သချိုင်းဂူအား ခေါက်ခြင်း
Vol. 2 Ch. 18
မစ္စတာဟွမ်သည် ခေါင်းငုံ့ကာ ဖုန်းကို တိတ်တိတ်လေး ပြန်ထားလိုက်သည်။
လမ်းလျှောက်ရင်းနဲ့ပဲ စကားဆက်ပြောသည် ။
"ရှောင်ဖေး ဆုံးပါးသွားပြီးနောက် ရွာကလူတော်တော်များများက သူ့အတွက် စိတ်မကောင်းဖြစ်ကြတယ်။
တချို့က ရဲခေါ်ပြီး အဲ့အမျိုးသမီးကို ဖမ်းခိုင်းတယ်။
နောက်ပိုင်းမှာတော့ အမှုဖွင့်စစ်ဆေးခဲ့သော်လည်း စီရင်ချက်က မချရသေးဘူး။
ရှောင်ဖေးရဲ့ မိဘတွေကိုပဲ စိတ်မကောင်းဖြစ်မိတယ်။
သူက တစ်ဦးတည်းသောသား မဟုတ်ပေမယ်လည်း သူက အကြီးဆုံးသားဖြစ်ပြီးတယ်။ ပြီးတော့ အဲ့ဒီနေ့မှာပဲ သူ့အဖေဆိုရင် နေ့ချင်းညချင်းကို ဆံပင်တွေဖြူသွားတယ်”
"ဒါပေမယ့် အဲ့ဒီညက ရှောင်ဖေးရဲ့ ပထမခုနှစ်ရက် မှာ ဖြစ်ခဲ့တာဖြစ်မယ်။
ကျွန်တော်ပြောခဲ့တဲ့ ပထမခုနစ်ရက်က မှုခင်းဆရာဝန်က သူသေပြီလို့ ပြောတဲ့နေ့ကစပြီး ရေတွက်တာ။
အဲဒါကမှ တကယ့် ပထမ ခုနစ်ရက်ပဲ။
အဲဒီနေ့ညက သူ့အိမ်က နာရေးကိုသွားကူညီခဲ့တယ် ။
နောက်တော့ ဝိုင်အနည်းငယ်သောက်ပြီးတော့ ငါးကန်စောင့်ဖို့ ပြန်လာခဲ့တယ်”
" ရှောင်ဖေးရဲ့ အလောင်းကိုကောက်ပြီး လေးရက်မြောက်နေ့ဖြစ်တဲ့အတွက် အလောင်းကို တောင်ပေါ်သို့ သယ်ဆောင်လာခြင်း မရှိသေးသော်လည်း မြှုပ်မယ့်နေရာကတော့ သတ်မှတ်ပြီးသွားပါပြီ။ အဲ့ဒါကတော့ ခုနငါတို့တွေ့ခဲ့တဲ့နေရာပါပဲ။
အဲဒီတုန်းက အများကြီးမသောက်ခဲ့ဘူး။ အရင်တုန်းက ပုံမှန်ပုလင်းတစ်ဝက်လောက်သောက်နေကြတောင်မမူးခဲ့ဘူး ဒါပေမယ် အဲ့ဒီညက ပုလင်းတစ်ဝက်သောက်ပြီး ထူးထူးဆန်းဆန်းပဲ နည်းနည်းမူးနေခဲ့တယ်။"
“ကျွန်တော် တောင်ပေါ်ကို လမ်းလျှောက်လာတယ် ပြီးတော့ အဲ့ဒီနားမှာမိသားစု တစ်စုရှိတယ်။ အဲ့ဒီအိမ်မှာလည်း အသုဘရှိတယ်။
သေဆုံးသူက အဲ့အိမ်က အဘိုးကြီးပဲ။ သူ့မြှုပ်တဲ့နေရာက ရှောင်ဖေးနှင့် အနည်းငယ်သာဝေးတယ်။
သူ့အိမ်ကို ဖြတ်သွားလိုက်တဲ့အခါ တစ်ခုခု မမှန်ဘူးဆိုတာကို ခံစားရတယ်။
အဲဒီခံစားချက်က မင်းလည်ပင်းမှာ တချက်အေးခနဲ့ဖြစ်သွားတဲ့ ခံစားချက်ပဲ။
