ငရဲကသူ့ကို သေစေချင်နေတာ
Vol. 2 Ch. 20
မျက်နှာကြီးသည် ပန်းကန်ဆေးရေမျက်နှာပြင်ပေါ်တွင် ပေါ်နေသော ဆီကဲ့သို့ ပေါ်နေသည်။
ရေက စောင်းသွားတဲ့အခါ မျက်နှာကလည်း ရှုံ့လိုက်ဆန့်လိုက် ဖြစ်သွားတယ်။
အထူးသဖြင့် ရေဇလုံပြုတ်ကျသွားတဲ့အခါ မျက်နှာတစ်ခုလုံး ပုံပျက်သွားတယ်။
ထိုအချိန်တွင် မစ္စတာဟွမ်က ဇလုံကိုပြန်ကောက်လိုက်တဲ့အခါမှာတော့ မျက်နှာက ဘယ်ကိုရောက်လို့ရောက်မှန်းမသိ ပျောက်သွားသည်။
ကြည့်ရှု့သူ A-"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ မျက်နှာကြီးက ရေထဲမှာ ဘာလို့ပေါ်လာရတာလဲ"
ကြည့်ရှု့သူ B-"ခဏနေပါဦး၊ စတွင်မာက မစ္စတာဟွမ်ကို ခြေထောက်ဆေးခိုင်းတော့ အဲဒါက ဘယ်သူလဲဆိုတာ ကြိုသိနေတာလား၊ မစ္စတာဟွမ်ခြေထောက်က လက်ရာကြီးကို ရေစိမ်ပြီး အဲ့ရေကိုသွန်လိုက်တော့ လူမျက်နှာကြီးထွက်လာတယ် အာ့ဆို အဲ့မျက်နှာနဲ့ ခြေကျင်းဝတ်ကိုကိုင်ထားတဲ့လူက အတူတူပဲ မဟုတ်လား။"
ကြည့်ရှု့သူ C-"ဟုတ်တယ် ဒီအစ်ကိုပြောတာမှန်တယ် ဒီလိုမျိုးဖြစ်နိုင်တယ်"
တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ကြည့်ရှုသူတွေ တုန်လှုပ်သွားပေမယ့် သူတို့စိတ်ထဲမှာတော့ တေယ်တော်များများ နားလည်သွားကြပါတယ်။
မစ္စတာဟွမ်ကို တစ်ချက်ကြည့်လိုက်တော့ သူက မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ထိုမျက်နှာကို ကြောင်ကြောင်ကြီး စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက်မှာ သူသည် စကားနှစ်ခွန်းကို ပြောလိုက်သည် ။
"အစ်ကို။"
ဘာ?
အကိုကြီး?
ဒီမျက်နှာက မစ္စတာဟွမ်ရဲ့အစ်ကိုကြီး ဖြစ်နေတာလား။
"အဲ့မျက်နှာက ငါ့အစ်ကိုအကြီးဆုံးပဲ။ ကင်ဆာရောဂါနဲ့ ဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ ဘာလို့ ငါ့ခြေထောက်ကို ကိုင်ပြီး ပြေးခွင့်မပေးရတာလဲ။"
မစ္စတာဟွမ်၏ မျက်လုံးထဲတွင် ထိတ်လန့်မှုက ရှင်းရှင်းလင်းလင်း ရှိနေပြီး သူ့အသံမှာ ရှိုက်ကြီးတငင် ဆို့နင့်နေသော်လည်း သူ့လေသံက ကြောက်ရွံ့ခြင်းမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲနဲ့ စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်မှုတို့ ပါနေသည်၊
ကျန်းရီက ချက်ချင်း မတုံ့ပြန်ပဲနဲ့ ခဏလောက် တွေးပြီးတဲ့အခါမှာ “အစ်ကိုဟွမ် မင်းအခု အပြင်ထွက်ပြီး လမ်းလျှောက်ထွက်လိုက်ပါ။ ပြန်လာတဲ့အခါ မင်းခြေစိမ်ဖို့ ဂရိတ်ဖရုအရွက်ကို ခူးလိုက်အုံး” လို့ ပြောလိုက်တယ်။
ထိုစကားများပြောလိုက်သည်နှင့် တပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်များ စိတ်ရှုပ်ထွေးသွားကြသည်။
