← Chapters

ရေထဲကမျက်နှာ

Vol. 2 Ch. 19

ရေထဲကမျက်နှာ

Vol. 2 Ch. 19

ကျန်းရီရဲ့ စကားကြောင့် မစ္စတာဟွမ်သည် အနည်းငယ် ကြောင်သွားသည်။

ဟုတ်သားပဲ၊ အဲ့အချိန် ငါစောက်ရမ်းကြောက်နေခဲ့တာကို ဘာလို့ အဲ့တောင်ထိပ်ကို ဒီလောက်ကြာအောင် ကြည့်နေမိခဲ့တာလဲ။

သတိပြန်ဝင်လာပြီးတဲ့နောက် မစ္စတာဟွမ်၏ မျက်နှာသည် အလွန်ထိတ်လန့်သွားကာ " စတွင်မာ ငါ့ကိုယုံပါ၊ ငါ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာမဟုတ်ပါဘူး၊ ငါကလည်း အကောင်းတိုင်းရှိနေပါသေးတယ်၊ မင်းမြင်တဲ့အတိုင်း ငါက လေးနက်တဲ့လူပါ!"

သူစကားပြောနေစဉ်တွင် မစ္စတာဟွမ်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး မြေပြင်ပေါ်ရှိ သူ၏အရိပ်ကို ညွှန်ပြကာ "တွေ့လား၊ ငါ့မှာ အရိပ်ရှိတယ်!"

ကျန်းရီသည် မစ္စတာဟွမ်စိတ်လှုပ်ရှားလာတာကိုတွေ့တော့ သူက အမြန်ဖျောင်းဖျပြီး "အစ်ကိုဟွမ်၊ စိတ်လှုပ်ရှားမနေနဲ့။ မင်းမှာ တစ်ခုခုမှားနေပြီလို့ ငါမပြောပါဘူး။ အဲဒီညက မင်းဘာလို့ ခြေတစ်လှမ်း​တောင်မလှုပ်တာလဲဆိုတာကို ငါသတိပေးနေတာ ?"

"ငါလည်းမသိဘူး... အဘိုးကြီးရဲ့ ထူးဆန်းတဲ့လုပ်ရပ်တွေကို မြင်လိုက်တာနဲ့ မလှုပ်မယှက်ဘဲ ရပ်နေမိတာပဲ"

မစ္စတာဟွမ်က တကယ်ကို စိတ်ရှုပ်သွားတယ်။ ကျန်းရီက အနည်းငယ်စဉ်းစားပြီးနောက် သူ့မျက်လုံးများ ရုတ်တရက် ပြောင်းလဲသွားသည်- "အစ်ကိုဟွမ်၊ မင်းရဲ့ ဘောင်းဘီ ခြေထောက်တွေကို အပေါ်ဆွဲတင်လိုက်ပါလား"

"ဟမ်?.အ...ကောင်းပြီးလေ!"

ကျန်ရီပြောသည့်အတိုင်း မစ္စတာဟွမ်သည် ဘောင်းဘီရှည် ခြေထောက်ကို အလျင်အမြန် လှိမ့်လိုက်သော်လည်း ထူထပ်နေသော ခြေသလုံးမှ အမွေးများကလွဲ၍ သူ့ခြေသလုံးနှင့် ပတ်သက်ပြီး ဘာမှထူးဆန်းမနေပါဘူး။

" ရှောင်ဖေးရဲ့ သင်္ချိုင်းဂူကို သွား။" ကျန်းရီက ထပ်ပြောသည်။

မစ္စတာဟွမ်က ထိတ်လန့်သွားပြီး"စတွင်မာ ဘာဖြစ်လို့ အခုရှောင်ဖေးရဲ့ သင်္ချိုင်းကို သွားခိုင်းနေတာလဲ။"

"ငါပြောတာပဲ နားထောင်။"

"ကောင်းပါပြီ။"

မစ္စတာဟွမ်သည် အနည်းငယ် ကြောက်လန့်နေပုံရသည်။ အသက်ကြီးတဲ့သူထက် ငယ်တဲ့သူကို​ပိုကြောက်ရတယ် ဟု ကျေးလက်တွင် ဆိုရိုးစကားရှိတယ်။ ဆိုလိုကတော့ အသက်ကြီးသူတွေက သေခြင်းကိုသိပ်မကြောက်ကြဘူး ဒါပေမယ့် ငယ်တဲ့သူတွေကြတော့မထင်မှတ်ဘဲရုတ်တရက် သေဆုံးသွားပါက မကျွတ်မလွတ်ပဲ ဖြစ်နေတက်တယ်။