အဲ့ဒါက မင်းအဲကွန်း အောက်ကိုရုတ်တရက် လမ်းလျှောက်တဲ့အခါမှာ အဲကွန်းကလေအေးက မင်းလည်ပင်းကို ထိလိုက်တဲ့အခါ ခံစားရတဲ့ ခံစားချက်မျိုးပေါ့။”
“ကျွန်တော်က အဲဒီမိသားစုနဲ့ သိပ်မရင်းနှီးပေမယ့် အဲဒီအချိန်တုန်းက ဝင်ပြီးနှုတ်ဆက်ခဲ့ပါသေးတယ်။
အဲ့မိသားစုရဲ့ အကြီးဆုံးသားနဲ့ စကားတစ်ခွန်းနှစ်ခွန်းလောက်ထပ်ပြောပြီးတဲ့ နောက်မှာ ကျွန်တော် နည်းနည်း ပိုထိတ်လန့်သွားသလို ခံစားလိုက်ရတယ်။
အဲ့အချိန်မှာ ကျွန်ုပ်တို့က ရှောင်ဖေးအကြောင်း အချို့ကို ပြောဆိုခဲ့ကြပြီး၊ ကျွန်ုပ်တို့ နှစ်ယောက်သည် အထပ်ထပ် သက်ပြင်းချနေကြတာပေါ့။
ဒါပေမယ့် ငါ့ငါးကန်ကို စိုးရိမ်တဲ့အတွက်
စကားအနည်းငယ်ပြောပြီး ကျွန်တော်ရပ်နေတဲ့ တောင်ထိပ်ကို လျှောက်သွားခဲ့တယ်။
မင်းတို့ခန့်မှန်းကြည့်လိုက်၊ ငါဘယ်သူ့ကိုမြင်လိုက်တယ်ဆိုတာ ?"
ကြည့်ရှုသူတစ်ယောက်က "အစ်ကိုဟွမ်၊ မင်း ရှောင်ဖေးကို အဲ့သင်္ချိုင်းထဲမှာ တွေ့ခဲ့တာမလား။"
နောက်တစ်ယောက်က"ဟုတ်တယ်၊ ရှောင်ဖေးကို မြင်ခဲ့တာဖြစ်မယ် သူနဲ့ ရှောင်ဖေးကအတူတူ သောက်နေကြဆိုတော့ "
ဒါပေမယ့် ကျန်းရီကတော့ စကားတစ်ခွန်းမှမပြောပဲနဲ့ ရှောင်ဖေးရဲ့၏ အခေါင်းကို နက်နဲသော မျက်လုံးများဖြင့် ပြန်ကြည့်နေသော မစ္စတာဟွမ်ကို ကြည့်နေသည်။ မစ္စတာဟွမ်က “ငါ့ရှေ့ မနီးမဝေးကနေ ချိုင်းထောက်နဲ့ ပုံရိပ်တစ်ခုကို ငါတွေ့လိုက်တယ်။ အပြာနုရောင် ဝတ်ဆုံကို ဝတ်ထားတယ်၊ ဒါပေမယ့် ဆံပင်ဖြူတွေကို သိသိသာသာကြီး မြင်နေရတယ်။
"တောင်ထိပ်ကနေ ရှောင်ဖေးရဲ့သင်္ချိုင်းအထိ တောင်တက်လမ်းကို သတိထားမိသလားတော့ မသိဘူး။
အဲဒီလမ်းက တောင်ကုန်းပေါ်ကနေ သူသွားတဲ့လမ်းပဲ။
အဲ့လမ်းဘေးမှာ သင်္ချိုင်းဂူတွေရှိတယ်။
သင်္ချိုင်းဂူတစ်ခုစီကိုရောက်တိုင်း ချိုင်းထောက်နဲ့ အဲ့အုတ်ဂူကို အကြိမ်အနည်းငယ် ခေါက်လိုက်တယ်"
"အဲဒီတုန်းက အုတ်ဂူတွေကို ခေါက်တဲ့ သူရဲ့ အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်... ဒေါက်... ဒေါက်ဒေါက်ဒေါက်... ဒေါက်ဒေါက်...