ကြည့်ရှု့သူ A-" ခြေကျင်းဝတ်က လက်ဗွေရာက တစ်စုံပဲ ရှိတာမဟုတ်ဘူးလား၊။ အခု လက်ဗွေက ပျောက်သွားပြီလေ တခြား ဘာပြဿနာ ရှိနိုင်မှာလဲ"
ကြည့်ရှု့သူ B-"ဆက်မပြောနဲ့တော့၊ စတွင်မာက ဒီလိုလုပ်ဖို့ ပြောတာ ရည်ရွယ်ချက်ရှိရမယ်။"
မစ္စတာဟွမ်သည်လည်း တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှ ပရိတ်သတ်များနည်းတူ စိတ်ရှုပ်ထွေးသွားတယ်။ ဒါပေမယ့်လည်း အဆုံးမှာ အံကြိတ်ကာ "ကောင်းပြီ၊ ငါချက်ချင်း လမ်းလျှောက်လိုက်မယ်။"
ထိုသို့ပြောပြီးသောအခါ မစ္စတာဟွမ်သည် ပိုပြီးသတ္တိရှိလာကာ ရေကန်ကို တပတ်ပတ်လိုက်သည်။
တစ်ပတ်ပြည့်ဖို့ အချိန်တော်တော် ယူခဲ့ရသည်။ ဂရိတ်ဖရုအရွက်တွေ အများကြီးခူးပြီး သူ့ခြေထောက်ကို စိမ်ပြီးတော့ မစ္စတာဟွမ်က ဇလုံကို လက်ထဲကိုင်ပြီး နောက်တံခါးကို တုန်တုန်ယင်ယင်နဲ့ လျှောက်သွားတယ်။
ဒီတစ်ခါတော့ အရင်ကလို ရေကန်ထဲကို တိုက်ရိုက်မလောင်းချဘဲ ဖြည်းညှင်းစွာ လောင်းချလိုက်တယ်။
လူမျက်နှာတစ်ခုသည် ရေပေါ်၌ ဆီစွန်းထင်းနေသကဲ့သို့ ထပ်မံသွန်လာသောအခါ မစ္စတာဟွမ်က သူ့ခေါင်းကို ရုတ်တရက်ဖက်လိုက်သည်။
သူ့ခေါင်းတွေပူထူသွားသည် ဒီမျက်နှာကို သူရင်းရင်းနှီးနှီး သိနေသည် ။
"သူ့ကိုသိလို့လား?"
ကျန်းရီက မေးလိုက်သည်နှင့် မစ္စတာဟွမ်က ခေါင်းညိတ်ကာ မနေနိုင်ဘဲ "ငါသိပါတယ် ဒါ ငါ့အဖွားပဲ"
"မင်းမှာရှိတဲ့ လက်ဗွေရာတွေက တကယ်ကို မတူဘူးပဲ။ အကိုဟွမ်၊ မင်းရဲ့အင်္ကျီကို ချွတ်လိုက်ပါ။"
ကျန်းရီ၏အမူအရာသည် ယခင်ကထက် ပိုမိုလေးနက်လာပြီး တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ပရိသတ်များမှာလည်း ရှုပ်ထွေးသွားခဲ့သည်။
မစ္စတာဟွမ်ကို သူ့အဝတ်တွေ ဘာလို့ချွတ်ခိုင်းတာလဲ။
လူ့မျက်နှာက သူ့ခန္ဓာကိုယ်မှာလည်း ပေါ်နိုင်တာလား?။
ဒါကတော့ မဖြစ်နိုင်ပါဘူး ဒါပေမယ့် မစ္စတာဟွမ်ကတော့ ပြောတဲ့အတိုင်း လုပ်ခဲ့တယ်။ သစ်သားစည်ထဲသို့ ကျိုချက်ထားသော ရေနွေးအိုးကို လောင်းချကာ ဂရိတ်ဖရုအရွက်ကို ထည့်လိုက်သည်။
"ပထမဦး စည်ထဲဝင်ပြီးတော့ ဂရိတ်ဖရုအရွက်နဲ့ ရေကို ရင်ဘတ်ကို ပွတ်ပေးလိုက်။"
ကျန်းရီက ပြောပြီး မစ္စတာဟွမ်ကလည်း သူပြောတဲ့အတိုင်း လုပ်တာပေါ့။ သူ့ရင်ဘတ်ကို အထပ်ထပ် သုတ်ပြီးနောက် ကျန်းရီက သူ့ကို ရပ်တန့်ဖို့ ပြောလိုက်သည်။ပြီးတော့
"ရေကို သွန်လိုက်ပါ။"
အားစိုက်ထုတ်ပြီးတော့ မစ္စတာဟွမ်က သစ်သားစည်ကြီးကို တံခါးအပြင်ကို ထုတ်လာခဲ့တယ်။
သစ်သားစည်ကို စောင်းလိုက်တဲ့အခါမှာ ရေတွေ စီးကျလာသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ မစ္စတာဟွမ်က ရုတ်တရက် ထအော်လိုက်တယ်။
"အိုး....မိုင်....ဂေါ့.!"
