← Chapters

လရောင်အောက်က လှေငယ်လေး

Vol. 2 Ch. 21

လရောင်အောက်က လှေငယ်လေး

Vol. 2 Ch. 21

ကျေးလက်​သေစကားအရ ညသန်းခေါင် တံခါးအပြင်ကနေ သရဲခေါ်သံကြားရင် ပြန်မထူးရဘူး။ ရိုးရိုးရှင်းရှင်းပြောရရင်ကွာ ညဘက် တစ်ယောက်ယောက်က မင်းနာမည်ကိုခေါ်တဲ့အသံကြားရင် ပြန်မထူးရဘူး။

ဖြစ်လာမယ့်အကျိုးဆက်ကတော့ ပြင်းထန်သောဖျားနာမှုမှ အသက်အန္တရာယ်ရှိသော အခြေအနေအထိ ဖြစ်နိုင်တယ်။

ဒါပေမယ့် ဒီစကားတွေက ပြန်ထူးလိုက်တဲ့သူကို ရည်ညွှန်းတာလေ။ နောက်နေ့ လာခေါ်တဲ့သူက ဘာကြောင့်သေသွားရတာလဲ။

လူတော်တော်များများက နားမလည်ပေမယ့် ကျန်းရီက "မင်းရဲ့အသက်ကို ပိတ်ဆို့လိုက်တာ" ဆိုတဲ့ စကားကို ပြောခဲ့တယ်။

ထိုအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်များက ရုတ်တရက် သဘောပေါက်သွားသည်– "အသက်ကို ပိတ်ဆို့လိုက်တာပဲ။ ငယ်ငယ်က အဖွားအမြဲပြောတာမှတ်မိပါသေးတယ် ငါ့ရဲ့အသက်ကို အဘိုးက ပိတ်ဆို့ခဲ့တာလို့ ပြောဖူးတယ်။

"ဟုတ်တယ်၊ လူတစ်ယောက်ရဲ့အသက်ကို ပိတ်တယ်ဆိုတဲ့ ရိုးရာစကားတစ်ခုရှိတယ်။ ဆွေမျိုးတွေ ဒါမှမဟုတ် အိမ်က တိရစ္ဆာန်တွေတောင် ပါနေသေးတယ်။ ဒါပေမယ့် ရှောင်ဖေးက မစ္စတာဟွမ်ရဲ့အသက်ကို ဘာကြောင့် ပိတ်လိုက်တာလဲ။"

ဒီမေးခွန်းအတွက် အဖြေကမရှိပါဘူး။ ကျန်ရီတောင်မှ တိကျသောအဖြေကို မပေးနိုင်ပါဘူး။

ဘာလို့လဲဆို ကောင်းကင်ဘုံက သတ်မှတ်ထားတာကြောင့်လို့ပဲ ပြောရမှာပဲ၊

မနက်တစ်နာရီကျော်ဆိုတော့ ရှောင်ဖေးနဲ့ သူ့ဝမ်းကွဲတို့ ဖြစ်ပျက်ခဲ့တဲ့အချိန်နဲ့ တိုက်ဆိုင်နေတာဘဲ မဟုတ်ဘူးလား။

သူတို့နှစ်ယောက် အဲ့လိုဖြစ်ပျက်ခဲ့တဲ့အချိန်မှာပဲ ရှောင်ဖေးအတွက် သေဖို့ကံက သတ်မှတ်ပြီးသွားပီ။

ကျန်းရီက ရှောင်ဖေးနှင့် သူ၏ဝမ်းကွဲတို့ရဲ့ ဖြစ်ပျက်ခဲ့တဲ့အချိန်နှင့် မစ္စတာဟွမ် ကြုံတွေ့ခဲ့ရတဲ့အချိန်တိုက်နေကြောင်းကို ပြန်လည်ဖော်ပြပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်များက နားလည်သွားခဲ့ကြသည်။