စိတ်ထဲမတင်မကျနဲ့ပဲ မစ္စတာဟွမ်သည် ရှောင်ဖေး၏ သင်္ချိုင်းသို့ လျှောက်သွားခဲ့သည်။

ရှောင်ဖေးရဲ့ အခေါင်းနှင့် သူ၏ ဓာတ်ပုံကိုလည်း ထိုနေရာတွင် ထားရှိခဲ့တယ်။ မစ္စတာဟွမ်က သူတို့ကိုကြည့်ရင် ကြောက်စိတ်ဝင်လာမှာစိုးလို့ သူတို့ကို မကြည့်ဝံ့ခဲ့ဘူး။

"အခေါင်းကို မမြှုပ်ရသေးတဲ့အတွက် သူ့နံဘေးမှာ ထုံးတွေ အများကြီးရှိတယ်။ အစ်ကိုဟွမ် လက်တစ်ဆုပ်စာ ယူပြီးတော့ ခြေထောက်နှစ်ဖက်က ခြေကျင်းဝတ် ပြင်းထန်စွာ ပွတ်ပေးလိုက်။"

ကျန်းရီက ပြောလိုက်သည်၊ မစ္စတာဟွမ်သည် ထုံးများကို လက်တစ်ဖက်စီဖြင့် လက်တစ်ဆုပ်စာ ဆုပ်ကိုင်လိုက်သည်။

ကိုင်လိုက်ပြီးနောက် မစ္စတာဟွမ်က သူ့ခြေကျင်းဝတ်ကို ကျန်းရီ၏ ညွှန်ကြားချက်အတိုင်း ပြင်းထန်စွာ ပွတ်သပ်လိုက်သည်။

ပထမတော့ ပွတ်သပ်ရတာ အဆင်ပြေပေမယ့် အချိန်ကြာလာတာနဲ့အမျှ မစ္စတာဟွမ်ရဲ့ မျက်နှာက ဖြူဖျော့လာတယ်။

"ဘယ်လိုခံစားရလဲ?" ကျန်းရီက မေးသည်။

မစ္စတာဟွမ်၏နဖူးတွင် ချွေးသီးကြီးများ ပေါ်လာပြီး- "နာတယ်"

"နာနေလည်း ဆက်ပွတ်ရမယ် ။ ငါရပ်ဆိုမှ ရပ် ပြီးရင် ခြေထောက်က ထုံးတွေကို ဖယ်လိုက်"

မစ္စတာဟွမ်က အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။ ပွတ်လေလေ ပိုနာကျင်လေပါပဲ။ ကျန်းရီက ရပ်တန့်ဖို့ မအော်မချင်း မိနစ်အတော်ကြာအောင် ပွတ်တိုက်နေခဲ့တယ်။

"မင်း ခြေကျင်းဝတ်က ထုံးတွေကိုဖယ်လိုက်တော့ မင်းခြေထောက်မှာ ဘာရှိနေလဲဆိုတာ ကြည့်လိုက်ရအောင် "

မစ္စတာဟွမ်သည် ခြေကျင်းဝတ်ပေါ်ရှိ ထုံးမှုန့်များကို သုတ်ရင်း ခေါင်းညိမ့်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲဟ၊ ငါ့အသားအရည်က အဲ့လောက်ထိ မနုညံပါဘူးဟ၊ တစ်ခါနှစ်ခါလောက် ပွတ်လိုက်တာနဲ့ လက်ရာတွေ ကျန်နေပါ့မလား"

မစ္စတာဟွမ်က ဒီလိုမျိုး တခါတလေ ရယ်စရာတွေ ပြောတတ်တယ်။

ဒါပေမယ့် ချက်ချင်းပဲ မစ္စတာဟွမ်က သတိထားမိလိုက်ပြီး သူ့မျက်လုံးတွေ ပြောင်းသွားပြီးတော့ "မဟုတ်ဘူး၊ ဒါက ငါ့လက်ဗွေရာမဟုတ်ဘူး ငါ့လက်လည်းမဟုတ်ဘူး!"

ပြဿနာက ရှင်းပါတယ်။

မစ္စတာဟွမ်က မပြေးချင်ခဲ့တာမဟုတ်ဘူး သူကပြေးလို့မရခဲ့တာ။

ဒါပေမယ့် ဘာလို့ပြေးဖို့ကို မစဉ်းစားခဲ့တာလဲ။

မစ္စတာဟွမ်သည် တအံ့တသြနဲ့ ရှောင်ဖေး၏အုတ်ဂူဘေးတွင် ထိုင်ချလိုက်သည်။

"တစ်ယောက်ယောက်က ငါ့ခြေထောက်ကို ကိုင်ထားလို့ ပြေးလို့မရခဲ့ဘူး၊ ဒါပေမယ့် စတွင်မာရေ ငါ့အတွေးတွေကိုပါ ထိန်းချုပ်လို့ရနေတာလား?"မစ္စတာဟွမ်က မေးသည်။