သူသည် မြေပြင်မှ ရုတ်တရက် ထခုန်လိုက်ပြီး သစ်သားစည်သည် မြေပြင်ပေါ်တွင် လုံးလုံးလျားလျား လှန်သွားတဲ့အခါမှာ မှိုတွေအစုလိုက်အပြုံလိုက်ပေါက်နေသလို မျက်နှာတွေက တစ်ခုပြီးတစ်ခုအပြုံလိုက် ပေါ်လာခဲ့သည်။
မစ္စတာဟွမ်တောင်မပြောနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေကလည်း ဒီအချိန်မှာတော့ လုံးဝတိတ်ဆိတ်သွားတယ်။
ကျန်းရီက ယခုအခိုက်အတန့်မှာ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ လူပေါင်း ၇၀၀၀ ကျော်လောက်က ကြက်သီးမွှေးညှင်းတွေ တဖြန်းဖြန်းထနေလောက်ပီဟု တွေးနေမိသည်။
အပြင်မှာ တကယ်ကြုံနေရတဲ့ မစ္စတာဟွမ်ဆိုရင် ချက်ချင်းပဲ သူ့မျက်နှာက အရောင်ပျက်သွားပြီးတော့ “စတွင်မာရေ ငါ့ကို ကယ်ပါဦး၊ ငါမသေချင်သေးဘူး၊ ငါတကယ်သေလို့လည်း မရသေးဘူး ဒီလောက်များတဲ့ သရဲတစ္ဆေတွေ ငါ့ကိုလိုက်ခြောက်နေရင် ငါအသက်ရှည်ရှည်နေရမှာမဟုတ်တော့ဘူး ငါ့ကိုကယ်ပါအုံးကွာ!"
မစ္စတာဟွမ်ပြောတာ မှန်ပါတယ်၊ သူတစ္ဆေတစ်ကောင်တည်းနဲ့ တွေ့လိုက်ရတာမဟုတ်ပါဘူး၊ သူကတစ္ဆေသိုက်ထဲကို ရောက်သွားတာပါ။
သူ့ခန္ဓာကိုယ်မှာ သရဲတစ္ဆေတွေရဲ့ ခြေရာလက်ရာတွေ မကျန်ခဲ့တဲ့ နေရာမရှိဘူးဟု ပြောရင်တောင် ဒါဟာ ချဲ့ကားပြီးပြောတာ မဟုတ်ပါဘူး။
ကျန်းရီက ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေမယ့် အခု ပြဿနာက သူ့ရှေ့မှာ ရှိနေပြီး သူ ဒါကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။
မစ္စတာဟွမ်ကို ထိုမျက်နှာများအားလုံးကို ဆေးကြောခိုင်းရင်တောင်မှ အမှန်တကယ်တော့ အဲ့နည်းက အပေါ်ယံဖြေရှင်းချက်သာ ဖြစ်တယ်။
သူဘာလုပ်ခဲ့လို့ ဒီလောက်သရဲတစ္ဆေအမြောက်အမြားက သူ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်တွေ ချန်ထားခဲ့ရတာလဲ။
ပိုပြီးထူးဆန်းတာက မစ္စတာဟွမ်က အခုထိ အသက်ရှင်နေပြီးတော့ နေကောင်းနေသေးတာပဲ ။
ကျန်းရီသည် အကြောက်လွန်နေသော မစ္စတာဟွမ် ကိုကြည့်ကာ "ရှောင်ဖေးသေတာ ဘယ်လောက်ကြာပြီလဲ?"
"တစ်လနီးပါးရှိပါပြီ။"
"ဒါဆို အဲ့အဘိုးကြီးဆုံးတာလည်း တစ်လနီးပါးရှိပြီပေါ့ "
"ဟုတ်ပါတယ်!"