ဒါပေမယ့် ပရိတ်သတ်တွေ နားလည်သွားပေမယ့် တိုက်ရိုက်ပတ်သတ်နေတဲ့လူ မစ္စတာဟွမ်ကတော့ လက်ခံဖို့ ခက်ခဲနေတယ်။

"စတွင်မာ၊ အချိန်တူရင်တောင် နေ့ကမှားနေတယ်လေ!" မစ္စတာဟွမ်က ပြောလိုက်တယ်။

"မင်းဆိုလိုတာကို ငါနားလည်ပါတယ်၊ ဒါပေမယ့် မင်းနားထဲမှာ ရှောင်ဖေးရဲ့ အော်သံကို မင်းကြားလိုက်ရတယ်လေ။ မင်းသေချာစဉ်းစားကြည့်ရင် နေ့ခင်းဘက် ရေကန်ထဲကို ရှောင်ဖေးခုန်ချတဲ့နေ့မှာ မင်းတစ်ခုခု မူမမှန်တာကို ခံစားလိုက်ရမှာပါ"

ကျန်းရီက ပြောလိုက်တဲ့အခါမှာ မစ္စတာဟွမ်၏ မျက်နှာသည် မှိုင်မှိုင်ထွေထွေဖြစ်နေပြီး ပြောစရာစကားများလည်း ပျောက်ဆုံးနေသည်။

ခဏအကြာမှာတော့ မျက်လုံးများနီရဲလာပြီး ကိုယ့်ကိုကိုယ် အပြစ်တင်စွာဖြင့် "ငါမှားပါတယ်၊ အဲဒီနေ့ နေ့လည်စာစားပြီးတော့ ငါးကန်ကို လာခဲ့သင့်တယ်။

အဲဒီနေ့တော့ ဘာတွေဖြစ်လဲ မသိပါဘူး နေ့လည်စာစားပြီးတော့ တစ်စုံတစ်ယောက်က ငါ့ကို ငါးကန်ကိုမသွားခိုင်းနေသလို မျိုးကြီးခံစားနေရတယ် "

“မိသားစုကို ထောက်ပံ့ဖို့အတွက် ကျွန်တော်ကအမြဲတမ်း စောစောထပြီး ညဘက်တွေလည်း အလုပ်ကို ကြိုးကြိုးစားစားလုပ်ခဲ့တာ ပျင်းဖို့ကို နည်းနည်းလေးတောင်မတွေးခဲ့ဘူး။

ဒါပေမယ့် အဲဒီနေ့က ကျွန်တော် ပျင်းရိနေခဲ့တယ်။

မိန်းမက ဘယ်လောက်ပဲ တိုက်တွန်းနေပါစေ ငါးကန်ကို မသွားချင်ခဲ့ဘူး။

ပြီးတော့ အဲဒီနေ့က နေ့လည်စာစားပြီးတော့ တော်တော်လေးအိပ်ချင်နေတာ။

နေ့လယ်စာစားပြီး အိပ်ပျော်သွားတယ်။

ညနေပိုင်းလောက်မှာ ရုတ်တရက် နိုးလာခဲ့တယ် ပြီးတော့ အပြင်ကောင်းကင်က အုံ့မှိုင်းနေသလို ခံစားလိုက်ရတယ်။ "

မစ္စတာဟွမ်က အဲ့လိုပြောပြီးတော့ " ရှောင်ဖေးရဲ့အသက်က နှစ်ဆယ်ပဲရှိသေးတယ်၊ သူကငါ့အသက်ကို ဘာလို့ပိတ်ဆို့ခဲ့ရတာလဲ။ ဒါက ငါ့တစ်သက်လုံး အပြစ်ရှိသလို ခံစားရစေလိမ့်မယ်"

"အဲဒါကြောင့်ပဲ ဒီကိစ္စကို ပိုပြီးဖြေရှင်းဖို့လိုတာပဲ။ မစ္စတာဟွမ်၊ မင်း ညဘက် ငါးရှာဖူးလား"

ကျန်းရီသည် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ မစ္စတာဟွမ်သည် ထိုအပြစ်ထဲတွင် တွယ်ကပ်နေပါက ယနေ့ညတွင် ဤကိစ္စကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။