ကျန်းရီက "ဒါဆို မင်းဘယ်လိုလှုပ်လို့ရသွားတာလဲ။"

"အဘိုးကြီး ပျောက်ကွယ်သွားတော့မှ ငါလည်းပြေးလို့ရခဲ့တာ ။ အဲဒီအချိန် ပြေးနေတုန်းမှာတောင် နှလုံးခုန်သံတွေက မြန်လွန်းလို့ အပြင်တောင်ခုန်ထွက်မတက်ပဲ ။ ငါးကန်ဆီကိုပဲ တန်းတန်းမတ်မတ်ပြေးခဲ့တာ ။ ငါးသူခိုးရှိမရှိတောင် မကြည့်မိဘူး ​ငါးကန်ကြည့်တဲ့ တဲလေးထဲ အမြန်​​ပြေးဝင်​သွားတာ​။"

"ငါ့တဲ့လေးက ငါးကြည့်ဖို့ ဆောက်ထားတာ။ မင်း ဒီကနေဆို မမြင်ရဘူး။ မင်းမြင်ရဖို့ဆို ငါးကန်နားမရောက်တရောက်လောက်ကို သွားရမယ်။"

မစ္စတာဟွမ်ကရှင်းပြပြီးနောက် ကျန်းရီက "ဒါဆို မင်းရဲ့တဲလေးကို အရင်ပြန်သွားလိုက်ပါ။ စကားမစပ် မင်းရေကန်နားမှာ ငါးတစ်မျိုးပဲ မွေးတာမဟုတ်ဘူးမလား"

"ဘယ်ဟုတ်ပမလဲ။

ဒီလောက်ကြီးတဲ့ ကန်ကြီးကို ငှားလိုက်ရင် သူ့ဘေးမှာရှိတဲ့ မြေကွက်တွေကလည်း အငှားချတဲ့ဧရိယာအတွင်းမှာ ပါတယ်လေ ဒါကြောင့် ဝင်ငွေအပိုလေးဘာလေးရအောင် မွေးမြူရေးလုပ်ငန်းအချို့ လုပ်ရမယ်လေ။

ပြီးတော့ ကြက်တွေ ဘဲတွေရဲ့ မစင်တွေကို မြေသြဇာအဖြစ် အသုံးပြုပြီးတော့ ရေကန်အတွင်းကိုဖြန်ကျဲလို့လည်း ရသေးတယ်။

ပြီးတော့ မြေသြဇာ လည်းကောင်းတဲ့အတွက် သစ်သီးပင်တချို့ကိုလည်း စိုက်ထားသေးတယ်။

"ဂရိတ်ဖရုအပင်ရော ရှိလား?"

"ရှိတယ်၊ Shun'an မှာအဲ့အသီးတွေက တော်တော်နာမည်ကြီးတယ်။"

"ကောင်းပြီ၊ ဂရိတ်ဖရုအရွက်တွေကို သွားကောက်ပြီး ရေကျိုလိုက်ပါ။ ပြီးရင် အရွက်တွေကို ဖယ်ပြီးတော့ မင်းခြေထောက်ကို အဲ့ရေမှာစိမ်လိုက် ။ မင်းခြေထောက်ကို ဘယ်အရာက ဆွဲနေလဲဆိုတာ ကြည့်လိုက်ရအောင်။"

မစ္စတာဟွမ်က ထိုစကားများကိုကြားသောအခါ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။ သူက ရှောင်ဖေးရဲ့ သင်္ချိုင်းမှာ ခဏလောက်တောင်မနေချင်တော့ပါဘူး။

ရှောင်ဖေးနဲ့ သူနဲ့ ဆက်ဆံရေးကောင်းရှိခဲ့ရင်တောင်မှ သူအသက်ရှင်နေတဲ့အချိန်ပါပဲ။ သေသူနဲ့ ရှင်သူ လုံးဝကွဲပြားသော သဘောတရားများဖြစ်တယ်။

မစ္စတာဟွမ်သည် ထ၍ ငါးကန်ဆီသို့ အမြန်လျှောက်သွားခဲ့သည်။ ငါးကန်သို့ သူရောက်သောအခါ ရေမျက်နှာပြင်သည် လရောင်ကြောင့်တောက်ပနေသည်။

မစ္စတာဟွမ်သည် ခေါင်းကို မော့ကာ တိမ်မည်းများမှ ထွက်ပေါ်လာသော တောက်ပသော လကို မော့ကြည့်ကာ ။