အဲဒါက တစ်-သုံး-နှစ် ခေါက်နည်းပဲ။
အုတ်ဂူတိုင်းကို လိုက်ခေါက်တာ။
အဲဒီ့မြင်ကွင်းကိုကြည့်ပြီး ကျွန်တော့်ကို နည်းနည်းတောင်ကြောက်သွားတယ်။
ငါအဲဒီပုံရိပ်ကို ရင်းရင်းနှီးနှီးကို သိနေတယ်။ ပိုရှင်းအောင်ပြောရရင် ငါအခုလေးတင် သူ့အိမ်ကနေထွက်လာတာ၊ ဒါပေမယ့် သူက အခေါင်းထဲမှာပဲရှိနေတာမဟုတ်ဘူးလား ၊ သူ့အလောင်းကိုတောင် မီးသဂြိုလ်မရသေးဘူးလေ!”
"ဒီတောင်ပေါ်ကို ဘယ်လိုရောက်နေတာလဲ၊ ပြီးတော့သူက သေနေပြီလေ!"
မစ္စတာဟွမ်၏ အသံသည် တုန်ရီနေသော်လည်း သူ့မျက်လုံးများက အလွန်ခိုင်မာနေသည် "နောက်ဆုံးတော့ ရှောင်ဖေးရဲ့ သင်္ချိုင်းဂူမှာ သူရပ်သွားတယ်။ သူငါ့ကို နောက်ကျောပေးပြီးတော့ အဲ့မှာ တစ်ခုခုလုပ်လိုက်တယ်။"
"သူ... ချိုင်းထောက်ကို ဖယ်လိုက်ပြီး... သူက... "
မစ္စတာဟွမ်၏ ခန္ဓာကိုယ်သည် ပို၍ ပို၍ ပြင်းထန်စွာ တုန်ခါလာသည်။ အဲ့ဒီအချိန်မှာ သူ အရမ်းကြောက်နေပုံရတယ်။
ကျန်းရီက ကြားဖြတ်ပြီးတော့ "အစ်ကိုဟွမ်၊ ဒီည မင်းမိသားစုကို အသိပေးပြီးမှ ထွက်လာခဲ့တာလား။"
ဒီရုတ်တရက်မေးခွန်းက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့် မစ္စတာဟွမ်ရဲ့ မူလဖြူဖျော့နေတဲ့မျက်နှာက သွေးရောင်ဖျော့ဖျော့လေး ပြန်ဖြစ်သွားပါတယ်။ သူက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းဘက်ကို ခေါင်းညိတ်ပြပြီး "ဟုတ်ပါတယ် ကျွန်တော် အသိပေးခဲ့ပါတယ် ငါးကန်က မိုင်အနည်းငယ် ဝေးတယ်လေ၊ ဒါကြောင့် ထွက်လာတိုင်း သူတို့က သိပ်စိတ်မချဘူး။”
"ဒါဆို မင်းအဘိုးကြီးကို မင်းတွေ့တော့ အဲ့အချိန်သူ ဘာလုပ်လိုက်တာလဲ"
"ငါ မင်းကို ခြေဟန်လက်ဟန်နဲ့ သရုပ်ပြရင်ဘယ်လိုလဲ"
ကျန်းရီနဲ့ တိုက်ရိုက်စကားပြောနေရသောကြောင့်၊ ထိုအခိုက်အတန့်တွင် မစ္စတာဟွမ်သည် အနည်းငယ် သတ္တိရှိလာသည်။
ဖုန်းကို လက်တစ်ဖက်က ကိုင်ထားပြီး ကျန်လက်တစ်ဖက်က စတင်လှုပ်ရှားတော့တယ်။
ထို့နောက် ရုတ်တရက် ထိုင်ချလိုက်ပြီး လက်ကို ပွေ့ဖက်သည့်ဟန် လှုပ်ရှားလိုက်သည်။ ဘယ်ခြေထောက်ကို မြှောက်ထားပြီး ခန္ဓာကိုယ်က ညာဖက်ကို စောင်းပြီး ညာခြေကို မြှောက်ထားချိန်မှာ ခန္ဓာကိုယ်က ဘယ်ဘက်ကို စောင်းနေတဲ့ ပုံစံလုပ်ပြနေတယ်။
"ကနေတာလား?"
"သူက ကနေတာမဟုတ်ဘူး၊ သူရူးနေတာပဲ၊ အဘိုးကြီးရဲ့ ခန္ဓာကိုယ်က တစ်ခုခုမှားနေတာ။
သူမသေခင်မှာ သူ့အရိုးတွေက ခဏခဏ နာနေတာ။
အဲ့နာကျင်နေချိန်တွေဆို သူက ခုန်ပေါက်နေတာ။
အဲ့ဒီလိုကြာလာတာနဲ့အမျှပဲ သူ့မှာဘာမှလုပ်စရာမရှိရင်တောင် ဒီအတိုင်း လိုက်ခုန်ပေါက်နေတာ။ .