မစ္စတာဟွမ်က စိတ်တည်ငြိမ်မှုပြန်ရပြီး ခေါင်းယမ်းရင်း “မရှာဘူး၊ ညဘက်မှာ တောင်တွေဝိုင်းနေတယ်၊ ​ဒါကြောင့် မနက်၊ နေ့လည်၊ ညနေခင်းတွေမှာပဲ ငါးဖမ်းတယ်။"

“ကောင်းပြီ အခု မင်း တစ်ချို့အရာတွေ ပြင်ဆင်ရမယ်၊ မင်းမှာ မွေးမြူရေးတိရစ္ဆာန်တွေ ရှိတယ်မလား။ အခု ဘဲနဲ့ ကြက်နည်းနည်းယူ၊ ပိုက်ကွန်အိတ်ထဲ ထည့်ပြီး မင်းရဲ့ငါးလှေကြီးရဲ့ ပဲ့မှာ ချိတ်ဆွဲထားလိုက်။ အိမ်နောက်ဖေးကနေ ရေကန်ထဲ ဆင်းသွားလိုက်ပါ။ ပြီးတော့ ကန်ရဲ့တခြားတစ်ဖက်ကို သွားရမယ်။"

မစ္စတာဟွမ်သည် တုံ့ဆိုင်းမနေဘဲ ထကာ ကြက်များနှင့် ဘဲများကို ဖမ်းကာ ပိုက်အိတ်ထဲတွင် ထည့်ကာ သူတို့ကို ရေထဲသို့ နစ်မြုပ်လိုက်ရမလားဟု ကျန်းရီကို မေးလိုက်သည်၊ မဟုတ်ပါက ကြက်နှင့် ဘဲများက ရေမျက်နှာပြင်ပေါ်တွင် ကျိန်းသေ ပေါ်နေမည်ဖြစ်သည်။

ကျန်းရီက ကောင်းပြီဆိုပြီး၊ မစ္စတာဟွမ်က ပိုက်အိတ်ထဲမှာ နောက်ထပ် ကျောက်ခဲတချို့ ထပ်ထည့်လိုက်တယ်။ ပြီးတာနဲ့ လှေပေါ်တင်လိုက်တယ်။

ကျန်းရီ၏ ညွှန်ကြားချက်အရ ​လှေဦးခေါင်းပေါ်တွင် ဖယောင်းတိုင် ၃ တိုင်ထွန်းညှိထားသည်။ တောက်ပသောလရောင်အောက်တွင် ဖယောင်းတိုင်မီးမှိန်မှိန်နှင့် မစ္စတာဟွမ်သည် လှေကို ရေကန်၏ အခြားတစ်ဖက်သို့ ဖြည်းညှင်းစွာ လှော်ခတ်လိုက်သည်။

လှေကို လှေလှော်ပြီးတာနဲ့ ကျန်းရီက " အကိုဟွမ် နောက်ပီးဘာပဲဖြစ်ဖြစ် ရေထဲကို လုံးဝမကြည့်ပါနဲ့။"

မစ္စတာဟွမ်က ခေါင်းညိတ်ပြပြီး လှေကိုဖြေးညှင်းစွာ လှော်ခတ်ကာ လှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။

ကျောက်တုံးတွေနဲ့ ရေအောက်မှာ ဖိထားတဲ့ ကြက်တွေနဲ့ ဘဲတွေ ဘာဖြစ်နေမှန်း ဘယ်သူမှ မသိကြပါဘူး။ မစ္စတာဟွမ်သည်လည်း အလွန်စိတ်လှုပ်ရှားနေပြီး ကြက်များနှင့် ဘဲများ ဘာဖြစ်မည်ကို အနည်းငယ် သိချင်နေသော်လည်း ကျန်းရီပြောတဲ့စကားကို အမြဲလိုက်နာပါတယ်။

ဒီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကလည်း ခြောက်ကပ်နေပါတယ် ဘာလို့ဆို ဘယ်သူမှ စကားမပြောပဲ တိတ်ဆိတ်နေလို့ပါ။