"နေနဲ့လက တောက်ပနေတော့ ညအချိန်တောင် အလုပ်သမားတွေ အလုပ်လုပ်နေရးသေးတယ်။

အသံတိုးတိုးဖြင့် ကျိန်ဆဲရင်း ငါးကန်သို့ အမြန်ပြေးကာ စကားလုံးများ ပါးစပ်မှ လွတ်ထွက်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေကတော့ မချိုမချဥ်ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ထိုအချိန်တွင် မစ္စတာဟွမ်က ဂရိတ်ဖရုအပင်ဆီသို့ ပြေးသွားကာ အရွက်များကို အမြန်ခူးပြီး ငါးကြည့်တဲလေးထဲသို့ ပြေးသွားခဲ့သည်။

တဲလေးက အရမ်းရိုးရှင်းပေမယ့် နေ့စဉ်သုံးပစ္စည်းတွေကတော့ အစုံရှိပါတယ်။

သူက ဂက်စ်မီးဖိုကိုဖွင့်ပြီး ရေကိုကျိုတယ်။ ရေဆူလာတော့ အရွက်တွေထည့်လိုက်တယ်။ အပူချိန်ကခြေထောက်စိမ်လို့ရတဲ့ အနေအထားရောက်တော့ မစ္စတာဟွမ်က အမှတ်နဲ့ခြေထောက်နှစ်ဖက်ကို ရေနွေးထဲသို့ စိမ်လိုက်သည်။

ခဏလောက် ရေစိမ်ပြီးနောက် မစ္စတာဟွမ်က ပြုံးပြီး "အိမ်ပြန်ပြီး စိမ်လိုက်ရင် ပိုတောင်ကောင်းအုံးမယ်၊ ​​ဒီမှာဆို ငါ အမြဲတမ်း သူခိုးကိုကြည့်နေရသေးတယ်။ ဒါပေမယ့် ပြောစရာမလိုအောင်ပဲ ဂရိတ်ဖရုအရွက်နဲ့ခြေထောက်စိမ်တာက အရမ်းသက်တောင့်သက်သာရှိတာပဲ"

"ဒီလောက်ဆို ရပြီ။ မင်းခြေထောက်ကို ရေပြောင်အောင်သုတ်ပြီး ရေကို လွှင့်ပစ်လိုက်တော့။"

ကျန်းရီပြောသည့်အတိုင်း မစ္စတာဟွမ်သည် ခြေကိုသုတ်ကာ ရေဇလုံကို တဲအနောက်တံခါးဆီသို့ သယ်သွားလိုက်သည်။

သူ့တဲလေးသည် ရေကန်ဘေးတွင်ရှိပြီး နောက်ဖေးတံခါးကိုဖွင့်လိုက်တာနဲ့ ရေကန်က တစ်မီတာလောက်သာ ဝေးသည်။

သူ့လက်တွေက ရေကန်ထဲကို ခြေစိမ်ထားတဲ့ရေတွေကို လောင်းခါနီးမှာ ကျန်ရီက ရုတ်တရက် "ခဏ" ဆိုပြီး အော်လိုက်တယ်။

မစ္စတာဟွမ်က ခနရပ်လိုက်ပြီး "ဘာဖြစ်လို့လဲ၊ စတွင်မာ?"

"မင်းခြေထောက်စိမ်ပြီးတိုင်း အဲ့ရေကို ရေကန်ထဲကိုပဲ လောင်းချခဲ့တာလား။"

"ဟုတ်ပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ ဒီရေကန်က သောက်ရေကန်မဟုတ်ပါ" မစ္စတာဟွမ်သည် ကျန်းရီ၏ ဆိုလိုရင်းကို နားလည်မှုလွဲခဲ့သည်။

ကျန်းရီသည် မစ္စတာဟွမ်၏လက်ထဲမှ ရေဇလုံကို စိုက်ကြည့်ကာ "ဒါဆို မင်း ဖြည်းဖြည်းလောင်း၊ မြန်မြန်မလောင်းနဲ့" လို့ပြောလိုက်တယ်။

"ကောင်းပါပြီ။"

သူပြောသည့်အတိုင်း မစ္စတာဟွမ်သည် ရေကန်ဘေးတွင် ထိုင်ချလိုက်ပြီး ရေကို ဖြည်းဖြည်းချင်းလောင်းချလိုက်သည်။

ဒါပေမဲ့ ရေက ဇလုံထဲက သွန်လိုက်တဲ့အခါမှာ တစ်စုံတစ်ခုက ရေနဲ့အတူ ထွက်ပါလာတယ်။

အနီးကပ်ကြည့်လိုက်တော့ မစ္စတာဟွမ်ရဲ့လက်ထဲက ဇလုံက မြေပြင်ကို ရုတ်တရက်ပြုတ်ကျသွားတယ်။ သူမြင်လိုက်ရတဲ့အရာက လူသားမျက်နှာကြီး ။

All Chapters