားသင့်နေဆဲပါ။
ခေါင်းတလားဘေးမှာ ပုံတစ်ပုံရှိနေပြီး ပုံထဲကလူကလည်း ပြုံးနေပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များသည် ရှောင်ယွီ၏အဖွားနှင့်တွေ့ဆုံခဲ့တာမို့လို့ ၊ ဒါကြောင့်ပဲ ဓာတ်ပုံကိုမြင်သောအခါ အဘိုးကြီးတစ်ယောက်ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ကြတာပေါ့။ ဒါပေမယ့် သူတို့မမျှော်လင့်ထားတဲ့အရာကတော့ ဓာတ်ပုံဘောင်ထဲက လူဟာ အဘိုးကြီးမဟုတ်ခဲ့ပါဘူး။
ဒါပေမယ့် လူငယ်တစ်ယောက်ပါ။
သူ့ကြည့်ရတာ အသက်နှစ်ဆယ်လောက်ရှိပြီလို့ထင်ရပါတယ်။
သူ့ရဲံ ဆံပင်ပုံစံက ဖက်ရှင်ကြပြီးတော့ သူ့မျက်လုံးတွေကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူ့မျက်နှာရဲ့ အနေအထားကိုကြည့်ပြီးတော့ ဒီလူငယ်ဟာ သူအသက်ရှင်နေစဥ်အတွင်းမှာ ဖျက်လတ်တက်ကြွတဲ့ လူတစ်ယောက်ဖြစ်ရမယ်ဆိုတာကို တခြားသူတွေကို မြင်သာစေပါတယ်။
မစ္စတာဟွမ်က သက်ပြင်းချရင်း “ဒီကလေးက ငါတို့ရွာကပါ။
လူတိုင်းက သူ့ကို ရှောင်ဖေး လို့ခေါ်ကြပါတယ်။
သူက လူကောင်းလေးတစ်ယောက်ပါ။
သူနဲ့သက်ဆိုင်သည်ဖြစ်စေ မသက်ဆိုင်သည်ဖြစ်စေ ရွာမှာရှိသမျှ အလုပ်တွေကို ဝိုင်းကူညီပေးတက်တယ်။
ဒီက ကျွန်တော်တို့ရဲ့ ဓလေ့ထုံးစံက အရမ်းစည်းလုံးကြတာပဲ။
ဘယ်အခါမှာပဲဖစ်ဖြစ် ရွာမှာကြီးကြီးမားမားလုပ်စရာရှိတဲ့အခါ ဘယ်သူ့ကိုမှ အကူအညီတောင်းစရာ မလိုပါဘူး။
ရှောင်ဖေးက ငယ်ရွယ်သော်လည်း၊ သူက ရွာမှာ လူသိများတဲ့ အလုပ်ကြိုးစားသူဖြစ်တော့ လူတိုင်းက သူ့ကို ခင်ကြတာပေါ့။"
“ငယ်ငယ်ရွယ်ရွယ်နဲ့ သန်မာပြီးတော့ နွားတစ်ကောင်လို အလုပ်လုပ်တဲ့အတွက် အခေါင်းတွေဘာတွေထမ်းရင်လည်း သူကရှေ့ဆောင်လုပ်ရတယ်။
ဒါကြောက့် ရွာကလူတိုင်းက အခေါင်းထမ်းဖို့ဆိုရင် သူ့ကိုပဲ ခေါ်ကြတယ်။ အထူးသဖြင့် အရင်မျိုးဆက်ငါတို့လို အသက်အရွယ်တွေ အများဆုံးခေါ်ကြတယ်။
ဒီကလေးကို လူတိုင်းက ခင်ကြတာပေါ့။
ငါ့မှာလုပ်စရာရှိရင်တောင်မှ သူ့ကိုခေါ်ခိုင်းပြီးတော့ သူပြန်ရင်လည်း ငါးနည်းနည်းနဲ့ ဝိုင်အချို့ပေးလိုက်တက်တယ်။
"ငါတို့ရွာမှာတော့ အားလုံးက ဝိုင်တွေကို တော်တော်သောက်ကြတယ်။ ရွာမှာ တစ်နေ့တာ အလုပ်တွေ ပြီးတဲ့အခါ ညဘက်တွေ သောက်ပြီးတော့ပဲ တနေ့တာကုန်ဆုံးကြတယ်။ ရှောင်ဖေးက ရွာနဲ့နီးတဲ့ မြို့လေးမှာအလုပ်လုပ်ပြီး နေ့တိုင်း အိမ်ပြန်တယ်။ ဒါပေမယ့် မမျှော်လင့်ထားခဲ့ဘူး။ ရှောင်ဖေးဟာ ငါ့ငါးကန်ထဲမှာ တစ်နေ့သေရလိမ့်မယ်လို့ ငါဘယ်တော့မှမထင်ထားခဲ့မိဘူး။"