ရွာကလူတွေက အစကတော့ နည်းနည်းကြောက်ပေမယ့် နောက်ပိုင်းကျတော့ သူရူးသွားပြီလို့ပဲ ပြောကြတာပေါ့”
"အဘိုးကြီးက အကြာကြီးမခုန်လိုက်ပါဘူး၊ သူက မြေပြင်ပေါ်လဲကျသွားတယ်။ အဲဒီအချိန်မှာ ထူးဆန်းတဲ့ အတွေးတစ်ခု ကျွန်တော့်စိတ်ထဲမှာ ပေါ်လာတာပေါ့ ဒီအဘိုးကြီး မောသွားတာလားမသိဘူးလို့ပေါ့"
မစ္စတာဟွမ်၏ စကားကြောင့် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ပရိသတ်များ သည် အလွန် လေးနက်တဲ့ အမူအရာကနေ တစ်ခဏလောက် ကြောင်သွားတာပေါ့။
ကျန်းရီပင် မရယ်ပဲ မနေနိုင်ဘဲ “အစ်ကိုဟွမ်၊ မင်းရဲ့ စကားပြောစွမ်းရည်က တော်တော်ကောင်းတယ်” လို့ ပြောလိုက်တယ်။
မစ္စတာဟွမ်လည်း အနည်းငယ်ရှက်သွားသည်။ သူက အနည်းငယ် ပြုံးလိုက်သော်လည်း သူ့မျက်နာက ချက်ချင်းပင် လေးနက်လာကာ "မရယ်ပါနဲ့၊ အဲဒီအချိန်မှာ ငါတကယ်အဲ့လိုတွေးခဲ့တာ။ အဘိုးကြီးက မြေပြင်ပေါ်မှာ လှဲပြီး နောက်တစ်မျိုး ထပ်လုပ်လိုက်တယ်။"
"ဘာလုပ်လိုက်တာလဲ?"
မစ္စတာဟွမ်သည် မြေပြင်ပေါ် လဲလျောင်းလိုက်ပြီး ခြေထောက်များကို တင်းတင်းကြပ်ကြပ် စိပြီးတော့ မြှောက်ကာ မြေပြင်ကို ခပ်ပြင်းပြင်းလေး ရိုက်လိုက်သည်။
မစ္စတာဟွမ်၏ လှုပ်ရှားမှုများကို မြင်လိုက်ရပြီးတော့ ကျန်းရီက “တိုက်ခိုက်တဲ့ပုံစံလား” ဟု မသေချာမရေရာ မေးလိုက်သည်။
"ဟုတ်တယ်၊ အဲ့လိုမျိုးတွန်းလိုက်တာ။ သူက မြေကြီးပေါ်မှာ လှဲပြီး ခြေထောက်နဲ့မြေကြီးကို ဆက်တိုက်ရိုက်နေတာ ၊ ငါ့ငါးကန်ထဲက ငါးလို မြေပြင်ကို ထပ်ခါထပ်ခါ ရိုက်နေတာ။"
မစ္စတာဟွမ်ပြောတာကို နားထောင်ပြီး ကျန်းရီက ခဏလောက်စဉ်းစားပြီး ထူးဆန်းသောမေးခွန်းတစ်ခုကို ရုတ်တရက်မေးလိုက်သည်။
"အစ်ကိုဟွမ်၊ မင်း သရဲကြောက်တက်လား" ကျန်းရီက မေးလိုက်တယ်။
မစ္စတာဟွမ်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြတယ် "ငါကြောက်တယ်၊ ငါကြောက်တက်တယ်။ ငါမကြောက်တက်ရင် ကယ်တင်ရှင်ကို ငါရှာတွေ့သလိုမျိုး မင်းကို တွေ့မှာတောင်မဟုတ်ဘူး!"
"မင်းကြောက်တက်ရင် အဲဒီညက တောင်ထိပ်မှာ ဘာလို့ ဒီလောက်အကြာကြီး ရပ်ကြည့်နေတာလဲ"
ကျန်ရီက မျက်လုံးကို မှေးပြီးတော့ မေးလိုက်သည်။