ကျန်းရီလည်းပဲ တိတ်ဆိတ်နေပြီးတော့ မစ္စတာဟွမ်ရဲ့ မျက်လုံးတွေကလည်း ရေထဲကိုမကြည့်ရတဲ့အတွက် ရေကန်ရဲ့ တခြားတစ်ဖက်ကို စိုက်ကြည့်နေပါတယ်။

အချိန်တွေ ကုန်လွန်သွားပြီးတော့ မစ္စတာဟွမ်ရဲ့ လှေလေးဟာ ​​ရေကန်ရဲ့ အလယ်ဗဟိုကို ရောက်လို့လာပါတယ်။

လရောင်ကြောင့် ရေသည် အမြဲတမ်း တောက်ပနေ၏။ လက်ကိုင်ဖုန်းကတော့ တုတ်ဖြင့် ချည်နှောင်ထားပြီးတော့ မစ္စတာဟွမ်၏ ရှေ့တွင် ကပ်ထားတဲ့အတွက်ကြောင့် ထိုပုံများကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်ခဲ့ပါတယ်။

ရိုးရိုးသားသားပြောရရင် လရောင်အောက်က ရေမျက်နှာပြင်က မြို့ကြီးပြကြီးတွေမှာ မတွေ့ရတဲ့ ရှားရှားပါးပါး တိတ်ဆိတ်ငြိမ်သက်တဲ့ အလှကို ပေါ်လွင်စေပါတယ်။

ထိုအချိန်မှာ မိုဘိုင်းလ်ဖုန်းကနေပြီးတော့ မစ္စတာဟွမ်၏နောက်ကနေ အလင်းရောင်လေးတစ်ခု ရုတ်တရက် လင်းလက်လာတာကို ဖမ်းယူမိလိုက်သည်။

မစ္စတာဟွမ်ကိုယ်တိုင်က မသိသော်လည်း ကျန်းရီနဲ့ ပရိသတ်တွေက ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။

မီးရောင်မရှိတဲ့ ငါးကြည့်ခန်းလေးထဲတွင် တစ်စုံတစ်ယောက်က ဖယောင်းတိုင်မီးထွန်းလိုက်သည်။

ဖယောင်းတိုင်မီးသည် အခန်းထဲတွင် ကခုန်နေကာ တစ်စုံတစ်ယောက်သည် သူ့လက်ဖြင့်ကိုင်ကာ အခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာပုံရသည်။

ထိုပုံသဏ္ဍာန်က မည်သူဖြစ်သည်ကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ ပြီးတော့ မစ္စတာဟွမ် လှေစတင်ခဲ့တဲ့နေရာ၌ ဖယောင်းတိုင်ကိုင်ထားပြီးတော့ ရပ်ကြည့်နေတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များသည် အံ့အားသင့်သွားကာ ကျန်းရီကို “စတွင်မာ၊ အဲဒါ ဘယ်သူလဲ” ဟု အမြန်မေးလိုက်သည်။

ကျန်းရီက တိတ်တိတ်လေး ခေါင်းယမ်းပြီး အဖြေမပေးလိုက်ပါဘူး။ အဲ့ဒီမှုန်ဝါးဝါးပုံသဏ္ဍာန်ကတော့ ဖယောင်းတိုင်မီးကို မလှုပ်မယှက် ကိုင်ဆောင်ထားပြီးတော့ ရပ်ကြည့်နေပါတယ်။

တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ တိဆိတ်မှုက ပိုပြီးတော့တောင် ထူးဆန်းနေပါတယ်။ ထိုအခိုက်တွင် တစ်ဖက်ရေပြင်တွင် တစ်စုံတစ်ရာပေါ်လာပြီးတော့ မစ္စတာဟွမ်ဆီသို့ ဖြည်းညှင်းစွာ လှိုင်းထလာသည်။