မစ္စတာဟွမ်က ထိုသို့ပြောပြီးတဲ့အခါမှာ သူ့အသံထဲတွင် ငိုသံတွေပါနေသည်။ သူအရမ်းခင်ရတဲ့ ဂျူနီယာတစ်ယောက် သေဆုံးသွားတာကို ဝမ်းနည်းပူဆွေးနေပုံရသည်။
ဒါမှမဟုတ် ရှောင်ဖေးသေဆုံးမှုက မစ္စတာဟွမ် နဲ့ ပတ်သက်မှု ရှိကောင်းရှိနိုင်ပါတယ်။
"သူမူးပြီးတော့ မင်းငါးကန်ထဲ ကျသွားတာလား" ကျန်းရီ က အဲ့ဒီအချိန်မှာ မေးလိုက်တယ်။
မစ္စတာဟွမ်က ခေါင်းခါယမ်းလိုက်ပြီး "မဟုတ်ပါဘူး၊ သူ့မတော်တဆမှု မဖြစ်ခင်က ရက်ပေါင်းများစွာ သူ့ကိုမတွေ့ခဲ့ရဘူး။
အဲ့အချိန်မှာ ရွာတစ်ရွာလုံးက လူတွေက သူ့ကို လိုက်ရှာကြတာပေါ့၊ သူအလုပ်လုပ်တဲ့ မြို့ကိုသွားပြီး သူအလုပ်လုပ်တဲ့နေရာအထိပါ လိုက်သွားကြတယ်။
သူရဲ့သူငယ်ချင်းတွေကလည်း တစ်ယောက်ကိုမှ သူ့ကိုမတွေ့ဘူးလို့ပြောတယ်…”
"သူ့ကိုရှာတွေ့တဲ့နေ့က လူတစ်ယောက်က ငါ့ငါးကန်နားက မြတ်ခင်းမှာ ဆိတ်ကျောင်းနေတာ၊ အဲ့ချိန်မှာ ရေပေါ်မျောနေတဲ့ ရှောင်ဖေးကို တွေ့လိုက်ရတာ။ သူ့ခန္ဓာကိုယ်မှာ ဆီစက္ကူအိတ်တစ်ခု ရှိနေတယ်။ အဲ့အိတ်ထဲက စာတစ်စောင်က သူဘာလို့ မြစ်ထဲ ခုန်ချသေခဲ့ရတာလဲဆိုတာ ရေးထားတာ"
မစ္စတာဟွမ်က စကားပြောပြီးတဲ့အခါမှာ သူ့ငိုသံက ပိုကျယ်လာတယ်။ ကျန်းရီက မျက်မှောင်ကြုတ်ကာ "စာထဲမှာ ဘာအတိအကျဘာရေးထားတာလဲ"
"စာထဲမှာတော့ သူ့မိဘတွေကို သူမလိမ္မာတဲ့အကြောင်း ရေးထားတာ၊ ဒါပေမယ့် အံ့သြစရာအကောင်းဆုံးကတော့ သူက လူတွေပြစ်တင်ကဲ့ရဲ့လောက်မယ့် အမှားတစ်ခုခုလုပ်မိခဲ့တယ် ရေးထားတာ။ အဲ့အပြစ်တွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိတဲ့အတွက်၊ ကိုယ့်ကိုကိုယ် သက်သေဖို့ ရွေးချယ်ခဲ့တာ။
"ဒါဆို သူဘာလုပ်ခဲ့လဲဆိုတာ သိလား"
မစ္စတာဟွမ်က ရှောင်ဖေးရဲ့ သင်္ချိုင်းကို ကြည့်လိုက်ပြီး "ပထမတော့ ငါမသိခဲ့ဘူး ဒါပေမယ့် ရှောင်ဖေးရဲ့ အသုဘနေ့မှာ သူ့မိသားစုရဲ့ ဝမ်းကွဲတစ်ယောက်က ရောက်လာခဲ့တယ်။ ပြီးတော့ ရှောင်ဖေးရဲ့ သူငယ်ချင်းတစ်ယောက်က မနေနိုင်တော့ပဲ ဘာတွေဖြစ်ခဲ့တာလည်းမေးတာပေါ့ ။ ကိုင်း.....ထားပါတော့ ၊ ပြီးတော့ ကိစ္စကအဖြေပေါ်လာတယ်။
"သူနဲ့ သူ့ဝမ်းကွဲ ဘာဖြစ်ခဲ့တာလဲ"
"သူတို့ နှစ်ယောက်သား အတူတူအိပ်ခဲ့ကြတယ်။ ရှောင်ဖေး မပျောက်ခင် ရက်အနည်းငယ်အလိုမှာ ပန်းဝိုင်အတူတူသောက်ခဲ့ကြတယ်။ အိုး... ငါတို့ဆီကရတဲ့ ပန်းဝိုင်က မင်းတို့မြို့ကြီးတွေမှာ တွေ့ရတဲ့ ပန်းဝိုင်မျိုးမဟုတ်ဘူး၊ အဲဒါကို ပါဝင်ပစ္စည်းများနဲ့ အမွေးအကြိုင် နည်းနည်းဖြင့် ချက်ထားတာ။