"အခု ထွက်လာတဲ့ မျက်နှာတွေထဲမှာ မင်းရဲ့ ဆွေမျိုးတွေက ဘယ်သူတွေလဲ။"
"ငါ့အစ်ကိုအကြီးဆုံးနဲ့ ငါ့အဖွားပဲရှိတာ၊ တခြားသူတွေကိုတော့ ငါမသိဘူး။"
မစ္စတာဟွမ်က ငိုတဲ့လေသံနဲ့ ပြောပြီးတော့ ကျန်းရီက ပြဿနာက ဘယ်နေရာမှာလဲဆိုတာ စဉ်းစားနေတယ်။
ခဏလောက် စဥ်းစားပြီးတော့ သူထပ်မေးခဲ့တယ် "ဒါဆို အကိုဟွမ်၊ ရှောင်ဖေမသေဆုံးခင်နဲ့ အခုချိန်ထိ ဘယ်လိုထူးဆန်းတာတွေကို မင်းကြုံတွေ့ပြီးပြီလဲ?"
မစ္စတာဟွမ်သည် သူ၏ အတွင်းစိတ်က ကြောက်ရွံ့မှုကို မျိုသိပ်ကာ ခဏလောက် တွေးကြည့်ပြီးနောက် ရုတ်တရက်သတိရလာသည်။
"ရှောင်ဖေး မသေခင်ညက ဖြစ်ခဲ့တာထင်တယ် ဟုတ်တယ်... သူ မသေခင်ညကပဲ အဲ့အချိန်ကအရမ်းနောက်ကျနေပြီ ဒီအခန်းထဲမှာပဲ ငါအိပ်ပျော်နေတာ။ ငါအရမ်းနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ ဒါပေမယ့် အပြင်မှာ တစ်ယောက်ယောက်က ငါ့ကို ခေါ်နေတာကို ကြားလိုက်ရတယ်"
"အဲ့အချိန်တုန်းက မျက်လုံးတွေ မှင်တက်တက်နဲ့ ဖွင့်ကြည့်လိုက်တော့ အပြင်မှာ တစ်ယောက်ယောက်က ကျွန်တော့်နာမည်ပြောင်ကိုခေါ်နေတာကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ ကျွန်တော့်နာမည်ပြောင်က လောင်ဟွမ် ဖြစ်ပြီး ရွာကလူတိုင်းက ကျွန်တော့်ကို ဒီလိုခေါ်ကြတယ်"
"မင်းကို ခေါ်တဲ့အသံက ယောက်ျားသံလား မိန်းမသံလား"
"ယောက်ျားအသံ။"
"သေချာစဉ်းစားကြည့်ပါအုံး ၊ ယောက်ျားလား၊ မိန်းမလားဆိုတာ ပြီးတော့ အဲ့အသံနဲ့ ရင်းနှီးလား မရင်းနှီးလားဆိုတာကို "
မစ္စတာဟွမ်က အံ့အားသင့်သွားပြီး သေသေချာချာစဉ်းစားပြီး ရုတ်တရက် "ရှောင်ဖေး... အဲဒါ ရှောင်ဖေးရဲ့အသံပဲ!"
" ရှောင်ဖေး မသေခင်ညက တံခါးအပြင်ဘက်ကနေ သူခေါ်နေတာကို မင်းကြားလိုက်တယ်၊ ပြီးတော့ ဘယ်အချိန်ရှိနေပြီလဲ"
မစ္စတာဝူက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီးတော့- "ငါနိုးလာပြီးတော့ တိုင်ကပ်နာရီကို ကြည့်လိုက်တော့ မနက်တစ်နာရီလောက်ရှိပုံရတယ်။ ဟုတ်တယ်၊ တစ်နာရီတိတိပဲ"
"ဒါဆို မင်းပြန်တုံ့ပြန်လိုက်လား၊ သူ မင်းကို ခေါ်တဲ့အခါ မင်း ပြန်ထူးခဲ့လား။"
"မျက်လုံးဖွင့်ကြည့်လိုက်တော့ အပြင်မှာ တစ်ယောက်ယောက် ခေါ်သံကြားပြီးတာနဲ့ ပြန်ထူးလိုက်တာပဲ။"
ကျန်းရီက နားထောင်ပြီးနောက် သက်ပြင်းချရင်း "အဲဒီနေ့က သူ့ကို ငရဲ ကိုက သေစေချင်နေတာပဲ၊ မနက်ဖြန်အထိ ဘယ်သူမှ သူ့ကို မကယ်နိုင်ဘူး!"