ရေပြင်ပေါ်ရှိလေသည် မစ္စတာဟွမ်ဘက်ကို တိုက်နေသောကြောင့် ထိုနေရာတွင် မျောနေသည့်အရာများသည် လေနှင့်အတူမျှောလာပုံရသည်။

ကျန်းရီက မစ္စတာဟွမ်ကို ရေကို မကြည့်ဖို့ သတိပေးထားတဲ့အတွက် မစ္စတာဟွမ်က ရေကို ဂရုမစိုက်ဘဲ တဖက်ကိုပဲ စိုက်ကြည့်နေတယ်။

ခေါင်းကိုလည်း ပေါ့ပေါ့ဆဆ နောက်လှည့်မကြည့်ဝံ့တဲ့အတွက် သူ့နောက်ကွယ်က မြင်ကွင်းကို သဘာဝအတိုင်းပဲ မမြင်လိုက်ရပါဘူး။

လှေ၏အရှိန်ကို ပုံမှန်အတိုင်းလေး လှော်နေရင်းနဲ့ မစ္စတာဟွမ်က ရုတ်တရက် "စတွင်မာရေ ငါ တစ်ခုခု စဉ်းစားမိတယ် ၊ မင်းကို ပြောပြလို့ရတယ်မလား"

"ဘာကိုလဲ?"

"ရှောင်ဖေးရဲ့ အလောင်းကိုကောက်တဲ့နေ့က ငါအဲဒီမှာ မရှိခဲ့ဘူး၊ ဒါပေမယ့် သူ့ကိုသူကောက်တဲ့လူတွေပြောတာကြားတာကတော့ သူက ရက်တော်တော်ကြာအောင် မြှုပ်နေပေမယ့် သူ့မျက်လုံးတွေက အမြဲပွင့်နေတယ်လို့ ပြောတာကို ငါကြားတယ်။

သုံးလေးရက်လောက် ရေစိမ်ထားရင် ရေနစ်တဲ့လူရဲ့ ခန္ဓာကိုယ်ဟာ ရောင်ရမ်းပြီးပွနေလိမ့်မယ်။

မျက်လုံးကို မပြောနဲ့။

ဒါပေမယ့် အဲဒီအချိန်မှာ လူတွေက ရှောင်ဖေးရဲ့ မျက်လုံးတွေက ရောင်ရမ်းမနေဘူး ပြီးတော့ တစ်ခုခုကို မြင်လိုက်ရတဲ့ပုံ ပေါက်နေတယ်လို့ပြောကြတယ်။ သူရေကန်ထဲကို ခုန်ချတုန်းက တစ်ခုခုကို မြင်လိုက်ရတယ်လို့ မင်းထင်လား?"

မစ္စတာဟွမ်ရဲ့ စကားပြီးတဲ့အခါ ကျန်းရီက မျက်မှောင်ကြုတ်ပြီး "အရင်က ဒီရေကန်ထဲမှာ တစ်ယောက်ယောက် သေဆုံးဖူးလား" လို့ မေးလိုက်တယ်။

"ဟုတ်တယ်၊ ကလေးတစ်ယောက် သေဖူးတယ်။

ဆယ့်နှစ်နှစ်သားအရွယ် တော်တော်အဆော့သန်တဲ့ကလေးတစ်ယောက်ပဲ။

သူသေဆုံးသည့်နှစ်က နွေရာသီအားလပ်ရက်မှာဖြစ်ခဲ့တာ။

အဲ့အချိန်မှာ လူတစ်ယောက်က ရေကူးဖို့ ဒီရေကန်သို့ ရောက်လာခဲ့တာ။

ကလေးအလောင်းကို ကောက်လိုက်ချိန်မှာ သူ့ရဲ့ပါးစပ်က ကွေးနေတယ်လို့ ပြောတယ်။

လူတွေကို ပြုံးပြနေတဲ့ ပုံစံမျိုးကြီး။ စတွင်မာ ရှောင်ဖေး ရေကန်ထဲကို ခုန်ချခဲ့တုန်းက အဲ့ဒီကလေးကို သူတွေ့ခဲ့တယ်လို့ ထင်လား။"

All Chapters