“အဲဒီဝိုင်က အရမ်းမပြင်းပေမယ့် အများကြီးသောက်ရင်တော့ မူးတယ်။
ရှောင်ဖေးက ထိုညက အလွန်အကျွန် မသောက်ပေမဲ့ သေချာတာကတော့ သူမူးနေတာပဲ။
သောက်လို့လဲပြီးတော့ သူ့ဝမ်းကွဲက သူ့ကိုပြန်ပို့ဖို့ တောင်းဆိုခဲ့တာပေါ့။”
“ဖြစ်ချင်တော့ သူ့ဝမ်းကွဲနေတဲ့နေရာက နည်းနည်းဝေးတယ်။
အဲ့အချိန်မှာ ရှောင်ဖေးက သူမကို မြို့ကဟိုတယ်မှာပဲ တစ်ခန်းယူဖို့ ဒါမှမဟုတ်ရင်လည်း သူ့အိမ်မှာပဲအိပ်သွားရန် ပြောခဲ့တယ်။
ဒါပေမယ့် ဝမ်းကွဲက ရှောင်ဖေးရဲ့အဖေကို သိပ်မကြိုက်တာကြောင့် သူမသဘောမတူခဲ့ပါဘူး။ ဒါကြောင့် နောက်ဆုံးတော့ မြို့ကဟိုတယ်မှာပဲ အခန်းတစ်ခန်းယူခဲ့တယ်၊ ဒါပေမယ့် သူမက တစ်ယောက်တည်းဖြစ်တဲ့အတွက် ရှောင်ဖေးကို အဲ့ဒီမှာနေပြီး သူမအိပ်ပျော်တဲ့အထိစောင့်ပေးဖို့ပြောခဲ့တယ်။"
“နောက်ဆုံးတော့ ဒီလိုကိစ္စမျိုးတွေ ဖြစ်သွားတာပဲ။
ဒီလိုကိစ္စမျိုးက ကျွန်တော်တို့ကျေးလက်ဒေသမှာတော့ လူပြောစရာပေါ့၊ ဒါပေမယ့် တကယ်တမ်းပြောရရင် အိမ်ထောင်ကျသွားတဲ့ ဝမ်းကွဲတွေလည်း အများကြီးရှိတာပဲ။
ရှောင်ဖေးက အဲ့အချိန်မှာ ငယ်သေးတယ်လေ ပြီးတော့ ရည်းစားကလည်းမရှိ။
အဲဒီလိုအရာတွေကို ဘယ်လိုလုပ် ရှောင်လွှဲနိုင်မှာလည်း။ မိန်းကလေးတစ်ယောက်နဲ့ မူးပြီးအိပ်ပျော်သွားတယ် နောက်တစ်နေ့မနက် အိပ်ရာကနိုးတော့ ကောင်မလေးက ထိတ်လန့်သွားပြီးတော့ ရှောင်ဖေး ကို တရားစွဲမယ်လို့ပြောတယ်။
ယွမ် ၂၀၀,၀၀၀ ပေးမလား ဒါမှမဟုတ် သူ့ကို တရားစွဲရမလားပေါ့"
"ငါတို့ရွာက မိသားစုတစ်ခုအတွက်တော့ ယွမ်နှစ်သိန်းကို ဘယ်လိုလုပ် လွယ်လွယ်ထုတ်သုံးနိုင်မှာလဲ ရှောင်ဖေးက နှစ်နှစ်သုံးနှစ်လောက် အလုပ်ကြိုးစားပြီး စုဆောင်းထားပေမယ့် သူ့မှာ ယွမ်သောင်းကျော်လောက်ပဲရှိတယ် ။ ဘယ်လိုလုပ် တက်နိုင်မှာလဲ"
“သူက ကျောင်းလည်းမတက်ခဲ့တော့ ကိစ္စတော်တော်များများကို ကောင်းကောင်းနားမလည်ဘူး။
သူ့မိဘတွေ ဒုက္ခရောက်မှာကို ကြောက်တယ် ၊ပြီးတော့ ဖမ်းခံရမှာနဲ့ သူ့မိဘတွေ စိတ်ပျက်မှာကို ကြောက်တဲ့အတွက် ဘာမှမတွေးဘဲနဲ့ ကိုယ့်ကိုကိုယ် သတ်သေခဲ့တယ်။
အသက်နှစ်ဆယ်လောက်သာရှိသေးတဲ့ လူငယ်တစ်ယောက်အတွက် ဘယ်လောက်တောင် ဆိုးလိုက်သလဲ။
သူ့အကိုဝမ်းကွဲက တကယ့်...............!"
ရှောင်ဖေး သေဆုံးရသည့် အကြောင်းအရင်းကို မစ္စတာဟွမ် ပြောပြီးတဲ့နောက် ကျန်းရီက မေးခွန်းတစ်ခုမေးလိုက်သည်။
"ဒါနဲ့ ရှောင်ဖေးသေဆုံးမှုက မင်းအခုကြုံတွေ့နေရတာတွေကို ဖြစ်စေခဲ့တာပဲ ဟုတ်တယ်မလား?"